← Chapters

ဘေးကင်းစွာပြန်လာခြင်း

Vol. 32 Ch. 475

ဘေးကင်းစွာပြန်လာခြင်း

Vol. 32 Ch. 475

ရိုင်မန်ယူဆချက်ကိုဖြေရှင်းပြီးနောက်5 မိနစ်အကြာတွင်အင်တာနက်ရှိကနေသင်္ချာပညာရှင်များသည်လင်းဖန်ကိုဝိငြ်းပြီးဂုဏ်ပြုကြလေသည်။

အင်တာနက် ။

[ဒေးလီး- ရိုင်မန်ယူဆချက်ကို ဖြေရှင်းပေးသည့်အတွက် ပရော်ဖက်ဆာ လင်းဖန်အား ဂုဏ်ပြုပါသည်။ 】

[ဝူရှ: ပရော်ဖက်ဆာ လင်းဖန် က ကျန်ပေ့တက္ကသိုလ်မှာရိုင်မန်ယူဆချက်ကိုဖြေရှင်းတဲ့ဟောပြောပွဲကို ဒီနေ့ ပြုလုပ်ခဲ့တာမလား။ဒီဟောပြောပွဲကပြီးသွားတာလား 】

[ယူဗီ- အရင်တုန်းကတော့ ပရော်ဖက်ဆာ လင်းဖန်ဟာ ကမ္ဘာပေါ်မှာ အတော်ဆုံးသင်္ချာပညာရှင်ဖြစ်တယ်လို့ တခြားသူတွေကို ပြောခဲ့ဖူးတယ်။ဒါပေမဲ့တချို့လူတွေက ကျွန်မနဲ့ ငြင်းခုံခဲ့ကြတယ်။ အခု ဘယ်သူကငြင်းနိုင်မလဲကြည့်အုံးမယ် 】

[ကင်း: သင်္ချာဘာသာရပ်မှာ မဖြေရှင်းနိုင်တဲ့ နောက်ထပ်ပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့တဲ့ ပရော်ဖက်ဆာလင်းကို ဂုဏ်ပြုပါတယ်။ 】

[ဟန်ဘန်: ရိုင်မန်ထင်မြင်ယူဆချက်က ဘာလဲဆိုတာ ငါမသိပေမယ့် ပါမောက္ခလင်းက အရမ်းတော်တယ်လို့ပဲပြောချင်တယ်။ 】

[လီလီ-ဟုတ်တယ်။ ပါမောက္ခ လင်း က အရမ်းတော်တယ်။ 】

[မူဟန်: ပရော်ဖက်ဆာ လင်း က အရမ်းတော်တယ်။ 】

...

မှတ်ချက်ပေးသူများ ပိုများလာသောကြောင့်ထိပ်တန်းရှာဖွေမှုတွင် ထိပ်တန်းနေရာသို့ ရောက်ရှိရန် အချိန်အများကြီး မကြာလိုက်ပေ။

...

လင်းဖန်သည် အင်တာနက်ပေါ်ရှိ လူတိုင်း၏ မှတ်ချက်နှင့်ပတ်သက်၍များစွာ ဂရုမစိုက်ပေ။

ရိုင်မန်ယူဆချက်ကို အသေးစိတ်လုပ်ငန်းစဉ်ကို ရေးသားပြီးနောက်၊ လင်းဖန်သည် ခန်းမမှ ထွက်ခွာဖို့လုပ်လိုက်လေသည်။

ထိုအခါပရော်ဖက်ဆာ မြူချယ် နှင့် ပါမောက္ခ ဒိုက်လက် တို့က အင်္ဂလိပ်လိုဖြင့်“ပါမောက္ခ လင်း၊ ရိုင်မန် ယူဆချက်ကို အောင်မြင်စွာ ဖြေရှင်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်” လို့ ပြောလိုက်သည်။

“ပါမောက္ခလင်းမင်းအဖြေတွေကို မတွေးဘဲနဲ့ အဆင့်အားလုံးကို ဘယ်လိုရေးခဲ့တာလဲ”

ဒါကလူတော်တော်များများမေးချင်နေနဲ့မေးခွန်းပင်ဖြစ်သည်။

ဘာလို့ဆိုစင်ပေါ်မှာ လင်းဖန်ဖြေတာကအရမ်း မြန်လို့ပင်ဖြစ်သည်။

လင်းဖန် က “ဒီလို ရိုးရှင်းတဲ့ ပြဿနာကိုစဉ်းစားဖို့ လိုသေးတာလား”

ပါမောက္ခ မြူချယ်နှင့် ပါမောက္ခ ဒိုင်လက် တို့သည် ထိုစကားကိုကြားသောအခါ အံ့သြသွားကြသည်။

သူတို့သည်လုံးဝမအံ့သြကြပေ။ဘာလို့ဆိုလင်းဖန်ပြောသောစကားကိုသူတို့နားမလည်လို့ပင်ဖြစ်သည်။

သူဆို့ဒီလိုဖြစ်ရသည်မှာမဆန်းပေ။ဘာလို့ဆိုလင်းဖန်ကဟွာရှ(တရုတ်)လိုဖြေလိုက်လို့ပင်ဖြစ်သည်။

လင်းဖန်သည် ကြောင်အနေသောသူများကို ဂရုမစိုက်တော့ဘဲအပြင်ဘက်သို့လျှောက်သွားလေတော့သည်။

ခဏအကြာတွင် ပရော်ဖက်ဆာ မြူချယ်က “ပါမောက္ခ လင်း... ဘာပြောလိုက်တာလဲ။”

ပရော်ဖက်ဆာ ဘန်တိုကဖြည်းညှင်းစွာ လျှောက်လာပြီး “သူပြောလိုက်တာတဲ့ ဟွာရှ(တရုတ်)ဘာသာစကားဖြစ်မယ်။ဖြစ်ကောင်းဖြစ်နိုင်တာကငါတို့ သင်္ချာအသိုင်းအဝိုင်းကအနာဂတ်တွင်ဟွာရှဘာသာစကားအဖြစ်အသုံးပြုဖို့ကိုစဉ်းစားဖို့လိုတယ်”

တက်ရောက်သူတိုင်း ဒါကိုကြားပြီးနောက်အံ့သြ သွားကြသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤသို့သောစကားကို ပြောခဲ့လျှင်လူတိုင်းက ဒီဟာကို ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံးဟာသအဖြစ် မှတ်ယူလိမ့်မည်ဖြစ်သည်။

ယခုမူကား မည်သူမျှ မရယ်ကြပေ။

ပရော်ဖက်ဆာ မြူချယ်က “ဟွာရှ(တရုတ်)ဘာသာစကားသည် ကမ္ဘာပေါ်တွင် စိတ်ဝင်စားစရာအကောင်းဆုံးနှင့် အရှုပ်ထွေးဆုံးဘာသာစကားဖြစ်တယ်။ ဒိုက်လက်၊ဘန်တို ဘယ်သူက ဒီဘာသာစကားကိုအရင်တတ်မလဲဆိုတာပြိုင်မလား။လောင်းကြေးက ဒေါ်လာ 100 ဘယ်လိုလဲ။”

ဒိုက်လက် က ပြုံးပြီး “ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ လောင်းကြေးတစ်ခုပဲ...ပြိုင်ကြတာပေါ့”

ဒိုက်လက် နှင့်မြူချယ်တို့သည် သင်္ချာဘာသာရပ်တွင် ထိပ်တန်းတည်ရှိမှုများဖြစ်ကြသည်။

သူတို့သည် သင်္ချာအသိုင်းအဝိုင်းတွင်ဟွာရှဘာသာစကားအဖြစ်အသုံးပြုဖို့ကို၎င်းတို့က မပြောခဲ့ပေ။

ဒါပေမယ့် သူတို့ရဲ့ အပြုအမူကတော့ဟွာရှဘာသာစကားကိုအသုံးပြုမယ်ဆိုတာသိသာလေသည်။

...

ထိုအချိန်တွင် လင်းဖန်သည်ကျန်ပေ့တက္ကသိုလ်ရှိ ကျောင်းလမ်းပေါ်တွင် လမ်းလျှောက်နေသည်။

ရုတ်​တရက်​ စွဲမက်​ဖွယ်​ ​မွှေးရနံ့​လေးတစ်ခု ​ပေါ်လာလေသည်​။

အမွှေးရံ့နံ့ရသောကြောင့်လင်းဖန်သည် သူ့ခေါင်းကို လှည့်ကြည့်ရန် မတတ်နိုင်ပေ။

​လှည့်လိုက်တာနဲ့မွှေးရံ့နံ့ပိုင်ရှင်ကဟန်တီဆိုတာကိုသိလိုက်လေသည်။

လင်းဖန်က ပြုံးပြီး “ဆရာမဟန်တီ!”

ဒါကရိုးရိုးလေးနှုတ်ဆက်တာပင်ဖြစ်သည်။

သို့သော်လည်း ဟန်တီသည်လင်းဖန်ခေါ်တာကိုကြားပြိးနောက်သူမ၏ နှလုံးခုန်သံသည်အဆက်မပြတ်မြန်လာပြီးသူမ ၏ မျက်နှာပေါ်တွင်လည်း နီမြန်းသောအမူအရာတစ်ခုပေါ်လာလေသည်။

ခဏအကြာတွင် ဟန်တီက “လင်ဖန်းရိုင်မန်ထင်မြင်ယူဆချက် အစီရင်ခံစာ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါတယ်” ဟု ပြောကြားလိုက်သည်။

လင်းဖန်က ဂရုမစိုက်သောလေသံဖြင့် “ဒါက အစီရင်ခံစာ အစည်းအဝေးတစ်ခုပဲကို၊အဲ့လောက်ထိမလိုပါဘူး...”

ဟန်တီက “မင်း အခု ဘာလုပ်မှာလဲ”

“အရင်ဆုံးသွားစားမယ်။ ပြီးရင် အိပ်မှာပေါ့” လင်းဖန်သည် သူ့ဗိုက်ကို ထိကာ ပြောလိုက်သည်။

“ဒါဆို ငါ့အိမ်သွားရအောင်” ဟန်တီက ပြောသည်။

လင်းဖန်က “ကောင်းပြီ” ဟု ရွှင်မြူးစွာပြောသည်။

ဒီလိုနဲ့ သူတို့နှစ်ယောက်က ဟန်တီရဲ့အိမ်ဆီ သို့သွားလိုက်ကြသည်။

အိမ်ရောက်တာနဲ့လင်းဖန်သည် ဟန်တီကို ချက်ပြုတ်ခွင့်မပြုခဲ့ပေ။

နောက်ဆုံးတော့ချက်ပြုတ်တာကအချိန်အများကြီးယူရပြီးအလွန်ပင်ပန်းသောကြောင့်ဖြစ်သည်။

ထိုကြောင့်သူသည် ကြယ်နှစ်ပွင့်... စားသောက်ဆိုင်ကနေအစားအသောက်တွေကိုမှာလိုက်လေသည်။

မကြာမီသူတို့သည် အလွန်ကောင်းမွန်သော အသားကင်၊ ပင်လယ်ဥ၊ ကြက်သွန်မြိတ်ကြော်၊ ထိပ်တန်း M9 အမဲသားကင်၊ကျောက်ပုဇွန်နှင့် အခြားအရသာများကို စားသောက်ကြပြီး x0ဝိုင်ပုလင်းကို သောက်ကြလေသည်။

စားသောက်ပြီးနောက်တွင် ဟန်တီသည် သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူမ၏ မျက်လုံးများက လင်းဖန်ကို စိုက်ကြည့်လိုက်သည်။

ဒီခဏမှာပဲ သူမ၏စိတ်ထဲတွင်စင်မြင့်ပေါ်မှာ ရပ်နေတဲ့ လင်းဖန်ကို ပြန်သတိရပြီးနောက်သူမ၏နှလုံးခုန်သံသည်အလွန် မြန်လာပြီး လင်းဖန်ကိုနမ်းလိုက်လေသည်။

ထို့နောက် ထို့နောက် ထို့နောက်.......

...

စူပါမားကတ်။

ကားတစ်စီးထဲကနေ ရီပိုင် နဲ့ ကျောက်မင်တို့ ဖြည်းဖြည်းချင်း ထွက်လာကြလေသည်။

ဟေးမင်း၊ လူဂိုဟန် နှင့် ဟေးလင်း တို့သည်သူတို့ကို တွေ့ပြီးနောက်အမြန်ပြေးထွက်လာခဲ့ကြသည်။

“ရီပိုင်”

“ကျောက်မင်!”

“ဖေဖေ!”

သုံးယောက်လုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ဟေးမင်းသည် ရီပိုင်၏ကိုယ်ကိုစစ်ဆေးလိုက်သည်။

ရီပိုင်တစ်ကိုယ်လုံးတွင် ဒဏ်ရာအချို့ကိုတွေ့လိုက်ရသောအခါတွင်၊ သူမသည်မျက်ရည်များစီးဆင်းလာတော့သည်။

“ရီပိုင် မင်းအဆင်ပြေရဲ့လား”

ရီပိုင်က “ငါအဆင်ပြေပါတယ်၊ငါအဆင်ပြေပါတယ်”

သူ့ဘေးက ကျောက်မင်ကလည်း “ဟုတ်တယ်၊ ငါတို့ အဆင်ပြေပါတယ်”

ဟေးမင်းက “ဒီတစ်ခါ မင်းတို့ဘာဖြစ်သွားတာလဲ”

ရီပိုင် သက်ပြင်းချရင်း “ယေဘူယျအားဖြင့်ပြောရရင်ငါတို့က ကြံသမားတစ်သိုက်နဲ့ဆုံခဲ့တာ’’

ထို့နောက် တစ်ခုခုကို တွေးမိပုံရပြီး ကို စိုက်ကြည့်ရင်း မထိန်းနိုင်ဘဲ “ဟေးလင်း၊ လင်း...လင်းဖန်ကရေ” လို့ မေးလိုက်သည်။

ဟေးလင်း က “သူ့မှာလဲအလုပ်ရှိလို့အရင်ပြန်ခိုင်းလိုက်တာ”

ရီပိုင် က “ဒါတွေ...ငါလည်းသိတယ်...ဒါပေမယ့် မင်းသိလား? လင်းဖန် က ငါတို့ကို ကယ်တင်ခဲ့တယ်ဆိုတာ”

ဟေးမင်းက “ငါတို့သိတယ်”

“ရဟတ်ယာဉ်သုံးစီး၊ ကားပေါင်းမြောက်များစွာနဲ့ လူပေါင်း ရာချီကငါတို့ကိုကယ်တင်ခဲ့တယ်ဆိုတာကိုသိလား။” ရီပိုင် က ပြောသည်။

ဟေးလင်း၊ ဟေးမင်း နှင့် အခြားသူများဒါကိုကြားသောအခါ အနည်းငယ် ထိတ်လန့်သွားကြသည်။

လင်းဖန်က ဖုန်းပဲလှမ်းဆက်လိုက်တာကို သူတို့မျက်လုံးနဲ့ မြင်လိုက်ရသည်။

ဖုန်းခေါ်ဆိုပြီးနောက်၊ ဒန် နိုင်ငံ၌ ဤမျှကြီးမားသောအကူအညီကိုရတာလား။

ရီပိုင်က ဆက်လက်ပြောသည်“ထို့ပြင်၊ သူတို့ကငါရှေ့မှာပဲအကြံသမားတွေရဲ့လက်ကို ဖြတ်တောက်ပစ်ခဲ့တယ်’’

ဒါကိုကြားတော့ဟေးလင်းနှင့်ဟေးမင်းနှင့်လူဂိုဟန်တို့ ကြောက်လန့်သွားကြသည်။

ဟေးမင်းကတုန်တုန်ယင်ယင်ဖြင့်”မင်းပြောတာက.. လက်ကို ခုတ်ဖြတ်တာလား”

ရီပိုင် က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ပြီးတော့သူတို့က ကျောက်မင် နဲ့ ကျွန်တော့်ကို ယွမ် 10 သန်းစီပေးခဲ့တယ်!”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters