← Chapters

အံ့သြခြင်း

Vol. 31 Ch. 459

အံ့သြခြင်း

Vol. 31 Ch. 459

ကျောက်ချမ်သည်ထို့သို့ပြောသောအခါတွင်သူသည်အလွန်စိတ်လှုပ်ရှားလာပြီးသူ့ကိုယ်သူအရမ်းမြင့်မြတ်တယ်လို့ထင်လိုက်သည်။

ထို့နောက် ကျောက်ချမ် သည် ဟန်တီကိုတစ်ချက်ကြည့်လိုက်လေသည်။

သူ၏အကြည့်ထဲတွင်... ‘’ဟန်တီကြားလားကျွန်ုပ်၏နှစ်စဉ်လစာသည် 1.5 သန်းကျော်ရှိတယ်။ထို့အပြင်ဘောနပ်ကြီးကြီးတွေကိုလဲရတယ်။’’ဟုပြောနေလေသည်။

ထို့နောက်တွင်၊သူသည်ဟန်တီနှင့်အတူတူထိုင်နေသောလင်းဖန်ကိုကြည့်ကာမင်းကငါနဲ့မယှဥ််နိုင်ပါဘူးဆိုတဲ့အကြည့်နဲ့ကြည့်ဖို့မမေ့ပေ။

ထို့နောက်ကျောက်ချမ်သည် စင်မြင့်မှမဆင်းကာစကားအနည်းငယ်ပြောလိုက်သည်။

ကျောက်ချမ်စင်ပေါ်မှဆင်းပြီးနောက်စင်မြင့်ပေါ်သို့​တက်ရန်အလှည့်ကျသူမှာပိန်ပြီးအရှပ်ရှည်သောအမျိုးသားတစ်ဦး ဖြစ်သည်။

သို့သော် သူ့အနောက်တွင်ထိုင်နေသော ဝမ်ဟူရန် သည် ရှေ့သို့ ရုတ်တရက်တိုးလာဆလသည်။

ဒါက ပိန်ပြီးအရပ်ရှည်သောအမျိုးသားကိုစိတ်အနှာင့်အယှက်ဖြစ်စေခဲ့သည်။

သို့သော် သူသော်ဘာမှမပြောခဲ့ပေ။

နောက်ဆုံးအနေနဲ့၊ ဒါက ကော်ပိုရိတ်ဖရင့််တစ်ခုသာဖြစ်သည်။

ဘယ်သူအရင်သွားမလဲဆိုတာအရေးမကြီးပေ။

သို့သော် ဝမ်ဟူရန်၏ စိတ်ထဲတွင်တော့ ဤကဲ့သို့မဟုတ်ပေ။

ဘာဖြစ်လို့လဲဆိုတော့…

ကျောက်ချမ်သည် သူ၏ တစ်နှစ်တာ လစာအကြောင်းပြောခဲ့ပြီးဖြစ်သော​ကြောင့်ဟန်တီ၏ စိတ်ထဲတွင် ကောင်းမွန်သော အထင်အမြင်များ ကျန်ရစ်ခဲ့ပေလိမ့်မည်။

ထို့ကြောင့်သူသည်ကျောက်ချမ်ထက်ပိုတော်ကြောင်းပြောချင်နေသည်။ထို့ကြောင့်သူသည်စင်ပေါ်သို့အမြန်တက်ခြင်းဖြစ်သည်။

“လေးစားရပါသော ကျောင်းရှိဆရာ၊ဆရာမများနှင့် လုပ်ငန်းရှင်များ အားလုံး မင်္ဂလာနံနက်ခင်းပါ!”

“ကျွန်ုပ်သည် ပိုတို ၏ လက်ထောက်ဒါရိုက်တာဝမ်ဟူရန်ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း 4,000 ကျော်ရှိပြီးနိုင်ငံတစ်ဝှမ်းတွင်ရုံးခွဲပေါင်း 20 ရှိပြီး ဂိမ်းများ၊ ချက်တင်ဆော့ဖ်ဝဲ၊ ...ဆော့ဖ်ဝဲ၊ ဝဘ်ဆျုက်ပြုပြင်ထိန်းသိမ်းရေးစသည်တို့ကို အဓိကအားဖြင့်ဆောင်ရွက်လျက်ရှိတယ်။”

“ကျွန်ုပ်တို့၏ ပိုတို ကုမ္ပဏီတွင်မတူညီသောလမ်းကြောင်းများစွာ ရှိပါသည်။”

“ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်ရေးကို နှစ်သက်ပါက နည်းပညာဌာနသို့ တိုက်ရိုက်သွားနိုင်ပါသည်။”

“သတင်းတွေရေးရတာကို ကြိုက်ရင် မီဒီယာဌာနကို ဝင်လို့ရတယ်။”

“သင်သည် အခြားသူများနှင့် ဆက်သွယ်ပြောဆိုလိုပါကအရောင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာနသို့ ဝင်ရောက်နိုင်ပါသည်။”

...

“ယေဘုယျအားဖြင့်၊ ကျွန်ုပ်တို့၏ပိုတိုကုမ္ပဏီသည် အရည်အချင်းအမျိုးမျိုးကို စုဆောင်းပါငည်။”

“ထို့ပြင်၊ ကျွန်ုပ်တို့ပိုတိုကုမ္ပဏီ၏ P1 ဝန်ထမ်းများသည် နှစ်စဉ်လစာ 300,000 နှင့် ဘောနပ်စ်မှာ120,000 သို့မဟုတ် ထို့ထက်ပို၍ရရှိနိုင်သည်။”

“P2 ဝန်ထမ်းများ၏ လစာမှာ တစ်နှစ်လျှင် ယွမ် 500,000 နှင့် ဘောနပ်စ် ယွမ် 150,000 သို့မဟုတ် ထို့ထက် ပိုရနိုင်သည်။”

“P3 ဝန်ထမ်းများသည် နှစ်စဉ် လစာ ယွမ် 800,000 နှင့် ဘောနပ်စ် ယွမ် 300,000 ကျော်နှင့် ဘော့နပ်စ်အကြီးကြီးတွေတောင်ရနိုင်သည်။”

“P4 ဝန်ထမ်းများ၏နှစ်စဉ်လစာ ယွမ် ၁ သန်း၊ အပိုဆုငွေ(ဘောနပ်စ်)ယွမ် ၅၀၀,၀၀၀ ကျော်နှင့် ထိုထက်များသောအပိုဆုငွေ(ဘောနပ်စ်)တို့ကိုလဲရနိုင်သည်။”

“P5 ဝန်ထမ်းများ၏ နှစ်စဉ်လစာမှာယွမ် 2 သန်း၊ အပိုဆုကြေး 1 သန်းနှင့်အထက် နှင့် ထိုထပ်မြင့်မားသောဘောနပ်စ်တို့ကိုလဲရနိုင်သည်။”

“ဒီမှာရှိတဲ့လူတိုင်းပဲကျနော်သည်လဲပဲဟုဒီဖန်စာရင်းကိုင်ကုမ္ပဏီမှမစ္စတာကျောက်လိုပဲ ကျန်ပေ့တက္ကသိုလ်မှဘွဲ့ရခဲ့တာဖြစ်ပါတယ်။ မစ္စတာကျောက်ကတော့ဟုဒီဖန် ရဲ့ P4 ဖြစ်လာဖို့ 5 နှစ်လောက် အချိန်ယူခဲ့ရပေမယ့် ကျနော်ကတော့ပိုတိုမှာP1 မှ P5 ဖြစ်လာဖို့4 နှစ်လောက်ကြာခဲ့ပါတယ်။’’

ဝမ်ဟူရန် က ဒီလိုပြောတဲ့အခါ သူ့လေသံကမော်ကြွားသွားကာဟန်တီကိုကြည့်ဖို့မမေ့ပေ။

သူ၏အကြည့်ထဲတွင်- ဟန်တီမင်းကြားလား။ ငါကP5 ပဲ။ငါ့ရဲ့တစ်နှစ်လစာ 2 သန်းရှိပြီးအပိုဆုကြေးကတော့1 သန်းနှင့်အထက်ရှိတယ်ဆိုတာ’’ဟူ၍ပြောနေသယောင်ရှိသည်။

ဝမ်ဟူရန်၏အမြင်တွင်ဟန်တီသည်သူ့ကိုကြည့်ရင်းအရမ်းလေစားအားကျပြီးသူ့ကိုကြိုက်သွားလိမ့်မည်ဟုထင်နေလေသည်။

ဒီလိုတွေးလေလေ ဝမ်ဟူရန် ရဲ့မျက်နှာ​​ပေါ်မှာရှိအပြုံးက ပိုပြင်းထန်လာသည်။

အဲဒီနောက်မှာတော့သူသည်ကျောက်ချမ် ကို အောင်ပွဲခံတဲ့အကြည့်နဲ့ကြည့်ဖို့မမေ့ခဲ့ပေ။

ထို့နောက်ဝမ်ဟူရန်က စကားအနည်းငယ်ပြောပြီး စင်ပေါ်မှ ဆင်းလာလေသည်။

ကုမ္ပဏီကိုယ်စားလှယ် အများအပြားက စင်ပေါ်တက်ပြီး စကားပြောဆိုပြီးနောက် ကျန်ပေ့တက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ ဖန်ဝမ်က နောက်ဆုံးတွင် မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ကျနော်တို့ကျောင်းမှာလူသစ်စုဆောင်းလာပေးတဲ့အတွက် ကုမ္ပဏီကိုယ်စားလှယ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။(ကျန်ပေ့တက္ကသိုလ်ဒုဥက္ကဌကိုဖန်ဝေလို့လဲသုံးထားမိပါတယ်။အခုကစပြီးဖန်ဝမ်လို့ပဲသုံးသွားမှာပါ)

“ကုမ္ပဏီ အသီးသီးက ခေါ်ယူတဲ့ အရေအတွက်ကို ကျွန်တော် သိထားပြီး ဖြစ်ပေမယ့် ဒီနှစ် ဘွဲ့ရတဲ့အရေအတွက်နဲ့ယှဉ်ရင် အရေအတွက် ကွာဟချက်ကကြီးကြီးမားမား ရှိနေသေးသည်။ဒါကြောင့်ခူသစ်ခေါ်ယူမဲ့အရေအတွက်နဲ့ ရာထူး အရေအတွက် ကိုအတိုင်းအတာ တစ်ခုအထိ တိုးပေးနိုင်မလား မသိဘူး။”

“မင်းတို့ကျန်ပေ့ကျောင်းသားတွေကို များများရွေးရင် နောင်မှာ ကုမ္ပဏီအတွက် ပိုပြီးအကျိုးအမြတ်တွေ ယူဆောင်လာပေးလိမ့်မယ်ဆိုတာ ငါအာမခံနိုင်ပါတယ်...”

ဖန်ဝမ်၏ပြောစကားကိုကြားသောအခါကုမ္ပဏီကိုယ်စားလှယ်တွေ အချင်းချင်းကြည့်ကြပေမယ့် ဘယ်သူမှ စကားမပြောကြပေ။

နောက်ဆုံးတွင်၊ ဝန်ထမ်းဦးရေနှင့် ရာထူးများသည် ကုမ္ပဏီ၏ လိုအပ်ချက်နှင့်အညီ ရေးဆွဲထားပြီးဖြစ်၍ သူတို့သဘောအတိုင်းတိုး၍မရနိုင်ပေ။

ရှေ့ဆုံးမှာ ထိုင်နေတဲ့ ဝမ်ဟူရန်က “ဒကျောက်းအုပ်ဖန်ပြောတာ မှန်တယ်။ ကျန်ပေ့တက္ကသိုလ်ကျောင်းသားများများကို ရွေးချယ်တာက ကုမ္ပဏီအတွက် ပိုအကျိုးရှိစေမှာသောချာသည်။”

“ဘာလို့လဲဆို​တော့ ကျွန်​​တော်​ကိုယ်​တိုင်​က လဲကျန်ပေ့တက္ကသိုလ်​က​နေ ဘွဲ့ရခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ပိုတို ကုမ္ပဏီမှာမူလခေါ်ယူတဲ့လူအရေအတွက်အပြင်နောက်ထပ်20 ကိုထပ်မံခေါ်ယူပါမယ်။’’

ဖန်ဝမ်က “ကောင်းပြီ၊ ကျန်ပေ့တက္ကသိုလ်ကနေ ဘွဲ့ရတော့မယ့် ကျောင်းသားတွေကိုယ်စား မစ္စတာဝမ်ကို ကျေးဇူးတင်ပါတယ်။”

ဒါကိုကြားတော့ဝမ်ဟူရန်၏ မျက်နှာပေါ်တွင်အပြုံးများဖြက့်ပြည့်နှက်သွားသည်။

ထို့နောက် ဟန်တီအားပြုံးပြီးပြည့်လိုက်သည်။

ဒီမြင်ကွင်းကို ကျောက်ချမ်မြင်သောအခါသူသည်အံကြိတ်ကာ “ဒုကျောင်းအုပ်ရဲ့ အမြင်ကိုလည်း ငါအရမ်းသဘောတူတယ်။ ဒါကြောင့် ငါတို့ ဟုဒီဖန် ကလဲနောက်ထပ် 20 ထပ်ခေါ်မယ်”

ဖန်ဝမ် က “ကျေးဇူးတင်ပါတယ် မစ္စတာ ကျောက်”

ကျောက်ချမ်သည်ဒါကို ကြားပြီးနောက်ဟန်တီကို ပြုံးပြီးကြည့်လိုက်သည်။(မင်းတို့နှစ်ကောင်အရူးလားမသိဘူး။သူတို့သာပြုံးပြနေတာဟန်တီကတော့လင်းဖန်နဲ့သာယာနေလေသည်။)

ဖန်ဝမ်သည်တစ်ခုခုပြောဖို့လုပ်လိုက်သည်....

ထိုအချိန်တွင် အပြင်ဘက်ကနေတံခါးခေါက်သံ တောက်လျှောက် ထွက်ပေါ်လာသည်။

ထို့ကြောင့်၊ ဖန်ဝမ်သည် “လော်မချထားဘူးဝင်လာလို့ရပါတယ်’’ ဟုပြောလိုက်သည်။

နောက်အခိုက်အတန့်တွင်ဖန်ဝမ် နဲ့ ဟောပြောပွဲခန်းမထဲရှိလူတွေအားလုံးအံ့သြသွားကြသည်။

အဘယ်ကြောင့်ဆိုသော် လူအုပ်ကြီးသည် ရုတ်တရက် အပြင်ဘက်ကနေဝင်လာသောကြောင့်ဖြစ်သည်။

ဝင်လာသောလူအုပ်ထဲတွင်နိုင်ငံခြားသားတွေလဲပါဝင်ကြသည်။

လူအများစုသည်ရုတ်တရက််နိုင်ငံခြားသားတွေကိုတွေ့လျှင်အရမ်းအံ့သြသွားမှာသေချာသည်။

သို့သော်လည်း တက်ရောက်လာသူအားလုံးသည် ကုမ္ပဏီကြီးများ၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များဖြစ်ပြီး ၎င်းတို့သည် နိုင်ငံခြားသားများနှင့် ဆက်ဆံလေ့ရှိသည်။

ထို့ကြောင့်သူတို့သည်အရမ်းကြီးတော့မအံ့သြပေ။

ထိုအချိန်တွင် တစ်စုံတစ်ယောက် ရုတ်တရက် အော်ပြောလိုက်သည်။

“ဂျေဗီရဲ့ဥက္ကဌ ဟေးလတ်စ်....’’

ဒီအသံထွက်ပေါ်လာပြီးနောက်မှာတော့ ငြိမ်သက်နေတဲ့ ရေကန်ရဲ့မျက်နှာပြင်ပေါ်ကို ကျောက်တုံးကြီးတစ်ခု ပြုတ်ကျသွားသလိုမျိုးအကုန်လုံးခံစားလိုက်ရသည်။

ခဏကြာတော့ တစ်ယောက်ယောက်က ထအော်တယ်။

“ဒါက ဟေးလတ်စ်!”

“အိုဘုရားရေ!”

“သူတို့ဘာလို့ဒီကိုလာတာလဲ။”

ထကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters