အမှန်ကိုလက်မခံခြင်း
Vol. 32 Ch. 474
အဘိုးကြီးနှစ်ယောက်က ခေါင်းညိတ်ပြီး ပြန်နှုတ်ဆက်လိုက်လေသည်။
ကျန်ပေ့တက္ကသိုလ် ဥက္ကဌ ရှန်လင်း နှင့် ဟေးချမ်....တို့သည် ကမ္ဘာ့ထိပ်တန်း သင်္ချာပညာရှင် အများအပြား ဤနေရာတွင် စုဝေးရောက်ရှိနေကြသည်ကို တွေ့လိုက်ရသောအခါသူတို့၏ မျက်နှာများပေါ်တွင်အံ့သြသောအမူအရာတစ်ခုစီရှိနေကြသည်။
ဘာလို့ဆိုဒီနေ့အဖြစ်အပျက်ပြီးရင် ကျန်ပေ့တက္ကသိုလ်ကကမ္ဘာတဝှမ်းလုံးမှာ နာမည်ကြီးလာတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။
မကြာမီစင်္ကြံအပြင်ဘက်တွင် ခြေသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အရပ်ရည်ပြီးချောမောသော အမျိုးသားတစ်ဦး ဝင်လာလေသည်။
သူကတော့လင်းဖန်ပင်ဖြစ်သည်။
လင်းဖန်ဝင်လာသည်ကိုတွေ့သောအခါအချင်းချင်း စကားစမြည်ပြောဆိုနေကြသော လူများ သည် ခေါင်းမော့ကာ လင်းဖန်ကို စူးစိုက်ကြည့်နေကြသည်။
လူတိုင်း၏အကြည့်ကြောင့်လင်းဖန်သည်အနည်းငယ်ရှက်သွားလေသည်။သို့သော်သူသည်လူတိုင်း၏အကြည့်အောက်တွင် စင်မြင့်ပေါ်သို့ လျှောက်သွားလိုက်လေသည်။
လင်းဖန်စင်ပေါ်တက်တာနဲ့လူတိုင်းသည်သမိုင်းဝင်အခိုက့်အတန့်ကိုတွေ့ရတော့မယ်ဆိုတာကိုသိနေလိုက်သည်။
ထို့ကြောင့် အချို့သောသူများသည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းဖြင့်တိတ်တဆိတ် ဗီဒီယိုရိုက်ပြီး၊အချို့က တိုက်ရိုက်ထုတ်လွှင့်ဖို့လုပ်ကြလေသည်။
သို့သော်လည်း လင်းဖန်သည် စူပါစမတ်နာရီကို ပိုင်ဆိုင်ထားမှန်းသူတို့မသိပေ။
လင်းဖန်သည် စင်မြင့်ပေါ်သို့ လျှောက်သွားပြီးနောက် လူအုပ်ကို ဦးစွာ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူသည် မိုက်ကို ကောက်ယူလိုက်ပြီး တရုတ်လို”ရိုင်မန်ယူဆချက် ကို ယခု စတင်တော့မည်” ဟု ပြောကြားလိုက်သည်။
ရောက်ရှိလာသူတိုင်း နားလည်နိုင်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ သူသည် အီလက်ထရွန်းနစ်ဘောပင်ကို တိုက်ရိုက်ကောက်ကိုင်လိုက်ပြီး စခရင်ပေါ်တွင် လျင်မြန်စွာ စတင်ရေးသားတော့သည်။
Sin2π—lon3+con5π(r+n)...
Lon5+tan3-8mn...
5s+m(sin7π+2b)...
...
ပညာသင်ဖိုရမ်တွင် တင်ခဲ့သောရိုင်မန်ယူဆချက်ဖြေရှင်းခြင်းအဆင့်များနှင့် နှိုင်းယှဉ်ရင်ဒီတစ်ခါလင်းဖန်၏ရှင်းပြမှုသည်သည် ပို၍အသေးစိတ်ကျပြီး နားလည်ရလွယ်ကူသည်။
ဒါတောင်မှတက်ရောက်သူအများအပြားသည် ပထမဆယ်မိနစ်အတွင်းလင်းဖန်ရေးသားသောဖြေရှင်းချက်များကိုသာနားလည်ခဲ့သည်။
ဆယ်မိနစ်လောက်အကြာတွင်လူတော်တော်များများသည်ချက်ချင်းမျက်မှောင်ကြုတ်လိုက်ကြလေသည်။ဘာလို့ဆိုသူတို့သည်လင်းဖန်ရှင်းပြတာကိုလုံးဝနားမလည်သောကြောင့်ဖြစ်သည်။
တစ်ချို့လူများသည်တဖြည်းဖြည်းနဲ့ နဖူးပေါ်မှာ ချွေးတွေ ထွက်လာလေသည်။
ထို့ကြောင့်သူတို့အားလုံးသည်စိတ်ပျက်အားငယ်စွာဖြင့်လင်းဖန်ရေးတာကိုသာကြည့်ရှုကြပြီးလိုက်မတွေးကြတော့ပေ။
ဒီလူများထဲတွင်သင်္ချာနယ်ပယ်တွင်အကောင်ကြီးများတောင်ပါဝင်သည်။
ဟန်တီ သည် သာမန်သင်္ချာပါမောက္ခတစ်ယောက်သာဖြစ်သည်။
အကယ်၍ လင်းဖန်သည် လွန်ခဲ့သောရက်အနည်းငယ်က ရိုင်မန်ယူဆချက်၏ လေးပုံတစ်ပုံကို သူမကိုရှင်းပြထားလို့သာမဟုတ်ရင်သူမသည်ရိုင်မန်ဖြေရှင်းချက်ကိုလုံးဝနားလည်မှာမဟုတ်ပေ။
ယခုအချိန်တွင် ဟန်တီသည် လင်းဖန်ရေးပြသော တွက်နည်းကို လုံးဝနားမလည်နိုင်ပေ။
သို့သော်လည်း သူမသည် မျက်တောင်မခတ်ဘဲ စင်မြင့်ပေါ်၌ လျင်မြန်စွာ ရေးနေသော လင်းဖန်၏ချောမောသော အသွင်အပြင်ကို စိုက်ကြည့်နေသေးသည်။
ဟန်တီ၏မျက်လုံးထဲတွင်လင်းဖန်သည်ရိုင်မန်ယူဆချက်ကိုဖြေရှင်းနေသည်မဟုတ်ပဲ။ယခုအချိန်တွင်လင်းဖန်၏ခန္ဓာကိုယ်တွင်ရွှေရောင်အလင်းများဖြင့်ပြည့်နှက်နေလေသည်။
ပြီးနောက်လင်းဖန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ...နေရာ၌ မြင့်မားသောတောင်ကြီးတစ်ခု ပေါ်လာသည်။
နောက်တစ်ချက်ဝှေ့ယမ်းလိုက်တာနှင့်ချက်ချင်းမြစ်ရှည်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
လင်းဖန်သည်သူ့လက်ကို မြှောက်ပြီးလပ်ညှိုးနှင့်လက်မထိလိုက်တာနဲ့ စိမ်းလန်းတဲ့ မြက်ခင်းတွေ၊ သစ်ပင်ကြီးတွေ၊ သက်ရှိ တိရစ္ဆာန်တွေ လူသားတွေတောင် ချက်ချင်းကြီး ကြီးထွားလာခဲ့သည်။
ဟန်တီ၏မျက်လုံးထဲတွင် လင်းဖန်သည် ယခုအခါ ဖန်ဆင်းရှင်နှင့်တူနေလေသည်။(ဒါကသူမအတွေးသက်သက်ပါ)
လင်းဖန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ ဟန်တီ၏ လှပသောမျက်လုံးများသည် ပို၍ပို၍ တောက်ပလာခဲ့သည်။
လင်းဖန်စာရေးတိုင်းဟန်တီသူမ၏နှလုံးတစ်ခုလုံးသည်ပြင်းပြင်းထန်ထန် ခုန်လာကာသူ့မ၏အသက်ရှူသံများကလည်းအလွန်ပြင်းလာပြီးသူမ၏မျက်နှာသည်နီရဲလို့သွားလေသည်။
ထိုအချိန်တွင် လင်းဖန်သည် ရိုင်မန်ဖြေရှင်းချက်ကိုအဆုံးသတ်လိုက်ပြီးသူခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
ခန်းမတစ်ခုလုံးသည် တခဏချင်း တိတ်ဆိတ်သွားသည်။
မလှမ်းမကမ်းမှာ ရပ်နေတဲ့ ကျန်ပေ့ တက္ကသိုလ် ဥက္ကဌ ရှန်လင်းကတံတွေး မျိုချလိုက်ပြီး သူ့ဘေးနားက ဟေးချမ်ကို “ဒါ...ပြီးသွားတာလား? အဖြေက မှန်လား?”
ဟေးချမ်က ကူကယ်ရာမဲ့စွာဖြင့်”ငါ... ငါလည်း မသိဘူး”လို့ပြန်ဖြေလိုက်သည်။
တကယ်တော့...
သူမသိရုံတင်မကအခုလက်ရှိရောက်နေသူလူအများစုကလဲဘယ်လိုရလဒ်ဖြစ်မလဲဆိုတာ မသိကြပေ။
မဟုတ်ရင် တိတ်ဆိတ်နေမှာ မဟုတ်ဘူး။
လူများစွာသည် အကောင်ကြီးသင်္ချာပညာရှင်များကိုကြည့်လိုက်ကြသည်။
ဒီအချိန်မှာ...
ပါမောက္ခ မြူချယ်နှင့် ပရော်ဖက်ဆာဒိုင်လက် တို့သည် ရုတ်တရက် မတ်တပ်ထရပ်ကာ လက်ခုတ်တီးလိုက်လေသည်။
“ပါ့ ပါ့ ပါ့!”
ဒီအသံက ရေထဲကိုကျောက်တုံးတစ်တုံးကို ပစ်ချလိုက်သလိုနှင့်တူနေလေသည်။
သူတို့လက်ခုပ်တီးပြီးတာနဲ့မက်အာသာလည်း လက်ခုပ်တီးလိုက်လေသည်။
ထို့နောက်တွင်ဒေးဗ်.....စသည်သင်္ချာပညာရှင်များသည်လည်းတစ်ယောက်ပြီးတစ်ယောက်လက်ခုပ်တီးဂုဏ်ပြုကြလေသည်။
ချက်ခြင်းပင် လူတိုင်းကလဲလက်ခုပ်တီးလိုက်ကြသည်။
ရုတ်တရက် ခန်းမတစ်ခုလုံးသည်လက်ခုပ်သံများနှင့်ပြည့်နှက်သွားလေသည်။
လက်ခုပ်တီးပြီးနောက်လူတိုင်း၏မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
ဘာကြောင့်လဲ ဆိုတော့… သူတို့ဟာ သမိုင်းဝင်အခိုက်အတန့်ကိုမျက်မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ထို့အပြင်ဤရာစု၏ အကြီးအကျယ်ဆုံးသင်္ချာပညာ၏မွေးဖွားမှုကိုလဲသူတို့တွေ့လိုက်ရလေသည်။
ယာမာမိုတိုက လူတိုင်းရဲ့ တွေးခေါ်ပုံကို နားလည်ပြီး”မဟုတ်ဘူး၊ ဒါက မမှန်ဘူး!”
သူ့ဘေးနားက မက်အာသာက ခေါင်းခါပြီး “ပါမောက္ခ ယာမာမိုတို၊ ငါတို့ ဒီရလဒ်ကိုရင်ဆိုင်သင့်တယ်” လို့ ပြောလိုက်သည်။(ပြောချင်တာကအမှန်တရားကိုလက်ခံသင့်တယ်လို့ဆိုလိုတာပါ)
မက်အာသာသည်လူကောင်းတစ်ယောက်လို့ပြောရမည်ဖြစ်သည်။
သူသည်ရိုင်မန်ထင်မြင်ယူဆချက်တွင် ကြီးမားသောအောင်မြင်မှုတစ်ခုကို ပြုလုပ်ခဲ့သောကြောင့်သင်္ချာနိုဘယ်ဆုကိုသူသာဆွတ်ခူးနိုင်ခြေရှိကြောင်း သူသိခဲ့သည်။
သို့သော်၊ တစ်စုံတစ်ယောက်သည် ရိုင်မန်အယူအဆကို အမှန်တကယ် ဖြေရှင်းနိုင်ခဲ့သည်ကို သူတွေ့ရှိသောအခါ၊ ၎င်းကိုအရှိတိုင်းလက်ခံရန်ရွေးချယ်လိုက်လေသည်။
ယာမာမိုတို က “မဟုတ်ဘူး! မင်းမှားနေပြီ။ဒါကိုသေသေချာချာကြည့်၊ သူ့ရဲ့ 68th formula နဲ့ 89th formula က ပြဿနာဖြစ်နေတယ်!”
“လင်းဖန် ရဲ့ အဖြေက မှားနေတယ်!”
“ငါ့ရဲ့ကျွန်းနိုင်ငံကပရော်ဖက်ဆာ တာနာကာကရဲ့အဖြေသာမှန်တယ်။’’
ဒါကိုကြားတော့မက်အာသာက ခေါင်းယမ်းပြီး ဘာမှ မပြောတော့ပေ။
ဘာလို့ဆိုသူဘယ်လောက်ပဲပြောပြော အသုံးမဝင်ဘူးဆိုတာကိုသူသိလိုက်သောကြောင့်ဖြစ်သည်။
“ယာမာမိုတို ငါ့ကအဖြေမှားနေတယ်၊ ပါမောက္ခ လင်းဖန် ရဲ့ အဖြေက မှန်တယ်” သူ့နောက်တွင် ရင်းနှီးကျွမ်းဝင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ယာမာမိုတိုသည်ဒါကိုကြားတော့ပြောတဲ့သူကိုကြည့်လိုက်လေသည်။
မျက်နှာတွင် အရေးအကြောင်းများရှိသော အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားသည့် အဘိုးအိုတစ်ဦးကိုမြင်သောအခါ သူက “မဟုတ်ဘူး!”လို့ပြောလိုက်သည်။
ဘာလို့လဲဆိုတော့ ဒီအဘိုးကြီးကတာနာကာဖြစ်နေသောကြောင့်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး