ညကြည့်မျက်လုံး
Vol. 32 Ch. 467
မက်အာသာ၏ အကြံအစည်သည် အလွန်ရိုးရှင်းသည်။လင်းဖန်ပို့သောစာတမ်းကိုသူကိုယ်တိုင်စစ်ကြည့်ပြီးအမှားရှာမည်ဖြစ်သည်။
ဤနည်းအားဖြင့်၊ သူ့သည်သင်္ချာနိုဘယ်ဆုရဖို့ကိုမျှော်လင့်နိုင်မည်ဖြစ်သည်။
…………
ပညာရေးဖိုရမ်မှ အကြောင်းအရာများသည် မကြာမီ တရုတ်နိုင်ငံသို့ ပျံ့နှံ့သွားခဲ့သည်။
[နော်မယ်ပီးပဲ- ပရော်ဖက်ဆာလင်းဖန်ကရိုင်မန်ထင်မြင်ယူဆချက်ကို ဖြေရှင်းနိုင်ခဲ့ပြီတဲ့ 】
[မိုဂု: ဘာ? ပရော်ဖက်ဆာ လင်းဖန်က တစ်ခုခုလုပ်လိုက်ပြန်ပြီလား။ ဒါပေမဲ့ရိုင်မန် ထင်မြင်ယူဆချက်ကဘာကြီးလဲ။ 】
[တွမ်ယူ: ရိုင်မန်ယူဆချက်အကြောင်းအတိုချုံးပြောပေးမယ်။ ယခုရာစုနှစ်တွင် ရိုင်မန်ထင်မြင်ယူဆချက်ကို ဖြေရှင်းနိုင်ခဲ့သူသည် ဤရာစု၏အကြီးမြတ်ဆုံးသင်္ချာပညာရှင်ဖြစ်သည်ဟုသင်္ချာပညာရှင်အသိုင်းအဝိုင်းက အသိအမှတ်ပြုထားတယ်။ 】
[ ယူရီ:ဒါဆိုအခုလင်းဖန်က ကမ္ဘာ့နံပါတ်တစ် သင်္ချာပညာရှင် ဖြစ်သွားပြီပေါ့။ 】
[ဂျန်းကျူ: သင်္ချာပညာရှင်တွေကကမ္ဘာ့ပထမဆုံးသင်္ချာပညာရှင်လို့မပြောသေးပေမဲ့ကမ္ဘာ့ပထမဆုံးသင်္ချာပညာရှင်လို့တော့တွေးလို့ရတယ် 】
[ဝေါ့: ပရော်ဖက်ဆာ လင်းဖန်လို့ နာမည်ပေးထားတုန်းလား။အားလုံးပဲသူတော်စင်လို့ခေါ်ပါ။သူတော်စင်လင်းဖန် ငါနောက်ဆုံးစာမေးပွဲကိုအောင်ပါစေ။ 】
…………
လင်းဖန်သည် ဒါကို လုံးဝမသိပေ။
လင်းဖန်အတွက်ရိုင်မန်ထင်မြင်ယူဆချက်ကို ဖြေကြားသည့် လုပ်ငန်းစဉ်ကို ရေးသားခြင်းသည် အသေးအဖွဲကိစ္စမျှသာ ဖြစ်သည်။
လင်းဖန်သည် ရုံးတွင် တစ်ရက်နေပြီးနောက် ပန်းလုံဗီလာသို့ ပြန်လာသည်။
ထို့နောက်သူသည် ပလက်တီနမ်အနီရောင်စာအိတ်ကို တိုက်ရိုက်အာရုံစိုက်လိုက်သည်။
“ပလက်တီနမ် အနီရောင် စာအိတ် ၁ စောင်ပဲရှိပေမဲ့။ဘာရမလဲကြည့်ရအောင်။”
“ပလပ်တီနမ်စာအိတ်ဖွင့်မယ်”
【ဒင်း! ဂုဏ်ယူပါတယ်၊ ညကြည့်မျက်လုံးစွမ်းရည်ကို ရရှိသည်။】
[ညကြည့်မျက်လုံး- အမှောင်ထုနှင့် မြူခိုးများရှိသောနေရာတွင်ပင် အရာအားလုံးကို နေ့အလင်းရောင်ကဲ့သို့ ကြည်လင်ပြတ်သားစွာ မြင်နိုင်သည်။ သင့်အမြင်အာရုံကိုပိုကောင်းစေတာကသင့်ကိုပိုပြီးဆွဲဆောင်မှုအားကောင်းစေပါသည်။ 】
ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်လုံးများသည် ကြယ်ကလေးများကဲ့သို့တောက်ပသွားလေတော့သည်။ထို့နောက်သူသည်ဒီစွမ်းရည်ကိုအသုံးကြည့်ဖို့ရွေးချယ်လိုက်သည်။
ချက်ခြင်းပင် လင်းဖန်သည် သူ့မျက်လုံးထဲကနေအေးစက်သလိုခံစားလိုက်ရသည်။
ထို့နောက် သူသည်အပြင်သို့ လှမ်းကြည့်လိုက်သည်။
ယခုအချိန်သည် ညကိုးနာရီကျော်နေပြီဖြစ်သောကြောင့်ကောင်းကင်တစ်ခုလုံးလုံးဝမှောင်နေပြီဖြစ်သည်။
[ကျွမ်းကျင်မှု- ညကြည့်မျက်လုံး။ 】
ပုံမှန်ညတွေဆိုလျှင် လင်းဖန်သည် အပြင်ကို လှမ်းကြည့်လိုက်တာနဲ့သစ်ပင်နှင့် ယာဉ်အချို့၏ အရိပ်များကိုဝိုးတိုးဝါးတာမြင်နေရသည်။
ယခုမူကား နေ့ခင်းဘက်လိုသစ်ပင်များ၊ ယာဉ်များ၊ ရဟတ်ယာဉ်များ... အရာအားလုံးကို သူသည်ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။
ဒါကိုကြည့်ပြီးလင်းဖန်သည်အနည်းငယ်ပြုံးကာ”ပလက်တီနမ်အနီရောင်စာအိတ်ရှိ ပစ္စည်းတွေက တကယ်ကောင်းတယ်!”ဟုပြောလိုက်လေသည်။
ထို့နောက် လင်းဖန်သည် လှပသောရှုခင်းကို ခံစားရန်အပြင်ဘက်သို့ ခဏတာ ကြည့်လိုက်သည်။
ထို့နောက် လီချမ်လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် သူသည်ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားသလိုခံစားရပြီးနောက်သူသည်နူးညံ့သောကုတင်ကြီးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
…………
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့ရောက်သွားလေသည်။
လင်းဖန်သည် နံနက်စာစားပြီးနောက်၊ Cullinan(ကား)ဖြင့်ကျန်းပေ့တက္ကသိုလ်ဆီသို့ မောင်းနှင်ခဲ့သည်။
အရင်တုန်းကတော့ လင်းဖန်ရုံးခန်းထဲကို ဝင်သွားတဲ့အခါ လင်းချင်ကျူ၊နင်းကျန်းကျန်း၊ရှောင်ပန်၊ရှောင်အန်း၊ ဂျင်ချန်ကျူ၊ဟော့ကျောက်ဝူတို့သည်သူတို့စာကိုလေးလေးနက်နက် လေ့လာနေကြသည်။
ဒါပေမယ့်……
ဒီနေ့မှာတော့ သူတို့တွေစုပြီး တစ်ခုခုကို ဆွေးနွေးနေကြလေသည်။
ထို့အပြင် သူ၏အမူအရာမှာ အလွန်စိတ်လှုပ်ရှားနေလေသည်။
“ညောင်!”
“သခင် မင်းလာပြီပဲ”
ဟော့ကျောက်ဝူပေါ်တွင် လဲလျောင်းနေသော ကြောင် ရှောင်ဘိုင်သည် အော်ဟစ်ပြောလိုက်သည်။
ထို့နောက် လင်းဖန်၏ခြေစီသို့ ခုန်ဆင်းပြီးသူ၏ခေါင်းဖြင့် ပွတ်သပ်နေလိုက်သည်။
ကြောင်ရှောင်ဘိုင်၏ဟော်ဟစ်မှုသည်ဟော့ကျောက်ဝူ၏အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့သည်။
သူက လင်းဖန်ကိုမြင်ပြီးနောပိအမြန်ပြေးသွားပြီး “ပါမောက္ခလင်း၊ မင်းရိုင်မန်ရဲ့ ယူဆချက်ကို တကယ်ဖြေရှင်းပြီးပြီလား”
အားလုံးက လင်းဖန်ကို လှည့်ကြည့်လိုက်ကြသည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်ကဲ့” ဟုပြောလိုက်သည်။
သူ့လေသံက တည်ငြိမ်လွန်းသည်။ စိတ်လှုပ်ရှားခြင်း လုံးဝမရှိပေ။
သို့သော် ဤစကားလုံးနှစ်လုံးသည် ရုံးခန်းထဲရှိလူတိုင်း၏အမူအရာကိုကွဲပါးစေခဲ့သည်။
လင်းချင်ကျူ နှင့် ဂျန်ချန်ကျူ တို့သည် အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။
နင်းကျန်းကျန်း၏အမူအရာမှာ ရှုပ်ထွေးမှုဖြင့်ရှိနေလေသည်။
သူနှင့် လင်းဖန် တို့သည် သင်္ချာမော်ဒယ်ပြိုင်ပွဲတွင် အတူပါဝင်နေကြသည်ကို သတိရမိလိုက်သည်။
လင်းဖန်သည် အဆင့်မြင့်ပညာရေးဖလားကို ဆွတ်ခူးခဲ့ပြီး ပထမဆုကို သူကိုယ်တိုင်ရရှိခဲ့သည်။
ကွာခြားချက်ကလည်း ကြီးကြီးမားမားမဟုတ်ဘူးလို့သူထင်ခဲ့သည်။
ဒါပေမယ့် အခုလင်းဖန် က ရိုင်မန်ရဲ့ ထင်မြင်ချက်ကို ဖြေကြားခဲ့သည်။
နင်းကျန်းကျန်းက သူ့ကိုယ်သူ ဉာဏ်ကြီးရှင်တစ်ယောက်လို့ အမြဲမှတ်ယူခဲ့သည်။
ထိုအချိန်တွင် သူ့မျက်နှာသည်နီရဲနေသည်။
လင်းဖန်နှင့် နှိုင်းယှဥ်လိုက်သောအခါသူဂုဏ်ယူရသည့်အရာများသည် ဟာသတစ်ခုသာဖြစ်သည်ဟု သူခံစားမိသည်။
ရှောင်ပန်နှင့် ရှောင်အန်းတို့ ၏ လှပသော မျက်လုံးများသည် စူးရှတောက်ပနေသည်။
လင်းဖန်ကို ကြည့်နေသော အကြည့်များသည် ချစ်ခင်နှစ်သက်မှုများဖြင့်ပြည့်နှက်နေသည်။
ဟော့ကျောက်ဝူက “ပါမောက္ခ လင်းမင်း အရမ်းတော်တာပဲ!”ဟုပြောလိုက်လေသည်။
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်ကနေလျင်မြန်စွာလှောက်လာသောခြေသံတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သင်းပျံ့သော မွှေးရနံ့တစ်ခုကလည်းထွက်ပေါ်လာသည်။
ထို့နောက် ဖြူဖွေးသော အသားအရည်၊ချောမောလှပသော အသွင်အပြင်နှင့်အနက်ရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားသေည အမျိုးသမီးတစ်ဦးသည် ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
သူမသည်ဟန်တီပင်ဖြစ်သည်။
ဟန်တီက အပြုံးဖြင့် “ဒီမှာ အရမ်းအသက်ဝင်နေတာပဲ”
သူ့မအသံကကြားရသူကိုစိတ်ချမ်းသာစေသည်။
ပြီးတော့ သူမရဲ့ဒီအပြုံးက လူတွေကို နွေဦးလေညင်းတိုက်သလိုခံစားရစေသည်။
လင်းဖန် က ပြုံးပြီးပြောလိုက်သည်။” ဟုတ်တယ်၊ ရိုင်မန်ယူဆချက်အကြောင်းပြောနေကြတာ၊ဆရာမဟန်တီ၊ ဒီနေ့ မင်းဘာလို့ ဒီကိုလာတာလဲ။”
“ရိုင်မန်ယူဆချက်ကြောင့်ပါ။” ဟန်တီက ပြောသည်။
ဤသို့ပြောသောအခါဟန်တီသည် လင်းဖန်အားတောက်ပစွာကြည့်နေလေသည်။
သင်္ချာပညာရှင်တစ်ယောက်အနေဖြင့်၊ သူမသည် ရိုင်မန်ထင်မြင်ယူဆချက်ကဘာက်ုဆိုလိုတာလဲဆိုတာကို အတိအကျသိသည်။
လင်းဖန်သည် ရိုင်မန်ယူဆချက်ကို တိုက်ရိုက်ဖြေရှင်းခဲ့သည်။ဆိုလိုတာက......။
လင်းဖန်က “နားမလည်တာတစ်ခုရှိလို့ ရှင်းပြဖို့ ငါ့အကူအညီလိုသလား”
ဟန်တီ က “မင်းအကူအညီလိုအပ်တယ်။ ဒါပေမယ့်လဲမင်း နားမလည်တဲ့ နေရာတွေ အများကြီး ရှိသေးတယ်၊ အဲဒါကိုပြောဖို့ကိုအချိန်မလောက်မှာကြောက်တယ်”
လင်းဖန်က ပြုံးပြီး “ရပါတယ်၊ နေ့လည်ကျောင်းဆင်းရင် ဖြည်းဖြည်းပြောလို့ရတယ်လေ”
“အဲဒါအရမ်းကောင်းတယ်!” ဟန်တီက “ကမ္ဘာ့သင်္ချာအဖွဲ့ကြီးကကျန်ပေ့တက္ကသိုလ်မှာ ၁ နာရီကျော်ကြာ ရိုင်မန်ထင်မြင်ယူဆချက်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုပြောပေးနိုင်မလားလို့ မေးတယ်။”
ယခင်က သင်္ချာပညာရှင်တစ်ဦးသည် သင်္ချာတွင် မဖြေရှင်းနိုင်သော ပြဿနာတစ်ရပ်ကို ဖြေရှင်းခဲ့လျှင် သို့မဟုတ် လမ်းကြောင်းတစ်ခုတွင် ကြီးမားသော အောင်မြင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင်ကမ္ဘာ့သင်္ချာအဖွဲ့သည် ကမ္ဘာ့သင်္ချာအဖွဲ့တွင် အစီရင်ခံစာအစည်းအဝေးကျင်းပရန် တစ်ဖက်သို့ ဖိတ်ခေါ်မည်ဖြစ်သည်။(သူတို့နေရာမှာကျင်းပဖို့ခေါ်တာကိုပြောတာပါ)
ဖိတ်ကြားခံရသူများကိုလည်း ဂုဏ်ပြုချီးမြှင့်မည်ဖြစ်သည်။
သို့သော် လင်းဖန်သည် ခြွင်းချက်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး