မထင်ထားခြင်း
Vol. 31 Ch. 460
ဂျေဗီဂရုသည် ကမ္ဘာ့ထိပ်တန်း 500 စာရင်းဝင် စူပါအဖွဲ့တစ်ခုဖြစ်သည်။
ဂျေဗီဂရု၏တည်ထောင်သူအနေဖြင့် ဟေးလတ်စ်သည် အလွန်ဒဏ္ဍာရီဆန်သောတည်ရှိမှုဖြစ်သည်။
လက်ရှိလူတော်တော်များများက သူ့အကြောင်း အတ္ထုပ္ပတ္တိတွေဖတ်ပြီးအင်တာဗျူးတွေကို ကြည့်ရင်းသူ့ကို အိုင်ဒေါအဖြစ်အများကမှတ်ယူကြသည်။
သူ့လိုသူကအခုသူ့တို့ရှေ့မှာရောက်နေလေသည်။
ပြီးတာနဲ့ ချက်ချင်း...
အခြားတစ်ယောက်က “ဂျန်းဝေ ယူနန် ဥက္ကဋ္ဌ!”
“ငါမနေ့ကတောင်သူ့သတင်းကို ဖတ်ခဲ့သေးတယ်!”
“ဒါက ယူဂိုဂရုရဲ့ ဥက္ကဌ ဟာရီပါ။”
...
တယောက်ပြီး တယောက် ပြောဆိုသံကြောင့် ဟောပြောပွဲခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။
ဟောပြောပွဲရှိဤလူအများစုသည် ကုမ္ပဏီကြီးများ၏ အကြီးတန်းအမှုဆောင်အရာရှိများ ဖြစ်ကြသည်။
လူတိုင်းသည်အံံံ့သြစရာကောင်းသောမြင်ကွင်းများကိုမြင်ဖူးကြသည်။ထို့ကြောင့်သူတို့သည်အချို့ကိစ္စများကိုအရမ်းအံ့သြကြမည်မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သူတို့အားလုံးသည် အမှန်တကယ် မတ်တပ်ထရပ်ကာ သူတို့၏ မျက်နှာများပေါ်တွင်စိတ်လှုပ်ရှားမှုများအထင်းသားပေါ်လွင်နေသည်။
သိရန် ဂျေဗီ ဥက္ကဋ္ဌ၊ ယူတိုက် ဥက္ကဋ္ဌ၊ ယူနန် ဥက္ကဋ္ဌ၊ ယူဂိုဂရု ဥက္ကဋ္ဌ၊ဝမ်ဟူ ဥက္ကဌ...တို့အများစုသည် ကမ္ဘာ့ထိပ်တန်း 500 တွင် ပါဝင်သောဧရာမကုမ္ပဏီများဖြစ်ကြသည်။
ဟောပြောပွဲခန်းမကို လူဘယ်နှစ်ယောက်ရောက်လာလဲ။
လူရာပေါင်းများစွာရောက်လာသည်။
ရာနှင့်ချီသော ကုမ္ပဏီကြီးများ၏ ဥက္ကဌများသည် သူတို့၏ရှေ့တွင် အတူတကွ ပေါ်လာသည်။
သူတို့ အရမ်းစိတ်လှုပ်ရှားနေကြတာလည်းအံ့သြစရာမဟုတ်ပေ။
တကယ်တန်းပြောရရင်ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် စိတ်လှုပ်ရှားနေရုံသာမက ကျန်ပေ့ တက္ကသိုလ်၏ ဒုတိယဥက္ကဌ ဖန်ဝမ်သည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
ဒုကျောင်းအုပ်တစ်ယောက်အနေနဲ့ သူ့တွင်ဗဟုသုတမျိုးစုံရှိလေသည်။
သူသည် သတင်းများကို မကြာခဏဖတ်တိုင်းဂျေဗီ ဥက္ကဋ္ဌ၊ ယူတိုက် ဥက္ကဋ္ဌ၊ ယူနန် ဥက္ကဋ္ဌ၊ ယူဂိုဂရု ဥက္ကဋ္ဌ၊ဝမ်ဟူ ဥက္ကဌ... ကဲ့သို့သော ကုမ္ပဏီများအကြောင်းအမြဲပါလေ့ရှိသည်။
အကယ်၍ ဤကုမ္ပဏီများ၏ဥက္ကဌတို့သည်သူတို့ကျန်ပေ့တက္ကသိုလ်ရှိဘွဲ့ရတော့မည့်ကျောင်းသားများကိုခေါ်ယူမည်ဆိုပါက....။
၎င်းသည်ကျန်ပေ့တက္ကသိုလ်တစ်ခုလုံးအတွက် အဆုံးမဲ့အကျိုးကျေးဇူးများကိုဆောင်ကြဉ်းပေးမည်ဖြစ်သည်။
ဒါက ရှားရှားပါးပါး အခွင့်အရေးဖြစ်သည်။
ဖန်ဝမ်က ဒါကို စဉ်းစားပြီး ပြောဖို့ လုပ်လိုက်သည်။
ရှေ့ဆုံးကလျှောက်နေတဲ့ ရီလုံ က လင်းဖန်စီသို့ဦးတည်လာပြီး “မင်္ဂလာပါ မစ္စတာလင်း။”ဟုနှုတ်ဆက်လိုက်လေသည်။
ထို့နောက် အနောက်တွင်ရပ်နေသော ဂျေဗီ ဥက္ကဋ္ဌ၊ ယူတိုက် ဥက္ကဋ္ဌ၊ ယူနန် ဥက္ကဋ္ဌ၊ ယူဂိုဂရု ဥက္ကဋ္ဌ၊ဝမ်ဟူ ဥက္ကဌ...စသည့်ကုမ္ပဏီကြီး၏ဥက္ကဌရာပေါင်းများစွာက တညီတညွတ်တည်း လေးလေးစားစားပြောလိုက်လေသည်။”မစ္စတာလင်းမင်္ဂလာပါ’’
သူတို့အသံတွေက သိပ်မကျယ်ပေ။
သို့သော် ကြားရသောလူတိုင်း၏နားတွင်တော့မိုးခြိမ်းသံပမာကျယ်လောင်လှလေသည်။
...ကုမ္ပဏီ ဥက္ကဌ ရာနှင့်ချီ၊ အားလုံးက တစ်စုံတစ်ယောက်ကို နှုတ်ဆက်ဖို့ သူ့တို့ကအစပြုခဲ့တာလား။
သူတို့ရဲ့ အသံနေအသံထားအရသူတို့နှုတ်ဆက်တဲ့လူကိုအတော်လေးစားတဲ့ပုံရသည်ဟုသူတို့အားလုံးတွေးလိုက်သည်။
ဒါ…
ဒါ…
လူတိုင်းက သူတို့နားကို သူတို့မယုံနိုင်ဖြစ်နေသည်။
လင်းဖန်ရှိသည့်နေရာကိုလူတိုင်းက မထိန်းနိုင်ဘဲ ကြည့်လိုက်ကြသည်။
သူတို့သည်လူငယ်တစ်ဦးဖြစ်သည်ကို မြင်သောအခါ ပို၍ပင် အံ့သြတုန်လှုပ်သွားကြသည်။
လင်းဖန်သည်သာမန်အမူအရာဖြင့်ခေါင်းညိတ်ကာ “မင်္ဂလာပါ” ဟု ပြောကြားလိုက်သည်။
ခေတ္တနားပြီးနောက် လင်းဖန် က “မကြာခင်ဘွဲ့ယူရတော့မယ့်နှစ်ရောက်ပြီ။ဒါကြောင့်မင်းတို့ရဲ့ကုမ္ပဏီမှာ လစ်လပ်နေတယ်နေရာရှိတဲ့ဆိုရင် ကျေးဇူးပြုပြီး ငါတို့ကျောင်းက ကျောင်းသားတွေကို အလုပ်နည်းနည်းလောက် ပေးလိုက်ပါ။”
အနက်ရောင် မျက်မှန်တပ်ထားသည့် ဟေးလတ်စ်သည် အနည်းငယ်မပီသသောတရုတ်ဘာသာစကားဖြင့် ပြောဆိုလိုက်သည်။ “ကျွန်ုပ်တို့၏ဂျေဗီသည် အနည်းဆုံး လူ1,000 ကိုအလုပ်အကိုင်ပေးနိုင်သည် ။ လစာကတစ်နှစ်ကို ယွမ် 1 သန်း ရမည်ဖြစ်သည်”
လင်းဖန်က ခေါင်းညိတ်ကာ “အိုကေ” ဟုပြောသည်။
ဒီစကားကိုဟေးလတ်စ်ကြားသောအခါသူသည်အလွန်ပျော်ရွှင်သွားလေသည်။
ယူတိုက် ဥက္ကဋ္ဌ၊ ယူနန် ဥက္ကဋ္ဌ၊ ယူဂိုဂရု ဥက္ကဋ္ဌ၊ဝမ်ဟူ ဥက္ကဌ... နှင့် အခြားသူများအားလုံးက သူ့ကို မနာလိုစိတ်ဖြင့် ကြည့်နေလိုက်ကြသည်။
သို့သော် သူတို့၏ အရှိန်သည်လဲမနှေးဘဲ တယောက်ပြီး တယောက် အော်ပြောကြသည်။
“ယူတိုက်ဂရုသည်လဲနှစ်စဉ် လစာ ၁ သန်းနှင့်လူ ၁၀၀၀ ကိုအလုပ်အကိုင်ပေးမည်သည်!”
“ယူနန်ဂရုသည်လဲနှစ်စဉ် လစာ 1 သန်းနှင့်လူ1,000 ကို အလုပ်အကိုင််ပေးမှာဖြစ်သည်။”
“ယူဂိုဂရုသည်လဲအနည်းဆုံးလူ၁၀၀၀ ကို အလုပ်ပေးမည်ဖြင့်ပြီးနှစ်စဉ် လစာငည် ၁ သန်းထက် မနည်း ပေးမည်ဖြစ်သည်။”
...
ဟောပြောပွဲခန်းမတစ်ခုလုံး ဆူညံသွားပြန်သည်။
သူတို့ပြောသောစကားများကိုကြားသောအခါသူတို့တစ်ကိုယ်လုံးကိုပင် ထုံကျဉ်သွားစေသည်။
လင်းဖန်၏အမူအရာမှာသာမန်သာဖြစ်နေသည်။ ကုမ္ပဏီရဲ့ ဝန်ထမ်းခေါ်ယူမှု အခြေအနေအကြောင်း လူတိုင်းကို ပြောပြပြီးနောက်၊ သူက ဖန်ဝမ် ကို လှည့်ပြီး “ဒုဥက္ကဌ ဖန်၊ ဒီအရေအတွက်က မလုံလောက်သေးဘူးလား?”
ဖန်ဝမ်သည် ကုမ္ပဏီကြီးများစွာ၏ ဥက္ကဌမှ ပေးသောဝန်ထမ်းအရေအတွက်နှင့် လစာများကို နားထောင်ပြီးနောက်သူသည်ကြောက်အလျက်ရှိနေသည်။
ထိုအချိန်တွင် လင်းဖန်၏မေးခွန်းကို ကြားသောအခါတွင် သူသည် ဖြည်းညှင်းစွာ ပြန်လည်သတိဝင်လာပြီ”လုံလောက်ပြီ၊ လုံလောက်ပြီ၊ လုံလောက်ပါပြီ!”
ကုမ္ပဏီအများစုသည်တစ်နှစ်လစာ ၁ သန်းဖြင့် အနည်းဆုံး လူ ၁၀၀၀ ခန့် ခေါ်ယူနိုင်သည်ဟု ဆိုကြသည်။
ဒါက လုံးဝ မြင့်မားတဲ့ လစာပင်ဖြစ်သည်။
ကုမ္ပဏီအများစုသည် အနည်းဆုံး လူ ၁၀၀၀ ခန့် ခေါ်ယူနိုင်ကြသည်။ထိုသို့ဆိုလျှင် ဤနေရာတွင် ကုမ္ပဏီကြီးများ၏ ဥက္ကဋ္ဌ ရာနှင့်ချီ ရှိနေသည်။
တစ်နည်းဆိုရသော် ၎င်းတို့သည် အနည်းဆုံး လူ100,000 ကို အလုပ်အကိုင်ပေးနိုင်သည်။
ဒါက ဘယ်လောက်ကြောက်စရာကောင်းတဲ့ နံပါတ်လဲ။
သိရန်…
ကျန်ပေ့တက္ကသိုလ်၏ တစ်နှစ်လျှင် ဘွဲ့ရကျောင်းသား၊ကျောင်းသူ 10,000 အောက်သာရှိသည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ဒီနည်းကို ကြည့်မယ်ဆိုရင် ဒီလူသစ်စုဆောင်းမှုကစောစောစီးစီး ပြီးဆုံးသွားလိမ့်မယ်ထင်တယ်” လို့ ပြောလိုက်သည်။
ထို့နောက် သူကဟန်တီ အား “ဆရာမဟန်တီ၊ သီးခြားအလုပ်တွေကို အတူတူလုပ်ဖို့အတွက်ဒီကကုမ္ပဏီဥက္ကဌတွေနဲ့အတူတစ်နေရာရာကိုသွားရအောင်”
ဟန်တီသည် လင်းဖန်းအား တောက်ပနေသော မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည် ။
လင်းဖန် သည် သင်္ချာပုစ္ဆာများစွာကို ဖြေရှင်းနိုင်ခဲ့ပြီး နည်းပညာမြင့်ထုတ်ကုန်များစွာကို တီထွင်ခဲ့ကြောင်းလည်း သူမသိသည်။
သို့သော် ဟန်တီသည် ကျောင်းသို့လာရောက်ကာလင်းဖန်ကို အလွန်ရိုသေစွာနှုတ်ဆက်သော ကုမ္ပဏီကြီး၏ ဥက္ကဌ အများအပြားရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤအခိုက်အတန့်တွင် ဟန်တီ၏မျက်လုံးများသည်လင်းဖန်ကိုကြည့်ရင်းတောက်ပသထက်တောက်ပလာလေသည်။
သူအများကြီးသာမရှိရင်သူမသည်ယခုချက်ချင်းပဲလင်းဖန်ရင်ခွက်ထဲသို့ဝင်လိုက်မည်ဖြစ်သည်။
ခဏအကြာတွင် ဟန်တီ က “ကောင်းပြီ” ဟု တိုးတိုးလေးပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး