← Chapters

တစ်ကယ်လား

Vol. 31 Ch. 462

တစ်ကယ်လား

Vol. 31 Ch. 462

ဟန်တီသည်ဟောပြောပွဲခန်းမ၌ရှိစဉ်ကပင်လင်းဖန်၏ရင်ခွင်ထဲသို့ဝင်ချင်နေလေသည်။

သို့သော်သူမသည်ရင်ခွင်ထဲဝင်ချင်သည့်စိတ်ကိုတစ်နေကုန်နီးပါးသည်းခံခဲ့သည်။

အခုနောက်ဆုံးတော့ သူမတို့နှစ်ယောက်ပဲ ကျန်တော့လေသည်။ထို့ကြောင့်သူမကိုသူမ မထိန်းနိုင်တော့နိုင်ချေ။

ရာနှင့်ချီသော ကုမ္ပဏီကြီးများ၏ ဥက္ကဌနှင့် ချင်ဟိုမန်ဂိုဏ်းဆိုတာတွေကိုသူမဂရုမစိုက်ပေ။

ထို့ကြောင့်သူမသည်ဆယ့်ရှစ်နှစ်အောက်မဖတ်သင့်သောသိုင်းကွက်များကိုသူမကဦးစွာပြုလုပ်လိုက်လေသည်။

ထို့နေ့ညသည်သူတို့နှစ်ယောက်အတွက်မအိပ့်ရတဲ့နေ့တစ်နေ့ပင်ဖြစ်လေတော့သည်။

…………

လင်းဖန်တို့သာယာနေချိန်တွင်အင်တာနက်ပေါ်တွင်လူတိုင်းဆွေးနွေးနေကြသည်။

[ဂျီမန်-မင်းတို့သိပြီးကြပြီလား။ ဂျေဗီဂရုသည် ယခုနှစ်တွင်ကျန်ပေ့တက္ကသိုလ်မှ ဘွဲ့ရသူအယောက်၁၀၀၀ ကိုခေါ်ယူမည်ဖြစ်ပြီးနှစ်စဉ် လစာမှာယွမ် ၁ သန်းပေးမည်ဟုဆိုထားသည်။ 】

[စုလီ: အပေါ်ကတစ်ယောက်မင်းသတင်းအမှားတွေကြားနေတာနေမယ်။ ဂျေဗီကုမ္ပဏီ သည် ကမ္ဘာ့ထိပ်တန်း 500တွင်ပါဝင်သောကုမ္ပဏီတစ်ခုဖြစ်ပြီး နှစ်စဉ် ဝန်ထမ်းအများအပြားခေါ်ယူနေပါသည်။ ကျန်ပေ့ တက္ကသိုလ်သည် အရည်အချင်းများစွာရှိသော တရုတ်နိုင်ငံ၏ အဓိကကျသော တက္ကသိုလ်တစ်ခုဖြစ်သည်။

သို့သော်လည်း ကျန်ပေ့တက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများအတွက် နှစ်စဉ်လစာယွမ် ၁ သန်းပေးပြီးလူအယောက် ၁၀၀၀ ကိုအလုပ်အကိုင်ပေးဆောင်ရန် လုံးဝမဖြစ်နိုင်ပေ။ ဒါဟာ ရိုးရိုးရှင်းရှင်း အကြီးမားဆုံး ဟာသပဲ။ဒါကြောင့်အပေါ်ကတစ်ယောက်အိမ်မက်မက်နေတာကနေနိုးထတော့ 】

[ရူးရူး-အိပ်မက်တစ်ခုကနိုးထရမှာလား။ဒါဆိုမင်းကို လွန်ခဲ့သောတစ်နာရီက ဂျေဗီကုမ္ပဏီ မှထုတ်ပြန်သောကြေငြာချက်ကိုစစ်ဆေးရန်အကြံပြုတယ် 】

[ကေးလင်း: အို ဘုရားသခင်။ အပေါ်ဆုံးကတစ်ယောက်ပြောတာအမှန်ဖြစ်ဟ။ ဂျေဗီဂရုသည် ကျန်ပေ့တက္ကသိုလ်မှ ဘွဲ့ရကျောင်းသား 1,000 ကို ယွမ် 1 သန်းဖြင့် အလုပ်တကယ်ပေးနေတယ်။

ထို့အပြင် ယူတိုက်၊ယူနန်ဂရု၊ ယူဂိုဂရု၊ဝမ်ဟူ

စသည်ကမ္ဘာ့ထိပ်တန်း 500ဝင်ကုမ္ပဏီများအားလုံးသည် ကျန်ပေ့တက္ကသိုလ်တွင် တစ်နှစ်လစာ ယွမ် ၁ သန်းပေးပြီးအနည်းဆုံး လူ ၁၀၀၀ ခန့် ခေါ်ယူမည်ဟု ကြေငြာထားတယ် 】

[ ကင်း- 1000 ၊ 1000 ၊ 1000... ကျန်ပေ့တက္ကသိုလ် မှ ဘွဲ့ရများသည် ယခုနှစ်တွင် အလုပ်အကိုင် အခွင့်အလမ်း မည်မျှတောင်ရှိလိုက်မလဲ】

[ရှန်ဒေါင် - ကျန်ပေ့တက္ကသိုလ်မှာဒီလိုလစာအမြင့်ကြီးပေးပြီးဝန်ထမ်းများကို ရုတ်တရက် အဘယ်ကြောင့် ဤမျှလောက်သော ခေါ်ယူနေကြတာလဲ။ 】

[စတေး:ဒါတွေအားလုံးက ပါမောက္ခ လင်းဖန်လို့ ကြားတယ်။ 】

[နိုက်စ့်- ဒါတွေအားလုံးကပရော်ဖက်ဆာ လင်းဖန်ကြောင့်ပဲဖြစ်ရမယ်။ သူ့အပြင် ကျန်ပေ့တက္ကသိုလ်ဤသို့ အလုပ်အကိုင်များစွာရအောင်မည်သူကဆောင်ရွက်နိုင်မည်နည်း။ 】

[ဒန်ဒန်: မူလကတော့ငါကဟွမ်ကျူတက္ကသိုလ် ဒါမှမဟုတ် ပေကျင်းတက္ကသိုလ်ကို ဒီနှစ်မှာ လျှောက်ထားဖို့ စဉ်းစားထားတယ်။ဒါပေမဲ့ အခုတော့ အဲဒါကို ထပ်ပြီးစဉ်းစားစရာ မလိုတော့ဘူး။ ငါကကျန်ပေ့ တက္ကသိုလ်ကိုပဲသွားတော့မယ် 】

[ဘန်ဘန်- ငါလည်း ကျန်ပေ့တက္ကသိုလ်ကို ပဲသွားတော့မယ်】

[ဂေါ့: ငါရောပဲ! 】

…………

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့်ရောက်သွားလေသည်။

လင်းဖန်တို့သည် မနေ့က တစ်ညလုံး....လုပ်ထားသောကြောင့်အနည်းငယ်ပင်ပန်းနေလေသည်။

သို့သော်လည်း လင်းဖန်နှင့် ဟန်တီ တို့သည် ယနေ့နံနက်တွင် ၎င်းတို့၏ မျက်နှာများပေါ်တွင် ပင်ပန်းနွမ်းနယ်မှု တစ်စုံတစ်ရာကိုမပြခဲ့ပေ။

မနက်စောစော မြူချီလီ စားသောက်ဆိုင်မှ အကောင်းဆုံး ငှက်သိုက်၊ အမဲသားကင်......နှင့် အခြားအရသာများကို မှာကာသူတို့သည်မှားထားသည်များကိုအရသာရှိစွာသုံးဆောင်လေသည်။

ထို့နောက် သူတို့နှစ်ဦးသည် ကျန်ပေ့တက္ကသိုလ်သို့ ရောက်ရှိလာကြသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဘွဲ့ရတော့မည်ဆိုတာကိုသိသောကြောင့်ကျန်ပေ့ တက္ကသိုလ်ကျောင်းသားအချို့၏မျက်နှာပေါ်တွင် ညှိုးငယ်သောအကြည့်များရှိသည်။

ယနေ့တွင်တော့လူတိုင်း၏မျက်နှာတွင် အပြုံးနှင့် စိတ်လှုပ်ရှားမှုများနှင့်သာပြည့်နှက်နေသည်။

လင်းဖန် နှင့် ဟန်တီတို့သည် လမ်းဆုံတစ်ခုသို့ ရောက်သောအခါတွင် လမ်းခွဲပြီး ကိုယ့်ရုံးခန်းကို ကိုယ်သွားလေသည်။

“ညောင်!”

ဟော့ကျောက်ဝူ ၏ပုခုံးပေါ်တွင် လဲလျောင်းနေသောကြောင်ရှောင်ဘိုင်သည်လင်းဖန် ကိုမြင်သောအခါအော်ဟစ်လိုက်ပြီးနောက် လျင်မြန်စွာ ခုန်ဆင်းလာခဲ့သည်။

“သခင်၊ မင်းလာပြီပဲ။”

လင်းဖန်သည်ကြောင်ရှောင်ဘိုင်၏ဦးခေါင်းကို ပွတ်သပ်ပြီး အမဲသားကြောင်စာထုပ်ကိုဖြဲကာကြောင်ရှောင်ဘိုင်ရှေ့တွင်ချပေးလိုက်လေသည်။

“ကျေးဇူးပါ သခင်၊ဒါကအရမ်းအရသာရှိတာပဲ.....”

ကြောင်ရှောင်ဘိုင်သည် အစာစားနေစဉ်ဆက်တိုက်အော်ပြောနေလေသည်။

ဟော့ကျောက်ဝူသည် ထိုအသံတို့ကိုကြားသော​အခါသူ့ခေါင်းကို အလျင်အမြန် မြှောက်လိုက်သည်။

ထို့နောက် သူသည် စိတ်လှုပ်ရှားစွာဖြင့်လင်းဖန်ထံသို့ ရောက်လာပြီး “ပရော်ဖက်ဆာလင်း ဂျေဗီဂရု၊ ယူတိုက်၊ ယူနန်ဂရု၊ ယူဂိုဂရု ဥက္ကဋ္ဌ၊ဝမ်ဟူ နှင့် အခြားကုမ္ပဏီများကယခုနှစ်တွင် ကျန်ပေ့တက္ကသိုလ် မှကျောင်းသား1,000စီကိုခေါ်ယူပြီးနှစ်စဉ်လစာအဖြစ်ယွမ်၁သန်းကိုပေးမှာဆိုတာသေချာလား”

လင်းချင်ကျူ၊နင်းကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်း၊ ဂျင်ချန်ကျူလင်းဖန်အသံကြားသောအခါသူတို့၏ခေါင်းများကိုမော့လိုက်ကြလေသည်။

လင်းချင်ကျူ၊နင်းကျန်းကျန်းဂျင်ချန်ကျူတို့ခေါင်းမော့ရခြင်းမှာအဆိုပါ ကုမ္ပဏီကြီးများနှင့် တစ်နှစ်လစာ ယွမ် ၁ သန်းကို အမှန်တစ်ကယ်ပေးမည်ဟုမျှော်လင့်နေကြသည်။

ရှောင်ပန်နှင့် ရှောင်အန်းတို့သည် အလုပ်ကြောင့်မဟုတ်ပေ။လင်းဖန်၏အသံကို သူတို့ကြားလိုက်ရသောကြောင့်ခေါင်းကိုမော့လိုက်ကြခြင်းဖြစ်သည်။

ထို့နောက်နှစ်ယောက်သားသည်ကျောပိုးအိတ်ထဲက ရေပုလင်းကို အမြန်ထုတ်ယူပြီး လင်းဖန်ကို ပေးလိုက်လေသည်။

ထုံးစံအတိုင်း လင်းဖန်သည် ရေပုလင်းနှစ်ပုလင်းကို သောက်လိုက်ပြီး “ဟုတ်တယ်” ဟု ပြောလေသည်။

ဟုတ်တယ်!

လင်းချင်ကျူ၊နင်းကျန်းကျန်း၊ဂျင်ချန်ကျူ၊ဟော့ကျောက်ဝူတို့သည် အံ့အားသင့်မှုနှင့် အတူစိတ်လှုပ်ရှားသောအမူအရာများကို ပြသလိုက်ကြသည်။

လင်းဖန် က ပြုံးပြီး “မင်းတို့ဘာလို့မေးတာလဲ။မဟုတ်မှလွဲရောမင်းတို့ကအဲဒီကုမ္ပဏီတွေကို ဝင်ချင်လို့လား။မင်းတို့သွားချင်ရင်ငါဖုန်းဆက်ပြီးပြောပေးမယ်”

လူတိုင်းက ချက်ချင်းခေါင်းခါလိုက်ကြလေသည်။

ဟာသလား!

ဒီကုမ္ပဏီကြီးတွေက ကျန်ပေ့တက္ကသိုလ်ကို လစာအမြက့်ကြီးပေးပြီးဝန်ထမ်းခေါ်ရသည့်အကြောင်းအရင်းမှာလင်းဖန် ကြောင့်လို့ အင်တာနက်မှာ ပြောထားကြလေသည်။

သူတို့သည်လင်းဖန် ၏ ကျောင်းသား၊ကျောင်းသူများဖြစ်ကြသည်။

အကယ်၍ သူတို့သည် ထိုကုမ္ပဏီများသို့ အမှန်တကယ်သွားပါကသူတို့ရူးနေလို့သာဖြစ်မည်ဖြစ်သည်။

ဒါတင်မကသေးပေ။သူတို့သည်လင်းဖန်စီကနေအများကြီးသင်ယူစရာတွေရှိသေးလေသည်။

ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်လင်းဖန်ရဲ့ ကျောင်းသားအဖြစ် ဆက်လက်ရပ်တည်ဖို့ ကမှန်ကန်တဲ့ ရွေးချယ်မှုပင်ဖြစ်သည်။

ဟော့ကျောက်ဝူ က “ကျနော်က ဇီဝဗေဒနိုဗယ်ဆုရတဲ့အထိကြိုးစားမှာမို့ကုမ္ပဏီမှာအလုပ်ဝင်လုပ်ဖို့ရည်ရွယ်ချက်မရှိသေးဘူး!”

“တကယ်လား?” လင်းဖန်က ပြုံးပြီးပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters