← Chapters

တောင့်တင်းခြင်း

Vol. 32 Ch. 476

တောင့်တင်းခြင်း

Vol. 32 Ch. 476

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့ရောက်သွားလေသည်။

ဟန်တီသည်နံနက်စာစားပြီးနောက် ကျန်ပေ့တက္ကသိုလ်သို့ လာခဲ့သည်။

လင်းဖန်သည် ဆိုဖာပေါ်တွင် လဲလျောင်းကာဖုန်းသုံးနေသည်။

မနေ့ကတည်းကလင်းဖန်သည်ရှောင်ပန်၊ရှောင်အန်း၊ဟော့ကျောက်ဝူ နဲ့ တခြားကျောင်းသားတွေဆီ မက်ဆေ့ချ်ပို့ထားပြီးပြီဖြစ်သည်။

မက်ဆေ့ချ်ထဲတွင်ဒီရက်အနည်းငယ်အတွင်းစာတွေကိုကိုယ်ဘာသာလေ့လာထားခိုင်းလေသည်။ နားမလည်တဲ့ ပြဿနာတွေနဲ့ ကြုံလာရတဲ့အခါ တခြားပါမောက္ခတွေကို မေးနိုင်တယ်၊ ဒါမှမဟုတ်ရင်လည်းသူပြန်လာတာကိုစောင့်လဲရတယ်လို့ပင်ဖြစ်သည်။

လင်းဖန်သူသည် ကမ္ဘာ့အဆင့်မီ ပြဿနာတစ်ရပ်ကို ဖြေရှင်းနိုင်ခဲ့သောကြောင့်လူအများက သူကိုယ်အင်တာဗျူးရန်စိတ်အားထက်သန်နေသည်ကိုသိလေသည်။

ဤအရာသည်အလွန်ဒုက္ခများလေသည်။

လင်းဖန်သည် ဒုက္ခဖြစ်ရတာက်ုမကြိုက်ပေ။

တကယ်တော့ဒါကလည်းလင်းဖန်မျှော်လင့်ထားသလိုပင်ဖြစ်သည်။

မနေ့ကလင်းဖန် ခန်းမထဲက ထွက်လာပြီးနောက် သူနဲ့ ဆက်သွယ်လို့တဲ့သင်္ချာပညာရှင်များသည်သူ့ရုံးခန်းတွင်စောင့်နေကြလေသည်။

သတင်းထောက်အချို့သည်လဲလင်းဖန်ကိုအင်တာဗျူးချင်သောကြောင့်ကျောင်းဝင်းအတွင်း လှည့်လည်သွားလာနေကြသည်။

သူတို့လုပ်နေသောအရာအားလုံးသည် အချည်းနှီးသာဖြစ်သည်။

...

လင်းဖန်သည် ဖုန်းသုံးနေရင်းကနေဒီနေ့အကောင့်မဝင်ရသေးကြောင်း ရုတ်တရက် သတိရသွားသည်။

ဒါနဲ့ သူက တိုးတိုးလေး “အကောင့်ဝင်မယ်”

【ဒင်း! ဂုဏ်ယူပါသည်၊ မော်လ်ဒိုက်ရှိ ဝိုက်ဟော့မိုနာ၏ ရှယ်ယာ 51% ကိုရရှိသည်။ 】

ဒါက်ုကြည့်ရင်း လင်းဖန်၏ မျက်လုံးများ အနည်းငယ် တောက်ပလာသည်။

လင်းဖန်သူသည်သတင်းတွေကို တစ်ခါမှမကြည့်ဖြစ်ပေ။

ဒါပေမယ့် မော်လ်ဒိုက်ရဲ့ နာမည်ကြီးနေရာတွေကိုတော့ကြားဖူးလေသည်။

မော်လဒိုက်ရှိ ကျွန်းများကို ကမ်းရိုးတန်းခရီးသွားလုပ်ငန်း၏ အထွတ်အမြတ်ထားရာနေရာဆိုရင်ဝိုက်ဟော့မိုနာသည်အထွတ်မြတ်ထားရာထဲကအထွတ်မြတ်ကျွန်းတစ်ခုဖြစ်ပြီးအံ့သြစရာကျွန်းလဲဖြစ်လေသည်။

ဝိုက်ဟော့မိုနာတွင် ဇိမ်ခံ စားသောက်ဆိုင်များ၊ ဘားများ၊ ဗီလာများ စသည်တို့ ပါရှိသည်။

ဝိုက်ဟော့မိုနာတည်ဆောက်ဖို့အတွက် စုစုပေါင်း ဘီလီယံ ဆယ်ဂဏန်း အကုန်အကျခံ သုံးစွဲခဲ့တယ်လို့ ဆိုထားသည်။

လင်းဖန်အတွက်ငွေဆိုတာက ကိန်းဂဏန်းတစ်ခုသာဖြစ်သည်။

ရုတ်တရက် အကောင့်ဝင်ပြီး ယွမ် 10 သန်းမဟုတ်ပဲအခြားတစ်ခုကို ရလိုက်ခြင်းက သူ့ကို အနည်းငယ် ပျော်ရွှင်စေသည်။

လင်းဖန်သည် ပျော်နေသောရင်းကနေစားပွဲပေါ်ကိုရုတ်တရက်ကြည့်မိလိုက်သည်။

ထိုအချိန်တွင် စားပွဲပေါ်တွင် ဟန်တီနှင့်ချမ်ရီရီတို့ဖက်ပြီးရိုက်ထားသောဓာတ်ပုံကိုတွေ့လိုက်လေသည်။

“ရီရီကို မတွေ့တာကြာနေပြီ၊သူ့ကိုသွားကြည့်ရအောင်”

စကားပြောနေစဉ်တွင် လင်းဖန်သည် ဖြည်းညှင်းစွာထကာ အပြင်သို့ ထွက်လာခဲ့သည်။

ခဏအကြာတွင် သူသည်ဖန်းရီအဆောက်အဦးသို့ ရောက်လာသည်။

ဓာတ်လှေကားတံခါးဝတွင်လူအုပ်စုကြီးတစ်ခု ရပ်နေကြလေသည်။

“ဒင်!”

ဓာတ်လှေကားပွင့်လာသောအခါ လင်းဖန်သည် လူတိုင်းနှင့်အတူ ဝင်လာခဲ့သည်။

ဓာတ်လှေကားတံခါးပိတ်ခါနီးတွင် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသည့် အမျိုးသားတစ်ဦး ပြေးဝင်လာသည်။

“ဒီဒီဒီ!”

သူဝင်လာပြီး ဓာတ်လှေကားထဲတွင်အသံများဆက်တိုက်မြည်သွားလေသည်။

ဒါကလူအရမ်းများတယ်ဆိုတာကိုပြနေတာပင်ဖြစ်သည်။

ထို့ကြောင့်လူတိုင်းသည် အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားကို စိုက်ကြည့်ရုံမှတစ်ပါး မကူညီနိုင်ပေ။

သူတို့အကြည့်ကိုမြင်သောအခါအနောပ်ဆိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားက မျက်မှောင်ကြုတ်ကာ သူ့ဘေးနားရှိ ပစ္စည်းလာပို့သူကိုကြည့်ကာ “မင်းအပြင်ကို ထွက်လိုက်ပါ၊ဒါက ရုံးကလူတွေပဲသုံးလို့ရတယ်”

ထိုစကားကိုကြားသောအခါပစ္စည်းပို့သမားသည်”ဒါဆို...ငါ အချိန်နောက်ကျရင်ပိုက်ဆံအဖြတ်ခံရလိမ့်မယ်...”

သူ့တွင် အပြင်းဖျားနေသည့် အသက် 80 အရွယ် သူ့အမေနှင့် မွေးကင်းစသားတစ်ဦးရှိလေသည်။

အချိန်အနည်းငယ်နောက်ကျသည်နှင့် ၅ ယွမ်ကို သူ့ထံမှ နုတ်ယူမည်ဖြစ်သည်။

လူတော်တော်များများအတွက် ၅ ယွမ်ဆိုတာ ဘာမှမဟုတ်ပေ။

ဒါပေမယ့် သူ့အတွက်ကတော့ အရမ်းများတဲ့ပမာဏပင်ဖြစ်သည်။

အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသားက “ဒါတွေငါမသိဘူး မြန်မြန်ထွက်သွား။မဟုတ်ရင် လုံခြုံရေးအစောင့်ကို ငါခေါ်ရလိမ့်မယ်!”

ထို့ကြောင့်ပစ္စည်းပို့သမားသည်လဲအပြင်သို့ထွက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

ဤအခိုက်အတန့်တွင် မိန်းကလေးတစ်ဦးက “ငါ ထွက်ပေးမယ်။ငါကအမြန်မလိုတာမို့လိုလေ “ လို့ပြောလိုက်သည်။

စကားပြောပြီးနောက် သူမသည်ဓာတ်လှေကားအပြင်ဘပ်သို့တိုက်ရိုက်ထွက်သွားလေသည်။

ပစ္စည်းပို့သမားသည် ခါးကိုကွေးပြီး “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

“ဒီဒီဒီ!”

သို့သော် အမျိုးသမီးထွက်သွားသည့်တိုင် ဓာတ်လှေကားက ဆက်မြည်နေသေးသည်။

အနော​က်တိုင်းဝတ်စုံဝတ်ထားသောအမျိုးသားကပစ္စည်းပို့သမားအား “မြန်မြန််မထွက်သေးဘူးလ” ဟု ထပ်မံပြောလိုက်သည်။

ပစ္စည်းပို့သမားသည်လဲစိတ်ဓာတ်ကျစွာဖြင့်အပြင်သို့ထွက်ရန်သွားလိုက်သည်။

ထိုအချိန်တွင် သူ့ဘေးတွင်ရပ်နေသော လင်းဖန်က “မြန်မြန်သွားပို့လိုက်ပါ၊ငါထွက်ပေးမာ်” လို့ပြောလိုက်သည်။

စကားပြောပြီးနောက် ဓာတ်လှေကားမှ တိုက်ရိုက်ထွက်လာခဲ့သည်။

ပစ္စည်းပို့သမားသည် နောက်တစ်ကြိမ် ခါးကွေးပြီးခေါက်းငုံ့ကာ “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်လေသည်။

​လင်းဖန်နှင့် အမျိုးသမီးတို့ဓာတ်လှေကားမှထွက်လာပြီးနောက်အချက်ပေးသံ ရပ်သွားပြီး ဓာတ်လှေကားတံခါးသည်လဲဖြည်းညှင်းစွာ ပိတ်သွားလေသည်။

နှစ်မိနစ်ခန့်ကြာသောအခါ ဓာတ်လှေကားတံခါးပွင့်လာပြန်သည်။

“ဒင်!”

မကြာမီလင်းဖန်နှင့် အမျိုးသမီးတို့သည် ဓာတ်လှေကားမှ အတူတူ ထွက်လာခဲ့သည်။

လင်းဖန်သည် ထိုအမျိုးသမီးကို လှမ်းကြည့်ရုံဖြင့် မတတ်နိုင်ပေ။

ဘာလို့လဲဆိုတော့ ဒီအလွှာတစ်ခုလုံးကို ဟန်စီဒီကုမ္ပဏီက ပိုင်ဆိုင်လို့ပင်ဖြစ်သည်။

ဒီစိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဒီအမျိုးသမီးက ဟန်စီဒီရဲ့ဝန်ထမ်းလား။

အမျိုးသမီးသည်လဲတစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး “မင်းက ဟန်စီဒီရဲ့ ဝန်ထမ်းလား။ ဒါမှမဟုတ် ငါလိုပဲ ဒီနေ့ အင်တာဗျူးလာဖြေတာလား” လို့ မေးလိုက်သည်။

လင်းဖန်သည် ကြောင်တက်တက်ဖြင့် ပြန်ဖြေဖို့လုပ်လိုက်သည်။

ထိုအချိန်တွင် ဟန်စီဒီ ကုမ္ပဏီ၏ အရှေ့ဘက် စားပွဲခုံတွင် ထိုင်နေသော အလှလေးသည် ကမန်းကတန်း ထရပ်ကာ လင်းဖန်အား “မစ္စ တာလင်း၊ မင်္ဂလာပါ” ဟု ရိုသေစွာ ပြောလိုက်သည်။

သူမ၏အသံကြောင့်ဟန်စီဒီရှိအခြားဝန်ထမ်းများသည်သူမဖက်ကိုကြည့်လိုက်ကြလေသည်။

သူဆို့သည်လင်းဖန်ကိုတွေ့ပြီးနောက် အလွန်ရိုသေသောလေသံဖြင့် “မစ္စတာလင်း မင်္ဂလာပါ”ဟုနှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာပါ မစ္စတာလင်း။”

“မင်္ဂလာပါ မစ္စတာလင်း။”

...

HRဌာန။အနောက်တိုင်း။

ဝတ်စုံဝတ်ထားသော အမျိုးသားသည် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။”ကျွန်တော့်နာမည် ဟွမ်ဟေး ပါ။ ကျွန်တော်ကသိပ္ပံတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ချန်နယ်နဲ့ ဒေါလိုမျိုး နိုင်ငံတကာ အမှတ်တံဆိပ်တွေမှာလဲတာဝန်ထမ်းဆောင်ခဲ့ပြီး ရလဒ်ကောင်းတွေ ရခဲ့ပါတယ်... “

ဒီအချိန်မှာ အပြင်ဘက်တွင် “မစ္စတာလင်း မင်္ဂလာပါ” လို့ အသံတွေကိုကြားလိုက်ရလေသည်။

ဒါကို​ကြားတော့အနောက်တိုင်းဝတ်စုံဝတ်ထားသူသည်သံသယအချို့ ပေါ်လာသည်။

သူ့ရှေ့က HRဝန်ထမ်းက ကမန်းကတန်း ထရပ်ပြီး ‘’မစ္စတာလင်း မင်္ဂလာပါ” ဟု နှုတ်ဆက်လိုက်လေသည်။

ထိုအခါအနောက်တိုင်းဝတ်စုံဝတ်ထားသောအမျိုးသားသည်လဲအကုန်လုံးကတလေးတစားနှုတ်ဆက်သောသူ့က်ုသိခြင်သွားသည်။ထို့ကြောင့်သူသည်ခေါင်းကိုလှည့်ကာကြည့်လိုက်လေသည်။

နောက်အခိုက်အတန့်တွင်အနောက်တိုင်းဝတ်စုံဝတ်ထားသည့်အမျိုးသားသည်အနည်းငယ်တောင့်တင်းသွားသည်။

ဘာကြောင့်လဲ ဆိုတော့ လူတိုင်းက မစ္စတာလင်းလို့ ခေါ်တဲ့လူက ဓာတ်လှေကားကနေ ထွက်သွားတဲ့လူဆိုတာသိလိုက်ရလို့ပင်ဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters