← Chapters

စာမူပို့ခိုင်းခြင်း

Vol. 32 Ch. 466

စာမူပို့ခိုင်းခြင်း

Vol. 32 Ch. 466

ရီးရဲ က “ပါမောက္ခ ဂျက်ဖရီ၊ ဘယတွေလောနေတာလဲ၊ကိစ္စတစ်ခုခုရှိလို့လား။”

ပရော်ဖက်ဆာဂျက်ဖရိသည်သူ့ကိုခုနကနှုတ်ဆက်တဲ့လူကမက်အာသာဆိုတာကို သတိထားမိလိုက်တော့ “ပါမောက္ခ မက်အာသာ မင်းပညာရေးဖိုရမ်ကို မကြည့်ရသေးဘူးလား။”

မက်အာသာကအနည်းငယ်မှင်တက်သွားပြီး “ပညာရေးဖိုရမ်?”

နောက်ဆုံးတွင်၊ဒါကအတွေ့အကြုံမရှိသေးသော ပညာရှင်အတွက် စကားပြောရန် နေရာတစ်ခုဖြစ်သည်။

စစ်မှန်သော သိပ္ပံသုတေသီများနှင့် သင်္ချာပညာရှင်များသည် ထိုပညာရေးဖိုရမ်သို့ သွားလေ့မရှိပေ။

မက်အာသာသည်ဂျက်ဖရီ၏အမေးစကားကြောင့်အနည်းငယ်စိတ်ရှုပ်ထွေးသွားလေသည်။

ဂျက်ဖရီက “မင်းပုံစံကိုကြည့်ရတာမကြည့်ရသေးဘူးထင်တယ်။ ရိုင်မန်ရဲ့ ထင်မြင်ယူဆချက်ရဲ့ ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်လုပ်ငန်းစဉ်ကို ပညာရေးဖိုရမ်မှာ ထုတ်ပြန်လိုက်ပါပြီလေ”

ဒါကို မက်အာသာကြားပြီးနောက် သူ့နှလုံးခုန်သံ အနည်းငယ် မြန်သွားလေသည်။

သူ့ဘေးက ရီးရဲ က “ပညာရေးဖိုရမ်မှာ ရိုင်မန် ယူဆချက်ကိုဖြေပြီးတာလား။ဒါကနေ့တိုင်းတိုင်းဒီလိုပဲဖြေရှင်းပြီးပြီဆိုတဲ့သတင်းတွေတက်နေတာပဲမဟုတ်ဘူးလား။ဒါကိုဘာလို့အရေးကြီးခွင်ကျယ်လုပ်နေတာလဲ”

မက်အာသာသည်ထိုစကားများကိုကြားပြီးနောက်သူသည်နှလုံးခုန်သံသည်ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ဟုတ်တယ်။

အချိန်တိုင်း၊ တစ်စုံတစ်ယောက်သည် ရိုင်မန်အယူအဆကို ဖြေရှင်းခဲ့သည်ဟု ဆိုကာ ၎င်းတို့၏ အဖြေလုပ်ငန်းစဉ်ကို တင်ပြလေ့ရှိသည်။

သို့သော်သူတို့၏ဖြေရှင်းချက်အဆင့်များသည် ချို့ယွင်းချက်များနှင့် ပြည့်နှက်နေပြီး ၎င်းတို့သည် ကြုံရာကျပန်း ရေးထားသည်ဟုပညာရှင်များကသုံးသပ်ကြသည်။

ဂျက်ဖရီ သည် သူတို့နှစ်ဦး၏ အတွေးကိုသူကနားလည်လိုက်သည်။ထို့ကြောင့်သူက “ဒီတစ်ခါကမတူဘူး။ အကြောင်းကတော့ ပညာရေးဖိုရမ်မှာ ထုတ်ပြန်ခဲ့တဲ့ရိုင်မန်ရဲ့ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်လုပ်ငန်းစဉ်ကိုတင်ပြခဲ့တဲ့သူကလင်းဖန်ပဲ’’

“ဟမ်”

ဤစကားလုံးက်ုကြားပြီးနောက်မက်အာသာသည်အထိတ်လန့်တကြားအသံထွက်မိလိုက်သည်။

လင်းဖန်သည် ယနေ့တွင်သင်္ချာပညာရှင်များ...အသိအမှတ်ပြုထားသော စူပါပါရမီရှင်ဖြစ်သည်။

သူသာဆိုရင်...

ရီးရဲ က “ပို့တဲ့သူက လင်းဖန်လား? တခြားတစ်ယောက်ယောက်က သူနာမည်နဲ့ပို့တာရောမဖြစ်နိုင်ဘူးလား။လင်းဖန်ကဒီလိုပညာရေးဖိုရမ်မှာတစ်ခါမှမတင်ပြဖူးဘူးနော်။သူကဂျာနယ်တွေကနေတန်းပြီးတော့​ထုတ်ဝေနေကြလေ’’

ဒါက်ုကြားတော့မက်အာသာကခေါင်းညိတ်ပြလိုက်သည်။

မှန်တယ်!

၎င်းကို အခြားသူတစ်ဦးကဖြေဆိုထားတာပဲဖြစ်ရမယ်ဟုတွေးလိုက်တော့သည်။

ဂျက်ဖရီက “လင်းဖန်အခုပညာရေးဖိုရမ်မှာ ဖြေဆိုထားတဲ့လုပ်ငန်းစဉ်ကို ပါမောက္ခကေ.....စသဖြင့်ပညာရှင်အများကြီးကို စွဲဆောင်သွားခဲ့တယ်။”

“သူတို့စိတ်ဝင်စားအောင်ဖြေဆိုနိုင်တဲ့အဆင့်ဆိုတာကလုံးဝကိုအမြင့်အဆင့်ပဲ။ဒီလိုအဆင့်မြင့်တဲ့သူကလင်းဖန်လိုမျိုးဘယ်လိုလုပ်ဟန်ဆောင်မှာလဲ။သူ့နာမည်ပဲသူရေးမှာပေါ့။ဒါကြောင့်လင်းဖန်ဟန်ဆောင်တာလို့ငါမထင်ဘူး။”

ဒါကိုမက်အာသာကြားသောအခါသူ၏တည်ငြိမ်​နေသောစိတ်သည်ပြန်လည်လှုပ်ရှားလာပြန်သည်။

ဂျက်ဖရီရဲ့စကားတွေက အမှန်ဖြစ်မယ်မှန်းသူသိသည်။

သို့သော်လည်းသူကတစ်စုံတစ်ခုကို ပြောချင်သလို ပါးစပ်ကို ဖွင့်လိုက်သည်။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင်မက်အာသာအိတ်ကပ်ထဲမှဖုန်းသည် လျှင်မြန်စွာအသံမြည်လာသည်။

ခေါ်ဆိုတဲ့သူကနှစ်စဉ်သင်္ချာရဲ့အယ်ဒီတာချုပ်ထံမှ ဖုန်းခေါ်ဆိုမှုပင်ဖြစ်သည်။

ထို့ကြောင့်မက်အာသာသည်အဖြေခလုတ်ကို နှိပ်လိုက်သည်နှင့်ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ပရော်ဖက်ဆာ မက်အာသာ၊မင်းကရိုင်မန်ထင်မြင်ယူဆချက်မှာဆရာကြီးပဲ။အခုငါတို့ရဲ့ “နှစ်စဉ်သင်္ချာ’’ အယ်ဒီတာဌာနက ဒီနေ့ပဲရိုင်မန် ထင်မြင်ယူဆချက်ကို သက်သေပြတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို လက်ခံရရှိထားတယ်။ဖြေရှင်းတဲ့သူက တရုတ်နိုင်ငံက ပရော်ဖက်ဆာလင်းဖန်ပဲ။လင်းဖန်ရဲ့တွက်ချက်မှုတွေကအလွန်ရှုပ်ထွေးတဲ့အတွက်ငါတို့သိပ်နားမလည်ဘူး။ဒါကြောင့်ဖြစ်နိုင်ရင်ငါ့က်ုကူညီပြီးသုံးသပ်ပေးနိုင်မလား”

မက်အာသာသည်ထိုစကားများကိုကြားပြီးနောက်လုံးဝ အံ့ဩသွားခဲ့သည်။

ပရင်စတန်တက္ကသိုလ်သည် သင်္ချာလောကတွင် အလွန်မြင့်မားသောအဆင့်အတန်းတစ်ခုရှိသည်။ ရိုင်မန်ထင်မြင်ယူဆချက်သည် အရေးကြီးဆုံး ပြဿနာဖြစ်သည် ဟု ဆိုနိုင်သည်၊ ထို့ကြောင့် ရိုင်မန်ထင်မြင်ယူဆချက်အပေါ် တိုးတက်မှု ရှိသူတိုင်းသည် အာရုံစိုက်ခံရမှာမလွဲမသွေပင်ဖြစ်သည်။

အရင်တုန်းကသူသည်ရိုင်မန်ယူဆချက်အပေါ်တိုးတက်မှုရှိခဲ့သည်။ထို့ကြောင့်သူသည်သင်္ချာနိုဘယ်ဆုကိုရမှာလို့တွေးနေလေသည်။

ယခုမူကား?

ယခုလင်းဖန်သည် ရိုင်မန်ထင်မြင်ယူဆချက်ကို ဖြေရှင်းလိုက်ပြီဖြစ်သည်။

သိရန်…

သင်္ချာပညာရှင်အားလုံးက တူညီတဲ့အမြင်ရှိကြသည်။ဒါက ရိုင်မန်အယူအဆကို ဖြေရှင်းနိုင်သူသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော သင်္ချာပညာရှင်ဖြစ်မယ်ဆိုတာပင်ဖြစ်သည်။

ယခုလင်းဖန်သည် ရိုင်မန်ထင်မြင်ယူဆချက်ကို ဖြေရှင်းလိုက်ပြီဖြစ်သည်။

ထို့ကြောင့်လင်းဖန်သည် အကြီးမြတ်ဆုံးသင်္ချာပညာရှင်ဖြစ်တယ်လို့ဆိုလိုတာမဟုတ်ဘူးလား။

ဒီနှစ်သင်္ချာနိုဘယ်ကို သူ့အတွက် မချီးမြှင့်ရင် ဘယ်သူ့အတွက်လဲ။

လင်းဖန်သင်္ချာနိုဘယ်ဆုရတာကိုဘယ်သူမှတားလို့မရတော့ပေ။

လင်းဖန်ဖြေတာအဖြေမှန်လား၊မမှန်လားမက်အာသာကစဉ်းစားခဲ့ပေ။

လင်းဖန်၏ အတိတ်အခြေအနေအရ...

ဂျာနယ်ကို တင်သွင်းသရွေ့တော့ သူဖြေတာမှန်မည်ဖြစ်သည်။

ထို့အပြင် လင်းဖန် သည် ယခုတစ်ကြိမ် ...ဂျာနယ်သို့ စာမူပေးပို့သောအခါတွင်ရိုင်မန်ထင်မြင်ယူဆချက် အပြည့်အစုံကို ပညာရေးဖိုရမ်တွင် လွှင့်တင်ခဲ့သည်။

လင်းဖန်လို အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းလူတစ်ယောက်က 90% ထက် မသေချာရင် ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပေ။

ဘာကြောင့်လဲ ဆိုတော့ သူဖြေရှင်းတာကိုစစ်ဆေးမှာဖြစ်သည်။

မှားသွားခဲ့ရင်သူ့နာမည်ဂုဏ်သတင်းအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိမှာဖြစ်သည်။

ထို့ကြောင့်မက်အာသာသိလိုက်သည်သင်္ချာနိုဘယ်ဆုကိုသူမရတော့ဘူးဆိုတာပင်ဖြစ်သည်။

“နှစ်စဉ်သင်္ချာ” ၏ အယ်ဒီတာချုပ်က တုံ့ပြန်သံကိုမကြားသောအခါ”ပါမောက္ခ မက်အာသာမင်းငါပြောတာကိုကြားရဲ့လား......”

သူ့လေသံတွင် စိတ်အားထက်သန်မှုမိားပါဝင်နေသည်။

ရိုင်မန်ထင်မြင်ယူဆချက်ကို ဤရာစုနှစ်တွင် သင်္ချာပညာ၏အတောက်ပဆုံးပုလဲအဖြစ် ချီးကျူးခံရသည်။

ယနေ့တွင်၊ ဤရတနာကို သင်္ချာသမိုင်းတွင် ပြနိုင်ဖွယ်ရှိသည်။ ဒါကသမိုင်းတွင်မယ့်အခိုက်အတန့်ပင်ဖြစ်သည်။

“နှစ်စဉ်သင်္ချာဂျာနယ်” သည် ထိပ်တန်းဂျာနယ်ဖြစ်လျှင်ပင် ဒါကသူတို့အတွင်ဂုဏ်ယူစရာပင်ဖြစ်သည်။

ခဏအကြာတွင်မက်အာသာက”ကောင်းပြီ၊ စာမူကို စာတိုက်ပုံးကို ပို့ပေးပါ” လို့ ပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters