← Chapters

အသံတစ်ခု

Vol. 31 Ch. 463

အသံတစ်ခု

Vol. 31 Ch. 463

လင်းဖန် က “ငါ့ကတော့ဇီဝဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သေချာပေါက် ဆွတ်ခူးနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ ငါကိုယ်တိုင်တောင် နိုဘယ်လ်ဆု တစ်ခုမှမရရှိသေးဘူးလေ”

ဟော့ကျောက်ဝူက “ဒါက နိုဗယ်ဆုရွေးချယ်မယ့်အချိန်ကို မရောက်သေးလို့ပါ၊မဟုတ်ရင် ပရော်ဖက်ဆာ လင်း က နိုဘယ်လ်ဆုကို သေချာပေါက်ရမှာဖြစ်ပြီး တစ်ခုထက်မကရလိမ့်မယ်ဆိုတာကိုကျနော်ယုံတယ်။!”

လင်းချင်ကျူ၊နင်းကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်း၊ ဂျင်ချန်ကျူ အားလုံးက ခေါင်းညိတ်လိုက််ကြသည်။

ရှောင်ပန်နှင့် ရှောင်အန်းတို့၏မျက်လုံးထဲတွင် လင်းဖန်သည် သာအတော်ဆုံးဖြစ်သောကြောင့်နိုဘယ်လ်ဆုမှန်သမျှလင်းဖန်သာရမည်ဟုသူမတို့ယုံကြည်ထားကြသည်။

လင်းဖန်သည် ငလျင်ကြိုတင်ခန့်မှန်းစက် ၊ စူပါဘက်ထရီ၊ အင်ဆူလင် ပြန်လည် ထူထောင်ရေး ဆေးဝါး.....တို့ကို တီထွင်ခဲ့သည် ။

ဤအရာများထဲမှ မည်သည့်အရာများဖြစ်စေကာမူကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။

သူတို့အမြင်အရတော့ လင်းဖန်သည်နိုဘယ်လ်ဆုကို သေချာပေါက် ဆွတ်ခူးနိုင်မည်ဖြစ်သည်။

ဟော့ကျောက်ဝူ က “စကားမစပ် သင်္ချာနိုဘယ်ဆုလို့ လူသိများတဲ့ ဖလင်းမစ်ဒယ်ကိုပေးတော့မယ်။ ဒီနှစ် သင်္ချာနိုဘယ်ဆုကတော့ပရော်ဖက်ဆာ လင်းအတွက်ပဲ”

စကားပြောနေစဉ်တွင် သူသည် ပညာရေးဖိုရမ်ကို ဆောလျင်စွာဖွင့်ပြီး သင်္ချာနိုဘယ်ဆုဆိုတဲ့ ခေါင်းစဉ်ကို ရှာလိုက်သည်။

[ဂျက်- ဒီနှစ် သင်္ချာနိုဘယ်ဆုမှာ မထင်မှတ်တာတွေဘာမှမဖြစ်ခဲ့ရင်၊ တရုတ်နိုင်ငံက ပါမောက္ခလင်းဖန်ပဲရလိမ့်မယ်။】

[မက်ခ့်: ငါလည်း အဲ့လိုပဲထင်တယ်။ 】

[တန်း- သူမရလို့ဘယ်သူကရမှာလဲ။။ 】

ဟျော့ကျောက်ဝူကသူ့ဖုန်းကိုလင်းဖန်ဆီပြရင်း”ပရော်ဖက်ဆာ လင်းဒီမှာကြည့်လူတိုင်းကမင်းပဲသင်္ချာနိုဘယ်ဆုရမယ်လို့ပြောနေကြတယ််!”

လင်းဖန်သည် ဖိုရမ်၏အောက်ခြေတွင် ထောက်ပြလိုက်သည်။

[မက်တာ- တစ်ကယ့်ကိုမထင်မှတ်ထားတာတစ်ခုခုဖြစ်ခဲ့တယ်။မင်းတို့”သင်္ချာနှစ်စဉ်ဂျာနယ်” ကိုမဖတ်ဖူးရသေးဘူးထင်တယ်။ ပါမောက္ခ မက်အာသာသည် ရိုင်မန် ၏ ထင်မြင်ယူဆချက်တွင် ကြီးမားသော ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့သည်။

အဲဆန်၊ဂျွန်၊အဲလစ်စ့်နှင့် အခြားသင်္ချာပညာရှင်များအားလုံးသည် ပါမောက္ခ မက်အာသာ၏စာတမ်းအတွက် အလွန်မြင့်မားသော အကဲဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။

ပါမောက္ခ မက်အာသာသည် ရိုမန် ထင်မြင်ယူဆချက်ကို ဖြေရှင်းနိုင်ရန်ကမ္ဘာပေါ်မှတစ်ယောက်ထဲရှိတဲ့လူဖြစ်သည်။

ရိုင်မန် ၏ ထင်မြင်ယူဆချက်သည် အဘယ်အရာကို ကိုယ်စားပြုလဲဆိုတာကို မင်းတို့အားလုံး သိတယ်မဟုတ်လား။ 】

[ဝမ်: ပါမောက္ခ မက်အာသာက တကယ်ကို အံ့သြစရာကောင်းတာပဲ။ သို့သော်လည်းရိုင်မန်ထင်မြင်ယူဆချက်အပေါ်တွင်သာသူသည် တိုးတက်မှုတစ်ခုမျှသာ ပြုလုပ်ခဲ့သည်ဟုဆိုနိုင်သည်။ သူသည်ရိုင်မန်ထင်မြင်ယူဆချက်ကို အမှန်တကယ် ဖြေရှင်းနိုင်လျှင်ပင် ပရော်ဖက်ဆာ လင်းဖန်ကိုမယှဉ်နိုင်သေးပေ။ပရော်ဖက်ဆာလင်းဖန်သည် ဇောင်ထင်မြင်ယူဆချက်၊ အမြွှာအနှစ်သာရ....ထင်မြင်ချက်ကို ဖြေရှင်းနိုင်ခဲ့သည်။ 】

[အမ်ဂျေ: အပေါ်ကတစ်ယောက်မင်းရိုင်မန်ကဘာကိုဆိုလိုလဲနားမလည်ဘူးထင်တယ်။ရိုင်မန်ထင်မြင်ယူဆချက်ကို သင်္ချာရာစုနှစ်ရဲ့သရဖူဟု လူသိများသည်။ တစ်နည်းဆိုရသော်ရိုမန်ယူဆချက်ကို ဖြေရှင်းနိုင်တဲ့လူဟာ ကမ္ဘာပေါ်မှာအကြီးကျယ်ဆုံးသော သင်္ချာပညာရှင်ဖြစ်မှာသေချာသည်။ 】

[ပီးပဲ- ဤသို့ဆိုလျှင် ပါမောက္ခလင်းသည် သင်္ချာနိုဘယ်ဆုကို ဆွတ်ခူးနိုင်တော့မှာမဟုတ်တော့ဘုးပေါ့။ နောက်ဆုံးတွင်သင်္ချာနိုဘယ်ဆု အတွက် အရေးကြီးဆုံးအချက်တစ်ခု ရှိသေးတယ်။ ၎င်းကအသက်ပင်ဖြစ်သည်။ ပရော်ဖက်ဆာ လင်းဖန်သည် ငယ်လွန်းသောကြောင့်နောက်လာမည့် သင်္ချာနိုဘယ်ဆု ကို စောင့်နိုင်သည်.... 】

…………

ဤစာများကိုဖတ်ပြီးနောက် ဟော့ကျောက်ဝူ သည် အေးခဲသွားလေသည်။

မ​နေ့​က ဒီလို​မျိုး​စာမျိုးသူမတွေ့ခဲ့ပေ။

မဟုတ်ရင် ပညာရေးဖိုရမ်ကို သူဖွင့်မှာမဟုတ်ပေ။

သို့သော်လည်း ဟော့ကျောက်ဝူ က “ဒါက... ပရော်ဖက်ဆာ မက်အာသာကရိုင်မန်က ထင်မြင်ယူဆချက်အပေါ်မှာတိုးတက်နေတာပဲရှိသေးတယ်လေ။လုံးလုံးမဖြေရှင်းရသေးဘူး။ ဒါကြောင့်သင်္ချာနိုဘယ်ဆုကပရော်ဖက်ဆာလင်းပဲရလိမ့်မယ်။”

လင်းဖန်သည် ထိုစကားကိုကြားသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် ပြတ်သားသောသတိပေးချက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာလို့ပင်ဖြစ်သည်။

【ဒင်း! မစ်ရှင်- သင်၏ကျောင်းသားများကိုသင်္ချာမေးခွန်း 12 ခုကိုဖြေရှင်းခိုင်းခြင်း။ “အဆင့်မြင့်....လုပ်ဆောင်ချက်များ” “အစစ်အမှန်လုပ်ဆောင်ချက်များ” “အထွေထွေလုပ်ဆောင်ချက်များ” “လမ်းလွဲလုပ်ဆောက်ချက်များ” “အထူးလုပ်ဆောင်ချက်များ” ကိုဖတ်ပါ။ ရိုင်မန်ထင်မြင်ယူဆချက်၏ပြီးပြည့်စုံသောသက်သေလုပ်ငန်းစဉ်ကို ဆုချမည်။ထို့အပြင် သင်္ချာအဆင့်ကို တိုးမြှင့်ပေးကာ၊ ပလက်တီနမ်အနီရောင် စာအိတ်ကို လဲဆုအဖြစ်ရမည်ဖြစ်သည်။ 】

မစ်ရှင်တစ်ခုထပ်မံ​ရောက်လာသည်။

ထို့အပြင်၊ သူသည် ပလက်တီနမ် အနီရောင်စာအိတ်ကိုလည်း ရနိုင်သည်။

ကောင်းလိုက်တာ

ဟော့ကျောက်ဝူသည် လင်းဖန်စကားမပြောသည်ကိုမြင်သောအခါ သင်္ချာနိုဘယ်ဆုမရမှာကိုစိတ်ပူနေနယ်လို့ထင်လိုက်သည်။

ထို့ကြောင့်သူက “ပါမောက္ခ လင်း၊ စိတ်မပူပါနဲ့၊ သင်္ချာနိုဘယ်ဆုက မင်းအတွက်ပဲ ဖြစ်ရမယ်။”

ထို့နောက် သူက နောက်သို့လှည့်ကာ ရှောင်ပန်၊ ရှောင်အန်း၊ လင်းချင်ကျူနှင့် အခြားသူများကို “ငါပြောတာဟုတ်တယ်မလား?”

လူတိုင်းက ခေါင်းညိတ်ပြီး “ဟုတ်တယ်”ဟုတစ်ပြိုင်နက်တည်းပြောလိုက်လေသည်။

ဒီအသံတွေကိုကြားတော့ လင်းဖန်သည်သတိပြန်ဝင်လာပြီး “ဟော့ကျောက်ဝူ မင်း စာကြည့်တိုက်ကိုသွားပြီး “အဆင့်မြင့်....လုပ်ဆောင်ချက်များ” “အစစ်အမှန်လုပ်ဆောင်ချက်များ” “အထွေထွေလုပ်ဆောင်ချက်များ” “လမ်းလွဲလုပ်ဆောက်ချက်များ” “အထူးလုပ်ဆောင်ချက်များ”

ဒီစာအုပ် ၅ အုပ်ကို ငှားရမ်းပြီး​ယူလာပါ။”

“ဘာ....?”

ဟော့ကျောက်သည် တခဏမျှ ထိတ်လန့်သွားသည်။

ဒါက... သူတို့သည်ရိုင်မန်ယူဆချက်နဲ့ သင်္ချာနိုဘယ်ဆုအကြောင်း ပြောနေတာမဟုတ်လား။

စာအုပ်ကိုဘာကြောင့် ရုတ်တရက် ငှားခိုင်းရတာလဲ။

သို့သော်ဟော့ကျောက်က ပါမောက္ခပြောသည်ကို နားမထောင်ပဲမနေဝံံ့ပေ။ထို့ကြောင့်သူက”ကောင်းပြီ” ဟုပြန်ပြောလိုက်သည်။

ထို့နောက် အပြင်ဘက်သို့ အမြန်လျှောက်သွားလိုက်တော့သည်။

လင်းဖန်သည် ဟော့ကျောက်ဝူထွက်ခွာသွားသည်ကိုကြည့်ရင်းသူက “ဆရာတစ်ယောက်ဖြစ်ရတာ အရမ်းကောင်းတာပဲ”

လင်းဖန်သည် ယခင်က စာဖတ်ရန်လိုအပ်လာပါကသူကိုယ်တိုင် စာကြည့်တိုက်သို့ သွားရလေသည်။

အခုသူ့တွင်ကျောင်းသားရှိသော​ကြောင့်မစ်ရှင်တွက်လိုအပ်သောစာအုပ်များကိုသူကိုယ်တိုင်စာကြည့်တိုက်သို့သွားပြီးယူစရာမလိုတော့ပေ။

ထို့နောက် လင်းဖန်သည် စားပွဲဆီသို့ လျှောက်လာကာ မစ်ရှင်အတွက် မေးခွန်း ၁၂ ခုကို အမြန်ရေးရန် စာရွက်နှင့် ဘောပင်ကို ကောက်ယူလိုက်သည်။

.......

ဟော့ကျောက်ဝူ ရဲ့ စွမ်းဆောင်ရည်က တော်တော်ကောင်းတယ်လို့ဆိုရမည်ဖြစ်သည်။

သိပ်မကြာခင်မှာပဲ စာအုပ်အထူကြီးငါးအုပ်နဲ့ အတူအခန်းထဲသို့ဝင်လာလေသည်။

“ပါမောက္ခ၊ မင်းလိုချင်တဲ့စာအုပ်တွေဒီမှာ။”

လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ထားထားလိုက်”

ထို့နောက် သူရေးထားသော မေးခွန်းများကို ထုတ်ကာ “အခုမင်းတို့လေ့လာထားတဲ့မေးခွန်းတွေကိုခဏရပ်ပြီးငါပေးတဲ့မေးခွန်းတွေကိုအရင်ဖြေပေးပါ” ဟု ပြောသည်။

စကားပြောနေစဉ်တွင် လင်းဖန်က စာရွက်ခြောက်မျက်နှာကို ထုတ်ပေးသည်။

စာမျက်နှာတစ်ခုစီတွင် မစ်ရှင်အတွက်လိုအပ်​သောမေးခွန်းနှစ်ခုရှိသည်။

ဒီမေးခွန်းတွေက သူတို့အတွက်ခက်အခဲလေသည်။

ထို့ကြောင့်မေးခွန်းတွေကိုတစ်ချက်ကြည့်ရုံဖြင့် အဖြေပေးနိုင်မည်မဟုတ်ပါ။

လင်းဖန်သည် ယခုအခါ ဆရာတစ်ဦးဖြစ်နေပြီဖြစ်သောကြောင့်ဆရာ၏ ပင်ကိုယ်စရိုက်အတိုင်းသူ့တပည့်တွေမဖြေနိုင်မှာကိုစိတ်ပူနေရသည်။

သို့သော်သူသည်ဒီမေးခွန်းတွေကိုလုံးဝဖြေနိုင်မှာမဟုတ်ပေ။ဘာလို့ဆိုဒီမေးခွန်းတွေကမစ်ရှင်ပြီးမြောက်ဖို့အတွပ်သောကြောင့်ဖြစ်သည်။

ရှောင်ပန်၊ရှောင်အန်း၊လင်းချင်ကျူ၊နင်းကျန်းကျန်းနှင့်ဂျင်ချန်ကျူတို့သည်မေးခွန်းများရပြီးနောက်ချက်ချင်းစဉ်းစားပြီးဖြေကြလေသည်။

ဟော့ကျောက်ဝူ က “ ပရော်ဖက်ဆာလင်း၊မင်းဘာလို့လုပ်ဆောင်ချက်တွေကိုဖတ်ရတာလဲ....”

လင်းဖန် က “မင်းခုနကပြောခဲ့တဲ့ ရိုင်မန် ထင်မြင်ယူဆချက်က လုပ်ဆောင်ချက်ရဲ့ပြဿနာမဟုတ်ဘူး?”

ဟော့ကျောက်ဝူသည်ဒါကိုကြားသောအခါမျက်တောင်ခတ်လိုက်ပြီး ကြောင်ပြီးလင်းဖန်ကိုကြည့်နေလေသည်။

ဤလုပ်ဆောင်ချက်အကြောင်းအရာများသည်သူသာမမှားပါက၊ ၎င်းတို့သည် အဆင့်မြင့်လုပ်ဆောင်ချက်များ၏ နယ်ပယ်အတွင်းတွင် ရှိသည်။

ရိုင်မန် အယူအဆသည် ကမ္ဘာ့အဆင့်မီ စူပါပြဿနာတစ်ခုဖြစ်သည်။

သူတို့နှစ်ခုကြားက မိုးနဲ့မြေလောပ်ကွာတာမဟုတ်ဘူးလား...?

ဟော့ကျောက်ဝူသည် လင်းဖန်၏ တွေးခေါ်မှုကို မလိုက်နိုင်သည်ဟု ခံစားမိသောကြောင့် ၎င်းကို ဆက်မတွေးတော့ဘဲ မေးခွန်းကို ဖြေရန်စိတ်က်ုနှစ်လိုက်လေသည်။

လင်းဖန်သည် ပထမဆုံးစာအုပ်ဖြစ်သော “အဆင့်မြင့်လုပ်ဆောင်ချက်များ” ကို ပေါ့ပေါ့ဆဆ ကောက်ယူလိုက်သည်။ထို့နောက်စာမျက်နှာတစ်ခုကို လှည့်ကြည့်လိုက်သည်။

မကြာခင်မှာပဲမူလတိတ်ဆိတ်သောရုံးခန်းအတွင်း စာအုပ်လှန်သံတစ်ခုထွက်ပေါ်လာလေတော့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters