ဂိမ်းကစားခြင်း
Vol. 31 Ch. 455
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့ရောက်သွားလေသည်။
လူငါးယောက်ဖြစ်သော လင်းချင်ကျူ၊နင်းကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်း၊ ဂျင်ချန်ကျူ၊တို့သည် ရုံးထဲတွင် ထိုင်ကာလင်းဖန်ပေးသောပုစ္ဆာကိုဖြေရှင်းရန်ကြိုးစားနေကြသည်။
ဟော့ကျောက်ဝူသည် မနက်စောစောကပင်ဟွာအုပ်စုရဲ့ကျန်ပေ့ဌာနခွဲသို့ ပျော်ရွှင်မှုအပြည့်ဖြင့် ရောက်လာသည်။
အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ် ၀တ်ထားသည့် အမျိုးသားတစ်ဦးက “ဒီအတွင်းပိုင်းစမ်းသပ်မှုမှာ ကျွန်တော်တို့ဟာ တစ်ရက်ဂိမ်းကစားပြီး တစ်ရက်နားရမှာဖြစ်ပြီးဂိမ်းကစားချိန်ကလဲတစ်နေ့ကို ၈ နာရီပဲဖြစ်ပါတယ်။ အတွင်းပိုင်းစမ်းသပ်မှုမှာ ဂိမ်းကစားချိန်က စုစုပေါင်း 56 နာရီဖြစ်ပြီး ကျွန်ုပ်တို့၏ ဟွာအုပ်စုတွင် 14 ရက်နေရန်လိုအပ်ပါတယ်”
“အတွင်းပိုင်းစစ်ဆေးမှုကာလအတွင်း ဟွာအုပ်စုသည် နေထိုင်ရေး၊ စားသောက်ရေးများ၊ အဖျော်ယမကာများနှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများနှင့် အပိုထောက်ပံ့ကြေး ယွမ် ၅၀၀၀ တို့ကို ပံ့ပိုးပေးမည်ဖြစ်သည်။”
“သင်သည်ဒီစမ်းသပ်မှုမှာပါဝင်ရန် အတည်ပြုပြီးသည်နှင့် စမ်းသပ်နေစဉ်အတွင်းမှ ထွက်ခွာခြင်းကို တားမြစ်ထားပါတယ်။အကယ်၍သင်သည်ဒီစည့းမျဉ်းကိုမလိုက်နာခဲ့ပါကကျနော်တို့ပံ့ပိုးပေးတဲ့ငွေရဲ့10 ဆကို ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။ဒါကြောင့်မင်းအတွင်းပိုင်းစစ်ဆေးမှုမှာပါဝင်ရန် သေချာပါသလား။”
စကားပြောပြီးနောက် စာရွက်တစ်ရွက်ကိုထုတ်ယူလိုက်သည်။
ဟော့ကျောက်ဝူသည် လုံးဝမတွန့်ဆုတ်ဘဲ ဘောပင်ကို ကောက်ယူကာ သူ့နာမည်ကို ရေးထိုးလိုက်သည်။
ထို့နောက် ဝန်ထမ်းများ၏ လမ်းညွှန်မှုအောက်တွင် လူများစွာနှင့်အတူ နည်းပညာများဖြင့်ပြည့်နှက်နေသော ခန်းမတစ်ခုသို့ သူတို့ရောက်လာခဲ့သည်။
ခန်းမအတွင်းရှိ စားပွဲတိုင်းပေါ်တွင် ဂိမ်းခမောက်များရှိသည်။
ဒါကိုကြည့်ရင်းလူများစွာ၏ နှလုံးခုန်သံသည် အလိုအလျောက် အနည်းငယ် မြန်လာသည်။
ထို့နောက် ဝန်ထမ်းများ၏ လမ်းညွှန်မှုအောက်တွင်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လူတိုင်းက ဂိမ်းဦးထုပ်ကို သူ့တို့ခေါင်းပေါ်တင်လိုက်ကြသည်။
မကြာမီလည်ပင်းနောက်ဘက်ကနေအနည်းငယ် တင်းကျပ်လာသည်ကို လူတိုင်း ခံစားမိလိုက်ကြသည်။
နောက်အခိုက်အတန့်တွင်သူတို့အားလုံးဂိမ်းထဲကို ဝင်သွားကြလေသည်။
တစ်ချို့ကစိမ်းစိုနေတဲ့ မြက်ခင်းပြင်ပေါ်မှာ ပေါ်လာပြီး၊တချို့က တောအုပ်ကြီးထဲမှာ ပေါ်လာသည်။တစ်ချို့ကသဲသောင်ပြင်တွင်ပေါ်လာသည်......။
သူတို့ ဘယ်နေရာကို ရောက်နေပါစေ လူတိုင်းရဲ့ မျက်လုံးတွေပြူးကျယ်သွားပြီး သူတို့ရဲ့ မျက်နှာပေါ်တွင် မယုံနိုင်သောအမူအရာနှင့်ပြည့်နှက်နေသည်။
တကယ်တော့ ဟွာအုပ်စုဟာ ဂိမ်းဦးထုတ်ကနေသူတို့ဂိမ်းထဲဝင်ပြီးဆော့လို့ရတယ်လို့ကြားသောအခါလူတော်တော်များများကVR မျက်မှန်နဲ့ ဆင်တူတဲ့ အရာတစ်ခု ဖြစ်မယ်လို့ထင်မြင်ယူဆခဲ့ကြသည်။(vrဆိုတာကမျက်မှန်ကိုတပ်လိုက်တာနဲ့ကို့မျက်စိထဲမှာကိုဆော့မဲ့ဂိမ်းပုံရိပ်တွေပေါ်လာပြီးဆော့တဲ့ဟာပါ)
ဒါပေမယ့် အခုအခြေအနေက ဘယ်လိုလဲ။
ဂိမ်းဦးထုပ်ကိုဆောင်းပြီးနောက်သူတို့အားလုံးသည်တခြားနေရာကိုခရီးထွက်လိုက်သလိုခံစားလိုက်ရသည်။
သူတို့ဘေးနားရှိလေထုသည် အပြင်ဘက်ရှိလေထက်ကိုသန့်ရှင်းနေလေသည်။ထို့အပြင်သူတို့အားလုံးသည်လေတိုက်လာသည်များကိုလဲလက်တွေ့ကမ္ဘာမှာအတိုင်းခံစားရလေသည်။
ထိုအခါတစ်စုံတစ်ယောက် မတော်တဆခြေချော်ပြီး ပြုတ်ကျသွားသောအခါအနည်းငယ် နာကျင်မှုကိုပင် ခံစားခဲ့ရသည်။
ခဏအကြာတွင် အားလုံးက စိတ်လှုပ်ရှားသွားကြတော့သည်။
ဤအကြိမ်ဂိမ်းဦးထုပ်တွင် ၎င်းတို့၏ပါဝင်နိုင်ခြင်းမှာကံကောင်းခြင်းဟုအားလုံးနားလည်လိုက်ကြသည်။
...
အင်တာနက်ပေါ်တွင်၊ ဂိမ်းဦးထုပ်နဲ့ဆိုင်ရာ အကြောင်းအရာများသည် ဆွေးနွေးနေကြသည်။
[ဖန် ဖန်- ဟွာအုပ်စု၏ ဂိမ်းဦးထုပ်၊စမ်းဆေ့တာဒီနေ့မဟုတ်ဘူးလား။ဘာလို့ဘာသတင်းမှမရှိသေးတာလဲ? 】
[ကျောက်လန်: ငါလဲမသိဘူး၊ ဒါပေမယ့် ယုတ္တိကျကျပြောရရင် မကြာခင်သတင်းတွေတက်လာလိမ့်မယ်။ 】
ဟုတ်ပါတယ်၊ မကြာခင်မှာ တစ်ယောက်ယောက်က မက်ဆေ့ပို့လာသည်။
[အမည်မရှိ- အို ဘုရားသခင်။ ဤဂိမ်းဦးထုပ်ကလုံးဝကိုအံ့သြစရာပဲ။ 】
[အမည်မရှိ- ဂိမ်းဦးထုပ်ကို စျေးကွက်တွင်တရားဝင်စတင်ရောင်းချနေသမျှကာလပတ်လုံး လူကြိုက်များသောမိုဘိုင်းဂိမ်းများနှင့်... များမကြာမီပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်အာမခံနိုင်သည်။ 】
[လူဗီ- အပေါ်ကတစ်ယောက်မင်းလိမ်ပြီးမပြောနဲ့ 】
[အမည်မရှိ: လိမ်ပြောတာလား။ငါကဘာလို့လိမ်ပြောရမှာလဲ။ဒါက အမှန်ပဲလေ....】
[ဟက်ပီး:ကျွန်တော်ကဟွာအုပ်စုရဲ့ ရုံးခွဲမှာနေပြီး ဂိမ်းဦးထုပ်ကနေဂိမ်းကစားနေပါတယ်။ဒီဂိမ်းဦးထုပ်ကိုပြောရရင်စကားနှစ်လုံးပဲရှိတယ်။ဒါကအရမ်းမိုက်တယ်ဆိုတာပင်ဖြစ်သည်။]
ခံစားချက်ကို အရင်ပြောပြမယ်။
စကားလုံးနှစ်လုံး- အံ့သြစရာ။
[ငါဟွာအုပ်စုရဲ့ရွေးချယ်ခြင်းခံရလို့အရမ်းကံကောင်းတယ်ဆိုပြီးတွေးမိတယ်။ဂိမ်းဦးထုပ်ကိုအသုံးပြုနိုင်သည့်အချိန်သည်၁၄ ရက်ဖြစ်ပြီးစုစုပေါင်းဂိမ်းကစားချိန်မှာ၅၆ နာရီဖြစ်သည်။]
[ဂိမ်းအတွေ့အကြုံကိုပြောရမယ်ဆိုရင်၎င်းသည်VR မျက်မှန်များနှင့် လုံးဝကွဲပြားသည့် နည်းပညာမြင့်ထုတ်ကုန်တစ်ခုဖြစ်သည်။ပြီးတော့ဂိမ်းကမ္ဘာနဲ့လက်တွေ့ကမ္ဘာသည်အတူတူနီးပါးရှိသည်။]
ဂိမ်းဦးထုပ်အတွင်းပိုင်း ဘီတာ(စမ်းသပ်ခံ)ဆော့ကစားသူမှ မက်ဆေ့ချ်ပို့ပြီးနောက်၊ ၎င်းကြောင့်အွန်လိုင်းကမ္ဘာတစ်ခုလုံးဆူညံသွားတော့သည်။
လူတိုင်းသည် ဂိမ်းဦးထုပ်ကိုစူးစမ်းချင်စိတ်နှင့် မနာလိုမှုများနှင့်ပြည့်နှက်နေသည်။
ဟော့ကျောက်ဝူနှင့်အခြားဘီတာကစားသမားများသည်ဂိမ်းကစားပြီးနောက်ခန္ဓာကိုယ်စစ်ဆေးခြင်းများကိုပြုလုပ်ကြလေသည်။ဟွာအုပ်စုသည်ဒီခန္ဓာကိုယ်စစ်ဆေးခြင်းကိုအသေအချာလုပ်နေသည်။သူတို့ဒီလိုလုပ်နေသည်မှာလဲအပစ်ပြောလို့မရပေ။
ဂိမ်းလောကထဲဘယ်လောက်ဝင်ပြီးဆော့လို့ရတဲ့ပြောပြောခန္ဓာကိုယ်ချော့ယွင်းမှုဖြစ်တာနဲ့ဒါကလုံးဝကိုအသုံးမဝင်တဲ့ဟာဖြစ်သွားမှာသေချာလေသည်။
လင်းဖန်၏အမြင်တွင်မူ ဤပြဿနာများ လုံးဝဖြစ်လာမည်မဟုတ်ပေ။
...
နောက်တစ်နေ့တွင် ရာသီဥတု ကြည်လင်ပြီး တိမ်ကင်းစင်သည်။
ဟွာအုပ်စုနှင့် ချုပ်ဆိုထားသော စာချုပ်အရ၊ အတွင်းပိုင်း စစ်ဆေးမှုတွင်ပါဝင်သောဘီတာများသည် ယနေ့တွင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်အေးအေးဆေးဆေးအနားယူနိုင်လေသည်။
အရင်တုန်းကတော့ ဘီတာသမားများသည်အလုပ်မလုပ်ပဲဂိမ်းဆော့တာဟာ အချိန်ဖြုန်းတာနဲ့အတူတူပဲဟုယူဆကြသည်။အခုတွင်တော့ဒီလိုအတွေးမျိုးလုံးဝမရှိတော့ပေ။
တစ်ဖက်တွင်၊ ဟော့ကျောက်ဝူ သည် ပရော်ဖက်ဆာလင်းကျောင်းသားဆိုတဲ့အဖွဲ့တွင် မက်ဆေ့ခ်ျတစ်စောင် ပေးပို့လိုက်သည်။
ဟော့ကျောက်ဝူ: ငါစမ်းသပ်မှုမှာပါဝင်ခွင့်ရအောင်လုပ်ပေးလို့ပရော်ဖက်ဆာလင်းကိုကျေးဇူးတင်ပါတယ်။
ဟော့ကျောက်ဝူ:အခုငါကဂိမ်းကမ္ဘာထဲမှာ သံခမောက်ကြီးဆောင်းပြီး ဘီလူးတွေကို တိုက်ခိုက်ဖို့လုပ်နေတယ်။ဒါက လက်တွေ့ကမ္ဘာမှာ ရှိတဲ့ဘီလူးတွေနဲ့အမှန်အကန်တိုက်ခိုက်နေသလိုခံစားရတယ်။ဒါအပြင် ဂိမ်းထဲမှာရှိတဲ့အသီးအနှံတွေကရဲ့ အရသာက လဲအံ့မခန်းပါပဲ...
ဟော့ကျောက်ဝူ : ဒီဂိမ်းကို မင်းတို့သာဆော့ရင်သေချာပေါက်ကြိုက်သွားမှာသေချာသည်။
ခဏအကြာတွင်တစ်ယောက်ယောက်က မက်ဆေ့ခ်ျပြန်ပို့လိုက်သည်။
လင်းချင်ကျူ:ဒါကအရမ်းပျော်ဖို့ကောင်းတယ်။အတူတူကစားကြရအောင်။
ဟော့ကျောက်ဝူ သည် ဤစာကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် မက်ဆေ့ချ်ကို ထပ်မံပို့ခဲ့သည်။
ဟော့ကျောက်ဝူ: အတူတူကစားရအောင်...အဲဒါကဘာကိုဆိုလိုလဲ။
လင်းချင်ကျူ- ဂိမ်းဦးထုပ်ဆောင်းပြီး “ကမ္ဘာ” ဆိုတဲ့ဂိမ်းကိုအတူတူဆော့ရအောင်လို့ပြောတာ။
လင်းချင်ကျူ- ဒီမနက်ပဲပရော်ဖက်ဆာလင်းရဲ့ ရုံးခန်းကို ဂိမ်းခမောက် ၆ လုံး လာပို့တယ်လေ။ဒါကြောင့်ငါတို့လဲ နာရီအနည်းငယ်ကြာအောင် ကစားနေခဲ့သည်။
လင်းချင်ကျူ -ငါကဂိမ်းဦးထုပ်ကနေ’’ကမ္ဘာ’’ဆိုတဲ့ဂိမ်းကိုဆက်ဆော့ချင်နေပေမဲ့။ပရော်ဖက်ဆာလင်းပေးတဲ့ပုစ္ဆာကိုဖြေရှင်းဖို့ကအရေးကြီးလို့အခုခဏနားထားတယ်။ပြီးတော့ပရော်ဖက်ဆာလင်းကဂိမ်းဦးထုပ်ကိုကြိုက်တဲ့အချိန်ဆော့လို့ရတယ်လို့လဲပြောထားတယ်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး