← Chapters

ရောက်ရှိလာခြင်း

Vol. 32 Ch. 471

ရောက်ရှိလာခြင်း

Vol. 32 Ch. 471

ဒန်ချမ်မြို့သည် ကျန်ပေ့နှင့်ကီလိုမီတာ 300 နီးပါးဝေးလေသည်။ ပုံမှန်အားဖြင့်ကျန်ပေ့ကနေဒန်ချမ်ကို ရောက်ဖို့ အနည်းဆုံး သုံးနာရီလောက် ကြာမှာဖြစ်လေသည်။

သို့သော်....

လင်းဖန် သည် Cullinan(ကား)တွင်ပါဝင်သောမြင်းကောင်ရေ 600 နှင့် အတူ သူ၏ ကျွမ်းကျင်သော မောင်းနှင်မှုစွမ်းရည်ကို အားကိုးအားထားပြုကာ တောက်လျှောက် မောင်းနှင်လာခဲ့သည်။

နှစ်နာရီအတွင်း အဝေးပြေးလမ်းမကြီးကနေမောင်းထွက်လာပြီးအဆုံးမှာတော့ ဒန်ချမ်မှာရှိတဲ့ စူပါမားကတ်ကို ရောက်ခဲ့လေသည်။

ထို့နောက် လင်းဖန် နှင့် ဟေးလင်း တို့သည် အတူတကွ လျှောက်လှမ်းလာခဲ့ကြသည်။

ထိုအချိန်တွင် ဟေးမင်းနှင့် လူဂိုဟန်တို့သည် ထိုင်နေရင်းငိုနေကြလေသည်။

လင်းဖန် နှင့် ဟေးလက်း ကိုတွေ့ပြီးနောက် သူမတို်ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်ကြသည်။

“လင်း...လက်းဖန်မင်းရောပါတာလား” ဟု ကျယ်လောင်သော အသံဖြင့် ဟေးမင်းက ပြောသည်။

လင်းဖန်ကိုတွေ့လိုက်ရသောအခါ ဟေးမင်းသည် သူမ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအမူအရာကိုမပြပဲမနေနိုင်ပေ။

လင်းဖန်လာပြီ။

လင်းဖန်သည်ဟေးလင်းရဲ့ ချစ်သူဖြစ်သောကြောင့်သူကူညီချင်စိတ်ရှိရင် ပြဿနာမရှိပေ။

သိရန်…

ဟေးမင်းနှင့်ရီပိုင်တို့သည် ကျန်ပေ့သို့ အတူသွားသောအခါ လင်းဖန်ပိုင်ဆိုင်သော စူပါကားနှင့် အိမ်ကြီး 10 လုံးကို တွေ့လိုက်ရလေသည်။

ထို့အပြင် လင်းဖန်သည် ရှောင်ဝူလက်ကားစီးတီးရှိ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားကြောင့်သူတို့သိလိုက်သည်။

ရှောင်ဝူလက်ကားစီးတီးသည် ဘီလီယံဆယ်နှင့်ချီတန်လေသည်။

တစ်နည်းဆိုရသော်လင်းဖန်သည် အနည်းဆုံး ဘီလီယံပေါင်းများစွာကိပြိုင်ဆိုင်လေသည်။

သူမစူပါမားကတ်၏လုပ်ငန်းသည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း အလွန်ရေပန်းစားလာခဲ့သည်။

ဒါတွေအားလုံးက လင်းဖန်ကြောင့်ပင်ဖြစ်လေသည်။

ဟေးလင်းက “မေမေ၊ ဘာဖြစ်တာလဲ၊ အဖေကော။”

ရီပိုင်အကြောင်းကြားတော့ဟေးမင်းသည်မထိန်းနိုင်ပဲ​မျက်ရည်များအဆက်မပြတ်ပြန်ကျလေတော့သည်။

တုန်လှုပ်သောအသံဖြင့် သူမသည် အဖြစ်အပျက်ကို များကိုပြန်ပြောပြလိုက်သည်။

ဤကာလအတွင်း သူမတို့၏စူပါမားကတ် ၏လုပ်ငန်းသည် အလွန်ကောင်းမွန်ခဲ့သည်။

လစဉ် အမြတ်ငွေ သိန်းနှင့်ချီ ပြီးရှိလေသည်။

လွန်ခဲ့သည့်လအနည်းငယ်အတွင်း ရီပိုင်သည် ငွေအမြောက်အမြားစုဆောင်းမိခဲ့သည်။

ရီပိုင်သည် ကျောက်စိမ်းသည် အလွန်အမြတ်အစွန်းထွက်သည်ဟု လူအများပြောသည်ကို ကြားဖူးလေသည်။

ထို့ကြောင့်ရီပိုင်နှင့်ကျောက်မင်တို့သည်ဒန်နိုင် နိုင်ငံကို သွားခဲ့ကြလေသည်။

သို့သော်…

သိပ်မကြာခင်မှာပဲ ဟေးမင်း နဲ့ လူဂိုဟန် တို့သည်ရီပိုင်နှင့်ကျောက်မင်တို့သည်ဒန်နိုင်ငံမှာရှိတဲ့ အကောင်းဆုံးကျောက်စိမ်းတုံးကိုဖျက်ဆီးလိုက်မိသောကြောင့်သူတို့ကိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။သူတို့ကို ပြန်လွှတ်ပေးဖို့အတွက် ယွမ် ၅ သန်း ပေးဆောင်ရမယ်လို့ ဆိုလိုက်သည်။

အကယ်၍ တရုတ်နိုင်ငံတွင်သာဆိုလျှင် ဟေးမင်း နှင့် လူဂိုဟန်တို့သည် မဆိုင်းမတွ ရဲခေါ်ရန် သေချာပေါက် ရွေးချယ်ကြမည်ဖြစ်သည်။

ရီပိုင် နဲ့ ကျောက်မင်တို့သည်ယခုက နိုင်ငံခြားမှာ ရှိနေတာဖြစ်သောကြောက့်သူမတို့သည်သူတို့တောင်းသောပိပြ်ဆံကိုသာပေးဖို့တတ်နိုင်လေသည်။

ဟေးမင်းနှင့် လူဂိုဟန်တို့၏ စုစုပေါင်းပိုက်ဆံသည်ယွမ် ၂.၇ သန်းသာ ရှိခဲ့သည်။

ထို့ကြောင့်ဟေးမင်းသည်ဟေးလင်းကိုဖုန်းဆက်ကာ 2.3 သန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဟေးမင်း သည် စုစုပေါင်း ယွမ် ၅ သန်းကိုပို့ပေးခဲ့သည်။

သူမတို့သည်ဒီကိစ္စကိုပြီးသွားပြီလို့ ထင်နေကြသည်။

သို့သော်ရီပိုင်နှင့်ကျောက်မင်တို့ကသူတို့ရဲ့အကောင်းဆုံးလက်ကောက်ကိုကျိုးအောင်လုပ်လိုက်တယ်လို့တစ်ဖက်က ပြောလေသည်။

10 သန်းသာမပေးရင် သူတို့ရဲ့ အလောင်းတွေကို လာကောက်လို့ပြောသည်။

...

ဟေးလင်းသည်ဟေးမင်းပြောသောစကားကိုနားထောင်ပြီးနောက် သူမ၏ လှပသော မျက်နှာသည် ဖျော့တော့သွားလေသည်။

ကြောက်စရာကောင်းသောအဖြစ်အပျက်အချို့သည်သူမစိတ်ထဲတွင်ပေါ်လာလေသည်။

ဒန် နိုင်ငံမှာ ဘယ်လိုညှဉ်းပန်းနှိပ်စက်မှုမျိုးတွေ ခံစားနေရသလဲဆိုတာကို သူမတွေးရင်းနဲ့ကြောက်လာလေသည်။

လင်းဖန်သည် ဟေးလင်း၏ ပခုံးကို ပုတ်လိုက်ပြီး “ စိတ်မပူပါနဲ့ အလုံးအဆင်ပြေသွားမှာပါ “ လို့ ပြောလိုက်လေသည်။

လင်းဖန်၏စကားကိုကြားသောအခါဟေးလင်းသည်၏ ခေါင်းညိတ်ပြလိုက်သည်။

လင်းဖန်​ကဟေးမင်းကို “အန်တီ၊ တစ်ဖက်လူရဲ့ဖုန်းနံပါတ်ကို ပြပေးနိုင်မလား?”

ဟေးမင်းက ဖုန်းကို တိုက်ရိုက် ပေးလိုက်ပြီးဖုန်းနံပါတ်ကိုပြလိုက်လေသည်။

ထို့နောက် လင်းဖန် က သူ့လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီကို “ရှောင်ဘိုင် ဒီနံပါတ်ရဲ့ တည်နေရာ၊ အဲ့လူနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကိုခြေရာခံနိုင်မလား?”

စူပါစမတ်နာရီသည် ပြတ်သားသောအသံထွက်ပြီး “ငါ့ကိုသာအပ်ထာားလိုက်ပါ သခင်” ဟုပြောလိုက်သည်။

စက္ကန့်အနည်းငယ်မျှကြာပြီးနောက်

အချက်အလက်အားလုံး ဖန်သားပြင်ပေါ်တွင် ပေါ်လာလေသည်။

လင်းဖန်သည် အနည်းငယ် ခေါင်းညိတ်ကာ သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။

ခဏအကြာတွင် ခေါ်ဆိုမှု ချိတ်ဆက်ခဲ့သည်။

အထဲမှာ “ဟေး၊ မင်းဘယ်သူလဲ” ဟု အသံတစ်ခုထွက်လာသည်။

“ငါက လင်းဖန်” လင်းဖန်က ပြောသည်။

ဖုန်းထဲက အသံက ရုတ်တရတ် အလွန်လေးစားသောအသံထွပ်ပေါ်လာငည်။

“မင်္ဂလာပါ ဆရာ။”

ဤပုဂ္ဂိုလ်သည်ချင်ဟိမန်ဂိုဏ်းရှိအဖွဲ့ဝင်ဖြစ်ပြီးလင်းဖန် နှင့် တွေ့ဆုံရန် ကျန်ပေ့သို့ရီရေီာင်နဲ့အတူ ရောက်လာသောသူဖြစ်သည်။

အဲဒီနေ့အင်ပါယာဟိုတယ်မှာ ရှိစဉ်တုန်းက အားလုံးက လင်းဖန်ကို တလေးတစားနဒ့သူတို့ရဲ့အဆက်အသွယ်ကတ်ပြားတွေ ကိုပေးလိုက်ကြလေသည်။

ထိုအချိန်တွင် လင်းဖန်သည် စီးပွားရေးကတ်ပြားများကို ပေါ့ပေါ့ပါးပါး တစ်ချက်သာကြည့်လိုက်သည်။

သို့သော်၊ စကင်န်ဖတ်နိုင်သောအစွမ်းရှိသောကြောင့် စီးပွားရေးကတ်ရှိ အချက်အလက်အားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေလေသည်။

ယခုအဖြစ်အပျက်ကြောင့်လင်းဖန်သည် ဒန်အမ်အေတီ၏ ဥက္ကဌ လုံကျောက်ဟောင် ကိုသတိရမိသည်။

အမ်အေတီသည် ဒန်နိုင်ငံတွင် အကြီးဆုံး အိမ်ခြံမြေကုမ္ပဏီ၊ လုံခြုံရေးကုမ္ပဏီ၊ ဟိုတယ်၊ လေကြောင်းလိုင်း စသည်တို့ကို ပိုင်ဆိုင်လေသည်။

လင်ဖန်းသည် အလွန်အကျွံစကားမပြောဘဲ သူပြောချင်တာကိုတိုက်ရိုက်ပြောလိုက်သည်။ “ငါ့ရည်းစားရဲ့အဖေနဲ့သူ့သူငယ်ချင်းက ဒန်နိုင်ငံရဲ့ **** ရှိတယ်၊ တိကျတဲ့အချက်အလက်ကို နောက်မှ ပို့ပေးလိုက်မယ်၊ မင်း သူတို့ကို ကယ်ပေးနိုင်မလား”

ဂိုဏ်းသခင်ရဲ့ရည်းစား၏ဖခင်သည် ဒန် ၏နိုင်ငံရဲ့****မှာဖမ်းဆီးထားဝံ့တာလား။

ဖာ့ပဲ။

“ဗွမ်း!”

လုံကျောက်ဟောင် ၏ နှလုံးသားတစ်ခုလုံး ခုန်ပေါက်သွားပြီး “ဟုတ်ကဲ့!”

ဖုန်းချပြီးနောက် လုံကျောက်ဟောင်သည် သူ့နဖူးတွင် အေးစက်သော ချွေးစက်များကိုသုတ်လိုက်လေသည်။

“ဒင်ဒေါင်!”

ထိုအချိန်တွင်၊ လုံကျောက်ဟောင်၏ မိုဘိုင်းလ်ဖုန်းတွင်ပြန်ပေးဆွဲသူ၏ ဖုန်းနံပါတ်၊ အထောက်အထား၊ သက်ဆိုင်ရာ အမှုထမ်း၊ လိပ်စာ အစရှိသည့် အချက်အလက်များပေါ်လာလေသည်။

အချက်အလက်ကိုမြင်ပြီးနောက် လုံကျောက်ဟောင် သည် ဖုန်းခေါ်ဆိုမှုတစ်ခုပြီးတစ်ခု အလျင်အမြန်ခေါ်ဆိုလိုက်သည်။

ခဏအကြာတွင်။

ဟယ်လီကော်ပတာများ၊ ကားရာပေါင်းများစွာသည် ဒန်နိုင်ငံရှိ ...ပျက်စီးနေသောစက်ရုံဆီသို့ လျင်မြန်စွာ မောင်းနှင်လာခဲ့သည်။

...

ယခုအချိန်တွင် ပျက်စီးသော စက်ရုံ၊

ရီပိုင် နှင့်ကျောက်မင်တို့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လှုပ်လို့ပင်မနိုင်သည့်အ​​ခြေအနေတွင်ရှိနေလေသည်။

အစ်ကို ကျောက်နဲ့ တက်တူးထိုးထားတဲ့ အမျိုးသားတွေက အရက်သောက်ရင်းဖဲကစားနေကြသည်။

တက်တူးထိုးထား​သောအမျိုးသားတစ်ယောက်က ကတ်ပြားတွေကို မြေကြီးပေါ် ပစ်ချပြီး “ကျွန်တော် အပြင်ထွက်ပြီး အပေါ့စွန်းလိုက်အုံးမယ်’i လို့ ပြောလိုက်သည်။

စကားပြောပြီးနောက် အပြင်ဘက်သို့ ထွက်လိုက်သည်။

သူ့ဘောင်းဘီဇစ်ကိုဖြုတ်လိုက်တာနဲ့လေထဲကနေအသံများကိုကြားလိုက်ရလေသည််။

ထို့ကြောင့်ထိုလူသည်လဲလေထဲသို့ မော့ကြည့်ရုံမှတပါး မကူညီနိုင်ပေ။

မကြာမီ ရဟတ်ယာဉ်သုံးစင်း ဖြည်းညှင်းစွာ ဆင်းသက်လာသည်ကို သူတွေ့လိုက်ရသည်။

ဤနေရာတွင် ရဟတ်ယာဉ် အဘယ်ကြောင့်လာသနည်းဟုတွေးလိုက်သောအခါသူတို့စီသို့ကားရာပေါင်းများစွာသည် လျင်မြန်စွာ ဖြတ်လာသည်ကိုတွေ့လိုက်သည်။

ထို့နောက် လူအုပ်ကြီးသည် ကားပေါ်မှ ဆင်းလာခဲ့သည်။

ဤမြင်ကွင်းကိုမြင်ပြီးနောက်ထိုသူသည်ထိတ်လန့်သွားသည်။

မကြာခင်…

သူသည် လူအုပ်ထဲရှိထိပ်ပြောင်သောလူကို ကြည့်ရင်း၊ သူဘောင်းဘီဇစ်ကိုအမြန်ဆွဲကာ“…ဘော့စ်မာ...၊ ဘာလို့ ဒီကို ရောက်နေတာလဲ”

မာဟောင်တောင်သည် မြောက်ဘက်ပိုင်းတစ်ခုလုံး၏ သူဌေးဖြစ်သည်။

ပျက်စီးနေသော စက်ရုံရှိ အစ်ကို ကျောက်သည် မြောက်ပိုင်းဒေသရှိ လမ်းတစ်ခု၏ သူဌေးငယ်မျှသာဖြစ်သည်။

ထိုအမျိုးသားသည် မာတောက်ဟောင်ကို အဝေးမှ တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးသည်။

ပျက်နေတဲ့စက်ရုံကို တစ်ဖက်လူက တစ်နေ့ လာပြီး သူ့ဆီ လာမယ်လို့ မထင်ခဲ့ပေ။

မာဟောင်တောင်က စကားလုံးဝမပြောဘဲ ထိုအမျိုးသားကိုအေးစက်စက် ကြည့်နေလိုက်သည်။

ထိုအကြည့်တစ်ချက်ကြောင့်ထိုအမျိုးသားကိုကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters