လူယုတ်မာ
Vol. 31 Ch. 454
လင်းဖန်သည် အလွန်ချမ်းသာကာ စူပါပြိုင်ကားများစွာကို ပိုင်ဆိုင်ထားပြီးသူမ ကုမ္ပဏီစတင်ရပ်တည်ဖို့အတွက်သန်းရာနှင့်ချီ၍ အလွယ်တကူ အသုံးပြုနိုင်ကြောင်း ကျူရီရှောင်လည်း သိထားသည်။
ထို့အပြင်ဂိုဘယ်အဆောက်အအုံတစ်ခုလုံးကို လဲဝယ်နိုင်တယ်ဆိုတာကိုလည်းသိထားလေသည်။
သို့သော် မှော်မြို့၏အဓိကမိသားစုလေးခု၏ဘိုးဘေးများသည် လင်းဖန်ကြောင့်မိမိကိုယ်ကိုလက်အောက်ငယ်သားများဟုပင်ခေါ်တွင်လိမ့်မည်ဟုသူမ မမျှော်လင့်ခဲ့ပေ။
လင်းဖန်သည် မိသားစုကြီးလေးခု၏ ဘိုးဘေးများ၏ စကားကို သိပ်ဂရုမစိုက်ပေ။
ထို့နောက်သူက ရီလုံနဲ့ကားစမြည်ပြောနေခဲ့သည်။
ရီလုံစီကနေလင်းဖန်သည် ကမ္ဘာ့အကြီးဆုံး ရေနံမြေ၊...နှင့် ဆန်စတော့ရှယ်ယာဈေးကွက်ရှိ စာရင်းဝင်ကုမ္ပဏီများ ရာပေါင်းများစွာသည် ချင်ဟိုမန်မှ ပိုင်ဆိုင်ကြောင်း သိလိုက်ရသည်။
ဒါတွေကိုကြားတော့လင်းဖန်၏အမူအရာသည်ဘာမှပြောင်းလဲသွားခြင်းမရှိပေ။
ဘာဖြစ်လို့လဲဆိုတော့ အခု သူ့အတွက်တော့ဘယ်ကုမ္ပဏီ၊ဘယ်လောက်ပိုက်ဆံဖြစ်ဖြစ်ဒါက ကိန်းဂဏန်းသာသာမို့လို့ပင်ဖြစ်သည်။
သို့သော် သူဘေးတွင်ထိုင်နေသော ကျူရီရှောင်သည် လုံးဝအံ့သြနေလေသည်။
...
ထိုအချိန်၌ ပေကျင်း။
“ကလင် ကလင် ကလင်”
အမျိုးသားသည် စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်လိုက်ပြီး အဖြေခလုတ်ကို နှိပ်လိုက်သည်။
“ခေါင်းဆောင် မစ္စတာ ရီ က မှော်မြို့ကို ရောက်နေပါပြီ၊ ဒါပေမယ့် သူ့မှာ အရေးကြီးတာတွေ လုပ်စရာတွေ ရှိတယ်ဆိုပြီးငါတို့ကိုသူ့နောက်မလိုက်နဲ့လို့ပြောတယ်၊ နောက်ပြီး သူ့ကျန်းမာရေးအခြေအနေက သိပ်ကောင်းပုံမပေါ်ဘူး”
“ဒါ့အပြင်မစ္စတာရီက မစ္စတာလင်းဆိုတဲ့သူကို အရမ်းကိုလေးစားနေပုံရတယ်။ သူဒီတစ်ခါမှော်မြို့ကိုလာတာက မစ္စတာလင်းကို တွေ့ချင်လို့နေမယ်”
မစ္စတာလင်း?
အမျိုးသားသည် ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
“ဒင်ဒေါင်!”
ထိုအချိန်တွင် အမျိုးသား၏ ရှေ့ရှိ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် အီးမေးလ်တစ်စောင် ပေါ်လာသည်။
အပေါ်ဆုံးအီးမေးလ်အစ... လင်းဖန်နာမည်ပင်ဖြစ်သည်။
ဒါကိုကြည့်ပြီးအမျိုးသားသည် အနည်းငယ် အံ့အားသင့်သွားသည်။
ခဏအကြာတွင်၊ “ကောင်းပြီ၊ ငါသိပြီ” ဟုပြောသည်။
စကားပြောပြီးနောက် ဖုန်းကို တိုက်ရိုက်ချလိုက်သည်။
အေဒီကားထဲမှာ ထိုင်နေတဲ့ အင်္ကျီအဖြူဝတ် အမျိုးသားက သူ့လက်ကိုင်ဖုန်းကို ကိုင်ထားရင်း ခဏတာ ကြောင်သွားလေသည်။
သိတာလား??
ဒီမစ္စတာရီကသိပ်ပြီးထူးခြားတဲ့အနေအထားရှိတာမဟုတ်ဘူးလား။
ငါဘာဆက်လုပ်ရမလဲ??
...
လင်းဖန်သည် ဤအရာအားလုံးကိုမသိပေ။
ရီလုံစီကနေချင်ဟိုမန်ဂိုဏ်း အကြောင်း ခဏတာ နားထောင်ပြီးနောက်သူသည်ကျန်ပေ့သို့ပြန်လာခဲ့လေသည်။
ယနေ့ညတွင် သူသည်တစ်ယောက်တည်း ပန်လုံဗီလာရှိ ကုတင်ကြီးပေါ်တွင် လှဲလျောင်းရင်း အိပ်မောကျသွားလေသည်။
...
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့ရောက်သွားလေသည်။
“ဒီနေ့ ငါ ပိုးကောင်ကြီးတစ်ကောင် ဖမ်းမိတယ်”
“ငါကနှစ်ယောက်ဖမ်းမိတယ်!”
လင်းဖန်သည် ပြတင်းပေါက်အပြင်ဘက်တွင်ရှိသောငှက်နှစ်ကောင်၏ သာယာနာပျော်ဖွယ် အော်ဟစ်သံကြောင့် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူသည် ဖုန်းကို ထုံးစံအတိုင်း ကြည့်လိုက်သည်။
“၀:၀၀ နာရီတွင်တရုတ်ဘဏ်က ယွမ် ၃၆,၉၈၉,၀၁၀ ကို ရရှိသည်။”
ထို့နောက် လင်း က “ဒီနေ့ ဆိုင်းအင်ဝင်တာဘာရမလဲကြည့်ရအောင်။”
“ဆိုင်းအင်ဝင်မယ်’’
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရသည်။ 】
ဒါကိုတွေ့ပြီးနောက်လင်းဖန်သည် ၎င်းကို လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။
မနက်စာစားပြီးနောက်၊ Cullinan (ကား)ဖြင့်ကျန်ပေ့တက္ကသိုလ်သို့မောင်းနှင်ခဲ့သည်။
အခုအချိန်သည်အတန်းချိန်မရောက်သေး။
သို့သော် လင်းချင်ကျူ၊နင်းကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်း၊ ဂျင်ချန်ကျူ၊ဟော့ကျောက်ဝူ
တို့သည်သည် စာသင်ခန်းသို့ အစောကြီးရောက်နေပြီးသူတို့သည်လင်းဖန်ပေးသောပုစ္ဆာကိုဖြေရှင်းရန်ကြိုးစားနေကြလေသည်။
“ညောင်!”
ဟော့ကျောက်ဝူရဲ့ ပခုံးပေါ်မှာ လဲလျောင်းနေတဲ့ ကြောင် ရှောင်ဘိုင်ကလင်းဖန်ကိုတွေ့တာနဲ့အော်ပြောလေသည်။
“သခင်၊ မင်းလာပြီပဲ!”
ထို့နောက် ကြောင်ရှောင်ဘိုင်သည် ဟော့ကျောက်ဝူ၏ ပုခုံးပေါ်မှ လျင်မြန်စွာ ခုန်ဆင်းလာပြီး လင်းဖန် ၏ ခြေထောက်ဆီသို့ လာပြီးလင်းဖန်၏ခြေထောက်ကိုသူ၏ခေါင်းဖြင့်ပွတ်နေလေသည်။
လင်းဖန်သည် ကြောင်ရှောင်ဘိုင်ကို အကြိမ်အနည်းငယ်ပွတ်သပ်လိုက်သည်။
ထို့နောက် သူသည် အမဲသားကြောင်စာအထုပ်တစ်ထုပ်ကို ဆုတ်ဖြဲပြီးကျွေးလိုက်သည်။
ကြောင် ရှောင်ဘိုင်သည်သူ၏ ဦးခေါင်းတစ်ခုလုံးကိုအမဲသားကြောင်စာထဲတွင်သာမြှပ်နှံထားတော့သည်။
ဟော့ကျောက်ဝူ သည် ကြောင် ရှောင်ဘိုင်၏ အသွင်အပြင်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသောအခါတွင် သူ့သည် ဒေါသထွက်သွားခဲ့သည်။
အခုတော့သူသည်ဘာမှမခံစားရတော့ပေ။
သူ့လက်ထဲက ဘောပင်ကိုချပြီးလင်းဖန်နားလာကာ”ပရော်ဖက်ဆာ လင်း၊ မစ္စတာရန်နဲ့ စကားပြောပြီးပြီလား? မနက်ဖြန် ဂိမ်းဦးထုပ်စမ်းသပ်ရေးစခန်းကို တိုက်ရိုက်သွားလို့ရပြီမလား” လို့မေးလိုက်သည်။
သူအရမ်းစိတ်လှုပ်ရှားနေတာ မဆန်းပေ။
အကြောင်းကတော့ ဟွာအုပ်စု ကထုတ်ပြန်တဲ့သတင်းကြောင့်ပင်ဖြစ်သည်။
မနက်ဖြန်သည်လူရွေးတာပြီးဆုံးပြီဖြစ်သည်။
ယမန်နေ့ကပင်ဟွာအုပ်စုသည်လူစာရင်းတွင်ပါဝင်သောလူငါးဆယ်ကျော်လောက်ကို ကြေညာပေးခဲ့သည်။
သို့သောဟော့ကျောက်ဝူသည်၎င်းတွင် သူ့နာမည်မပါတာကို တွေ့လိုက်ရသဖြင့် သူ့သည်ချက်ချင်း စိုးရိမ်သွားခဲ့သည်။
ဟော့ကျောက်ဝူ၏စကားကိုကြားပြီးနောက်လင်းဖန်သည် ခဏလောက် ထိတ်လန့်သွားပြီး “အိုး၊ မင်းက ဂိမ်းဦးထုပ်ကို ပြောတာလား။ ငါ အခုပဲရန်ဖေးနဲ့ စကားပြောလိုက်မယ်။”
ဒါကိုကြားတော့ဟော့ကျောက်ဝူသည် တိုက်ရိုက် အေးခဲသွားသည်။
ပရော်ဖက်ဆာလင်းက ဘာကိုဆိုလိုတာလဲ... မစ္စတာရန်ကိုမပြောရသေးဘူးလား။
သင့်နာမည်ကို မထည့်ရသေးဘူးလား။
လင်းဖန်သည် ကြောင်အနေသောဟော့ကျောက်ဝူကို ဂရုမစိုက်ဘဲ သူ့ဆဲလ်ဖုန်းကို ထုတ်ကာ ရန်ဖေးကိုခေါ်လိုက်လေသည်။
ဤကာလအတွင်း၊ ကာဗွန်အခြေခံ ချစ်ပ်ပြားလုပ်ငန်းနှင့် ဂိမ်းဦးထုပ်လုပ်ငန်း...စသည်တျု့ကြောင့်ရန်ဖေးသည် အလွန်အလုပ်များသည်ဟု ဆိုနိုင်သည်။
သို့သော် လင်းဖန်ထံမှ ဖုန်းခေါ်သည်ကို မြင်သောအခါတွင် အဖြေခလုတ်ကို အမြန်နှိပ်လိုက်လေသည်။
“မစ္စတာလင်း၊ မင်္ဂလာပါ၊ မင်း ညွှန်ကြားချင်တာများရှိလို့လား” ရန်ဖေး မေးလိုက်သည်။
ညွှန်ကြားစရာလား
ရန်ဖေးက ဒီစကားကိုနောက်ပြီးပြောတာမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ယခု လင်းဖန် သည် ဟွာအုပ်စု ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ သူသည်ဟွာအုပ်စု၏အသက်သွေးကြောလဲဖြစ်သည်။
ဟွာအုပ်စု မှ ဝန်ထမ်းများစွာသည် လင်းဖန် ကိုအိုင်ဒေါအဖြစ် မှတ်ယူကြသည်။
လင်းဖန် က ပြုံးပြီး “ညွှန်ကြားစရာတော့မရှိပါဘူး၊ မနက်ဖြန် ဂိမ်းဦးထုတ်ရဲ့လူရွေးစရင်းမှာ ပါဝင်ချင်တဲ့ ကျောင်းသားတစ်ယောက် ရှိတယ်။အဲ့အတွက်နေရာတစ်နေရှိသေးလား။”
ရန်ဖေးကခဏလောက်စဉ်းစားပြီး “ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဌာနပေါင်း 100 ကနေပွင့်ပွင့်လင်းလင်း ခေါ်ယူထားပါတယ်ဒါကြောင့်နေတစ်နေရာကမရှိလောက်တော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ဟွာအုပ်စုက ဝန်ထမ်းဒါဇင်ပေါင်းကို အတွေ့အကြုံရဖို့အတွက် အဲ့ဂိမ်းထုပ်မှာပါဝင်ဖို့အတွက်စီစဉ်ပေးထတယ်။ ပရော်ဖက်ဆာလင်းပြောတဲ့ကျောင်းသားကိုဟွာအုပ်စုရဲ့ဝန်ထမ်းအဖြစ် သတ်မှတ်ပြီးနေရာပေးနိုင်ပါတယ်။”
“ကောင်းပြီ ဒါဆို လဲအဲ့အတိုင်းပဲလုပ်လိုက်ပါ။” လင်းဖန်က ခေါင်းညိတ်ပြီးပြောလိုက်သည်။
ဟော့ကျောက်ဝူသည် ဤအခြေအနေကို သိလိုက်ရသောအခါ လင်းဖန်အားပြေးဖပ်ဖို့လုပ်လိုက်သည်။
သို့သော် လင်းဖန်သည် ဘေးသို့ ခပ်မြန်မြန် ရှောင်လိုက်ပြီး “ငါကမိန်းကလေးတွေဖက်တာပဲခံတာ”ဟုပြောလိုက်လေသည်။
ထိုအချိန်တွင် ရှောင်ပန် နှင့် ရှောင်အန်းတို့သည် ရေတစ်ပုလင်းစီယူကာ လင်းဖန်ထံသို့ ရောက်လာကြသည်။
လင်းဖန်သည် ၎င်းရေပုလင်းများကိုယူကာ ရေတပုလင်းကိုတစ်ငုံစီသောက်လိုက်သည်။
ဒါကိုကြည့်ရင်းရှောင်ပန်နှင့်ရှောင်အန်းတို့၏လှပသောမျက်နှာများသည်ပျော်ရွှင်မှုတို့နဲ့ပြည့်သွားလေသည်။
အကယ်၍သာ ယခင်ကဆိုလျှင် လင်းချင်ကျူသည် ဤမြင်ကွင်းကိုမြင်သောအခါတွင် ရှောင်ပန် နှင့် ရှောင်အန်းတို့အတွက်မလွှဲမသေသက်ပြင်းချမိမည်ဖြစ်သည်။
သို့သော်ယခုအချိန်တွင်သူမသည် လင်းဖန်ကဘတ်စကက်ဘောကွင်းအပြင်ဘက်တွင် ရပ်ကာလှည့်မကြည့်ပဲဘတ်စကက်ဘောကိုခြင်းတောင်းထဲသို့ပစ်လိုက်သည့်မြင်ကွင်းကိုပြန်တွေးမိလိုက်သည်။
မကြာခင်မှာပဲ လင်းချင်ကျူက ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး သူ့မကိုယ်သူ မတိတ်တဆိတ်ပြောလိုက်သည်။- ပါမောက္ခလင်းမှာ ရည်းစားရှိတယ်၊ ပါမောက္ခလင်းမှာ ရည်းစားရှိတယ်၊ ပါမောက္ခလင်းမှာ ရည်းစားရှိတယ်....
ပရော်ဖက်ဆာလင်းကလူယုတ်မာ၊ပရော်ဖက်ဆာလင်းကလူယုတ်မာ၊ ပရော်ဖက်ဆာလင်းကလူယုတ်မာ....
ရုတ်တရက် လင်းချင်ကျူသည် လင်းဖန်ကို ထပ်မံကြည့်ရှုပြီးနောက်ထိုအတွေးများချက်ချင်းငြိမ်သက်သွားလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး