← Chapters

ဝင်ခွင့်ပေးမယ်

Vol. 31 Ch. 456

ဝင်ခွင့်ပေးမယ်

Vol. 31 Ch. 456

ဟော့ကျောက်ဝူသည်လင်းချင်ကျူပို့သောမက်ဆေ့ကိုမြင်သောအခါသူ့ရင်ဘက်တစ်ခုလုံးနာကျင်သလိုခံစားလိုက်ရသည်။

သူသည်ဒီဂိမ်းဦးထုပ်ကိုကစားရဖို့အတွက်ဟွာအုပ်စုမှာပဲ၁၄ရက်ကြာအောင်နေနေရမည်ဖြစ်ပြီးဂိမ်းကစားချိန်ကလဲ၅၆နာရီသာရှိသည်။

အခုတော့ လင်းချင်ကျူက ပရော်ဖက်ဆာ လင်းရုံးခန်းကို ဂိမ်းခမောက် ၆ လုံးဘာပို့ပြီးလူတိုင်းကို ကြိုက်တဲ့အချိန်ဆော့လို့ရတယ်လို့ပြောတယ်တဲ့လား။

ဒါ.....

ဒါ....…

ဟော့ကျောက်ဝူသည်သူနေသောအခန်းထဲတွင်လဲနေရင်း “ကျနော့်ကိုဒီကနေထွက်ခွင့်ပြုပါဟုရေရွတ်နေလိုက်သည်”

...

ပြီးခဲ့သည့်14 ရက်တွင် လင်းချင်ကျူ၊နင်းကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်း၊ ဂျင်ချန်ကျူ တို့သည် ဂိမ်းကစားခြင်းနှင့်ပုစ္ဆာဖြေရှင်းခြင်းတို့ကိုပျော်ရွှင်စွာလုပ်ကိုင်နေခဲ့ကြသည်။

ဟွာအုပ်စုကျန်ပေ့ငှာနခွဲ မှ ဟော့ကျောက်ဝူသည် ၁၄ရက်အတွင်းဝမ်းမည်းသောမျပ်နှာဖြင့်ပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေလေသည်။

နောက်ဆုံးတွင်၊ ဘီတာကစားချိန်ပြီးသွားပြီထြစ်သည်။

ဘီတာ တွင်ပါဝင်သူများသည် အံ့သြထိတ်လန့်နေကြဆဲဖြစ်ပြီး တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းကာ ဟွာအုပ်စု မှ ဖြည်းညှင်းစွာ ထွက်ခွာလာကြသည်။

ဟော့ကျောက်ဝူကတော့လေးကြိုးကနေပစ်လွှတ်လိုက်သောမြားကဲ့သို့ အပြင်ကို ပြေးထွင်သွားလေသည် ။

ကျန်ပေ့တက္ကသိုလ်ကိုရောက်သောအခါ ရုံးထဲမ၀င်ခင် “ပါမောက္ခလင်း၊ ငါလိုချင်တယ်၊ ငါလိုချင်တယ်” လို့အော်ပြောပြီးဝင်လာလေသည်။

လင်းဖန်က သူ့ပါးစပ်ကို ဖွင့်ကာ ‘’မင်းဘာတွေလိုချင်နေတာလဲ။မင်း ဂိမ်းဆော့ချင်ရင် မင်းကိုယ်တိုင်ဒီမှာယူပြီးဆော့လို့ရတယ်။”

စကားပြောနေစဥ်တွင်စားပွဲပေါ်တင်ထားတဲ့ ဂိမ်းဦးထုပ်ကို လက်ညှိုးထိုးပြလိုက်လေသည်။

ဟော့ကျောက်က စိတ်လှုပ်ရှားသောလေသံဖြင့်”ဟုတ်ကဲ့ပါ ပါမောက္ခလင်း”ဟုပြန်ပြောလိုက်လေသည်။

ထို့နောက် သူသည် ဂိမ်းဦးထုပ်ကို အလျင်အမြန် ကောက်ယူလိုက်ပြီးအမြန်ထိုင်ကာဂိမ်းဦးထုပ်ကိုခေါင်းပေါတင်ပြီးဂိမ်းလောကထဲသို့ တစ်ဖန်ဝင်ရောက်ကာဆော့ကစားတော့သည်။

ဟော့ကျောက်ဝူသည် ဂိမ်းလောကထဲသို့ တစ်ဖန်ဝင်ရောက်လာသောအခါတွင် အင်တာနက်ပေါ်တွင်ဂိမ်းဦးထုပ်နှင့်ပတ်သက်သည့် သတင်းများသည်ထပ်မံထွက်ပေါ်ခဲ့သည်။

ဂိမ်းဦးထုပ်က ဦးနှောက်ကို ထိခိုက်စေတယ်လို့ တချို့က ပြောကြသည်။

ဂိမ်းဦးထုပ်ဆောင်းခြင်းက လူတွေကို အဖြစ်မှန်နဲ့ အတုအယောင်ကြားမှာ ရှုပ်ထွေးသွားစေတယ်လို့ တချို့သူတွေက ပြောကြသည်။

ဂိမ်းဆော့ဦးထုပ်ဆော့ခြင်းက လူတွေကို အင်တာနက်ကို ပိုစွဲလန်းစေတယ်လို့ တချို့သူတွေက ပြောကြသည်။

သို့သော်လူအများကတော့ဂိမ်းဆော့ဦးထုပ်တွေရောင်းမဲ့ရက်ကို မျှော်လင့်နေကြသည်။

အပေါ်ကမကောင်းသတင်းများသည်ဂိမ်းဦးထုပ်အကျိုးအတွက်သင် အလွန်စိုးရိမ်မိမည်မှာ သေချာသည်။

သို့သော် လင်းဖန်သည်ဒါကိုလုံးဝဂရုမစိုက်ပေ။

နေ့တိုင်းသူသည်ဘဝကိုသက်သောင့်သက်သာ သာဖြတ်သန်းနေလေသည်။

...

ယနေ့။

ထုံးစံအတိုင်း လင်းဖန်သည် မနက်စာစားပြီးနောက် ကျန်ပေ့တက္ကသိုလ်သို့ ရောက်လာသည်။

လင်းဖန်သည် ကျောင်းဝင်းအတွင်း လမ်းလျှောက်လာသောအခါ ကျောင်းသားတိုင်း၏ မျက်နှာတွင်တောက်ပသော အပြုံးများဖြင့် ပြည့်နှက်နေသည်။

​လေ​ပြေ​လေအေးကသူ့ဘေးကိုတိုက်သွားသောအခါတွင်မွှေး​ပျံ့​တဲ့​ရ​နံ့​တစ်ခုကိုသူရလိုက်လေသည်။

ထိုအနံ့ကိုရတော့လင်းဖန်သည် မနေနိုင်ဘဲ ခေါင်းကိုလှည့်ကာ လှည့်ကြည့်လိုက်သည်။

ပြီးပြည့်စုံသော ခန္ဓာကိုယ်၊ ဖြူဖွေးသောအသားအရည်၊ချစ်းရာကောင်းသောမျက်နှာနှင့်သွယ်တန်းဖြောင်းစင်းသောဆံပင်ရှိသော အမျိုးသမီးတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လာသည်။

သူမသည် ဟန်တီပင်ဖြစ်သည်။

လင်းဖန် က “ဆရာမဟန်တီမင်္ဂလာနံနက်ခင်းပါ”

ဟန်တီက ပြုံးပြီးပြောလိုက်သည်။ “မင်းက အခု ငါနဲ့တူတဲ့ ပါမောက္ခတစ်ယောက်ဖြစ်နေပြီ၊ မင်းကဘာလို့ ဆရာမဟန်တီ လို့ဆက်ခေါ်နေသေးတာလဲ’’

လင်းဖန်က ပြုံးပြီး “အဲ့ဆိုလဲဆရာမဟန်တီလို့မခေါ်တော့ဘူး.....”

ထို့နောက်နှစ်ယောက်သားစကားစမြည်ပြောနေကြသည်။

ဟိုအရင်ကဆိုရင် သူတို့နှစ်ယောက် ဘေးချင်းကပ် လမ်းလျှောက်သွားရတာ ပတ်ဝန်းကျင်ကြောင့်နည်းနည်းအဆင်မပြေဖြစ်ခဲ့သည်။

ဘာလို့ဆိုသူတို့ကဆရာမနဲ့ကျောင်းသားဖြစ်နေလို့ပင်ဖြစ်သည်။

အခု သူတို့နှစ်ယောက်လုံးက ဆရာတွေဖြစ်သွားတော့ဘေးချင်းကပ်လျှောက်တာကသဘာဝကျလေသည်။

ဤအခိုက်အတန့်တွင် အော်သံတစ်ခုသည် ဝေးဝေးမှ ထွက်ပေါ်လာသည်။

“ဟန်တီ!”

ထို့နောက် အရပ်ရှည်ပြီးအနေညက်တိုင်း၀တ်စုံနှင့် သားရေဖိနပ် စီးထားသော အမျိုးသားတစ်ဦး ဖြတ်လျှောက်လာသည်။

သူ့မျက်နှာတစ်ပြင်လုံး ပြုံးလိုက်ပြီး “ဟန်တီ မတွေ့တာကြာပြီ!နော်”

ဟန်တီကထိုအမျိုးသားကို မြင်သောအခါတွင် သူမသည် စိတ်ရှုပ်ထွေးသောအမူအရာကိုပြသလိုက်သည်။

နောက်တော့သူမကမသေချာတဲ့လေသံနဲ့ “မင်းက... ကျောက်ချမ်လား?”

ကျောက်ချမ်သည်ဟန်တီကသူ့နာမည်ခေါ်သံကြားတော့ သူအရမ်းပျော်သွားပြီး “ဟုတ်တယ်ဒါက ငါပဲ!”

ဟန်တီအနည်းငယ် အံ့သြသွားပြီး “ဒီနေ့ဘာလို့ ကျောင်းကိုလာတာလဲ။”

ကျောက်ချမ်သည် ကျန်ပေ့တက္ကသိုလ်ရှိစဉ်ကဟန်တီ၏အတန်းဖော်ဟောင်းဖြစ်သည်။(ဒီမှာအတန်းဖော်ဟောင်းဆိုတာကဟန်တီနဲ့မရင်းနှီးပါဘူး။တစ်ခန်းထဲအတူသင်တာကိုပြောတာပါ)

တက္ကသိုလ်ကနေဘွဲ့ရပြီးနောက် သူတို့ နှစ်ယောက် ထပ်မဆုံဖြစ်တော့ပေ။

အခုတွေ့တော့ နည်းနည်းတော့ အံ့သြမိသည်။

ကျောက်ချမ်က ပြုံးပြီးပြောလိုက်သည်”မကြာခင်မှာပဲဘွဲ့ရကြတော့မှာ မဟုတ်ဘူးလား”

“ကောလိပ်ပြီးပြီးချင်းကျောင်းသားတွေရဲ့ အလုပ်အကိုင်ရှာဖွေတဲ့အခြေအနေက အခု သိပ်မကောင်းဘူးမလား။ ငါကဟုဒီဖန် ရဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ အလုပ်သင် ခေါ်ယူဖို့အတွက်ကျန်ပေ့ တက္ကသိုလ်ကို လာခဲ့တာ”

ဒီစကားပြောပြီးသောအခါသူမျက်နှာတွင်ဝံ့ကြွားသောအမူအရာတစ်ခုပေါ်လာလေသည်။

သူသည်ဝံ့ကြွားသည်မှာလဲအံ့စရာမဟုတ်ပေ။ဟုဒီဖန်သည် တရုတ်နိုင်ငံ၏ ထိပ်တန်းလုပ်ငန်းကြီးဆယ်ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ဒါကြောင့်လစာနဲ့ အကျိုးခံစားခွင့်ကဘယ်လိုပဲ ဖြစ်ဖြစ် အရမ်းကောင်းမှာသေချာလေသည်။

ဒီစကားကိုသူပြောပြီးနောက်ဟန်တီ က သူ့ကို သေချာပေါက်အံ့သြ သွားလိမ့်မည်ဟုထင်နေလိုက်သည်။

သို့သော် ဟန်တီသည်ပုံမှန်စကားပြောတဲ့အတိုင်းပဲ “တကယ်လား...ဒါဆိုဂုဏ်ပြုပါတယ်”

ကျောက်ချမ်သည်သူမ၏သာမန်ဆန်သောအသံက်ုကြားသောအခါသူ၏ဝံ့ကြွားနေသောအမူအရာသည်ချက်ချင်းအေးခဲသွားလေတော့သည်။

ခဏအကြာတွင်သူက “ငါတို့ အတန်းဖော် နှစ်ယောက် မတွေ့တာ ကြာပြီဆိုတော့အတူတူ ထမင်းသွားစားရအောင်”

ဒါကိုပြောပြီးနောက် ကျောက်ချမ် ၏မျက်လုံးများအရောင်တောက်လာသည်။

ဟန်တီ သည် ကျန်ပေ့တက္ကသိုလ်တက်စဉ်ကကျောင်း၏အဓိကပန်းပွင့်တစ်ပွင့်ဖြစ်လေသည်။

ကျောက်ချမ်အပါအဝင်ကောင်လေးတော်တော်များများက သူမကို စွဲလန်းခဲ့ကြသည်။

သို့သော်ဟန်တီသည် လူတိုင်းကိုစိတ်မဝင်စားခဲ့ပေ။

ဒါက လူတိုင်းကို အလွန်အားကိုးရာမဲ့ ဖြစ်စေသည်။

တကယ်တော့ကျောက်ချမ်သည် အလုပ်သင်များခေါ်ယူရန် ကျန်ပေ့ တက္ကသိုလ်သို့ လာရခြင်း၏ အကြောင်းရင်းအများစုမှာဟန်တီကြောင့်ဖြစ်လေသည်။ဟန်တီ သည် ကျန်ပေ့တက္ကသိုလ်တွင်ပါမောက္ခဖြစ်ပြီး အိမ်ထောင်မပြုသေးကြောင်းကိုသူသိလေသည်။

ဒါကြောင့်ကျောက်ချမ်ကသူ့ရင်ထဲမှာမျှော်လင့်ချက်တွေတောက်ပလာလေသည်။

ကျောက်ချမ်ရင်ထဲရှိအတွေးကိုမြင်သောလင်းဖန်က “သူမ အားမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဆရာမဟန်တီက ဒီည ငါနဲ့ အတူထမင်းစားဖို့ ဆုံးဖြတ်ထားတာကြောင့်ပဲ’’ လို့ပြောလိုက်သည်။

ငါ့မိန်းမနဲ့ အတူစားချင်တာလား။

ကျောက်ချမ်သည် လင်းဖန်ကို သတိပြုမိလိုက်ပြီး “မင်းက ပရော်ဖက်ဆာ ဟန်တီ ရဲ့ ကျောင်းသားမလား?”

“ ပါမောက္ခ ဟန်နဲ့ ငါကအတန်းဖော်တွေလေ။ ဒါကြောင့်ပရော်ဖက်ဆာဟန်ရဲ့မျက်နှာကြောင့်ငါတို့ ဟုဒီဖန်ကုမ္ပဏီကိုမင်းဝင်လို့ရအောင်လုပ်ပေးမယ်။”

ဒီစကားတွေပြောနေသမျှ လင်းဖန်ဟာ ချက်ချင်းဝမ်းသာသွားပြီးကျေးဇူးတင်လိမ့်မယ်လို့ သူယုံကြည်နေလေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters