← Chapters

အနမ်းပေးခြင်း

Vol. 31 Ch. 461

အနမ်းပေးခြင်း

Vol. 31 Ch. 461

လင်းဖန်ကရီလုံနဲ့ ရာနဲ့ချီကုမ္ပဏီကြီးတွေရဲ့ ဥက္ကဌတို့ကိုကြည့်ပြီး”သွားကြရအောင်။”ဟုပြောလိုက်သည်။

“ဟုတ်ကဲ့” ရီလုံ နှင့်တစ်ခြားလူများက လေးစားစွာပြောလိုက်သည်။

ထို့နောက် သူတို့သည် လက်အောက်ငယ်သားများကဲ့သို့်လင်းဖန်သွားလို့ရအောင်လမ်းဖယ်ပေးလိုက်ကြလေသည်။

ဒီမြင်ကွင်းကဒုကျောင်းအုပ် ဖန်ဝမ် အပါအဝင် လူတိုင်းအံ့အားသင့်သွားကြသည်။

အရင်ကတော့ ဒီကုမ္ပဏီကြီးတွေရဲ့ ဥက္ကဌက လင်းဖန်ကြောင့် ဒီကိုလာခဲ့တာဆိုတာ လူတိုင်းနားလည်သည်။

ဒါတောင်မှ လင်းဖန်ကြောင့် ရာနဲ့ချီတဲ့ ကုမ္ပဏီကြီးတွေက နှစ်စဉ် လစာ ၁ သန်းနဲ့ လူ၁၀၀၀စီအလုပ်အကိုင် ပေးမယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။ဒါတောင်သူဆို့အတော်လေးအံသြနေကြသေးသည်။

ယခုပုံစံကို​မြင်သောအခါသူတို့သည်ဘာပြောလို့ပြောရမှန်းမသိတဲ့အထိဖြသ်သွားကြသည်။

ဒါ..…

ဒါ.……

ဒီလူငယ်လေးရဲ့ လက္ခဏာက ဘာလဲ။

သို့သော် လင်းဖန်သည် ချက်ချင်းရှေ့သို့မသွားဘဲ ခပ်ဝေးဝေးတွင်ထိုင်နေသော ကျောက်ချမ် နှင့် ဝမ်ဟူရန်တို့ကိုကြည့်လိုက်သည်။

လင်းဖန်ကြည့်နေသည်ကိုမြင်သောအခါကျောက်ချမ်နှင့် ဝမ်ဟူရန်တို့၏မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။

အစပိုင်းတွင်သူတို့သည်လင်းဖန်ကိုသူတို့ကုမ္ပဏီရာထူးတွေနဲ့အနိုင်ယူဖို့လုပ်ထားသည်။အခုလင်းဖန်ရဲ့နောက်မှာရိုသေလေးစွားစွာလိုက်နေတဲ့ရာချီတဲ့ကုမ္ပဏီဥက္ကဌတွေကိုမြင်သောအခါသူတို့ဘယ်လောက်အမြင်ကျဉ်းသွားကြောင်းသိလိုက်သည်။

ယခုအချိန်တွင် ကျောက်ချမ်နှင့်ဝမ်ဟူရန်တို့သည်ထိ

တ်လန့်နေကြသည်။ဘာလို့ဆိုဒီနေရမှာသာလင်းဖန်ကသူတို့ကိုမကျေနပ်ဘူးပြောရင်သူတို့ဘဝလုံးဝပြီးဆုံးသွားမည်ဆိုတာကိုနားလည်သောကြောင့်ဖြစ်သည်။

လင်းဖန်သည် ၎င်းတို့နှစ်ဦးကိုဂရုမစိုက်ခဲ့တော့ဟန်တီနဲ့အတူလူတိုင်း၏အကြည့်အောက်တွင် အပြင်သို့ ထွက်လာခဲ့သည်။

ရီလုံ... နှင့် ကုမ္ပဏီကြီး၏ ဥက္ကဌ ရာပေါင်းများစွာသည် လင်းဖန်၏နောက်သို့ရိုကျိုးစွာလိုက်သွားခဲ့သည်။

သူတို့ ထွက်သွားပြီးနောက် ဟောပြောပွဲ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

စင်မြင့်ထက်တွင် ယခင်က ပြောဖူးသည့် ကုမ္ပဏီအသီးသီးမှ ကိုယ်စားလှယ်များ၏ အပြုအမူများသည် အံ့သြနေကြဆဲဖြစ်သည်။

ကုမ္ပဏီကိုယ်စားလှယ်များ၏ အံ့သြမှုနှင့် နှိုင်းယှဉ်ပါက ဒုကျောင်းအုပ်ဖန်ဝမ်သည် ပျော်ရွှင်နေလေသည်။

ဖန်ဝမ် က “ဒီနေ့ မိတ်ဆက်ပွဲပြီးဆုံးသွားပါပြီ။ ကျန်ပေ့တက္ကသိုလ်ရဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ကျေညင်းသူတွေ အားလုံးရဲ့ ကိုယ်စား တက်ရောက်လာပေးကြတဲ့ လူတျုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော့်မှာ လုပ်စရာတွေ ကျန်နေသေးတာမို့ အားလုံးကိုနှုတ်ဆက်ပါတယ်’’။

ပြောပြီးတာနဲ့ အပြင်ထွက်ဖို့ လုပ်လိုက်သည်။

သူထို့သို့ပြောရခြင်းမှာသူသည်ဒီသတင်းကောင်းကို ကျောင်းအုပ်ကြီးကိုပြောပြချင်တာကြောင့်ပင်ဖြစ်သည်။

ဒီအခိုက်အတန့်မှာ တစ်ယောက်ယောက်က “ဒုကျောင်းအုပ်ဖန်ကို မေးလို့ရမလား၊ခုနကလူငယ်က ဘယ်သူလဲ” လို့ မေးလိုက်သည်။

ရောက်ရှိလာသူအားလုံးသည် ဖန်ဝမ်ဖြေမှာကိုနားစွင့်နေလိုက်သည်။

သိသာပါတယ်၊ သူတို့က ဒီကိစ္စကို အရမ်းသိချင်နေကြတယ်ဆိုတာ။

ဖန်ဝမ်က “သူက ကျန်ပေ့တက္ကသိုလ်ရဲ့ ပါမောက္ခ လင်းဖန် ပါ”

ပါမောက္ခ လင်းဖန်။

လူတိုင်းသည် ဒါကိုကြားသောအခါမိုးကြိုးပစ်ချခံလိုက်ရသလိုခံစားလိုက်ရသည်။

တစ်ကမ္ဘာလုံးတွင်လင်းဖန်ဟုခေါ်သော နာမည်တူလူများစွာရှိသည်။

သို့သော် အသက် 20 နှစ်သာရှိသေးပြီးကျန်ပေ့တက္ကသိုလ်၏ပါမောက္ခဖြစ်သောလင်းဖန်ကတော့တစ်ကမ္ဘာလုံးမှာတစ်ယောက်ထဲသာရှိလေသည်။

သူသည်မဖြေရှင်းနိုင်သော သင်္ချာပုစ္ဆာပေါင်းများစွာကို ဖြေရှင်းပြီး ငလျင်ကြိုတင်ခန့်မှန်းစက်၊ စူပါဘက်ထရီများ၊ အင်ဆူလင် ပြန်လည်ထူထောင်ရေးဆေးများ၊ စူပါဘက်ထရီများ၊ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်၊ ခြေတုလက်တုစသဖြင့် တီထွင်ခဲ့သော စူပါပါရမီရှင်ဖြစ်သည်။

ထို့နောက် လူအုပ်ကြီးသည် အရမ်းအံ့သြခြင်းမရှိတော့ချေ။

ကျောက်ချမ် နှင့် ဝမ်ဟူရန်တို့ ၏ မျက်နှာတစ်ခုလုံးသည်ပို၍ပင် နီမြန်းလာသည်။

…………

လင်းဖန်၊ဟန်တီ၊ရီလုံနှင့်ရာနဲ့ချီတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဥက္ကဌ တွေဟာကျန်ပေ့ရဲ့ဇိမ်ခံဟိုတယ်ကြီးဖြစ်သောအင်ပါယာဟိုတယ်လို့ရောက်လာလေသည်။

အင်ပါယာဟိုတယ်၏အထွေထွေမန်နေဂျာဝမ်ဖန်ရီသည် ဂျေ​ဗီဥက္ကဌဟေးလတ်စ် နှင့် အခြားသူများလာမည်ဆိုတာကို သတင်းရရှိခဲ့ပါသည်။

ဒါကြောင့်သူသည်အင်ပါယာဟိုတယ်၏ဝင်ပေါက်တွက်စောင့်နေလေသည်။

လင်းဖန်သည် ရှေ့ဆုံးမှလျှောက်လှမ်းလာပြီး အစေခံများကဲ့သို့ နောက်ကလိုက်နေသော ယောက်ျားကြီးများကို မြင်သောအခါ ဝမ်ဖန်ရီအနည်းငယ် အံ့အားသင့်သွားသည်။

လင်းဖန် က “အခန်းစီစဉ်ပြီးပြီလား?”

ထိုမှသာဝမ်ဖန်ရီက သတိပြန်ရလာပြီး “စီစဉ်ပြီးပါပြီ.....ကျေးဇူးပြုပြီး...”

အစပိုင်းတွင် လင်းဖန် သည် အင်ပါယာဟိုတယ်ကို တိုက်ရိုက်ဝယ်ယူခဲ့ပြီး နောက်ပိုင်းတွင် ဂီတဖျော်ဖြေပွဲကျင်းပရန် သန်းရာနှင့်ချီကိုအလွယ်လေးအသုံးပြုသည်ကိုမြင်သောအခါ ဝမ်ဖန်ရီ သည် သူ၏သူဌေး လင်းဖန်သည်အကောင်ကြီးကြီးဖြစ်မည်ဟုခန့်မှန်းထားသည်။

ယခုအခါလင်းဖန်နောက်ရှိဂျေဗီဥက္ကဌဟေးလတ်စ်....တို့ကိုမြင်သောအခါသူခန့်မှန်းတာမှန်တာပဲဟုစိတ်ထဲတွင်ပြောနေလိုက်သည်။

မကြာမီတွင်လင်းဖန်၊ဟန်တီ၊ရီလုံနှင့် အခြားသူများသည် 68 ထပ်ရှိ ဇိမ်ခံအခန်းသို့ ရောက်ရှိလာကြသည်။

လင်းဖန်တို့သည်စုစုပေါင်း လူရာနှင့်ချီ ရှိပါသည်။

သို့သော်လည်း စတုရန်းမီတာ ထောင်ပေါင်းများစွာရှိသော ဤအခန်းကြီးသည်လင်းဖန်တို့ရှိသောလူအရေအတွက်ထက်ပိုပြီးထိုင်နိုင်လေသည်။

ထို့ကြောင့်အင်ပါယာဟိုတယ်ရဲ့ စွမ်းဆောင်ရည်က တကယ်ကောင်းတယ်လို့ ပြောရမည်ဖြစ်သည်။

အရသာရှိတဲ့ အစားအသောက်တွေ စားပွဲပေါ်ရှိဖို့အချိန်သိပ်မကြာလိုက်ပေ။

ရီလုံက “ချင်ဟိုမန် ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ငါ နှစ်ပေါင်းများစွာ စိတ်ပူခဲ့ကြပေမယ့် အခုတော့ အဲဒါအတွက် စိတ်ပူစရာ မလိုတော့ဘူး!”

“ဘာလို့လဲဆို​တော့၊ ချင်ဟိုမန်ကိုအုပ်ချုပ်ဖို့ဂိုဏ်းချုပ်​ရှိနေပြီမို့လို့။အားလုံးပဲဂိုဏ်းသခင်အတွက်..ကမ်းပေ့...”

သူ့အသံသည် အလွန်လေးနက်နေပြီး စကားပြောပြီးနောက် အရက်တစ်ခွက်ကို ကိုင်ကာသောက်လိုက်လေသည်။

ရီလုံလုပ်တာကိုမြင်တော့ဂျေဗီဥက္ကဌဟေးလတ်စ်...စသည့်ကုမ္ပဏီ ဥက္ကဋ္ဌ ရာနှင့်ချီတို့သည် ၎င်းတို့၏ဖန်ခွက်များကို အတူတကွ မြှောက်ကာ ‘’ကမ်းပေ့!”ဟုကျယ်လောင်စွာပြောပြီးနောက်လူတိုင်းသည် ဖန်ခွက်ထဲရှိ ဝိုင်အားလုံးကို သောက်လိုက်ကြသည်။

လင်းဖန်က “အားလုံးကိုကျေးဇူးတင်ပါတယ်!”

“ဒါပေမယ့် ငါက ဂိုဏ်းကိုအုပ်ချုပ်ရာမှမကျွင်းကျင်ဘူး။ဒါကြောင့်မင်းတို့အရင်ကလုပ်နေရကျပုံစံအတိုင်းပဲဆက်လုပ်ပါ”

စကားပြောပြီးနောက် လင်းဖန်က သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး တစ်ချက်တည်း ဝိုင်ကိုသောက်လိုက်သည်။

လင်းဖန်ကိုဧရာမဥက္ကဌတစ်ဦးဦးက လင်းဖန်အား ရံဖန်ရံခါ ကမ်းပေ့လုပ်ရန်ရှေ့တိုးလာကြသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးလင်းဖန်ကလဲစိတ်မရှည်မဖြစ်ပဲပြန်ပြီးကမ်းပေ့လုပ်လိုက်လေသည်။

နေ့ခင်းဘက်တွင် အားလုံးသည်စကားစမြည်ပြောရင်း မိမိတို့၏လုပ်ငန်းကတ်များကို ထုတ်ပေးလိုက်ကြသည်။

ယနေ့တွင် လင်းဖန်သည် စီးပွားရေးကတ်ပြားများစွာကို လက်ခံရရှိခဲ့သည်။

ကောင်းကင်ကြီး မှောင်စပြုလာသည်ကို မြင်လိုက်ရသောအခါမှပွဲကိုအဆုံးသတ်လိုက်လေသည်။

လင်းဖန်က ဟန်တီ ကို အိမ်ပြန်လိုက်ပို့ပေးလေသည်။

နှစ်ယောက်သား ဆိုဖာ ပေါ်မှာ တိတ်ဆိတ်စွာထိုင်နေကြသည်။

ထိုအခါလင်းဖန်က “ဆရာမဟန်တီ ၊ ကျွန်တော့်ကို မေးစရာရှိလို့လား “

ယနေ့တွင် ကုမ္ပဏီကြီးများ၏ ဥက္ကဌများသည် ရောက်ရှိလာပြီး သူ့ကိုချင်ဟိုမန်၏ ဂိုဏ်းသခင်ဟု လေးစားစွာ ခေါ်ဝေါ်ခဲ့ကြသည်။

ဒါကိုကြားရင်မည်သူမဆိုသိချင်ကြမည်မှာသေချာသည်။

လင်းဖန်က သူ့မိန်းမကို တချို့အရာတွေကို ပြောပြဖို့ ဆန္ဒရှိလေသည်။ထို့ကြောင့်မေးလိုက်ခြင်းဖြစ်သည်။

သို့သော်…

ဟန်တီက မမေးပေ။

အဲဒီအစား သူ့မသည်သူမ၏ချယ်ရီရောင်နှုတ်ခမ်းဖြင့်လင်းဖန်ကိုနမ်းလိုက်လေသည်။

( ̄3)(ε ̄)

(ˉ﹃ˉ)

…………

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters