အပြစ်ပေးခြင်း
Vol. 32 Ch. 472
ထို့နောက်မာဟောင်တောင်သည်ဘာမှပြန်မပြောဘဲ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။
သူ့နောက်က လူနှစ်ယောက်က ထိုအမျိုးသားကို တီးလေတော့သည်။
ထို့နောက် ထိုအမျိုးသား၏လည်ပင်းကို ကိုက်ကာ မာဟောင်တောင်နောက်သို့ လိုက်လာခဲ့သည်။
အစ်ကိုကျောက်နှင့်တခြားသူများသည်လဲတစ်ခုခုမှားနေတာကို သတိပြုမိလိုက်ကြသည်။ထို့ကြောင်သူတို့သည်စက်ရုံအဝင်ဝကိုကြည့်လိုက်ကြလေသည်။
လူအုပ်ကြီးကို မြင်သောအခါ အားလုံးအံ့သြသွားကြသည်။
သူတို့စကားပြောတာကိုစောင့်မနေဘဲ လူအုပ်စုကြီးတစ်စုက ရှေ့ကိုရောက်လာပြီး သူတို့အားလုံးကို မြေပြင်ပေါ်ကျအောက်ထိုးလိုက်ကြလေတော့သည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသည့် လုံကျောက်ဟောင်သည် ၎င်းတို့ကို လုံးဝဂရုမစိုက်ဘဲ အထဲသို့ အမြန်လျှောက်သွားခဲ့သည်။
မြေပြင်ပေါ်တွင် ဒဏ်ရာများဖြင့် ကြိုးချည်ခံထားရသောရီပိုင် နှင့်ကျောက်မင်ကိုတွေ့သောအခါ သူ့မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် ရှေ့သို့ ကမန်းကတန်း ပြေးလာပြီး ကြိုးများကို ဖြည်ပေးလိုက်သည်။
ရီပိုင်နှင့်ကျောက်မင်တို့သည်ပထမဆုံးအကြိမ် ကြိုးဖြည်လိုက်သောအခါ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားချင်ကြသည်။
ထို့ကြောင့်မျက်စိတစ်မှိတ်အတွင်းမှာပဲ အကောင်းဆုံးလက်ကောက်ကို ကျိုးအောင်လုပ်တယ်လို့ ပြောကာပြင်းထန်စွာ ရိုက်နှက်ခဲ့သည်။
ထို့ကြောင့်ယခုအခါကြိုးဖြည်ပေးသောအခါတွင်လည်းသူတို့သည်မြေကြီး ပေါ် မှာ တုန်တုန်ယင်ယင် ဖြစ် နေကာက ထ မပြေး ဝံ့ ကြပေ။
လုံကျောက်ဟောင် က “မင်းတို့ကမစ္စတာရီပိုင်နှင့်မစ္စတာကျောက်မင်တို့ဖြစ်မယ်။မစ္စတာလင်းဖန်က မင်းတို့ကို ကယ်တင်ဖို့ တောင်းဆိုထားတယ်။ဒါကြောင့်မင်းတို့စိတ်ပူစရာမလိုတော့ဘူး”
လင်းဖန်?
ရီပိုင်သည်ထိုနာမည်ကိုကြားပြီးနောက် သူ့နှလုံးသားတစ်ခုလုံး အနည်းငယ် ငြိမ်သက်သွားလေသည်။
သူက ထိုင်လိုက်ပြီး “မင်း... မင်းကငါတို့ကို ကယ်တင်ဖို့ လင်းဖန်လွှတ်လိုက်တဲ့လူလား။”
“ဟုတ်တယ်၊ ဒီမှာဖုန်းမှတ်တမ်း” လုံကျောက်ဟောင် သည် စကားပြောနေစဉ်တွင် သူ၏ ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို ပြလိုက်သည်။
ဒါကိုကြည့်ပြီးရီပိုင်သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် လုံကျောက်ဟောင်သည်ရီပိုင် နှင့် ကျောက်မင်တို့ကို မတ်တပ်ရပ်နိုက်အောင်ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့ပြီး ရှေ့သို့လျှောက်လာကြသည်။
လုံကျောက်ဟောင်သည် ရီပိုင်နှင့် ကျောက်မင်တို့ကိုရင်ဆိုင်ရာတွင်လေးစားသောအမူအာဖြင့်ရှိနေလေသည်။
သို့သော် အစ်ကိုကျောက်ဆိုတဲ့လူအုပ်စုကို မြင်သောအခါလုံကျောက်ဟောင်၏ မျက်နှာသည် ချက်ချင်းအေးစက်သွားလေသည်။
ဒန်နိုင်ငံသည်သူ၏ကိုယ်ပိုင်နယ်မြေဖြစ်သည်။
ရလဒ်ကတော့ လင်းဖန်ရဲ့ ရည်းစားအဖေကိုဖမ်းဆီးထားသည်။
ထို့အပြင် ရိုက်နှက်ထားသေးသည်။
ဒါက လုံးဝ... ခွင့်မလွှတ်နိုင်စရာပင်ဖြစ်သည်။
မာဟောင်တောင်သည် လုံကျောက်ဟောင်မျက်နှာပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါသူ့နှလုံးခုန်သွားသည်။
လူအများက သူ့ကို ဘော့စ်လို့ ခေါ်တာကို မကြည့်ပါနှင့်။
ဒန်နိုင်ငံတွင်အမှန်တကယ် ချမ်းသာပြီး တန်ခိုးကြီးသူများ၏အမြင်တွင်၊ သူသည်ခွေးတစ်ကောင်သာဖြစ်သည်ကိုသူသာသိလေသည်။
ဒီနေ့ ဒီကိစ္စကို သေသေချာချာ မကိုင်တွယ်နိုင်ရင်သူ့ဘဝအဆုံးသတ်ပြီဆိုတာကိုသဘောပေါက်လိုက်လေသည်။
မာဟောင်တောင်က ယုတ်မာသောအကြံပေးသောသူ၊အစ်ကိုကျောက်နှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အခြားလူများကို “ပြောလေ၊ ဘယ်သူကဒီကမစ္စတာနှစ်ယောက်ကို မကောင်းကြံသနည်း” ဟု အော်ပြောလိုက်သည်။
အစ်ကိုကျောက်နှင့် အခြားလူများ အားလုံး တုန်လှုပ်သွားသော်လည်း စကားမပြောဝံ့ကြပေ။
မဟောင်တောင်က အေးစက်စွာပြောလိုက်သည်။ “ကောင်းပြီ၊ မင်းတို့ကားမပြောဘူးလား၊ကောင်းတယ်မပြောနဲ့၊အကုန်လုံးသူတို့လက်နှစ်ဖက်ကို ဖြတ်ပစ်လိုက်!”
အစ်ကို ကျောက်နှင့် အခြားသူများ ဤသည်ကိုကြားသောအခါ သူတို့၏အမူအရာများ ရုတ်တရက်ပြောင်းလဲသွားကာ လူအချို့က စကားပြောချင်လာကြသည်။
ဒါပေမယ့်…
နောက်ကျသွားပြီဖြစ်သည်။
မုတ်ဆိတ်မွေးရှိသူတစ်ဦးသည် သူ့လက်ထဲတွင် ဓားကြီးတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး တက်တူးထိုးထားသည့် အမျိုးသား၏ လက်ကို တိုက်ရိုက်ခုတ်ထစ်လိုက်သည်။
မကြာမီပျက်စီးနေသော စက်ရုံတွင် နာကျင်စွာအော်သံက ချက်ချင်းပဲ့တင်ထပ်သွားလေသည်။
မုတ်ဆိတ်မွေး ယောက်ျား၏ မျက်နှာသည် မပြောင်းပဲရှိနေလေသည်။
ဓားကို မြှောက်ပြီး နောက်ထပ်လက်ကိုထပ်ခုတ်လိုက်လေသည်။
“ဖောင်း!”
ဒုတိယလက်က ပြတ်ကာသွေးများဆက်တျုက်ထွက်နေလေသည်။
ဤမြင်ကွင်းသည်အစ်ကိုကျောက် နှင့် အခြားသူများကို တိုက်ရိုက် ထိတ်လန့်စေသည်။ သူတို့မျက်နှာတွေက ဖြူဖျော့ကာအရူးအမူး ရုန်းကန်ရင်းအော်ပြောကြတော့သည်။ “ဒါက လျီရှောင် နဲ့ အစ်ကိုကျောက်ပါ”
သို့သော် မုတ်ဆိတ်မွေး ယောက်ျားကသူတို့ပြောတာကို မကြားရပုံရသည်။
ဓားကို ဆက်ဆွဲပြီးနောက်တစ်ယောကိုထပ်ခုတ်လေသည်။
ပျက်စီးနေတဲ့ စက်ရုံတွင်နာကျင်မှုကြောင့်အော်သံများနှင့်ပဲ့တက်ထပ်သွားလေသည်။
ရီပိုင်နဲ့ ကျောက်မင် တို့ဟာ ဒီလို ကြောက်စရာကောင်းတဲ့ မြင်ကွင်းတွေကို တစ်ခါမှ မမြင်ဖူးကြသောကြောင့်သူတို့ရဲ့ မျက်နှာတွေကလည်း ဖြူဖျော့လို့သွားလေသည်။
ညီအစ်ကိုကျောက်နှင့် အခြားသူများ၏ လက်များကို ဖြတ်ပြီးနောက်လုံကျောက်ဟောင် သည် ဖြည်းညှင်းစွာ လှည့်ကာ “မစ္စတာတို့ နှစ်ယောက်၊ ကောင်းကောင်း အနားယူဖို့ ဟိုတယ်ကို ခေါ်သွားလိုက်ပါ”
ထိုအချိန်တွင် ရီပိုင် နှင့်ကျောက်မင်တို့က အမြန်ထွက်သွားချင်နေသောကြောင့်မြန်ခေါင်းညိတ်ပြလိုက်သည် ။
မာဟောင်တောင်က “မစ္စတာတို့ နှစ်ယောက်၊ ငါ အောက်ခြေလူတွေကို ဂရုမစိုက်မိလို့တောင်းပန်ပါတယ်။ မင်းလူကြီးတို့ကဒါကိုခွင့်လွှတ်ပေးဖို့မျှော်လင့်တယ်”
စကားပြောနေစဉ်တွင် ဘဏ်ကတ်နှစ်ခုကို ထုတ်ပေးလ်ုက်သည်။
...
ဟွာရှ။ ...စူပါမားကတ်။
ဟေးမင်းက “လင်း...လင်းဖန်၊ ဟေးလင်းရဲ့အဖေ တကယ်အဆင်ပြေရဲ့လား” လို့ မမေးပဲမနေနိုက်ချေ။
လင်းဖန်သည် အလွန်ချမ်းသာကြောင်း သူမသိသည်။
သို့သော်၊ နောက်ဆုံးတွင်၊ ၎င်းသည် ဒန်နိုင်ငံ၌ဖြစ်သည်။
ထို့အပြင် ၎င်းကိုငွေဖြင့်ဖြေရှင်းနိုင်သော အရာမဟုတ်ပေ။
လင်းဖန်က “အန်တီ စိတ်မပူပါနဲ့၊ ငါ့သူငယ်ချင်းက ဒန်နိုင်ငံမှာ အရည်အချင်းတစ်ချို့ရှိတယ်၊ အဆင်ပြေသွားလိမ့်မယ်။”
ဟေးမင်းခေါင်းညိတ်လိုက်သည်။
သို့သော်လည်း သူမမျက်နှာတွင် စိုးရိမ်မှုအရိပ်အမြွက်ရှိနေသေးသည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင်ဟေးမင်း၏ လက်ကိုင်ဖုန်းသည် အသံမြည်လာသည်။
ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို သူမ တစ်ချက်ကြည့်လိုက်တော့ ရီပိုင်ဆိုတာကိုတွေ့လိုက်တော့သူမချက်ချင်းကိုင်လိုက်လေသည်။
“ရီပိုင်၊ ရီပိုင်နစ်ကယ် မင်းပဲလား။”
ဖုန်းထဲတွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ငါပါ”
ဟေးမင်းသည်ဒီအသံကိုကြားပြီးနောက် ချက်ချင်းမျက်ရည်တွေကျလာပြီး “ရီပိုက် အခုအဆင်ပြေပြီလား? အဲဒီလူတွေက မင်းနဲ့ကျောက်မင်ကို လွှတ်လိုက်တာလား။”
“သူတို့က ငါနဲ့ကျောက်မင်လွှတ်ပေးလိုက်ပြီ။” ရီပိုင် သည်အစ်ကို ကျောက် နှင့် အခြားသူများ လက်ခုတ်ခံရသည့် မြင်ကွင်းကို ပြန်တွေးမိသောအခါသူ့မျက်နှာ ဖြူဖျော့သွားခဲ့သည်။
ခေတ္တနားပြီးနောက် ရီပိုင်က “ဘာလို့ဆိုလင်းဖန်ရဲ့ သူငယ်ချင်းက ငါတို့ကို ကယ်ခဲ့လို့ပါ’’
သူသည်ပျက်စီးနေသော စက်ရုံမှ ထွက်လာသောအခါ ရာနှင့်ချီသော ကားများနှင့် ရဟတ်ယာဉ်သုံးစင်း အပြင်ဘက်တွင် တွေ့လိုက်သည့် မြင်ကွင်းကို ပြန်သတိရမိလိုက်သည်။
ခဏအကြာတွင်ရီပိုင်က “ဒါကြောင့်မင်းငါတို့အတွက်စိတ်မပူနဲ့တော့”
“ကောင်းတယ်ကောင်းတယ်!” ဟေးမင်းက စိတ်လှုပ်ရှားစွာနဲ့ “ဒါဆို မင်းဘယ်တော့ပြန်လာမှာလဲ”
“ဒီနှစ်ရက်အတွင်းဖြစ်မယ်…”ရီပိုင် က ပြောသည်။
...
ဟေးမင်းဖုန်းကို ချလိုက်ပြီးနောက် သူမက “အဆင်ပြေပါတယ် ရီပိုင် နဲ့ ကျောက်မင်တို့ အဆင်ပြေကြတယ်!”
လူဂိုဟန်က ဝမ်းသာအားရငိုပြီး “အဆင်ပြေရင် ရပြီ၊ရပြီ၊ရပြီ!”
ဟေးလင်းသည် လင်းဖန်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး “လင်းဖန်ကျေးဇူးတင်ပါတယ်” ဟုတိုးတိုးလေးပြောလိုက်သည် ။
သူမသည်ဖုန်းထဲရှိ အသံကို မကြားရပေ။
သို့သော်လည်း ဟေးလင်းသည် ဤအရာအားလုံးသည် လင့းဖန်ကြောင့်ဆိုတာကိုသူမနားလည်သည်။
ဟေးမင်း က “လင်းဖန် ကျေးဇူးတင်ပါတယ်”
လူဂိုဟန် ကလဲ“ကျေးဇူးတင်ပါတယ်” လို့ပြောလိုပ်လေသည်။
လင်းဖန်က “ဒါက ငါလုပ်သင့်တာပါ…”
(စူပါမားကတ်ဆိုတာကဟေးမင်းတို့ဖွင့်ထားတာပါ။သုံးထပ်တိုက်လိုမျိုးပါ။အောက်ထပ်နှစ်ထပ်ကစျေးဆိုင်ဖြစ်ပြီးအပေါ်ထပ်ကသူတို့နေတာပါ။ဒါကြောင့်သူတို့နေတဲ့နေရာကိုစူပါမားကတ်လို့သုံးလိုက်ရတာပါ)
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး