အကောင်ကြီးရောက်လာခြင်း
Vol. 32 Ch. 473
မကြာမီဟေးလင်းက သူ့အဖေပြန်လာတာကိုစောင့်နေပြီး လင်းဖန်ကတော့ကျန်ပေ့ကိုပြန်လာလိုက်လေသည်။
ယခုတစ်ကြိမ်တွင် သူမ၏ဖခင်သည် ဒန်နိုင်ငံ၌ အသတ်ခံခဲ့ရလုနီးပါးဖြစ်ခဲ့လေသည်။သမီးတစ်ယောက်အနေနဲ့သူမအဖေပြန်လာတာကိုစောင့်ပြီးနေသင့်လေငည်ာယ
မူလက လင်းဖန် သည်ရီပိုင်ကိုဟေးလင်းနှင့်အတူ စောင့်ချင်ခဲ့သည်။
သို့သော်လည်း ဟေးလင်းကလင်းဖန်စောင့်မှာကို ငြင်းဆိုခဲ့သည်။
သူမသည်လငးဖန်နှင့်အတူမနေချင်လို့မဟုတ်ပေ။
တစ်နည်းဆိုရသော် သူမသည်လင်းဖန် နှင့် ထာဝရနေချင်သည်။
သို့သော်....
ဟေးလင်းက လင်းဖန်သည် သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး သိပ္ပံပညာရှင်ကောင်းတစ်ဦးဟု လဲသူမထင်မြင်မိသည်။
ထို့အပြင်ကုမ္ပဏီတွေ အများကြီးကိုလဲပိုက်လေသည်။
ထို့ကြောင့်သူအရမ်းအလုပ်ရှုပ်နေရမည်ဟုထင်နေလေသည်။
သူမကြောင့် လင်းဖန်၏ကိစ္စများကို မနှောင့်နှေးချင်ပေ။
လင်းဖန်သည် အတန်ကြာအောင် တွေးတောပြီးနောက်ကျန်ပေ့သို့ပြန်လာရန်ဆုံးဖြတ်ခဲ့သည်။
သူသည်ဟေးလင်းစကားကြောင့်သာမဟုတ်ပေ။ထို့အပြင်သူသည် ဟန်တီ ထံမှ စာသားမက်ဆေ့ချ်ကို လက်ခံရရှိသည်။ဒါကရိုင်မန်ယူဆချက်ဆိုင်ရာ ဟောပြောပွဲကို မနက်ဖြန် နံနက် ၉ နာရီတွင် အန်ဒီတာဝမ်းတွင် ကျင်းပမည်ဖြစ်ကြောင်း ဆိုတာပင်ဖြစ်သည်။
ထို့ကြောင့်လင်းဖန်သည်Cullinan(ကား)ဖြင့်ကျန်ပေ့ဆီသို့ မောင်းနှင်လာခဲ့သည်။
လင်းဖန်ကျန်ပေ့ပြန်ရောက်သောအခါ ညနေစောင်းနေပြိဖြစ်ဖြစ်သည်။
လင်းဖန်သည် ဆိုဖာပေါ်တွင် လဲလျောင်းနေရင်းဖုန်းသုံးနေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း တစ်နေ့တာ ကုန်လွန်သွားလေသည်။
...
နောက်တစ်နေ့။
မြေကြီးများသည နည်းနည်းစိုနေလေသည်။ထို့အပြင်သစ်ရွက်များတွင်လည်းရေစက်ကလေးများကိုတွေ့ရလေသည်။
သေချာသည်မှာ မနေ့ညက မိုးရွာခဲ့တယ်ဆိုတာပင်ဖြစ်သည်။
ပိုးကောင်ငယ်လေးများသည် သူတို့အသိုက်ထဲမှ ဖြည်းညှင်းစွာ တွားလာပြီး ချိုမြသော မိုးရေအနည်းငယ်ကို တိတ်တဆိတ် သောက်နေကြသည်။
ထို့အချိန်တွင် ငှက်အနည်းငယ်သည် သူတို့၏နှုတ်သီးဖြင့်ပိုးကောင်များကိုကိုက်ချီ၍ပါးစပ်ထဲသို့ထည့်လိုက်ကြလေသည်။
“ငါတတိယောက်အကောင်မြောက်ပဲ’’
ငါကက စတုတ္ထမြောက်အကောင်ပဲ”
“ငါကတော်ဒီနေ့ ဗိုက်ပြည့်တဲ့အထိစားမှာ”
“မိုးရွာပြီးတဲ့ မနက်ခင်းက ငါတို့အတွက်နေ့ကောင်းတစ်ရက်ပဲ!”
ငှက်ကလေးများသည် သစ်ကိုင်းတစ်ခုမှ တစ်ခုပေါ်ခုန်တက်ကာ ရွှင်မြူးစွာ အော်ဟစ်နေလေသည်။
လင်းဖန်သည် ထိုအသံများကိုကြားပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူသည် ဖုန်းကိုကိုင်ပြီးဖွင့်လို့သောအခါထုံးစံအတိုင်း ဖန်သားပြင်ပေါ်တွင် စာတိုတစ်စောင် ပေါ်နေလေသည်။
“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ယွမ် ၃၇,၈၉၀,၃၀၀ ရရှိသည်”
ထို့နောက် လင်းဖန်က ပေါ့ပေါ့ပါးပါး “ဆိုင်းအင်ဝင်မယ်”
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရသည်။ 】
လင်းဖန်က သူ့နှုတ်ခမ်းကို ကောက်ကွေးပြီး “ထပ်ပြီးတော့၁၀သန်းပဲလား။ တခြားတစ်ခုခုကို ဘယ်တော့မှရမှာလဲ”
ထို့နောက် အိပ်ရာကနေမထမီဖုန်းသုံးနေလိုက်လေသည်။
လင်းဖန်သည် နံနက်စာစားပြီးနောက် ကျန်ျပ့တက္ကသိုလ်သို့ တိုက်ရိုက်သွားခဲ့သည်။
...
ယနေ့တွင်ကျန်ပေ့တက္ကသိုလ်သည် ခါတိုင်းထက်ပို၍ အသက်ဝင်နေလေသည်။
ကျောင်းတံခါးဝတွင်ပန်းများဖြင့် ပြည့်နေသည်။
ပတ်ပတ်လည်တွင် ဆိုင်းဘုတ်များ ချိတ်ဆွဲထားပါသည်-“ရိုင်မန်ယူဆချက်ကို လက်ခံကျင်းပပေးသည့် ကျွန်ုပ်တို့ကျောင်းမှ ပါမောက္ခ လင်းဖန်အား နွေးထွေးစွာ ဂုဏ်ပြုပါသည်”၊ “သင်္ချာပညာရှင်များနှင့် ပါမောက္ခများအား ကျန်ပေ့တက္ကသိုလ်မှ ကြိုဆိုပါသည်”၊ “....။
မကြာမီပညာရှင်အမျိုးသားနှင့် အမျိုးသမီးတို့သည်ကျောင်းထဲသို့ဝင်လာပြီးသူတို့အားလုံးကအန်ဒီတာဝမ်း မှာ စုရုံးမိကြသည်။
အဲဒီအထဲမှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတဲ့သူတွေ အများကြီးရှိနေလေသည်။
“ပါမောက္ခဟောလ်၊ လင်းဖန်က အဖြေမှန်တယ်လို့ ထင်လား” မုတ်ဆိတ်ဖြူနဲ့ လူတစ်ယောက် မေးလိုက်သည်။
“ငါမပြောတတ်ဘူး။သူ့ရဲ့ ဟောပြောချက်ကို နားထောင်ရမှသိလိမ့်မယ်” ပါမောက္ခဟောလ်က ပြောသည်။
အဝေးတွင်ရှိသောမုတ်ဆိတ်မွေးနဲ့ ရမာမိုတိုက “ပရော်ဖက်ဆာလင်းဖန် သည် လုပ်ငန်းဆောင်တာများ၏ ဦးတည်ရာတွင် နက်နဲသော သုတေသနပြုထားသည်ကို ဝန်ခံပါတယ်။
ဇောင်ထင်မြင်ယူဆချက်၊ အမွှာအနှစ်သာရနှင့် အခြားခက်ခဲသော ပြဿနာများကိုပင် ဖြေရှင်းနိုင်ခဲ့တယ်။
သို့သော်၊ ဤ ရိုင်မန်အယူအဆတွင် သူ၏အဖြေသည် သိသိသာသာ မှားယွင်းနေသည်။
ဘာလို့ဆိုကျွန်ုပ်တို့ကျွန်းနိုင်ငံရှိ ပရော်ဖက်ဆာ တာနာကာ သည် မှန်ကန်သောရိုင်မန်အယူအဆကို ဖြေရှင်းပြီးသားဖြစ်သောကြောင့်ဖြစ်သည်။’’
လူတိုင်းက သူ့ကို ကြည့်ကာစကားများမပြောကြပေ။
တကယ်တော့...
သူတင်မကဘဲ ကျွန်းနိုင်ငံရှိ သင်္ချာပညာရှင်အများစုတွင် ဤကဲ့သို့ ငြင်းခုံမှုများရှိကြသည်။
သို့သော် သင်္ချာပညာရှင်အများအပြား၏ ငြင်းခုံမှုများအောက်တွင် တာနာကာ ၏ဖြေရှင်းချက်သည် ပြဿနာဖြစ်နေကြောင်း သက်သေပြခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
သို့သော်…
ကျွန်းနိုင်ငံရှိသင်္ချာပညာရှင်များသည် တာနာကာ ၏အဖြေသည် မှန်ကန်ကြောင်းဇွတ်ယုံကြည်ဆဲဖြစ်သည်။
အစတွင်၊ ကျွန်းနိုင်ငံရှိ သင်္ချာပညာရှင်များနှင့် ငြင်းခုံနေသူများ ရှိသည်။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ ငြင်းခုံသူတွေ နည်းပါးလာလေသည်။
နောက်ဆုံးအနေနဲ့ကတော့ သူတို့သည်ဘာမှမပြောကြတော့ပေ။
“ပါမောက္ခ ဘရိုက်တန်၊ မင်းတကယ်လာခဲ့တာပဲ!” ပရော်ဖက်ဆာ လူးနော့ကပြုံးပြီးပြောလိုက်သည်။
ဘရိုက်တန် သည် သူ၏နှာခေါင်းပေါ်ရှိ မျက်မှန်အား တွန်းတင်လိုက်ပြီး “ဒီရာစုနှစ်ရဲ့ အကြီးကျယ်ဆုံး သင်္ချာပညာရှင်ကိုကြည့်ဖို့ငါ ဘယ်လိုလုပ်မရောက်ပဲနေနိုင်မှာလဲ” လို့ ပြောပါတယ်။
လူးနော့က “အိုး? ပရော်ဖက်ဆာ ဘရိုက်တန် ပရော်ဖက်ဆာ လင်းဖန် ရဲ့ ရိုင်မန် ထင်မြင်ယူဆချက်ရဲ့ ဖြေရှင်းချက်လုပ်ငန်းစဉ်ကို စစ်ဆေးပြီးပြီလား။”
ဘရိုပ်တန် က ပြုံးပြီး “ငါ့မှာ ဒီလို အရည်အချင်း မရှိပါဘူး” လို့ ပြောလိုက်သည်။
ခေတ္တနားပြီးနောက် သူက “ဒါပေမယ့် သူက လင်းဖန်လေ၊အဲ့လောက်ဆိုသဘောပေါက်သင့်တယ်”
လူးနော့သည် ခဏမျှ အံ့အားသင့်သွားသည်။
ထို့နောက် ခန္ဓာကိုယ် တုန်လှုပ်သွားသည်။
ဟုတ်တယ်!
လင်းဖန်ဇောင်၏ ထင်မြင်ယူဆချက် အစီရင်ခံစာ အစည်းအဝေးတွင် အမွှာအမြွှာအနှစ်သာရကို ဖြေရှင်းပေးခဲ့သူဖြစ်သည်။
များမကြာမီတွင်၊ သူသည် မိုးသီးထင်မြင်ယူဆချက်နှင့်....အသီးသီး ဖြေရှင်းခဲ့ကြသည်။
လင်းဖန် ဖြေကြားပေးခဲ့သော ပြဿနာအားလုံးအတွင်အမှားများဘယ်သောအခါမျှမရှိခဲ့ပေ။
ယခုတစ်ကြိမ် ရိုငိမန်ယူဆချက်သည်လဲ ခြွင်းချက်မဟုတ်ပါ။
“ပါမောက္ခ မက်အာသာ၊ မင်းကရောပါမောက္ခ လင်းဖန်ရဲ့ အဖြေက မှန်သလား”
မက်အာသာက သူမပြောခင် ခဏလောက်စဉ်းစားပြီး “ကဲ... ဒီအစီရင်ခံစာကို အရင်ကြည့်လိုက်ကြရအောင်။”
...
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ခြေသံများ ထွက်ပေါ်လာသည်။
ဆံပင်ဖြူသော အဘိုးအိုတစ်ဦးသည်သူ၏လက်ထဲတွင် သတ္တုတုတ်တစ်ချောင်းကိုင်ကာဝင်လာသည်။သူ့ဘေးတွင်လည်း အလွန်လူကြီးလူကောင်းပုံပေါက်သည့်အဘိုးအိုတစ်ဦးသည်လဲပါလာလေသည်။
သူတို့ ရောက်လာသောအခါ အန်ဒီတာဝမ်းထဲတွင်အာမေဋိတ်သံများထွက်ပေါ်လာလေသည်။
“ပါမောက္ခ မြူချယ်နဲ့ ပရော်ဖက်ဆာဒိုင်လက်”
“အိုဘုရားရေ!”
“ဒီအကောင်ကြီးနှစ်ကောင်လည်း လာခဲ့တာပဲ!”
“လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက ပရော်ဖက်ဆာဒိုင်လက်သည် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ပြီးနောက်ပိုင်းဘယ်တုန်းကမှ ခရီးဝေးကို မသွားဖူးဘူး။ မမျှော်လင့်ဘဲ ဒီနေ့ တရုတ်ကို လာခဲ့တာပဲ”
“ပရော်ဖက်ဆာမြူချယ်ရဲ့ အကြီးမားဆုံး အိပ်မက်က ရိုင်မန် ထင်မြင်ယူဆချက်ကို ဖြေဖို့ပဲလေ။ လင်းဖန် ရဲ့ အဖြေက မှန်ကန်တယ်လို့ ပရော်ဖက်ဆာ မြူချယ် နဲ့ ပရော်ဖက်ဆာ ဒိုင်လက် တို့က ထင်မြင်ယူဆတာလား”
ဒီအကြောင်းပြောရင် လူတိုင်းရဲ့မျက်နှာပေါ်က မျှော်လင့်ချက်တွေပြင်းထန်လာလေသည်။
ဟွာရှကျန်းပေ့တက္ကသိုလ်ကို လာရတဲ့အကြောင်းအရင်းက သမိုင်းတစ်ခုကိုမျက်မြင်ကိုယ်တွေ့တွေ့ချင်လို့ပင်ဖြစ်သည်။
လူတိုင်းက တယောက်ပြီး တယောက် နှုတ်ဆက်ကြလိုက်ကြလေသည်။
“မင်္ဂလာပါ ပါမောက္ခမြူချယ်l”
“မင်္ဂလာပါ ပရော်ဖက်ဆာ ဒိုက်လက်။”
“မတွေ့တာကြာပြီ!”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး