လုပ်နိုင်မယ်ထင်ခြင်း
Vol. 31 Ch. 458
ပေကျင်း။
“ဒေါက် ဒေါက် ဒေါက် ‘’
အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ဦး တံခါးကိုအလျင်အမြန်ခေါက်လိုက်သည်။
“ဝင်လာပါ။” အထဲရှိ အဘိုးအိုက ကျယ်လောင်စွာ ပြောလိုက်သည်။
ရှပ်အင်္ကျီအဖြူဝတ်ထားတဲ့လူက စကားကြားတော့ ကမန်းကတန်း လျှောက်ဝင်လာလေသည်။
ထို့နောက်သူက သူ့စိတ်ကို တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်နေပြီးမတ်မတ်ရပ်ကာ “ခေါင်းဆောင်ထောက်လှမ်းရေး အရ၊ ဂျေဗီ ဥက္ကဋ္ဌ၊ ယူတိုက် ဥက္ကဋ္ဌ၊ ယူနန် ဥက္ကဋ္ဌ၊ ယူဂိုဂရု ဥက္ကဋ္ဌ၊ဝမ်ဟူ ဥက္ကဌ... နှင့် ရီလုံတို့သည်၏ အထူးလေယာဉ်စီပြီးမကြာမီကျန်ပေ့အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်တော့မည်ဖြစ်သည်။”
အဘိုးအိုသည်....ဂရုတွေနဲ့လူတွေရဲ့ နာမည်တွေကို ကြားလိုက်ရပြီးအခါသူ့မျက်နှာမှာ အံ့သြသောအမူအရာတစ်ခုပေါ်လာလေသည်။
သိရန်ဒါတွေက သာမာန်လူတွေမဟုတ်ပေ။ကုမ္ပဏီကြီးတွေကိုချုပ်ကိုင်ထားတဲ့လူတွေဖြစ်သည်။
၎င်းတို့၏ ကြွယ်ဝချမ်းသာမှုသည် အချို့သော အလတ်စားနှင့် ကြီးမားသော နိုင်ငံများထက် မနည်းပေ။
အခုတော့ အထူးလေယာဉ်စီးပြီးအတူတူဟွာရှကျန်ပေ့ကိုလာတာလား။
ကျန်ပေ့။
အဘိုးအိုက တစ်ခုခုကို မြန်မြန်စဉ်းစားပြီး “သိပြီ” လို့ ပြောလိုက်သည်။
ရှပ်အင်္ကျီအဖြူဝတ်ထားတဲ့လူက အံ့သြသွားသည်။
သိပြီဆိုတဲ့စကားတစ်ခွန်းတည်းလား?
သို့သော် သူသည်ဘာမှ မပြောဝံ့ဘဲ “ဟုတ်ကဲ့” ဟု လေးလေးနက်နက် ပြောလိုက်သည်။
ထို့နောက် အပြင်သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
အဘိုးအိုသည် ခဏတာ ညည်းတွားပြီးနောက် ချန် ပြည်နယ်ရဲ့.....နံပါတ်ကို ခေါ်ဆိုလိုက်သည်။
ခေါ်ဆိုမှုသည် လျှင်မြန်စွာ ချိတ်ဆက်သွားသည်။
“ကျန်ပေ့အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မကြာမီ ရီလုံ၊ဂျေဗီ ဥက္ကဥ......။
...
မိနစ်အနည်းငယ်အကြာတွင်အေဒီ နှင့် ဂျစ်ကားများသည် ကျန်ပေ့အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီသို့ ရောက်လာကြသည်။
ထိုအချိန်တွင် ဇိမ်ခံ အထူးလေယာဉ်တစ်စင်း ဖြည်းညှင်းစွာမြေပြင်ပေါ် ဆင်းသက်လာသည်။
ထို့နောက်တွင်၊ ရီလုံ... နှင့် သတင်းကြီးများနှင့် မီဒီယာများတွင် မကြာခဏဆိုသလို ပါတတ်သောပုဂ္ဂိုလ်ကြီးများတစ်ယောက်ပြီးတစ်ယောက်ထွက်ပေါ်လာသည်။
ရှေ့ကလျှောက်နေတဲ့ ရီလုံ က အသက်ပြင်းပြင်းရှူပြီး သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်လေသည်။
ခဏအကြာတွင် တစ်ဖက်ကသူခေါ်ဆိုတာကိုလက်ခံလိုက်လေသည်။
“ဂိုဏ်းသခင် ဂိုဏ်းရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ အမာခံအဖွဲ့ဝင်တွေနဲ့ အတူကျန်ပေ့ကို ရောက်ပါပြီ။ ဘယ်အချိန်မင်းစီလာရမလဲ” ရီလုံက လေးလေးစားစား ပြောလိုက်သည်။
သူသည်မှော်မြို့ မှာရှိတုန်းကချင်ဟိုမန် ဂိုဏ်း လက်ရှိ ထိန်းချုပ် ထားတဲ့ ကုမ္ပဏီ နဲ့ အဖွဲ့ဝင် အချို့ ကို လင်းဖန်အားပြောထားပြီးသားဖြစ်သည်။
သို့သော်လည်း ရီလုံသည်ပြောသာပြောထားရတာတစ်ခုခုလွှဲနေသလိုသူခံစားရသည်။ဒါပေမဲ့ဘာလွဲနေတာလဲဆိုတာတော့အတိအကျမသိဖြစ်နေသည်။
လင်းဖန်သည် ရီလုံပြောတာကိုကြားသောအခါအနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ခဏအကြာ လင်းဖန် က “ဒါဆို ကျန်ပေ့တက္ကသိုလ်ရဲ့ ဟောပြောပွဲခန်းမ 3 ကိုလာလိုက်လေ”
ထိုအခါရီလုံ က လေးလေးစားစားနဲ့ပြန် ပြောလိုက်သည် “ဟုတ်ကဲ့။”
ဖုန်းချသွားသည်နှင့်တပြိုင်နက်အေဒီနှင့် ဂျစ်ကားတို့သည်ရီလုံတို့စီတစ်စီးပြီးတစ်စီးရောက်ရှိလာကြသည်။
ထို့နောက်အဖြူရောင်ရှပ်အင်္ကျီနှင့် အနောက်တိုင်းဝတ်စုံဝတ်ထားသောလူအုပ်စုကြီးသည် ကားထဲမှထွက်လာကြသည်။
ထို့နောက်သူတို့သည် သပ်သပ်ရပ်ရပ် အမြန်ရပ်လိုက်ပြီး “စီးပွားရေးလုပ်ငန်းရှင်များအားလုံးကို ကျန်ပေ့ မှကြိုဆိုပါတယ်!”ဟုတစ်ညီတစ်ညွှတ်တည်းပြောလိုက်လေသည်။
ရှေ့ဆုံးတွင်မတ်တပ်ရပ်နေ
သောဟွမ်လင်းက “မစ္စတာတို့ကျနော်တို့လာတာနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်” လို့ ပြောလိုက်သည်။
ရီလုံက “မင်းက ချန်ပြည်နယ်ရဲ့လက်ထောက်ခေါင်းဆောင်မလား။ မင်းငါ့ကိုအချိန်ပေးပြီးဒီကိုလာဖို့မလွယ်ဘူးဆိုတာငါသိပါတယ်။ဒါကြောင့်ငါမင်းကိုကျေးဇူးတင်ပါတယ်။ငါတို့လည်းခုနကမှရောက်တာမို့အဲ့လောက်ကြီးအလေးအနက်ထားစရာမလိုဘူး”
နောက်ဆုံးအကြိမ်သူမှော်မြို့သို့သွားသောအခါတွင် မှော်မြို့ခေါင်းဆောင်ကိုတွေ့သောအခါသူသည်ဒီလိုမျိုးချိုသာစွာမဆက်ဆံခဲ့ပေ။
တစ်ကယ်တော့လားသူ့ရဲ့အနေအထားအရအဲ့လိုပြောစရာ မလိုပေ။
သို့သော် ယနေ့တွင်တော့လင်းဖန်သည် ချန်ပြည်နယ်၏ဇာတိဖြစ်သည်ကိုသိသောကြောင့်ချန့်ပြည်နယ်၏လက်ထောက်ခေါင်းဆောင်ကိုချိုသာစွာဆက်ဆံနေခြင်းဖြစ်သည်။
ဟွမ်လင်းကသူ၏သွားများပေါ်သည်အထိပြုံးရင်းခေါင်းညိတ်ကာ “ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့”ပါဟုအဆက်မပြတ်ပြောနေလိုက်သည်။
“မစ္စတာ ရီ....တို့မင်းတို့ခရီးကနေအခုမှလာတာဆိုတော့ပင်းပန်းနေရောပေါ့။ဒါကြောင့်မစ္စတာတို့အနားယူလို့ရအောင်ငါစီစဉ်ပေးပါ့မယ်...”
ရီလုံက သူ့လက်ကို ဝှေ့ယမ်းပြီး “ငါတို့ လေယာဉ်ပေါ်မှာကတည်းကအနားယူပြီးသွားပြီ။ ဒါကြောင့် လောလောဆယ်အနားယူဖို့မလိုသေးဘူး”
သူနောက်ဆုံးအကြိမ် မှော်မြို့သို့သွားသောအခါတွင်သူသည်ကျန်းမာရေးတော်တော်မကောင်းခဲ့ပေ။သို့သော်သူသည်အနားယူခဲ့ခြင်းမရှိပေ။
အဲဒီအစားသူသည်လင်းဖန်ကို တွေ့ဖို့သွားလေသည်။
ဒါ့အပြင်အခု ရီလုံ ရဲ့ ကျန်းမာရေးကလုံးဝပြန်ကောင်းလာပြီးဖြစ်သောကြောင့်အနားယူဖို့လုံးဝမလိုတော့ပေ။
ကျန်းမာရေးလုံးဝကောင်းမွန်သွားတာလား။
ဒါကအမှန်ပင်ဖြစ်သည်။
ရီလုံသည် လက်းဖန်ပေးသောဆေးရေကို သောက်လိုက်သောအခါ သူ့ရောဂါတွေလုံးဝ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
သို့သော်သူသည်ဆေးရုံတွင် အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အမှန်တစ်ကယ်သူ့တွင့်ဖြစ်နေသောရောဂါများအားလုံးကောင်းသွားပြီဆိုတာကိုအတည်ပြုခဲ့သည်။
အတိအကျပြောရသော်၊ရီလုံ ၏စိတ်ထဲတွင် လင်းဖန်သည် ချင်ဟိုမန် ဂိုဏ်း၏ အရှင်သခင် ဖြစ်သည့်အပြင် အသက်သခင်ကျေးဇူးရှင်လည်းဖြစ်သည်။
ခေတ္တနားပြီးနောက် သူက “ဒါပေမယ့် မင်းအဆင်ပြေရင် ငါတို့ကိုကျန်ပေ့ တက္ကသိုလ်ကို ခေါ်သွားပေးပါ”
ဟွမ်လင်းက ကမန်းကတန်းပြောလိုက်သည်။ “အဆင်ပြေတယ်...အရမ်းအဆင်ပြေတာပေါ့”
ထို့နောက် ရီလုံနှင့် အခြားသူများကို အေဒီနှင့် ဂျစ်ကားတို့စီသို့ ဖိတ်ကြားလိုက်သည်။
ထို့နောက် ကျန်ပေ့တက္ကသိုလ်သို့မောင်းသွားလိုက်ကြတော့သည်။
...
ယခုအချိန်တွင် ကျန်ပေ့တက္ကသိုလ် ၏ ဟောပြောခန်း3တွင်ကျန်ပေ့တက္ကသိုလ်၏ ဌာနအသီးသီးမှ လုပ်ငန်းရှင်များအပြင် အချို့သော ...အကြီးအကဲများနှင့် ....ခေါင်းဆောင်များလည်း ရှိနေသည်။
နာမည်ကျော် လုပ်ငန်းရှင်တစ်ဦးသည်သူတို့ကုမ္ပဏီ၏ အချက်အလက်များနှင့် ခေါ်ယူရမည့် ရာထူးများကို ပြောရန်စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
မျက်နှာဝိုင်းငေါလုပ်ငန်းရှင်တစ်ယောက် ဆင်းလာသောအခါကျောက်ချမ်သည် သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီးစင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။
သူက ပြင်ဆင်ထားတဲ့ ပီတီတီကိုဖွင့်ပြီး “ကျန်ပေ့တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် လုပ်ငန်းရှင်များ၊ အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ!”(ပီတီတီဆိုတာကသူပြောမည့်စကားတွေက်ုစီထားတဲ့စာရွက်လို့ထင်တာပဲ။)
“ကျနော်ကဟုဒီဖန်၏ ဒါရိုက်တာ ကျောက်ချမ်ဖြစ်ပါတယ်။ ကျွန်တော်တို့၏ ဟုဒီဖန်သည် နိုင်ငံအတွင်း ထိပ်တန်း အကြီးစား စာရင်းကိုင်ကုမ္ပဏီ ဆယ်ခုအနက်မှ တစ်ခုဖြစ်သည်။ ၎င်းသည် ....ကုမ္ပဏီများတွင် ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးလျက်ရှိပြီး ဝန်ထမ်းပေါင်း 5,000 ကျော်ရှိပါတယ်။ထို့အပြင်....”
“ကျွန်တော်တို့၏စာရင်းကိုင်ကုမ္ပဏီတွင်၊မတူညီတဲ့လမ်းကြောင်းနှစ်ခုရှိပါတယ်။”
“ပထမတစ်ခုကတော့။ကုမ္ပဏီမှာရှိတဲ့အချက်အလက်တွေကိုစစ်ပေးရတဲ့စာရင်းကိုင်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့မှာစာရင်းကိုင်တွေကို ကြယ် ၁ ပွင့်စာရင်းကိုင်၊ ကြယ် ၂ ပွင့်စာရင်းကိုင်၊ ကြယ် ၃ ပွင့်စာရင်းကိုင်၊ ကြယ် ၄ ပွင့်စာရင်းကိုင်၊ ကြယ် ၅ ပွင့်စာရင်းကိုင်ဆိုပြီးခွဲထားပါတယ်။”
“ဒုတိယတစ်ခုကတော့။ကုမ္ပဏီရဲ့ကိစ္စတွေကို စီမံခန့်ခွဲရတာပဲဖြစ်ပါတယ်။သူတို့က်ုတော့ P1 ၊ P2 ၊ P3 ၊ P4၊ P5 ဆိုပြီးခွဲခြားထာပါတယ်။”
“P1နှင့်ကြယ်တစ်ပွင့်စာရင်းကိုင်များသည်တစ်နှစ်လစာ ယွမ် 300,000 ဖြစ်ပြီး၊ P2 နှင့် ကြယ်နှစ်ပွင့်စာရင်းကိုင်တွင်တစ်နှစ်လစာ500,000 ယွမ်ဖြစ်သည်။ထို့အပြင်P3နှင့်ကြယ်သုံးပွင့်စာရင်းကိုင်အဆင့်တွက်တော့တစ်နှစ်လစာသည်ယွမ် 800,000 ဖြစ်သည်။ တစ်ချိန်တည်းမှာပဲကုမ္ပဏီကပေးတဲ့ဘောနပ်ကိုလည်းရအုံးမှာပဲဖြစ်ပါတယ်။”
“P4 နှင့်ကြယ်လေးပွင့်စာရင်းကိုင်များသည်တစ်နှစ်လစာ ယွမ် 1.5 သန်းကျော်ဖြစ်ပြီးဘောနပ်အကြီးကြီးတွေကိုလဲရအုံးမှာဖြစ်ပါတယ်။စကားမစပ်ကျွန်တော်၏ဒါရိုက်တာရာထူးမှာ P4 ဖြစ်သည််။”
“ဒါ့အပြင် ကျွန်တော့်ဒီမှာ ရှိနေတဲ့ ဆရာတွေနဲ့ ပါမောက္ခတွေကို ပြောစရာရှိပါတယ်။ ကျွန်တော်ဟာ ကျန်ပေ့တက္ကသိုလ်ကနေ ဘွဲ့ရတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်”
“ကျွန်တော်သည်လွန်ခဲ့တဲ့ 5 နှစ်က ဟုဒီဖန်ကို ရောက်လာပြီးp1မဖြစ်ခင်ကအလုပ်သင်အဖြစ် စတင်ခဲ့ပါတယ်။ 5 နှစ်အကြာမှာတော့ ဟုဒီဖန်ရဲ့ ဒါရိုက်တာရာထူးဖြစ်တဲ့ P4 အဆင့်ကိုရောက်လာခဲ့ပါတယ်။”
“ဒါကြောင့်ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ရဲ့ဟုဒီဖန် မှာ လူငယ်ကျောင်းသားတွေ လာရောက်သရွေ့ သူတို့ မှာတောက်ပတဲ့ အနာဂတ်တွေ ရှိလာမယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။!”
“လူတိုင်းကငါ့လိုပဲလုပ်နိုင်မယ်လို့ငါထင်ပါတယ်....”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး