လောဘကြီးခြင်း
Vol. 32 Ch. 470
ဟေးလင်းစိတ်ထဲတွင်လင်းဖန်သည် အလုံးစုံလုပ်နိုင်သောသူဖြစ်သည်။
သူရှိနေသရွေ့အခက် အခဲ မှန်သမျှ ပျောက်သွားမည်ဟုသူမယုံကြည်သည်။
ချူစီရှင်းကိုနှုတ်ဆက်ပြီးနောက်လင်းဖန်နှင့် ဟေးလင်းတို့သည် Cullinan(ကား)ဖြင့်မောင်းထွက်သွားလေသည်။
...
ဒီအချိန်မှာ......။
စူပါမားကတ်။
လူဂိုဟန်သည်ဟေးမင်းဖုန်းချလိုက်သည်ကို မြင်လိုက်သောအခါ တုန်ယင်သောအသံဖြင့် “ဟေး... ဟေးမင်းအခြေအနေဘယ်လိုလဲ”
ဟေးမင်းက “ဟေးလင်းကပိုက်ဆံပို့ပေးမယ်လို့ပြောတယ်”
“ကောင်းလိုက်တာ ဟေးမင်း၊ငါပိုက်ဆံကိုသေချာပေါက်ပြန်ဆပ်ဖို့နည်းလမ်းရှာပါ့မယ်......” လူဂိုဟန်က ပြောသည်။
ဟေးမင်းက “ကျောက်မင်နဲ့ရီပန်ကိုသွားကြိုဖို့ဒန်နိုင်ငံကိုအတူသွားရအောင် “
“ဒီအဖြစ်အပျက်က ငါတို့မိသားစုကြောင့်ဖြစ်ရတာ’’
“ဒါ့အပြင် မင်းက ငွေအမြောက်အမြားထုတ်ပြီးပြီ၊ဒါကြောင့်ကျန်တဲ့ငွေအကြောင်း ပြောစရာမလိုဘူး”
လူဂိုဟန် က နောက်ထပ် တစ်ခုခုပြောခါနီးမှာ ဟေးမင်းရဲ့ ဖုန်းက အနည်းငယ် တုန်ခါသွားလေသည်။
“ဟေးလင်းက ပိုက်ဆံလွှဲပေးလိုက်တယ်” လို့ ဝမ်းသာအားရ ပြောလိုက်လေသည်။
“အရင်ကပိုက်ဆံနဲ့ပါပေါင်းရင်စုစုပေါင်း 5 သန်းရှိပြီသူတို့ဆီ လွှဲပေးလိုက့ရအောင်”
“ရီပန် နဲ့ ကျောက်မင်ပြန်လာနိုင်ပြီ!”
ဟေးမင်းက ဤသို့ပြောသောအခါ သူမနှင့် လူဂိုဟန် နှစ်ဦးစလုံး၏ မျက်နှာများတွက်ပျော်ရွှင်သောအမူအရာတစ်ခုပေါ်လာလေသည်။
ထို့နောက်သူမတို့သည်ပိုက်ဆံအားလုံးပေါင်းပြီးနောက် ယွမ် ၅ သန်းကို ဘဏ်ကတ်နံပါတ်တစ်ခုစီသို့ ပို့လိုက်လေသည်။
ထို့နောက် ဟေးမင်း က နိုင်ငံခြားဖုန်းနံပါတ်တစ်ခုစီသို့ ဖုန်းခေါ်ဆိုလိုက်သည်။
“ငါ 5 သန်း လွှဲပေးလိုက်ပြီ ၊ သူတို့ကို လွှတ်ပေးလို့ရမလား “
ဖုန်းထဲတွင် အသံတစ်ခုထွက်ပေါ်လာသည်။
“ရတယ်!”
စကားပြောပြီးတာနဲ့ ဖုန်းကို တိုက်ရိုက်ချလိုက်လေသည်။
...
ဤအချိန်တွင်၊ ဒန် နိုင်ငံ။
အိမ်တစ်ခုထဲတွင်
အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက ဖုန်းချပြီးနောက်”ဟားဟား။ ငါးသန်းရောက်ပြီ....”
အခန်းထဲတွင် တက်တူးထိုးထားသော အမျိုးသားအများအပြားသည်လဲစိတ်လှုပ်ရှားစွာ နဲ့ရယ်လိုက်ကြလေသည်။
“အရမ်းကောင်းတယ်”
အရပ်ရှည်ရှည် အမျိုးသားက မြေပြင်မှာ ကြိုးချည်ခံထားရတဲ့ ရီပိုင် နဲ့ ကျောက်မင်ကို လက်ညှိုးထိုးပြပြီး “လွှတ်လိုက်တော့” လို့ ပြောလိုက်သည်။
ထိုအချိန်တွင်၊ အမျိုးသားတစ်ဦးက “အစ်ကို ကျောက်၊ ခဏနေပါအုံး။”
အစ်ကိုကျောက်ဆိုတဲ့သူက သူ့ကို သံသယဖြစ်သောအမူအရာဖြင့်ကြည့်လိုက်လေသည်။
ထိုအမျိုးသားက တိုးတိုးလေးပြောလိုက်သည်။”ဒီမိသားစုဝင်နှစ်ယောက်အတွက်သူတို့က5 သန်းကိုတောင်ချက်ချင်းပေးနိုင်တယ်ဆိုတော့သူတို့ကပိုက်ဆံတော်တော်ရှိမဲ့ပုံပဲ”
“ဒီလိုငါးကြီးတွေနဲ့တွေ့တာ ရှားပါတယ်ဒါကြောင့်ဘာလို့မလုပ်တာလဲ...”
အစ်ကို ကျောက် က ဒါကိုကြားတော့ သူ့မျက်လုံးတစ်စုံက အရောင်တောက်သွားပြီး “မင်းဆိုလိုတာက...” လို့ တိုးတိုးလေးပြောလိုက်သည်။
အစ်ကိုကျောက်ကသူပြောတာကိုသဘောတူကြောင်းကိုမြင်သောအခါထိုလူကပြုံးပြီးထပ်ပြောလိုက်သည်ယာ”အခုသူတို့ကိုပထမဆုံးလွှတ်လိုက်မယ်။ပြီးရင်သူတို့သွားတဲ့လမ်းမှာကျိုးနေတဲ့လက်ကောက်ကိုထားလိုက်မယ်။သူတို့ကဒါကိုနင်းမိရင်သူတို့ကြောင့်ကျိုးတာဆိုပြီးနောက်ထပ်ယွမ်၁၀သန်းအလျော်တောင်းလို့ရတယ်လေ....။’’
စကားပြောနေစဉ်တွင်ကျိုးနေသော လက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်သည်။
အစ်ကိုကျောက်က ပြုံးပြီး “မဆိုးဘူး။မင်းတော်တယ်!”
“မခံယူဝံပါဘူး” ထိုလူက ချက်ချင်းပြောလိုက်လေသည်။
ထို့နောက် ရီပိုင်နှင့် ကျောင်မင်တို့၏ နံဘေးသို့ လျှောက်လာကာ ကြိုးများကို ဖြေပေးပြီးနောကိ “မင်းရဲ့ မိသားစုဝင်တွေက မင်းတို့ကျိုးအောင်လုပ်လိုက်တဲ့ကျောက်စိမ်းအတွက်ပေးချေပြီးပြီဆိုတော့မင်းတို့သွားလို့ရပြီ” လို့ ပြောလိုက်သည်။
ရီပိုင်နဲ့ ကျောက်မင်တို့က ဘာမှ မပြောဝံ့ပေ။ ကြိုးကို ဖြည်ပေးလိုက်သည်နှင့် တပြိုင်နက် သူတို့သည်ချက်ချင်းထွက်ပြေးလိုက်ကြတော့လေသည်။
“ဗွမ်း!”
သို့သော်…
ခြေတစ်လှမ်းသာ ပြေးလိုက်ပြီးနောက်သူတို့မတော်တဆ တစ်ခုခုကို နင်းမိသွားကြသည်။
ကောက်ကျစ်သောအကြံကိုပေးသောလူက ချက်ချင်းဒေါသတကြီးပြောလိုက်သည်။”ဖာ့ မင်းက ငါ့တို့ရဲ့ ခမ်းနားတဲ့ ကျောက်စိမ်းလက်ကောက်ကိုကျိုးအောင်လုပ်ရဲတယ်ပေါ့...”
စကားပြောပြီးနောက်သူခြေထောက်ကို မြှောက်ပြီး ရီပိုင်နဲ့ ကျောက်မင် တို့ကို ခြေထောက်နဲ့ကန်လိုက်လေသည်။
“ဗွမ်း!”
“ဗွမ်း!”
ရီပိုင်နှင့် ကျောက်မင်တို့သည် အချိန်အတိုင်းအတာတစ်ခုအထိ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့ကြသည်။
ထို့ကြောင့်သူတို့သည်ယခုအကန်ခံရသောအခါသူတို့သည်မြေပြင်ပေါ်သို့ချက်ချင်းပြုတ်ကျသွားလေသည်။
ခဏအကြာတွင် ရှေ့ဆုံးတွင်ရပ်နေသော အစ်ကိုကျောက်က “ဒီကျောက်စိမ်းလက်ကောက်က အကောင်းဆုံးရေခဲအမျိုးအစားဖြစ်ပြီး ယွမ် 10 သန်းတန်ဖိုးရှိတယ်။ဒါကြောင့်မင်းတို့အဲ့စျေးအတိုင်းလျော်ပေးရမယ်။မဟုတ်ရင်ဒီကထွက်ဖို့ကိုမျှော်လင့်မထားနဲ့တော့ “
“သူတို့ကို့ပြန်ချည်ထားလိုက်”
ရီပိုင် နှင့် ကျောက်မင်တို့သည် ၎င်းတို့၏ ခန္ဓာကိုယ်များတွင် ဒဏ်ရာများစွာဖြင့်ကြိုးပြန်ချည်ခြင်းကိုခံလိုက်ရလေသည်။
ထို့နောက် ညီအစ်ကို ကျောက်သည် သူ၏ ဆဲလ်ဖုန်းကို ထပ်မံ ထုတ်ယူကာ ဖုန်းခေါ်ဆိုသည်။
ခဏအကြာတွင်၊ ခေါ်ဆိုမှုကချိတ်ဆက်သွခဲ့သည်။
ဟေးမင်း က “သူတို့ကို လွှတ်လိုက်ပြီလား။”
အစ်ကိုကျောက် က “ငါက သူတို့ကို လွှတ်လိုက်တာနဲ့သူတို့က အာဃာတကြီးနဲ့ ငါ့ရဲ့10 သန်းတန်တဲ့ အကောင်းဆုံးရေခဲလက်ကောက်ကို ရိုက်ချိုးပစ်လိုက်တယ်။”
“ဒါကြောင့်မင်းတို့၁၀ သန်း မပေးရင် သူတို့ အလောင်းတွေကိုလာကောက်ထားလိုက်တော့”
စကားပြောပြီးတာနဲ့ ဖုန်းကို တိုက်ရိုက်ချလိုက်လေသည်။
...
စူပါမားကတ်။
“တိတိ”
ဖုန်းထဲတွင်ပြေညသောစကားကိုနားထောင်ပြီးနောက်ဟေးမင်းသည် ကုလားထိုင်တွင်ထိုင်ချလိုက်ပြီး သူမရဲ့ မျက်လုံးထဲက မျက်ရည်ပူတွေ ထွက်လာလေသည်။
သူ့ဘေးနားက လူဂိုဟန် က “ညီမဟေးဘာကိစ္စရှိလို့လဲသူတို့ကလွှတ်ပေးလိုက်ပြီလား”
ဟေးမင်းကငိုရင်း “ရီပိုင် နဲ့ ကျောက်မင်က သူတို့ရဲ့ ရေခဲလက်ကောက်ကို ကျိုးအောင်လုပ်လိုက်တယ်လို့ပြောတယ်။ သူတို့က ၁၀သန်းမပေးရင် အလောင်းတွေကိုကောက်ဖို့ပြင်ထးတယ်”
“ဘာ.....”
လူဂိုဟန် သည် ထိုစကားကိုကြားသောအခါတွင် သူမသည်မြေပြင်ပေါ်သို့ လဲကျသွားခြင်း လေသည်။
“၁၀သန်း...”
“၁၀သန်း...”
လူဂိုဟန်သူမလည်း ချက်ချင်းမျက်ရည်များဝဲလာကာငိုနေတော့သည်။
အစောပိုင်းတွင် ၎င်းတို့နှစ်ဦးရှိစုစုပေါင်းပိုက်ဆံသည်ယွမ် ၂.၇ သန်းသာရှိသည်။
ထို့နောက် ဟေးလင်းစီကနေအကူအညီတောင်းပြီးနောက်ယွမ် ၅ သန်းကိုစုဆောင်းနိုင်ခဲ့သည်။
ယွမ် 10 သန်း။
သူမတို့အိမ်နှစ်လုံးရောင်းတာတောင် ယွမ်၁၀သန်းကိုမရပေ။
“ကလင် ကလင် ကလင်!”
ထိုအချိန်တွင် ဟေးမင်း၏ဖုန်းသည် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
သူမ ဖုန်းကို တုန်လှုပ်စွာဖြင့်ကိုင်လိုက်သည်။
ဖုန်းထဲတွက်ဟေးလင်းသည် သူမငိုသံကိုကြားတော့ စိုးရိမ်တကြီးနဲ့ “အမေ၊ မင်းဘာကိစ္စရှိလို့ ငိုနေတာလဲ”
ဟေးမင်းက “အမေ... အမေ... ဘာမှမဖြစ်ပါဘူး။ အဆင်ပြေပါတယ်...”
ဟေးမင်း၏အသံသည်တုန်ခါနေလေသည်။
သူ့သမီးစီကနေယွမ်2.3 သန်းကို ခုနက ယူထားလေသည်။
နေညပ်ထပ်ယွမ်၁၀ သန်း မတောင်းချင်တော့ပေ။
တောင်းရင်လဲသူ့သမီးမှာရှိပါ့မလားသူမမသိပေ။
ဟေးလင်းက “မေမေ၊ မင်း ငါ့ကို ပြောပြ။ ဘာတွေဖြစ်နေလဲဆိုတာ’’
“မဟုတ်ဘူး...ဘာမှမဖြစ်ပါဘူး” ဟေးမင်းကတုန်လှုပ်စွာပြောလိုက်သည်။
“မေမေ၊စောင့်နေ.... မကြာခင် အိမ်ပြန်ရောက်တော့မယ်” ဟေးလင်းက ပြောလိုက်သည်။
“ဗွမ်း!”
ဟေးလင်းရဲ့အိမ်မှာ ပြဿနာရှိနေတယ်ဆိုတာကိုလင်းဖန်က သဘောပေါက်ပြီး အရှိန်မြှင့်စက်ကို နင်းလိုက်လေသည်။
ချက်ချင်းပင်၊ Cullinan(ကား)သည်သားရဲတစ်ကောင်ဟိန်းသံလိုကျယ်လောင်သောအင်ကျယ်သံဖြင့်အဝေးဆီသို့ မောင်းသွားလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန် -စောင့်ချောကြီး