← Chapters

အမိန့်ပေးနိုင််တယ်

Vol. 31 Ch. 453

အမိန့်ပေးနိုင််တယ်

Vol. 31 Ch. 453

ရီလုံ၏စိတ်ထဲတွင်လင်းဖန်သည် ချင်ဟိုမန်ဂိုဏ်း၏ ဘိုးဘေးကနေဆင်းသက်လာတာဖြစ်ပြီးယခု ချင်ဟိုမန်ဂိုဏ်း၏ သခင်ဖြစ်တာကြောင့်သူ၏အဆင့်အတန်းသည်အလွန်မြင့်လေသည်။

သူကိုယ်ပိုင်ရှိနေတဲ့သီးသန့်အခန်းကိုဝင်ခွင့်မပြုပဲဝင်လာတာကရီလုံသူ့ကိုဒေါသထွက်စေသည်။

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ဘာမှမဖြစ်ပါဘူး” ဟုပြောလိုက်သည်။

စကားပြောနေစဉ်တွင် စနစ်မှ ဆေးရေတစ်ပုလင်းကို လဲလှယ်ရန် ယွမ် ၁၀ သန်း သုံးစွဲခဲ့သည်။

ထို့နောက် သူက ရီလုံအား ပေးလိုက်ပြီး “ဒါကို မင်းသောက်လို့ရတယ်” လို့ပြောလိုက််သည်။

လင်းဖန်သည်ရီလုံနှင့်အခုမှတွေ့ဖူးတယ်ဆိုပေမဲ့သူသည် ရီလုံကိုကူညီရန်ဆန္ဒရှိနေလေသည်။

ရီလုံရဲ့ဘေးမှရပ်နေတဲ့ရီဖန်ကလင်းဖန်လက်ထဲက အမျိုးအမည်မသိအရည်တွေကို ကြည့်ရင်းသူ့မျက်လုံးအနည်းငယ် ကျဉ်းမြောင်းသွားသည်။

သောက်တာလား?

ရီလုံရဲ့ အမှတ်အသားက ဘာလဲ။

သူသည်စားသည်ဖြစ်စေ သောက်သည်ဖြစ်စေ တင်းကြပ်သောစစ်ဆေးမှုများပြုလုပ်ပြီးမှစား​၊သောက်လို့ရလေသည်။

ယခုရီလုံရဲ့ ကျန်းမာရေးက အခုဆို တော်တော်ဆိုးနေလေသည်။ဒါကြောင့်တွေ့ကရာရှောက်သောက်နေလို့မရပေ။

“သခင်ကြီး...ခင်ဗျား...”

သို့သော် ရီဖန် စကားမဆုံးခင် ရီလုံသည်အေးစက်စက်ကြည့်လိုက်သောကြောင့်သူသည်ပြောမည့်စကားများကိုပြန်မျိုချလိုက်လေသည်။

ရီလုံသည် တုံ့ဆိုင်းမနေဘဲ ဆေးရေကို ပါးစပ်ထဲသို့ တိုက်ရိုက်လောင်းထည့်လိုက်သည်။

လင်းဖန်သည် သူ့ကိုယ်အဆိပ်ခပ်မည်ဟု သူမထင်ပေ။

တကယ်အဆိပ်ဖြစ်ရင်တောင် ဘာဖြစ်လဲ။

သူကသေရတော့မဲ့သူဖြစ်တာကြောင့်ကျန်တာကိုဂရုမစိုက်ပေ။

ရီလုံနှင့် အဓိက မိသားစုလေးခုမှ လူများကြည့်နေရင်းကနေရီလုံသည် ဆေးရေကို ဖြည်းညှင်းစွာ မျိုချလိုက်သည်။

နောက်အခိုက်အတန့်တွင်ရီလုံသည် အံ့ဩသွားသည်။

အဘယ်ကြောင့်ဆိုသော် မူလက သူ့တစ်ကိုယ်လုံး နာကျင်ပြီး မသက်မသာ ခံစားနေရသည်။

လင်းဖန်ပေးသောဆေးရေကိုသောက်ပြီးနောက်အချိန်အတော်ကြာအောင် မခံစားခဲ့ရသော စိတ်အပန်းပြေမှုနှင့် နှစ်သိမ့်မှုတစ်ခုက ချက်ချင်းဆိုသလို သူ့နှလုံးသားထဲသို့ ဝင်လာလေသည်။

ဤအခိုက်အတန့်တွင်ရီလုံသည် သူ၏ရောဂါများ အားလုံး ပျောက်ကွယ်သွားသည်ဟုခံစားလိုက်ရသည်။

အားလုံးပျောက်ကုန်ပြီလား?

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!

ရီလုံရဲ့ဘေးမှာရပ်နေတဲ့ရီဖန်ကရီလုံအလှုပ်မယှက်ဖြစ်သွားတာကိုမြင်တော့သူ့ရင်ထဲမှာ ခံစားချက် ဆိုးတွေ ချက်ခြင်း မွေးဖွားတော့သည်။

ထို့နောက်သူသည်ထိတ်လန့်သောလေသံဖြင့်”သခင်ကြီး အဆင်ပြေရဲ့လား”

ထို့နောက် သူက လင်းဖန်ကို”မင်း..သခင်ကြီးကိုဘာသောက်ခိုင်းလိုက်တာလဲ!”

ရီလုံသည် ထိုစကားများကိုကြားပြီးနောက် သူ့အသိပြန်ဝင်လာခဲ့သည်။

ထို့နောက်သူက ပြင်းပြင်းထန်ထန်အော်ပြောလိုက်သည်။”မင်းဂိုဏ်းသခင်ကိုပြန်အော်ရဲတဲ့ သတ္တိကို ဘယ်သူပေးတာလဲ။”

ထို့နောက် သူသည် သူ့လက်ထဲရှိ လမ်းလျှောက်တုတ်ကို ကောက်ကိုင်လိုက်ပြီး ရီဖန်၏ ခန္ဓာကိုယ်ကို ရိုက်လိုက်လေသည်။

“ဖက့်!”

ရီဖန်သည်ရီလုံ၏ခွန်အားအလွန်ကြီးမားမည်ဟုမထင်သောကြောင့်သူသည်သတိလက်လွတ်ဖြစ်သွားကာ မြေပြင်ပေါ်သို့ပင် လဲကျသွားသည်။

ရီလုံအဆင်​​ပြေ​နေတာကိုမြင်​လိုက်​ရ​တော့ သူစိတ်​​အေးသွားသည်​။

ထို့နောက်သူက “တောင်းပန်ပါတယ်၊ကျနော်အဲ့လိုလုပ်လို့မရမှန်းမသိလို့.....”

“လုပ်လို့မရမှန်းမသိလို့ဟုတ်လား’’ ရီလုံက ဒေါသတကြီးအော်ပြောလိုက်ပြီး လမ်းလျှောက်တုတ်ကို ကောက်ကိုင်လိုက်ပြီး ရီဖန်ကိုထပ်မံရိုက်တော့သည်။

“ဖက့်!”

“ဖက့်!”

ဒီတစ်​ခါသူအလွန် ​ဒေါသထွက်​သွားလေသည်။

ဒီအချိန်မှာ လင်းဖန်က “ကောင်းပြီ၊အဲ့လိုဆက်မရိုက်ပါနဲ့တော့...သူ့ကမင်းကိုစိတ်ပူလို့ပြောတာကြောင့်ကိစ္စမရှိဘူး”

“ဟုတ်ကဲ့။”

ထို့နောက်သူကရီဖန်ကို “မြန်မြန်ဂိုဏ်းသခင်ကို ကျေးဇူးတင်လိုက်လေ”

မြေပြင်ပေါ်တွင် လဲလျောင်းနေသောရီဖန်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုကို ကျိတ်မှိတ်ခံကာ “ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်” ဟုဆိုသည်။

ရီလုံသည်ရီဖန်ကို လျစ်လျူရှုလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ “ဂိုဏ်းသခင် မင်းငါ့ကို ဒီလောက် အဖိုးတန်တဲ့ ဆေးရည်ကိုပေးခဲ့လို့ကျေးဇူးတင်ပါတယ်။အခုငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့နာကျင်မှုတွေကသဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီ။ဂိုဏ်းသခင်စီကနေဒီလိုအဖိုးတန်တဲ့ဆေးရေကိုသုံးလိုက်မိလို့ငါ... တကယ်ကို ရှက်မိတယ်။”

သူ့စကားတွင် ဟန်ဆောင်မှု မရှိပေ။

မှော်ဆေးရေကဲ့သို့ ရတနာများသည် လုံးဝရှားပါးပြီး အဖိုးတန်ကြောင်း ရီလုံ နားလည်လေသည်။ဒီလိုအဖိုးတန်ဆေးကိုသူ့လိုသေဖို့နီးတဲ့လူတစ်ယောက်ပေါ်သုံးတာကအလွန်ကိုဖြုန်းတီးလွန်းရာကျလေသည်။ထို့ကြောင့်သူကရှက်နေလေခြင်းဖြစ်သည်။

မြေပြင်ပေါ်ကနေကုန်းထနေသော ရီဖန်သည် ထိုစကားကိုကြားပြီးနောက် ထိတ်လန့်သွားသည်။

မစ္စတာရီ ဘာပြောလိုက်တာလဲ။

နာကျင်တာတွေ... အားလုံး ပျောက်သွားတာလား?

ဟုတ်တယ်!

မစ္စတာရီ၏ အသံသည် ယခုအခါအရင်ကထက်ပိုပြီးကျယ်လောင်နေပုံရသည်။

ထို့အပြင်မစ္စတာရီရဲ့ရိုက်ချက်ကလည်းအလွန်အစွမ်းထက်နေလေသည်။

ဒါဆိုကောင်းသွားတာသေချာသွားပြီ။

ဒါကိုတွေးရင်းရီဖန်ရဲ့ မျက်နှပေါ်မှာ အပြုံးတွေပေါ်လာပြီးလင်းဖန်ကိုလေးစားသောအမူအရာဖြင့်ကြည့်လိုက်လေသည်။

လင်းဖန်သည် ရီလုံ၏ နှလုံးသားမှ ထွက်လာသောစကားများကိုနားထောင်းရင်းတိတ်တဆိတ် ခေါင်းညိတ်ကာ “ဒါက ဆေးရေလေးပဲ၊မင်းသုံးလိုက်လို့စိတ်မကောင်းဖြစ်နေစရာမလိုဘူး”

ရီလုံသည် ထိုစကားကိုကြားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

ထိုအချိန်တွင် သူ့ဘေးတွင် ရပ်နေသော ကျူရီရှောင်က ရုတ်တရက် အံ့အားသင့်ပြီး “မင်းက မစ္စတာ ချမ်၊ မစ္စတာ ဝမ်၊ မစ္စတာဟွမ် နဲ့ မစ္စတာဇောင်’’

ယနေ့ ရီဖန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် မှော်မြို့ရှိ ရင်းနှီးမြုပ်နှံမှုတစ်ခုလုံး၏ ရှေ့တန်းတွင် ရှိသည်။

ဖန်ရီကုမ္ပဏီ ၏ ဥက္ကဌ အနေဖြင့် ကျူရီရှောင်သည် ကျောက်တီထက် ဗဟုသုတ များစွာ ရှိပါသည်။

အစောပိုင်းကသူမသည်ရီလုံသည်ချောင်းဆိုးရင်းသွေးပါတာကြောင့် သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။

မကြာခင်အခန်းထဲပြေးဝင်လာတဲ့သူတွေကိုတွေ့လိုက်ရတော့သူမအံ့သြ သွားလေသည်။

ဘာလို့ဆိုအခန်းထဲသို့ဝင်ရောက်လာသူများထဲတွင် မှော်မြို့ ၏အဓိကမိသားစုလေးခုမှလူများနှင့်ဘိုးဘေးများရှိနေကြောင်း သူမတွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။သူတို့လေးယောက်စလုံးသည်မှော်မြို့ရှိအကောင်ကြီးကြီးများဖြစ်ကြသည်။

ကျူရီရှောင်အံ့ဩသွားသည်မှာ အံ့သြစရာမဟုတ်ပေ။

မိသားစုကြီးလေးခုမှ ဘိုးဘေးများသည် ကျူရီရှောင် ၏စကားကိုကြားသောအခါတွင် သူတို့၏ခန္ဓာကိုယ်သည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

သိရန်ကျူရီရှောင်သည် လင်းဖန်၏ရည်းစားဖြစ်သောကြောင့် ၎င်းတို့သည် “မစ္စတာ”ဆိုတဲ့စကားနှင့် မည်သို့ထိုက်တန်မည်နည်း။

ရီလုံတောင်မှ လင်းဖန်၏ရှေ့မှာ အလွန်ရိုသေသည်ကို မမြင်ဘူးလား။

မိသားစုလေးယောက်ထဲကဝမ်မိသားစုရဲ့ဘိုးဘေးက ထိတ်လန့်တကြားနဲ့ “ငါ့ကိုရှောင်ဝမ်လို့ပဲခေါ်ပါ’’ လို့ ဆိုလိုက်သည်။

“ငါ့ကို ရှောင်ချမ် လို့ခေါ်နိုင်ပါတယ်”

“ငါ့ကို ရှောင်ဟွမ်လို့ခေါ်နိုင်တယ်”

“ငါ့ကိုရှောင်ဇောင် လို့ခေါ်နိုင်ပါတယ်”

ဒါကိုကြားတော့ကျူရီရှောင်သည်မနေနိုင်ဘဲ ထိတ်လန့်သွားသည်။

လင်းဖန် က ပြုံးပြီးပြောလိုက်သည်် “ရီရှောင်၊ သူတို့ မနေ့က ဒစ်စနေလန်မှာငါတို့နှစ်ယောက်ထဲဖြစ်ဖို့ကူညီပေးခဲ့တယ်လေ။ နောက်ပြီးမင်း အနာဂတ်မှာ ဖြေရှင်းလို့ မရနိုင်တာတွေရှိရင်လည်း သူတို့ကို အကူအညီတောင်းလို့ရတယ်။”

မိသားစုကြီးလေးခုရှိဘိုးဘေးတွေက “မင်း ငါတို့ကို အချိန်မရွေး အမိန့်ပေးနိုင်တယ်”

“ပြီးတော့မင်းငါတို့ကို မင်းရဲ့ လက်အောက်ငယ်သားလို့သတ်မှတ်လို့ရတယ်။”

“ဟုတ်တယ်!”

...

မိသားစုကြီးလေးခု၏ ဘိုးဘေးများ၏ စကားကိုကြားပြီးနောက် ကျူရီရှောင်အံ့အားသင့်သွားပြန်သည်။

သူတို့ကို အမိန့်ပေးပြီး လက်အောက်ငယ်သားအဖြစ် ဆက်ဆံရမှာလား။

ဒါ....

ဒါ....

ဒါ....

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters