ဟောပြောခန်းသို့သွားခြင်း
Vol. 31 Ch. 457
သို့သော်လင်းဖန်၏အမူအရာသည်ပြောင်းလဲသွားခြင်းမရှိပေ။သူစကားပြောခါနီးတွင်မနီးမဝေးကနေအသံတစ်ခုထွက်ပေါ်လာသည်။
“ဟန်တီ!”
ထို့နောက် ဆံပင်ကောက်ထားပြီးအနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်စီးထားသော အမျိုးသားတစ်ဦး လျင်မြန်စွာလျှောက်လာသည်။
သူ့ကပြုံးလိုက်ပြီး “ဟန်တီမတွေ့တာကြာပြီ!”
ဟန်တီ စကားမပြောခင် ကျောက်ချမ်က “ဝမ်ဟူရန်?”
ဝမ်ဟူရန်သည်လဲဟန်တီတက္ကသိုလ်တက်စဉ်က အတန်းဖော်တစ်ဦးဖြစ်သည်။
“ကျောက်ချမ်?”
ပထမကဝမ်ဟူရန် ၏ အာရုံစိုက်မှုသည် ဟန်တီအပေါ်တွင်သာရှိနေခဲ့သည်။
ဒီအချိန်မှာ သူ့ဘေးက အသံကြားတော့သူကလှည့်ပြီးလူကိုတွေ့တာနဲ့နာမည်ခေါ်လိုက်လေသည်။
“တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့ နောက်တော့ ငါတို့မတွေ့ဖြစ်တာကြာပြီ။ဒီနေ့မင်းနဲ့ပြန်တွေ့ဖို့ငါမမျှော်လင့်ထားဘူး။မင်း ဒီနေ့ ဘာလို့ကျောင်းကိုလာတာလဲ” ကျောက်ချမ် က ပြောသည်။
စကားပြောနေစဉ်တွင် သူ့သည်ဟန်တီကိုကြည့်ပြီးသူ့ကိုပြန်ကြည့်လိုက်သည်။
သူ့အကြည့်ထဲတွင် မင်းဟန်တီနဲ့လာမရှုပ်နဲ့လို့ပြောနေပုံရလေသည်။
ကျောက်ချမ် နှင့် ဝမ်ဟူရန် တို့သည် အတန်းဖော်များဖြစ်ကြပြီးတစ်ယောက်အကြောင်းတစ်ယောက်သိကြလေသည်။ထို့ကြောင့်ကျောက်ချမ်ပြောချင်တာကိုချက်ချင်းနာလည်လိုက်သည်။
သို့သော် ဟန်တီ၏အမူအရာသည်လုံးဝပြောင်းလဲချင်းမရှိပေ။ထိုအချင်းအရာကိုမြင်သောအခါဒါကကျောက်ချမ်ရဲ့စိတ်ကူးယဉ်အတွေးမျှသာဆိုတာကိုသိလိုက်သည်။
ထို့ကြောင့်ဝမ်ဟူရန်က ပြုံးကာ “အခုကကောလိပ်တက်တာပြီးတော့မှာမလား။ဒါကြောင့်ကောလိပ်တက်ပြီးတဲ့သူတိုင်းအလုပ်ရှာရမပင်းပန်းစေရန်အလုပ်သင်လာခေါ်ယူတာပါ။ငါကတော့ ပိုတို ရဲ့ လက်ထောက်ဒါရိုက်တာဖြစ်ခဲ့ပြီး၊ အရည်အချင်းနည်းနည်းရှိပါတယ်....”
ဒါကိုပြောပြီးတဲ့အခါ သူ့မျက်နှာမှာဂုဏ်ယူသောအမူအရာတစ်ခုပေါ်လာပြီးဟန်တီကြည့်လိုက်လေသည်။
သို့သော်ဟန်တီ၏အမူအရာမှာဘာမှပြောင်းလဲခင်းမရှိသည်ကိုတွေ့သောအခါအနည်းငယ်စိတ်ဓာတ်ကျသွားလေသည်။
ခေတ္တနားပြီးနောက် သူက “ကျောက်ချမ် မင်း ကျောင်းတုန်းက.......”
သူတို့နှစ်ဦးစကားစစ်ထိုးနေတုန်းအဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“မစ္စတာဝမ်နဲ့ မစ္စတာကျောက်၊ မင်းတို့ဒီမှာပဲ တခြားလုပ်ငန်းရှင်တွေနဲ့ ကျောင်းခေါင်းဆောင်တွေက ဟောပြောပွဲခန်းမ3 မှာရှိနေကြပြီ။” မျက်နှာဝိုင်းဝိုင်းလူတစ်ယောက် အမြန်လျှောက်လာပြီးပြောလိုက်သည်။
ဝမ်ဟူရန်က “ဒါရိုက်တာ ဆောင်ရဲ့၊သတိပေးချက်အတွက်ကျေးဇူးတင်ပါတယ်”
ကျောက်ချမ် ကလည်း “ဒါရိုက်တာဆောင်ကျေးဇူးတင်ပါတယ်”
သူတို့နှစ်ယောက်လုံးသည်ကျေးဇူးတင်တယ်လို့သာပြောပေမဲ့ရင်ထဲကလာသောစကားမဟုတ်ပေ။ဝတ်ကျေတန်းကျေပြောသောစကားသာဖြစ်သည်။
ဆောင်ခိုင်လီက သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းပြီး “ဒါကကျေးဇူးတင်လောက်တဲ့အထိလဲမဟုတ်ပါဘူး။ငါကသာမင်းတို့ကိုကျေးဇူးတင်ရမှာပါ။မင်းတို့ကြောင့်ငါတို့တက္ကသိုလ်ကကျောင်းသား၊ကျောင်းသူတွေအလုပ်ကောင်းကောင်းကိုရတော့မှာလေ’’
ထိုအခိုက်အတန့်တွင် ဟန်တီနှင့် လင်းဖန်တို့သည်သူ့ အနီးတွင်ရပ်နေသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။
ထို့နောက်သူကအံ့အားသင့်သည့်လေသံဖြင့်- “ပါမောက္ခဟန်နှင့် ပရော်ဖက်ဆာလင်း၊ မင်းတို့လည်း ဒီမှာရှိနေတာပဲ”
အထူးသဖြင့် ပရော်ဖက်ဆာလင်းနာမည်ခေါ်သောအခါဆောင်ခိုင်လီ၏ လေသံသည် အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။
ယခု ကျန်ပေ့ တက္ကသိုလ်တွင် လင်းဖန်၏အဆင့်အတန်းသည်အလွန်မြင့်သည်ဟုဆိုနိုင်လေသည်။
ကျောင်းအုပ်ကြီးရဲ့အဆင့်အတန်းသည်လင်းဖန်ထက်နိမ့်လေသည်။
ယခင်က ကျန်ပေ့တက္ကသိုလ်သည် တရုတ်နိုင်ငံအတွင်း ထင်ရှားကျော်ကြားသော တက္ကသိုလ်ငယ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၎င်းသည် နိုင်ငံအတွင်း ပထမတန်းစား တက္ကသိုလ်တစ်ခုဖြစ်သည်။
သို့သော် ၎င်းသည် ဟွမ်ကျူ တက္ကသိုလ်နှင့် ပေကျင်းတက္ကသိုလ်ထက် များစွာ နိမ့်ကျသည်။
ယခုအခါ ကျန်ပေ့တက္ကသိုလ်သည် တရုတ်နိုင်ငံတွင် လူသိများသော ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာပြီး ၎င်း၏ဂုဏ်သတင်းသည် ဟွမ်ကျူတက္ကသိုလ်နှင့် ဂျင်ချန်တက္ကသိုလ်တို့ကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ဒီလိုအခြေအနေဖြစ်ရတဲ့အကြောင်းရင်းက လင်းဖန်ကြောင့်ပင်ဖြစ်သည်။
ကျောက်ချမ် နှင့် ဝမ်ဟူရန်တို့သည် ဆောင်ခိုင်လီ၏ လေသံပြောင်းလဲမှုကို မသိလိုက်ကြပေ။
ကျောက်ချမ်သည် ချက်ချင်းပင်အံ့အားသင့်သော အမူအရာဖြင့်လင်းဖန်ကိုကြည့်နေလိုက်သည်။
ပါမောက္ခလင်း?
ပါမောက္ခ?
ဤလူငယ်သည် ပါမောက္ခဖြစ်တာလား?
ထို့နောက်တွင်၊ ကျောက်ချမ်သည် လင်းဖန် နှင့် ဟန်တီတို့ရယ်မောရင်းစကားပြောနေပုံကို တွေးလိုက်ရာသူ့နှလုံးခုန်မြန်သွားလေသည်။
ထိုအချိန်တွင်၊ ဆောင်ခိုင်လီသည် တစ်ခုခုကို တွေးမိပုံရပြီး သူ့စိတ်ထဲတွင် စိတ်လှုပ်ရှားမှုကို အမြန်ဖယ်ထုတ်လိုက်ပြီး “မစ္စတာ ကျောက်၊ မစ္စတာ ဝမ်၊ ကော်ပိုရိတ်ကွန်ဖရင့် စတင်တော့မည်၊ အရင်သွားကြရအောင်” ဟု ပြောလိုက်သည်။(ကော်ပိုရိတ်ကွန်ဖရင့်ကသူ့တို့ရဲ့ကုမ္ပဏီအကြောင်းဘာညာပေါ့၊သူတို့စီမှာအလုပ်လာလုပ်အောင်မက်လုံးပေးပြီးပြောတဲ့ပွဲကိုဆိုလိုတာပါ)
ကျောက်ချမ် နှင့် ဝမ်ဟူရန်တို့က ခေါင်းညိတ်လိုက်သည်။
ကျောက်ချမ် က “ဟန်တီ၊ နင်အဲဒီကို အတူတူသွားချင်လား? အဲ့ကျရင်မင်းရဲ့ကျောင်းသားတွေအတွက် အလုပ်အကိုင်ကောင်းတွေကို ကြိုပြီးရွေးလို့ရတယ်နော်”
ဝမ်ဟူရန် ကလည်း “ဟုတ်တယ်၊ ငါတို့ ဟိုကို အတူတူသွားကြရအောင်။”
ဟန်တီ မဖြေရသေးခင်မှာဘဲ သူ့ဘေးက ဆောင်ခိုင်လီက “စိတ်မပူပါနဲ့ ပါမောက္ခ ဟန်က ဒီနေ့ ကော်ပိုရိတ်ကွန်ဖရင့်မှာ သင်္ချာအတန်းရဲ့ ကိုယ်စားလှယ်တွေထဲက တစ်ယောက်မို့လို့လာပါလိမ့်မယ်”
ကျောက်ချမ်နှင့် ဝမ်ဟူရန် တို့က ကြားလိုက်သောအခါတွင်ဝမ်းသာသွားကြသည်။
လင်းဖန်က “ငါလည်း အဲဒီကို သွားမယ်။”
ဆောင်ခိုင်လီ က ဒါကိုကြားတော့ သူ့မျက်နှာတစ်ပြင်လုံး အပြုံးတွေနဲ့ ပြည့်သွားပြီး “အရမ်းကောင်းတယ်!”လို့ပြောလိုက်သည်။
ပြောစရာမလိုအောင် လင်းဖန်သည်ကျန်ပေ့ တက္ကသိုလ်တွင် ထိပ်တန်းရာထူးရှိသည်။
သူသွားမည်ဆျုပါက၎င်းသည် ဤကော်ပိုရိတ်ကွန်ဖရင့်၏ သတ်မှတ်ချက်များကို အနည်းဆုံးအဆင့်တစ်ခုသို့ တိုက်ရိုက်မြှင့်တင်လိုက်သည်နှင့်အတူတူပင်ဖြစ်သည်။
ထို့အပြင် ဆောင်ခိုင်လီသိသလောက်ဆိုရင်ဟွာအုပ်စု နှင့်ရီဒီအန်တိုတို့၏ အဓိကရှယ်ယာရှင်တစ်ဦးလည်းဖြစ်သည်။
လင်းဖန်သာကူညီချင်စိတ်ရှိရင် ကျန်ပေ့ တက္ကသိုလ်ရှိကျောင်းသား၊ကျောင်းသူများသည်အလုပ်ကောင်းရမှာစိတ်ပူစရာလိုမည်မဟုတ်တော့ပေ။
ထို့နောက် လူအနည်းငယ်သည် ဟောပြောပွဲခန်းမဆီသို့ လျှောက်သွားကြသည်။
...
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး