← Chapters

ချီးကျူးခြင်း

Vol. 31 Ch. 465

ချီးကျူးခြင်း

Vol. 31 Ch. 465

လင်းဖန် ကလွဲရင် လူတိုင်းသည်ဂိမ်းဦးထုပ်ဆောင်းပြီး ဂိမ်းလောကထဲသို့ဝင်ရောက်ကစားနေကြလေသည်။

ယခုအချိန်တွင်ရုံးခန်းကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်။

လင်းဖန်သည် ဂိမ်းဦးထုပ်ကို နှစ်နာရီကြာ ကစားထားသောကြောင့်ဒီအချိန်မှာ သူ ဆက်ကစားဖို့ စိတ်ကူးမရှိသေးပေ။

လင်းဖန်သည် ထိုင်ခုံပေါ်တွင်ထိုင်းရင်း အမဲသားကြောင်စာကိုစားနေသောကြောင်ရှောင်ဘိုင်၏စကားများကိုနားထောင်းရင်းပြုံးနေသည်။

“စားလို့ကောင်းတယ်!”

“အရမ်းအရသာရှိတယ်!”

ခဏအကြာတွင်လင်းဖန်သည် ပြုံးရင်းခေါင်းခါကာ ဖုန်းသုံးနေလိုက်သည်။

မကြာမီပင်သူသည်ကွန်ပြူတာကိုစိုက်ကြည့်လိုက်လေသည်။

“ဘာပဲဖြစ်ဖြစ် ငါလဲအားနေတာဆိုတော့ရိုင်မန်ထင်မြင်ယူဆချက်ကို ဖြေရှင်းတဲ့ လုပ်ငန်းစဉ်ကို ချရေးလိုက်မယ်လေ။”

ထို့နောက် လင်းဖန်သည်....ကို တိုက်ရိုက်ဖွင့်လိုက်သည်။

ထို့နောက် သူ၏လက်များသည် ကီးဘုတ်ပေါ်မှ လျင်မြန်စွာ ရိုက်နှိပ်လိုက်သည်။

Φ=(-3π)4+sin3+cos(-5π)8...

Dxdt=3t^2(1+t^3)dyd...

C(x)+is(x)=exp(ix)x[1-exp(ix)x]...

...

အလွန်ရှုပ်ထွေးသော တွက်ချက်မှုများသည် ကွန်ပြူတာဖန်သားပြင်ပေါ်တွင် ဆက်လက်ပေါ်နေသည်။

ကံကောင်းထောက်မစွာနဲ့လင်းဖန်တွင် ဟက်ကာကျွမ်းကျင်မှုနှင့် ပညာရှင်အဆင့် ကွန်ပျူတာ အတွေ့အကြုံရှိလို့သာမဟုတ်ရင်ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ ရိုင်မန်၏ ယူဆချက်ကို ရေးရန် နေနေသာသာဤရှုပ်ထွေးသော သင်္ကေတများကိုတောင်ရေးနိုင်မည်မဟုတ်ပေ။

တစ်နာရီခန့်အကြာတွင် ပြီးပြည့်စုံသော ရိုင်မန်ထင်မြင်ယူဆချက်ကိုဖြေရှင်းထားသောစာမျက်နှာ 42 ခုသည်....တွင် ပေါ်လာသည်။

လင်းဖန်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ သာမန်လူတွေထက် အများကြီးသာလွန်လေသည်။ထို့ကြောင့်သာ မဟုတ်ရင် တစ်နာရီအတွင်း ကွန်ပြူတာဖန်သားပြင်ပေါ်ရှိစာတွေအများကြီးကိုရေးနိုင်မည်မဟုတ်ပေ။

လင်းဖန်က လက်ချောင်းတွေကိုနှိပ့်ရင်း”ရှောင်ဘိုင်” လို့ပြောလိုက်သည်။

“သခင်၊ ငါ့ကိုခေါ်နေတာလား”

လင်းဖန်၏လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီသည် အသံထွက်ပြီး ၎င်း၏မျက်နှာပြင်သည်လည်း တုန်ခါသွားခဲ့သည်။

လင်းဖန် က “မင်းကိုမခေါ်ရင် ဘယ်သူ့ကိုခေါ်ရမှာလဲ”

စူပါစမတ်နာရီ၏ မျက်နှာပြင်ပေါ်တွင် အနီရောင်မြှားတစ်စင်း ပေါ်လာပြီး မြှား၏အခြားတစ်ဖက်မှာ ကြောင် ရှောင်ဘိုင်ကို ညွှန်ပြလိုက်သည်။

ဒီအခိုက်အတန့်မှာ ကြောင်ရှောင်ဘိုင်သည်လဲ က ခေါင်းကို မော့ပြီး စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

ထို့နောက် ကျယ်လောင်စွာ ပြောလိုက်သည်။

“ညောင်!”

“သခင်၊ ငါ့ကိုခေါ်တာလား”

ဒါကိုတွေ့တော့လင်းဖန်သည် အရှက်ပြေချောင်းဟန့်လိုက်လေသည်။ထို့နောက်သူက

ကြောင် ရှောင်ဘိုင်ကို “ငါမင်းကိုမခေါ်ပါဘူး၊ ဒါကြောင့်အေးဆေးဆက်စားပါ”

“ညောင်!”

“ကောင်းပြီ သခင်”

ကြောင်ရှောင်ဘိုင်က ကျယ်လောင်စွာ အော်ဟစ်ပြီးနောက်သူ့ခေါင်းကို အမဲသား ကြောင်အစာထဲမှာပြန်ပြီးနှစ်လိုက်တော့သည်။

ထို့နောက် လင်းဖန် ကစူပါစမတ်နာရီအား “ရှောင်ဘိုင် မင်း ရိုင်မန်ထင်မြင်ယူဆချက်ကို သက်သေပြပေးတဲ့စာတမ်းတစ်စောင်ရေးပြီး နှစ်စဉ်သင်္ချာဆီကို ပို့ပေးပါ” လို့ ပြောလိုက်သည်။

“ပထမနေရာကို၊ ငါ့နာမည်ရေးလိုက်ပါ။”

“ဒုတိယကတော့.....’’

လင်းဖန်က ဤသို့ပြောသောအခါတွင် ဂိမ်းခမောက်ဆောင်းထားသည့် ကျောင်းသားခြောက်ဦးကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူက ဆက်ပြောလိုက်သည် - “ဒုတိယနေရာမှာကျ ဟော့ကျောက်ဝူ၊ရှောင်ပန်၊ရှောင်အန်း၊နင်းကျန်းကျန်း၊လင်းချင်ကျူ၊ဂျင်ချန်ကျူတို့နာမည်ရေးလိုက်ပါ”

“အရင်ကပုံစံအတိုင်းပဲ၊ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်သုံးသပ်ပေးအောင်လုပ်ပေးပါ။”

စူပါစမတ်နာရီက “ကောင်းပါပြီ သခင်။”

စူပါစမတ်နာရီရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့သြစရာကောင်းတယ်လို့ ပြောရမည်ဖြစ်သည်။

တစ်မိနစ်မပြည့်မီမှာပဲ ပြီးပြည့်စုံသော ရိုင်မန်စာတမ်းသည် စခရင်ပေါ်တွင် ပေါ်လာသည်။

ထို့နောက် လင်းဖန်၏ စာတိုက်ပုံးမှတစ်ဆင့် နှစ်စဉ်သင်္ချာအယ်ဒီတာအဖွဲ့ထံ တိုက်ရိုက်ပေးပို့လိုက်သည်။

ဒီအချိန်မှာ...

လင်းဖန်သည် ဟော့ကျောက်ဝူသူ့ကိုပြသခဲ့သော ပညာရေးဖိုရမ်ကို ရုတ်တရက် တွေးလိုက်မိသည်။

ထို့နောက် သူက “ရှောင်ဘိုင်မင်း ငါ့အတွက် ပညာရေးဖိုရမ်အကောင့်တစ်ခုကိုစာရင်းသွင်းပေးပြီး...........”

“ကောင်းပြီ သခင်။” စူပါစမတ်နာရီ ကပြောလိုက်သည်။

လင်းဖန်သည် စူပါစမတ်နာရီ၏ မျက်နှာပြင်ပေါ်ရှိ ပြုံးနေသောပုံကို ကြည့်ပြီး ရယ်ချင်လာသည်။

စူပါစမတ်နာရီက.....ထူးဆန်းလိုက်တာ။

လင်းဖန်က ခေါင်းခါပြီး ဖုန်းသုံးနေလိုက်သည်။

...

အခြားတစ်ဖက်တွင်၊ အမေရိကန်၊ပရင်စတန် တက္ကသိုလ်။

မပ်အာသာသည် သူ့ရဲ့လက်ဆွဲအိတ်ကိုကိုင်ရင်း ရုံးခန်းဆီသို့ လျှောက်လာသည်။

ပန်းစည်းကိုင်ထားသောရီးရဲလို့ ခေါ်တဲ့ ပရော်ဖက်ဆာတစ်ယောက်က “ပရော်ဖက်ဆာမက်အာသာ ဂုဏ်ပြုပါတယ်”

မက်အာသာက “ဂုဏ်ပြုတယ်လား?????”

“ဟုတ်ပါတယ် ဒါကနင်းရိင်မန်ယူဆချက်မှာတိုးတက်ခဲ့လို့ပါ” ရီးရဲက ပြောလိုက်သည်။

မက်အာသာ က “ဒါက နည်းနည်းလေး တိုးတက်မှုပဲရှိတာပါ။ရိုင်မန်ရဲ့ ထင်မြင်ချက်က်ုဖြေရှင်းနိုင်သေးတာမဟုတ်ဘူးလေ”

ရီးရဲက “ အခုပဲတစ်ကမ္ဘာလုံးရှိသင်္ချာပညာရှင်တွေက မင်းကို ရိုင်မန်ယူဆချက်ကို ဖြေရှင်းဖို့ အနီးစပ်ဆုံးလူလို့ ခေါ်နေကြတယ်!”

“မင်းရိုင်မန်ထင်မြင်ယူဆချက်ကို အချိန်တိုအတွင်း မဖြေရှင်းနိုင်သော်လည်း၊ယခုကြီးမားသောတိုးတက်မှုတစ်ခုတည်းဖြင့်၊သင်္ချာနိုဘယ်ဆုသည် သင်မှလွဲ၍ အခြားသူရမှာမဟုတ်ပေ။’’

မက်အာသာက သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းပြရင်း “ဒါကပြောရခက်တယ်။ တရုတ်နိုင်ငံရဲ့ရော်ဖက်ဆာ လင်းဖန်ကဇောင်ထက်မြင်ယူဆချက်၊အမွှာအနှစ်သာရ.....တို့ကိုဖြေရှင်းပေးနိုင်ခဲ့တဲ့သင်္ချာဉာဏ်ကြီးရှင်တစ်ယောက်ပါ။သူကသင်္ချာနိုဘယ်ဆုရနိုင်တယ်’’

ရီးရဲက “ပရော်ဖက်ဆာ လင်းဖန်သူကတကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပါ။ ဒါပေမယ့် ဒီပြဿနာတွေကရိုင်မန်ထင်မြင်ယူဆချက်နဲ့ ဘယ်လို နှိုင်းယှဉ်မလဲ။ ဒီ သင်္ချာနိုဘယ်ဆုက သေချာပေါက် မင်းအတွက်ပဲ။”

မက်အာသာက သူ့လက်ကို ထပ်ပြီး ဝှေ့ယမ်းပြီး “ရိုင်မန်ထင်မြင်ယူဆချက်အပေါ် ကျွန်တော် တိုးတက်မှုတချို့ ရှိခဲ့တယ်ဆိုတော့။ ဖြစ်နိုင်ရင် ပါမောက္ခ လင်းဖန် ကလဲရိုင်မန်ထင်မြင်ချက်ကို မြန်မြန်ဆန်ဆန် ဖြေရှင်းတာ ဖြစ်နိုင်တယ်။”

မက်အာသာသည်ဒီလိုသာပြောတာသူ့မျက်နှာတွင် သူ့ကိုယ်သူဂုဏ်ယူသောအပြုံးအနည်းငယ်ရှိနေသည်။(ပြောချင်တာကလင်းဖန်ကိုလှောင်တာပေါ့။အဲ့လိုမျိုးပါ)

လင်းဖန်သည် သင်္ချာပုစ္ဆာများစွာကို ဖြေရှင်းနိုင်သော်လည်း၊မက်အာသာ သည် ရိုင်မန်ထင်မြင်ယူဆချက်အပေါ်တွင်သာတိုးတက်မှုရှိခဲ့သည်။ထို့ကြောင့်ဒီနှစ်မှာတော့ သင်္ချာနိုဘယ်ဆုကို လင်းဖန်ထက် သူပိုရမှာသေချာသိနေလေသည်။

ဘာလို့ဆိုပရင်စတန်တက္ကသိုလ်သည်သင်္ချာပညာရှင်တွေအတွက်အကောင်းဆုံးဖြစ်သည်။မက်အာသာသည်ပရင်စတန်တက္ကသိုလ်၏ပရော်ဖက်ဆာဖြစ်သည်။ထို့ကြောင့်မက်အာသာရမည်ဟုဆိုခြင်းဖြစ်သည်။တခြားလူတွေမကျေနပ်ရင်သူတို့ကရိုင်မန်ယူဆချက်မီာတိုးတက်လို့ဆိုပြီးအကြောင်းပြချက်ပေးလို့ရလေသည်။

ဒါကလူတိုင်း၏ပါးစပ်ကို ပိတ်ထားရန် လုံလောက်သည်။

အမှန်တော့၊ မက်အာသာသည် နှစ်စဉ်သင်္ချာ တွင် ရိုင်မန် ထင်မြင်ယူဆချက်ဆိုင်ရာ စာတမ်းကို ထုတ်ဝေပြီး မကြာမီတွင် သင်္ချာနိုဘယ်ဆုပေးရန်ရွေးချယ်သူတစ်ဦးမှ သူ့ကို ဆုယူရန်အတွက် ပြင်ဆင်ထားရန် တောင်းဆိုခဲ့သည်။(နိုဘယ်ဆုရွေးချယ်ပေးသူကအကဲဖြတ်ဒိုင်ပုံစံမျိုးပါ)

ဒီအဖြစ်အပျက်က သူ့ကိုနေ့ရောညပါ ကောင်းကောင်းမအိပ်နိုင်စေတဲ့အထိပျော်ရွှင်စေသည်။

ရီးရဲက “ပရော်ဖက်ဆာလင်းကရိုင်မန်ထင်မြင်ယူဆချက်ကို မြန်မြန်ဖြေတာလား။ ဒါကဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲ”

မဖြစ်နိုင်တဲ့ကိစ္စလား?

မက်အာသာလည်း ဒီလိုပဲ ထင်လေသည်။သူသည်ဒါကိုစကားအရသာပြောလိုက်လြင်းဖြစ်သည်။

ထိုအချိန်တွင် ပရော်ဖက်ဆာ ဂျက်ဖရီသည် အရှိန်အဟုန်ဖြင့် လျှောက်လာသည်။

မက်အာသာက “ပါမောက္ခ ဂျက်ဖရီ မင်္ဂလာနံနက်ခင်းပါ”

ဂျက်ဖရီက ပေါ့ပေါ့ပါးပါးပဲ “မင်္ဂလာနံနက်ခင်းပါ”ဟုပြန်နှုတ်ဆက်လိုက်လေသည်။

ထိုသို့ပြောပြီးနောက် သူသည်မြန်မြန် ထွက်သွားဖို့လုပ်လိုက်လေသည်။

All Chapters