← Chapters

2.3 သန်းပို့ခိုင်းခြင်း

Vol. 32 Ch. 469

2.3 သန်းပို့ခိုင်းခြင်း

Vol. 32 Ch. 469

နောက်တစ်နေ့။ဒီနေ့သည်စနေနေ့ပင်ဖြစ်သည်။

နံနက်စာစားပြီးနောက် လင်းဖန် သည် Rolls-Royce Cullinan(ကား)ဖြင့်ရီကေဆီသို့ မောင်းနှင်လာခဲ့သည်။

သူသည်ချူစီရှင်းနှင့်ဟေးလင်းတို့ကိုမတွေ့တာကြာပြီဖြစ်သည်။

“ဒင်ဒေါင်!”

တံခါးခေါက်သံမြည်လာသည်သောအခါချူစီရှင်းသည် တံခါးကို အမြန်ဖွင့်လိုက်သည်။

ယခုအချိန်တွင်ချူစီရှင်းသည်အနက်ရောင်ကိုယ်ကျပ်အားကစားဝတ်စုံကို ဝတ်ဆင်ထားသောကြောင့်သူမရဲ့ကောက်ကြောင်းကိုထင်ပေါ်စေသည်။

သူမ၏ လှပသော မျက်နှာပေါ်တွင်ချွေးစက်များနှင့်ပြည့်နှက်နေသည်။

လင်းဖန်ကိုတွေ့ပြီးနောက် ချူစီရှင်းက “မင်းရောက်ပြီပဲ”

ထို့နောက် သူမက အနောက်လှည့်လိုက်ပြီး “ဟေးလင်း ဒီမှာဘယ်သူလဲကြည့်လိုက်” ဟု အော်ပြောလိုက်သည်။

လင်းဖန်သည် အတွင်းထဲသို့ လှမ်းကြည့်လိုက်သည်။

ဟေးလင်းသည် တီဗီပေါ်ရှိယောဂနည်းပြအတိုင်းယောဂဖျာပေါ်တွင် ထိုင်ကာ သူမ၏ဘယ်ခြေကိုဆန့်ရင်းသူမ၏ လှပသော တင်ပါးကို အပေါ်အောက် စောင်းလျက်အနေအထားရှိနေသည်ကိုတွေ့လိုက်သည်။

ဟေးလင်းသည်အသံကြားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာကြည့်လိုက်သည်

လင်းဖန် လို့မြင်လိုက်တာနဲ့ သူမအရမ်းစိတ်လှုပ်ရှားသွားလေသည်ထို့နောက် “လင်းဖန်”ဟုခေါ်လိုက်လေသည်။

ထို့နောက်သူမသည်ချက်ချင်းတံခါးဆီသို့ ပြေးလာခဲ့သည်။

မူလက ချူစီရှင်းနှင့် ဟေးလင်းတို့သည်လင်းဖန်ကိုအတူပွေ့ဖက်မလို့လုပ်လိုက်သည်။သို့ငေါ်သူမတို့ကိုယ်ပေါ်ရှိချွေးများကြောင့်လင်းဖန်ကိုဖက်မည့်အကြံကိုလက်လျှော့လိုက်လေသည်။

ထို့ကြောင့်သူမတို့သည်”ငါတို့ကိုဏစောင့်နေအုံးရေအရင်ချိုးလိုက်အုံးမယ်”

ထို့နောက် ချူစီရှင်း နှင့် ဟေးလင်းတို့သည် ရေချိုးခန်းထဲသို့ အတူတူ ပြေးသွားကြသည်။

ခဏအကြာတွင်ရေချိုးခန်းထဲကနေရေကျသံများထွက်ပေါ်လာလေသည်။

လင်းဖန်သည် ကျယ်ဝန်းသောဧည့်ခန်းရှိ ပြေးစက်များ၊ စက်ဘီးများနှင့် အခြားအားကစားပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဆိုဖာပေါ်ထိုင်ကာ တီဗီတွင်ပြသနေသောယောဂလှုပ်ရှားမှုကို ကြည့်နေလိုက်သည်။

သိပ်မကြာခင်မှာပဲ ရေချိုးခန်းတံခါးပွင့်လာလေသည်။

ထို့နောက်ချူစီရှင်း နှင့်ဟေးလင်းတို့သည် အဖြူ​ရောင်ရေချိုးခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာကြလေသည်။

သူမတို့သည်လင်းဖန်နှင့်မတွေ့ရတာကြာပြီဖြစ်သောကြောင့်လင်းဖန်က်ုသူမတို့အရမ်းလွမ်းနေကြသည်။ထို့ကြောင့်သူမတို့သည်လင်းဖန်အနားကပ်လာကာ......

( ̄ε ̄)

( ̄3)( ̄3)(ε ̄)

...

ပြေးစက်၊ စက်ဘီး...တို့တွင်အောင်မြင်မှုအမှတ်အသားဖြစ်သောအဖြူရောင်အမှတ်အသားများကျန်ခဲ့စေရန်ကြိုးစားတော့သည်။

...

မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့လယ်အချိန်သို့ရောက်သွားလေသည်။

လင်းဖန်၊ ဟေးလင်းနှင့် ချူစီရှင်းတို့သည် ဆိုဖာပေါ်တွင်ပင်ပန်းမှုကြောင့်လဲနေလေသည်။

သူတို့ရဲ့ ယခုလက်ရှိအနေအထားအရအချက်ပြုတ်ဖို့ မသင့်တော်တော့ပေ။

ထို့ကြောင့် လင်းဖန် သည် မြူချီလီစားသောက်ဆိုင် နံပါတ်ကို ခေါ်ဆိုလိုက်ပြီးအစားအသောက်တွေကိုမှာလိုက်လေသည်။

ခဏအကြာတွင် အရသာရှိသော အဝါရောင်ငါးကင်၊ငှက်သိုက်၊ပင််လယ်ဂုံးအစိမ်းများ(ဒါကဂုံးအစိမ်းကိုသူတို့ပေးတဲ့ဆော့နဲ့ဆမ်းပြီးစားရတဲ့အရာပါ)၊သြစတြေးလျပုဇွန်ကင်နှင့် အခြားစားဖွယ်စုံများသည်မကြာမီစားပွဲပေါ်တွင်ပေါ်လာလေသည်။

ဟေးလင်း သည်အဝါရောင် ငါးကင်ကို ပါးစပ်ထဲသို့ ထည့်ပြီးနောက်”အရသာရှိလိုက်တာ၊ ဒီငါးက အရမ်းအရသာရှိတယ်၊ဒါကဘယ်လောက်လဲ?”

လင်းဖန် က “ငါမသိဘူး၊ ဒါပေမယ့် ဒီစားပွဲပေါ်မှာရှိတဲ့ဟင်းတွေရဲ့စုစုပေါင်းတန်ဖိုးက၇၀၀၀၀ ကျော်လောက် ရှိတယ်ထင်တယ်။ဒီ ငါးက ဈေးနည်းတယ်။ဒါကြောင့်မင်းများများစားသင့်တယ်။”

စကားပြောနေစဉ်တွင် သူသည် အဝါရောင်ငါးကင်တစ်ပိုင်းကို ကောက်ယူပြီးဟေးလင်း၏ပန်းကန်ထဲသို့ ထည့်လိုက်သည်။

“အွန်” ဟေးလင်းက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

သူတို့ သုံးယောက်လုံးကြောင့်မကြာမီစားပွဲပေါ်ရှိဟင်းများမှာပြောင်းသလင်းခါသွားလေသည်။

ထို့နောကို့သည်ဆိုဖာပေါ်တွင်ထိုင်ပြီးတီဗီအစီအစဉ်တွေကို ပျော်ရွှင်စွာကြည့်နေကြလေသည်။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင်ဟေးလင်း၏ဖုန်းသည်အသံမြည်လာသည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်ရာ သူ့အမေဟေးမင်းထံမှ ဖုန်းခေါ်ဆိုမှုဆိုတာကိုသိလိုက်သညအ။

“ဟေးလင်းသမီးနင့်မှာ ပိုက်ဆံရှိလား” ဖုန်းချိတ်ဆက်ပြီးတာနဲ့ ဟေးမင်းရဲ့ အသံထွက်ပေါ်လာသည်။

ဟေးလင်းသည် သူ့မိဘများကို အလွန်ချစ်လေသည်။

သူ့အမေက ပိုက်ဆံတောင်းတာကြားတော့ သူ မသည်တုံ့ဆိုင်းမနေဘဲ “ရှိတယ်အမေ၊ ဘယ်လောက်လိုချင်လဲ” ဟု တိုက်ရိုက်ပြောသည်။

“၂.၃ သန်း” ဟေးမင်းက ပြောသည်။

ဟေးလင်းက အံ့အားသင့်သွားပြီး “2.3 သန်း?! အမေဘာလို့ ပိုက်ဆံအများကြီးလိုတာလဲ။”ဟုမေးလိုက်သည်။

သိရန်ဟေးလင်းသူမသည် ယွမ်ထောင်နှင့်ချီ၍ သူ့မအိမ်သို့ အမြဲပို့လေ့ရှိသည်။

ထို့အပြင် လင်းဖန်ကြောင့် အိမ်ရှိစတိုးဆိုင်သည် ရှောင်ဝူလက်ကားစီးတီးကနေအလွန်စျေးသက်သာသော ကုန်ပစ္စည်းများနှင့်ဟန်စီဒီရေမွှေး၊အလှပြင်လိမ်းဆေး(မိတ်ကပ်)များကိုပင် ရရှိနိုင်ခဲ့သည်။

ထို့ကြောင့်သူမအမေ၏လစဉ်အမြတ်ငွေမှာ အနည်းဆုံး ယွမ် 100,000 ကျော်ရှိသည်။

ယခု ရုတ်တရက် 2.3 သန်း တောင်းနေလေသည်။

ဒါဟာ သာမန်မိသားစုတွေအတွက် ကြောက်စရာကောင်းတဲ့ နံပါတ်တစ်ခုဖြစ်မယ်ဆိုတာသေချာသည်။

ဒါကြောင့်ဟေးလင်းအံ့ဩသွားသည်မှာလဲအံ့သြစရာမဟုတ်ပေ။

ဟေးမင်းက သိပ်ရှင်းပြမနေဘဲ စိုးရိမ်တကြီးနဲ့ “ရှိလား!”လို့သာပြန်မေးလိုက်သည်။

ဟေးလင်းသည်ခဏတုံ့ဆိုင်းသွားပြီးဘယ်လိုဖြေရမှန်းမသိဖြစ်သွားသည်။

လင်းဖန်သည် သူ့ဘေးတွင်ထိုင်နေသောကြောင့်သူမတို့ စကားပြောတာကို ရှင်းရှင်းလင်းလင်း ကြားလေသည်။

“ဟေးလင်း...အန်တီလိုတဲ့ငွေကိုအရင်ပေးလိုက်ပါ။”

သူသည်ဒီလိုသာပြောပေမဲ့ဟေးမင်းမှာ တစ်ခုခုမှားနေပုံရသည်ကိုလည်း သူသတိပြုမိသည်။

သို့သော် သူ့အတွက် ၂သန်းကျော်သည် ဘာမှမဟုတ်ပေ။

ဟေးလင်းက ခေါင်းညိတ်ပြီး “ရှိတယ် မေမေ၊ အခု ပို့လိုက်မယ်”

“ကောင်းပြီ၊ မြန်မြန်လုပ်” ဟေးမင်းက ဝမ်းသာအားရပြောလိုက်သည်။

လင်းဖန်က ဟေးလင်းဖုန်းချသည်ကို စောင့်နေပြီး “ငါ ပိုက်ဆံလွှဲပေးလိုက်မယ်မင်း အမေဆီ” လို့ပြောလိုက်သည်။

ဟေးလင်းက “မဟုတ်တာ၊ မင်းနောက်ဆုံးအကြိမ်ပေးခဲ့တဲ့ ၁၀ သန်းမှာ၉.၅ သန်းကျော်ကျန်သေးတယ်”

စကားပြောနေစဉ်တွင် သူမသည် ယွမ် ၂.၃ သန်းကို ဟေးမင်းသို့ ပို့ပေးလိုက်သည်။

ပေးပို့မှုအောင်မြင်သည်ကိုကြည့်ပြီးနောက်သူမ အနည်းငယ်မျက်မှောင်ကြုတ်ကာ သူမ၏လှပသောမျက်နှာထက်တွင်စိုးရိမ်မှုနှင့်ပြည့်နေရင်း’’ငါအမေ့ကိုပြန်သွားကြည့်ချင်တယ်” လို့ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “အန်တီ တစ်ခုခုတော့ ကြုံခဲ့ရမှာပေါ့၊ ငါ မင်းနဲ့ လိုက်ခဲ့မယ်”

“ဟမ်” ဟေးလင်းက လင်းဖန်ကို ဒီလိုပြောဖို့ ကိုမမျှော်လင့်ထားပေ။

သူမနှင့် ချူစီရှင်း တို့သည် လင်းဖန်တွင် ကုမ္ပဏီကြီးများစွာကို ပိုင်ဆိုင်ကြောင်း သိနေကြသည်။

ထို့အပြင်၊ သင်္ချာပုစ္ဆာများစွာကို ဖြေရှင်းနိုင်ခဲ့ပြီး နည်းပညာမြင့်ထုတ်ကုန်များစွာကိုလဲတီထွင်ခဲ့သည်ကိုလဲသိသည်။

ထို့ကြောင့်ဟေးလင်းတို့၏အမြင်တွင် လင်းဖန်သည် အလွန်အလုပ်များနေမည်ဟုထင်နေလေသည်။

ထို့ကြောင့် လင်းဖန် သည်ယနေ့ ရီကေသို့ ရုတ်တရက်ရောက်လာသောအခါ ဟေးလင်းနှင့် ချူစီရှင်းတို့နှစ်ယောက်စလုံး အံ့သြသွားကြသည်။

ဟေးလင်းသူမသည်ခဏတုံ့ဆိုင်းသွားပြီး “ဒါ... မင်းရဲ့အချိန်တွေကို နှောင့်နှေးစေမှာလား။”

လင်းဖန်ကဟေးလင်းရဲ့ခေါင်းကို ကိုင်လိုကိပြီး “ ဘာကိုနှောင့်နှေးရမှာလဲ၊ စီရှင်းမင်းရောအဲဒီကို အတူတူသွားချင်လား”

ချူစီရှင်းက ခေါင်းခါလိုက်ပြီး “အခု လေ့ကျင့်ခန်းလုပ်ထားတာမို့ အရမ်းပင်ပန်းနေတယ်။ဒါကြောင့် ငါဒီမှာပဲအနားယူတာကပိုကောင်းမယ်ထင်တယ်’’လ်ု့ပြောလိုက်သည်။

သူမ ဒီလိုပြောပြီးနောက်....အားကစားလုပ်နေတဲ့မြင်ကွင်းကို တွေးမိလိုက်ကာချူစီရှင်း ရဲ့မျက်နှာမှာ နီရဲလို့သွားလေသည်။

ဟုတ်ပါတယ်၊ ဒါက အကြောင်းပြချက်ရဲ့ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

အကြောင်းရင်းရဲ့ နောက်တပိုင်းကတော့ အခုစွားမှာကဟေးလင်းရဲ့ မိဘတွေကို သွားတွေ့မှာပင်ဖြစ်သည်။ထို့ကြောင့်သူမလိုက်တာမသင့်တော်ပေ။

ချူစီရှင်း က “မင်းတို့သွားရာလမ်းမှာ ဘေးကင်းအောင် ဂရုစိုက်ပါ။”

လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ ဟေးလင်းသွားကြစို့” ဟု ပြောသည်။

စကားပြောနေစဉ်တွင် သူက ဟေးလင်း ၏သွယ်လျသောခါးကို တိုက်ရိုက်ကိုင်လိုက်သည်။

“အွန််!” ဟေးလင်းက အားတက်သရော ခေါင်းညိတ်ပြီးပြောလိုက်သည်။

မူလက သူ့မိသားစုအတွက် အနည်းငယ် စိတ်ပူမိသည်။

သို့သော်လည်း လင်းဖန်၏ လက်စီကနေ လုံခြုံတယ်ဆိုတာကိုခံစားလိုက်ရသဖြင့် သူမချက်ချင်း စိတ်သက်သာရာ ရသွားလေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters