← Chapters

ဂိမ်းဆော့ခြင်း

Vol. 31 Ch. 464

ဂိမ်းဆော့ခြင်း

Vol. 31 Ch. 464

လင်းဖန်သည်နှစ်မိနစ်အတွင်းမှာပဲ”အဆင့်မြင့်လုပ်ဆောင်ချက်များ”တွင်ပါဝင်သောစာမျက်နှာရာပေါင်းများစွာကိုဖတ်လို့ပြီးသွားလေသည်။

ထို့နောက် လင်းဖန်သည် ဒုတိယမြောက် စာအုပ် “အစစ်အမှန်လုပ်ဆောင်ချက်များ”

ကို ကောက်ယူလိုက်သည်။ထို့နောက်သူစာအုပ်ရှိစာရွက်များကိုတစ်ရွပ်ပြီးတစ်ရွက်အမြန်လှန်လေ​သည်။

ဒီလုပ်ရပ်ကိုဟော့ကျောက်ဝူ၊ရှောင်ပန်၊ရှောင်အန်း၊နင်းကျန်းကျန်း၊လင်းချင်ကျူ၊ဂျင်ချန်ကျူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

တယောက်ပြီး တယောက် ခေါင်းမော့ပြီး စူးစမ်းလိုသော မျက်လုံးများဖြင့်လင်းဖန်ကို ကြည့်လိုက်ကြသည်။

ဟော့ကျောက်ဝူ က “ပါမောက္ခလင်း၊ မင်း တစ်ခုခုရှာနေတာလား။ ကူညီပေးရမလား”

“ဟုတ်တယ်ကူညီပေးရမလား။” တခြားသူတွေကလဲထပ်ပြောလိုက်ကြသည်။

သူတို့ဒီလိုထင်တာလဲမဆန်းပေ။လင်းဖန်၏စာရွက်လှန်နေပုံသည်တစ်ခုခုကိုရှာနေသလိုမျိုးဖြစ်နေသည်။ပြီးတော့လင်းဖန်၏စာရွက်လှန်သောအရှိန်အလွန်မြန်သောကြောင့်သူစာဖတ်နေမှန်းဘယ်သူမှမထင်ကြချေ။

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ငါစာအုပ်ဖတ်နေတာ။ဒါကြောင့်မင်းတို့ငါပေးတဲ့မေးခွန်းကိုဖြေနိုင်အောင်ပဲအာရုံစိုက်ကြပါ”

စကားပြောရင်းနဲ့တောင်သူသည်စာအုပ်တွေကို လှန်ကြည့်နေတုန်းပင်ဖြစ်သည်။

ရှောင်ပန် နှင့် ရှောင်အန်းကဒါကိုကြားသောအခါ သူတို့ခေါင်းကိုငုံ့ကာ မေးခွန်းများကို ပြန်ဖြေလိုက်ကြတော့သည်။

လင်းဖန်က သူစာဖတ်နေတယ် လို့ ပြောရင်ဒါဟာ ဖတ်နေတာပဲ။သူမတို့လင်းဖန်၏စကားကို ယုံကြည်ရန် အမြဲတမ်း ရွေးချယ်သွားမည်ဖြစ်သည်။

နင်းကျန်းကျန်း၊ဟော့ကျောက်ဝူ၊ဂျင်ချန်ကျူ၊လင်းချင်ကျူတို့သည် တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်တွေးနေသောပုံံစံဖြင့်ကြည့်လိုက်သည်။

ထို့နောက်သူတို့သည်လင်းဖန်ပေးသောမေးခွန်းကိုဖြေနေသောရှောင်ပန်နှင့်ရှောင်အန်းတို့ကိုကြည့်ပြီးနောက်သူတို့လဲလင်းဖန်ပေးသောမေးခွန်းကိုဖြေနိုင်ရန်အာရုံစိုက်လိုက်ကြတော့သည်။

…………

ဆယ်မိနစ်ကြာပြီးနောက် လင်းဖန်သည် စာအုပ်ငါးအုပ်လုံးကို ဖတ်ပြီးသွားပြီဖြစ်သည်။

ထို့ကြောင့် သူသည် စနစ်မစ်ရှင်ကို အာရုံစိုက်လိုက်သည်။

[မစ်ရှင်- သင်၏ကျောင်းသားများကိုသင်္ချာမေးခွန်း 12 ခုကိုဖြေရှင်းခိုင်းခြင်း။ “အဆင့်မြင့်....လုပ်ဆောင်ချက်များ” “အစစ်အမှန်လုပ်ဆောင်ချက်များ” “အထွေထွေလုပ်ဆောင်ချက်များ” “လမ်းလွဲလုပ်ဆောက်ချက်များ” “အထူးလုပ်ဆောင်ချက်များ”(5/5)ကိုဖတ်ပါ။ ရိုင်မန်ထင်မြင်ယူဆချက်၏ပြီးပြည့်စုံသောသက်သေလုပ်ငန်းစဉ်ကို ဆုချမည်။ထို့အပြင် သင်္ချာအဆင့်ကို တိုးမြှင့်ပေးကာ၊ ပလက်တီနမ်အနီရောင် စာအိတ်ကို လဲဆုအဖြစ်ရမည်ဖြစ်သည်။ 】

လင်းဖန်သည်ရှောင်ပန်၊ရှောင်အန်းနှင့်တစ်ခြားသူများသူပေးသောမေးခွန်းကိုဖြေနေသည်ကိုကြည့်ရင်းလင်းဖန်သည်မနေနိုင်ပဲ ရေရွတ်လိုက်သည်။’’လူတိုင်းကမေးခွန်းတစ်ခုကိုတောင်မဖြေနိုင်သေးဘူးပဲ၊ငါပေးတဲ့မေးခွန်းကပဲတော်တော်ခက်ခဲသွားလို့လား?’’

ထို့နောက်သူသည်ခေါင်းကိုယမ်းလိုက်ပြီးနောက်သူသည်ထိုင်ခုံပေါ်တွင် ထိုင်ကာ ဂိမ်းဦးထုပ်ကို ဆောင်းရင်းဂိမ်းလောကထဲသို့ ဝင်ရောက်ကာ စတင်ကစားတော့သည်။

လင်းဖန်ဂိမ်းလောကတွင်မြင်းစီးရင်း ဘီလူးများကို သတ်လိုက်သည်။ထို့အပြင်သူသည်

ပင်လယ်ပြင်၏အလှကို ခံစားနေလေသည်။

လင်းဖန်သည် ဂိမ်းဦးထုပ်ကို ချွတ်လိုက်သောအခါတွင်သူသည်နှစ်နာရီကြာသွားပြီဖြစ်လေသည်။

သူက ကျောင်းသားတွေကို ကြည့်လိုက်ပြီး “ဖြေပြီးကြပြီလား”ဟုမေးလိုက်လေသည်။

လင်းချင်ကျူက ဘေးကို တစ်ချက်ကြည့်လိုက်ပြီး စာရွက်နှစ်ခုကိုယူကာ “ရှောင်ပန် နဲ့ ရှောင်အန်းတို့က မေးခွန်းနှစ်ခုကို ဖြေထားတာကြာပြီ၊ ဒါပေမယ့် သူတို့ကပရော်ဖက်ဆာလင်း ဂိမ်းဆော့နေတာကိုတွေ့တော့သူတို့ဖြေပြီးတာကိုမပြောတာ”

“ပြီးတော့ငါလည်း ဖြေပြီးသွားပြီ။”

လင်းဖန်၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာကာ ရှောင်ပန် နှင့်ရှောင်အန်းတို့ ၏ စာရွက်များကို ကောက်ကိုင်လိုက်ပြီး “ဒါက အဖြေကောင်းပဲ” ဟု ထပ်ခါထပ်ခါ ခေါင်းညိတ်ပြီးပြောလိုက်သည်။

လင်းဖန်၏ချီးကျူးစကားကိုရှောင်ပန်နှင့်ရှောင်အန်းတို့ကြားသောအခါ သူမတို့ရဲ့ လှပတဲ့ မျက်နှာလေးတွေက ရွှင်လန်းမှုနှင့်ပြည့်နှက်နေလေသည်။

ထို့နောက် လင်းဖန် သည် လင်းချင်ကျူ၏စာရွက်ကိုလဲကောက်ယူလိုက်ပြီး “ဖြေတာ မှန်တယ်” ဟုဆိုလိုက်သည်။

“ပါမောက္ခ၊ ကျွန်တော်လည်း ဖြေပြီးသွားပြီ” နင်းကျန်းကျန်းက ပြောလိုက်သည်။

လင်းဖန်သည် နင်းကျန်းကျန်းဖြေထားတဲ့စာရွက်ကိုယူပြီးနောက်လင်းဖန် “မင်းဖေထားတာမှန်တယ်’’ ဟု ပြောသည်။

သူ့ဘေးနားကဂျင်ချန်ကျူ ကလဲဒါကိုကြားသောအခါ သူ့မေးခွန်းကိုမြန်မြန်​ဖြေလေတော့သည်။

ခဏအကြာတွင် သူက “ကျွန်တော်လဲဖြေပြီးပြီ” ဟုပြောသည်။

လင်းဖန်ကသူ့စာရွက်က်ုကြည့်ပြီးနောက်”အင်း၊ မင်းအဖြေမှန်တယ်။” ပြောသည်။

ထို့နောက် ဟော့ကျောက်ဝူသည် စိုက်ကြည့်နေလိုက်သည်။

ဟော့ကျောက်ဝူသည်လင်းဖန်ကသူ့ကိုကြည့်နေသည်ကိုတွေ့သောအခါသူက “ပါမောက္ခ၊ ကျွန်တော် မေးခွန်းတစ်ခုကို ဖြေပြီးပါပြီ၊ ဒုတိယတစ်ခုက မကြာခင် ပြီးတော့မှာပါ” လို့ ပြောလိုက်သည်။

တကယ်တော့ ဒီအခြေအနေက ပုံမှန်ပင်ဖြစ်သည်။

ဟော့ကျောက်ဝူသည်က ဂိမ်းဦးထုပ်ကနေဂိမ်းကစားတာက်ကို အရမ်းစိတ်ဝင်စားလေသည်။(ဆော့ချင်တယ်လိုလဲပြောလို့ရပါတယ်)

လင်းဖန်သည် သူ့ရှေ့တွင်ထိုင်ကာ ဂိမ်းဦးထုပ်ဆောင်းပြီးတစ်ချိန်လုံး ဂိမ်းကစားနေသည်။ထို့ကြောင့်သူသည်လင်းဖန်ပေးသောမေးခွန်းကို ဖြေရှင်းဖို့ အာရုံမစိုက်နိုင်တော့ပေ။

“ကောင်းပြီ၊ လာ၊ ဒါဆိုလဲမင်းမေးခွန်းဖြေပြီးရင် ဂိမ်းဦးထုပ်ဆော့လို့ရပြီ” လင်းဖန်က ပြောသည်။

လင်းဖန်သည် ဟော့ကျောက်ဝူ၏အားနည်းချက်ကိုသိသည်။

“တကယ်လား?” လင်းဖန်ပြောတာကိုကြားတော့ဟော့ကျောက်ဝူသည် စိတ်လှုပ်ရှားစွာမေးလိုက်သည်။

“ဟုတ်တယ်” လင်းဖန်က ခေါင်းညိတ်ပြီး “မေးခွန်းကို ဖြေပြီးတဲ့ သူတိုင်းအခု ဂိမ်းဦးထုပ်ကို ဆော့ချင်ဆော့လို့ရပြီ” ဟု ပြောသည်။

“ကောင်းလိုက်တာ!” လင်းချင်ကျူက ဝမ်းသာအားရပြောလိုက်သည်။

သို့ပေမယ့်လည်း သူမဟာ ဟော့ကျောက်ဝူ လောက် ဂိမ်းဦးထုပ်ကို စွဲလန်းသူတော့ မဟုတ်ပေ။

သူမသည် ပထမဆုံး ဂိမ်းဦးထုပ်ကို ကောက်ကိုင်လိုက်ပြီး သူ့မခေါင်းပေါ် တင်လိုက်သည် ။

ထို့နောက် နင်းကျန်းကျန်းနှင့် ဂျင်ချန်ကျူတို့သည်လဲဂိမ်းခမောက်များကို ကောက်ယူလိုက်ကြသည်။

လင်းဖန်က ရှောင်ပန်နှင့် ရှောင်အန်းအား “မင်းတို့လည်း သူတို့နဲ့အတူပျော်ပျော်ပါးပါးသွားဆော့ကြလေ”

ရှောင်ပန်နှင့် ရှောင်အန်းတို့သည် အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက်သည်။

ဟော့ကျောက်ဝူသည် လူတိုင်း ဂိမ်းဦးထုပ် ဆော့နေကြသည်ကို မြင်လိုက်ရသောအခါတစ်ချိန်တည်းမှာပင် သူသည် နောက်ဆုံးမေးခွန်းကို ဖြေရှင်းနေသရွေ့ သူလည်း အတူတူ ကစားနိုင်သည်ဟု ယူဆလိုက်သည်။

ထို့ကြောင့်သူသည်နောက်ဆုံးမေးခွန်းကိုဖြေရှင်းနိုင်ဖို့အတွက်စိတ်ကိုလုံးဝနှစ်လိုက်လေတော့သည်။

မိနစ်နှစ်ဆယ်အတွင်းမှာပဲ ဟော့ကျောက်ဝူက စာရွက်ကို ယူလိုက်ပြီး “ပါမောက္ခ၊ ကျွန်တော်ဖြေပြီးပြီ!”

သို့သော် လင်းဖန်သည် စာရွက်ကိုမယူပေ။

ဘာကြောင့်လဲဆိုတော့ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာလို့ပင်ဖြစ်သည်။

【ဒင်း! မစ်ရှင်ပြီးခြင်း- သင်၏ကျောင်းသားများကိုသင်္ချာမေးခွန်း 12 ခုကိုဖြေရှင်းခိုင်းခြင်း။(12/12) “အဆင့်မြင့်....လုပ်ဆောင်ချက်များ” “အစစ်အမှန်လုပ်ဆောင်ချက်များ” “အထွေထွေလုပ်ဆောင်ချက်များ” “လမ်းလွဲလုပ်ဆောက်ချက်များ” “အထူးလုပ်ဆောင်ချက်များ”(5/5)ကိုဖတ်ပါ။ ရိုင်မန်ထင်မြင်ယူဆချက်၏ပြီးပြည့်စုံသောသက်သေလုပ်ငန်းစဉ်ကို ဆုချမည်။ထို့အပြင် သင်္ချာအဆင့်ကို တိုးမြှင့်ပေးကာ၊ ပလက်တီနမ်အနီရောင် စာအိတ်ကို လဲဆုအဖြစ်ရမည်ဖြစ်သည်။ 】

【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် .... အဆင့်သင်္ချာဆိုင်ရာ အတွေ့အကြုံကို ရရှိခဲ့သည်။ 】

ရုတ်တရက်လင်းဖန် သည် ရိုင်မန် ထင်မြင်ယူဆချက်နှင့် မရေမတွက်နိုင်သော ရှုပ်ထွေးသော သင်္ချာအသိပညာဆိုင်ရာ ဖြေရှင်းချက်လုပ်ငန်းစဉ်တို့သည်သူ့စိတ်ထဲသို့အလုံးအရင်းဝင်လာလေသည်။

ဟော့ကျောက်ဝူ သည် လင်းဖန်ကသူ့စာရွက်ကိုမယူသေးသည်ကိုတွေ့သောအခါလင်းဖန်ကမကြားဘူးဟုသူထင်လိုက်သည်။

ဒါနဲ့ သူက ပါးစပ်ကို ဖွင့်ပြီး “ပါမောက္ခလင်း ကျွန်တော် ဖြေပြီးပါပြီ”

လင်းဖန်သည်ဟော့ကျောက်ဝူ၏အသံကြားမှသူက “ကောင်းပြီ မင်းလည်း ဂိမ်းဦးထုပ်သွားဆော့လို့ရပြီ။”

ဟော့ကျောက်ဝူက စိတ်လှုပ်ရှားစွာနဲ့ “ကောင်းပြီ”ဟုပြောလိုက်သည်။

စကားပြောပြီးနောက် သူသည် စာရွက်ကို ဘေးသို့ပစ်ချကာ ဂိမ်းဦးထုပ်ကို ကောက်ယူကာ ခေါင်းပေါ်တင်လိုက်လေတော့သည်။

ဟော့ကျောက်ဝူသည်လင်းဖန်ကသူဖြေသောမေးခွန်းကို အဘယ်ကြောင့် မစစ်ဆေးဘဲ ဂိမ်းသွားဆော့ခိုင်းလဲသူမသိပေ။သို့သော်သူသည်ဘာမှမပြောပဲပျော်ပျော်ရွှင်စွာဂိမ်းဆော့နေလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters