← Chapters

ပျော်ရွှင်ခြင်း

Vol. 32 Ch. 477

ပျော်ရွှင်ခြင်း

Vol. 32 Ch. 477

အနောက်တိုင်းဝတ်စုံဝတ်ထားသောအမျိုးသားသည် လန့်သွားပြီး လင်းဖန်ရဲ့ ရာထူးကို ခန့်မှန်းနေလိုက်သည်။

မနီးမဝေးကနေခြေသံများထွက်ပေါ်လာသည်။

ပြီးပြည့်စုံသော ရုပ်ရည်သွင်ပြင်နှင့် ဖြူဖွေးသော အသားအရည်ရှိသော အမျိုးသမီးတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လာသည်။

သူမသည် ဟန်စီဒီကုမ္ပဏီ၏ ဥက္ကဌ ချမ်ရီရီပင် ဖြစ်သည်။

မီဒီယာထဲတွင် အမြဲတမ်း ဘုရင်မဟန်ပန်နှင့်နေသောချမ်ရီရီသည် ယခုအချိန်တွင် ရှက်တတ်သည့် မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ သူမသည် လင်းဖန်၏လက်ကို ကိုင်ကာ သူမ၏လှပသောမျက်နှာသည် ချိုမြိန်သောအပြုံးများဖြင့် ဖုံးလွှမ်းကာ “လင်းဖန်၊ မင်းဒီကိုရောက်လာတာပဲ”

လင်းဖန်က ပြုံးပြီး ခေါင်းညိတ်ကာ “ဟုတ်တယ်’’

ဒါကိုမြင်တော့အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ ယောက်ျားလေးရော သူ့ဘေးက ကောင်မလေးပါ(ဓာတ်လှေကားကနေထွပ်ပေးတဲ့တစ်ယောက်ပါ)နှစ်ယောက်လုံး အံ့သြသွားကြသည်။

ဒါ…

အခြေအနေဘယ်လိုလဲ

ဒီလူက ဟန်စီဒီကုမ္ပဏီ ဥက္ကဌရဲ့ ချစ်သူလား။

ဒါမှမဟုတ် ခင်ပွန်းလား? !

ထိုအချိန်တွင် လင်းဖန်သည် မဝေးလှသောနေရာတွင်အနောက်တိုင်းဝတ်စုံဝတ်ထားသောအမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအခါလင်းဖန်သည် မျက်မှောင်ကြုတ်ပြီး ထိုလူကို လက်ညှိုးထိုးပြပြီး “အဲဒီလူက အင်တာဗျူးဖို့လာတာလား။ သူ့စရိုက်က မကောင်းဘူးနော်”

ချမ်ရီရီသည် လင်းဖန်လက်ညှိုးထိုးပြသည့်နေရာကိုကြည့်လိုက်ရာ သူမ၏ မျက်နှာသည် ချက်ချင်း အေးစက်သွားသည်။

အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသားက တုန်တုန်ယင်ယင်နဲ့ မနေနိုင်ဘဲ “ငါက... သိပ္ပံဘွဲ့ရပြီး ချန်နယ် နဲ့ ဒေါလိုမျိုး အလှကုန်တွေမှာ မန်နေဂျာအဖြစ် လုပ်ခဲ့တယ်...”

သို့သော် သူ၏ အတွေ့အကြုံအကြောင်းကို သူပြောမပြီးမီတွင် ချမ်ရီရီ က “ထွက်သွား! မင်းကိုဟန်စီဒီကမကြိုဆိုဘူး!”

ယခုအချိန်တွင် ကြီးစိုးပြီး အေးစက်သော အမျိုးသမီးဘုရင်မ ပြန်ရောက်လာပြီဖြစ်သည်။

သိရန်…

ဟန်စီဒီ ဟာ ကမ္ဘာ့အဆင့်မီ အလှကုန်ကုမ္ပဏီဖြစ်လာရတဲ့ အကြောင်းရင်းကတော့ လင်းဖန်ကြောင့်ပင်ဖြစ်သည်။

ထို့အပြင် လင်းဖန်သည် ချမ်ရီရီသူမ၏ အချစ်ဆုံးလူ ဖြစ်နေဆဲပင်ဖြစ်သည်။

လင်းဖန်သည် အင်တာဗျူးသူကိုသာမဟုတ်ပဲကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် CEO တို့ကိုပြောရင်ပင်ချမ်ရီရီသည် တုံ့ဆိုင်းမနေဘဲ အလုပ်ထုတ်ပစ်မှာ သေချာလေသည်။

အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူက မထွက်သွားသေးသည်ကိုမြင်တော့ ချမ်ရီရီက အေးစက်စက်ပြောလိုက်သည်။”ဘာလဲ၊ လုံခြုံရေးအစောင့်တွေက မင်းကိုခေါ်ထုတ်သွားစေချင်တာလား”

တကယ်တော့ လုံခြုံရေးကိုခေါ်ဖို့တောင်မလိုအပ်ပေ။

ဘာလို့ဆိုဟန်စီဒီဝန်ထမ်းတော်တော်များများက အဲဒီအနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသားကို ဝိုင်းထားပြီးသားဖြစ်လို့ပင်ဖြစ်သည်။

ထိုပုံစံက်ုကြည့်ခြင်းဖြင့် သူသာချက်ချင်းမထွက်ခွာလျှင် သူ့ကို နှင်ထုတ်ဖို့ သဘောထားရှိဆလသည်။

ဒီမြင်ကွင်းကအနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသားကို ထိတ်လန့်သွားစေသည်။ သူသည်ဆက်မပြောဝံ့တော့ဘဲ ခေါင်းငုံ့ပြီး အပြင်ကို ပြေးထွက်သွားလေသည် ။

ထိုသူထွက်ခွာပြီးနောက် ဟန်စီဒီ ကုမ္ပဏီ၏လေထုသည် ပြန်အဆင်ပြေလာသည်။

ထိုအချိန်တွင် လင်းဖန်သည် ဓာတ်လှေကားမှထွက်သွားပေးသောအမျိုးသမီးကို “အိုး၊ ဘယ်လိုပဲဖြစ်ဖြစ်၊ သူကဟန်စီဒီ အင်တာဗျူးအတွက် ဒီမှာရှိနေပုံရတယ်၊ သူက မဆိုးပါဘူး၊ မင်း သူ့အတွက် အလုပ်တစ်ခု စီစဉ်ပေးနိုင်တယ်။’’

ထိုအခါချမ်ရီရီ သည် သူမ၏ ချိုမြိန်ပြီး ချစ်စရာကောင်းသော အသွင်အပြင်ဖြင့်”မင်္ဂလာပါ အမျိုးသမီးလေး၊ငါကဟန်စီဒီ ဥက္ကဌ ချမ်ရီရီပါ”

စကားပြောနေစဉ်တွင် သူမ၏ သွယ်လျသော ညာလက်ကို ဆန့်ထုတ်လိုက်လေသည်။

ထိုအမျိုးသမီးကို သည်ယခုဖြစ်ပျက်နေသောကိစ္စများကိုအိမ်မက်ပမာခံစားနေရသည်။

သိရန်…

ချမ်ရီရီ သည် ယနေ့ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် ဇိမ်ခံအလှကုန်ကုမ္ပဏီ ဟန်စီဒီ၏ ဥက္ကဌဖြစ်သည်။

သူမသည်သူကို ပြုံးပြပြီးသူမကိုယ်တိုင်နှုတ်ဆက်ရန်အစပြုခဲ့သည်။

ဤအရာများကြောင့်ထိုအမျိုးသမီးသည်အိပ်မက်မက်နေသလို ခံစားစေရသည်။

ခဏအကြာတွင်ထိုအမျိုးသမီးက လက်ကိုဆန့်ကာ “မစ္စချမ် ဟယ်လို၊ ဟယ်လို... ငါ့နာမည် လီယန်ကျင်းပါ”

ချမ်ရီရီက “မစ္စလီ၊ ဘယ်ဌာနကို သွားချင်လဲ”

လိယန်ကျင်းက “ငါ... ကျန်ပေ့တက္ကသိုလ်က နေဘွဲ့ရပြီး မားကတ်တင်းဘာသာရပ်ကို သင်ယူခဲ့တယ်... ဒီကဏ္ဍကိုလည်း စိတ်ဝင်စားပါတယ်”

ခေတ္တနားပြီးနောက် သူမက “တကယ်လို့ လစ်လပ်မှုမရှိရင်လဲတခြားဌာနကို သွားနိုင်ပါတယ်” လို့ ထပ်ပြောလိုက်သည်။

ချမ်ရီရီ က ပြုံးပြီး “ဟန်စီဒီ၏ စျေးကွက်ရှာဖွေရေးဌာနသည် အလွန်ကြီးမားသောဌာနဖြစ်သည်၊ဒါကြောင့် စိတ်မပူပါနှင့်၊ငါတို့တွင် လစ်လပ်နေသောနေ​ရာများရှိပါတယ်”

ထို့နောက်ရွှေရောင်မျက်မှန်တပ်ထားသောအသက် 30 အရွယ် အမျိုးသားတစ်ဦးကို လှည့်ကြည့်ကာ “ဒါရိုက်တာရန်၊မင်း သူမကို မင်းနဲ့အတူ ခေါ်သွားလို့ရပြီ” လို့ ပြောလိုက်သည်။

မားကတ်တင်းဌာနရှိ လူအများအပြားသည် ထိုအကြောင်းကိုကြားပြီး အားလုံးက လီယန်ကျင်းကို မနာလိုစွာ စိုက်ကြည့်လိုက်ကြသည်။

သိရန်…

ဒါရိုက်တာရန်သည် ဟန်စီဒီတွင် အသက်အကြီးဆုံးနှင့်အရည်အချင်းရှိသူဖြစ်ပြီး စွမ်းရည်နှင့် အဆက်အသွယ်များကအလွန်ကောင်းမွန်လေသည်။

ပို၍အရေးကြီးသည်မှာ သူသည် ချမ်ရီရီ၏ ယုံကြည်မှုကို ရရှိခဲ့သည်။

အချိန်တိုအတွင်း မားကတ်တင်းဒါရိုက်တာအဖြစ် ရာထူးတိုးခံရမည်ဟူသော ကောလဟာလများပင် ရှိသေးသည်။

ဒါရိုက်တာယန်က လီယန်ကျင်း ကို ကိုယ်တိုင်သင်ပြတော့မည်ဖြစ်သောကြောင့်သူမရဲ့ အနာဂတ်ဟာ လုံးဝကောင်းတော့မှာသေချာလေသည်။

ဟန်စီဒီက သူမကို လက်ခံကြောင်း လီယန်ကျင်းနားလည်ခဲ့သည်။

သူမက “ကျေးဇူးတင်ပါတယ် မစ္စချမ် ကျေးဇူးတင်ပါတယ် ဥက္ကဌချမ်!”

ထို့နောက် ချက်ချင်းပင် လီယန်ကျင်းသည် တစ်ခုခုကို ပြန်တွေးနေပုံရပြီး လင်းဖန်အား ဆောလျင်စွာ ဦးညွှတ်ကာ “ကျေးဇူးတင်ပါတယ် မစ္စတာလင်း!”

တကယ်တော့...

သူမသည်ယနေ့အင်တာဗျူးအတွက်လာသာလာခဲ့တာဟန်စီဒီကသူမကိုလက်ခံရန်မျှော်လင့်ချက်မထားခဲ့ပေ။

တကယ်တော့ဟန်စီဒီဟာအခုအချိန်မှာ နာမည်ကြီးလွန်းနေသည်။

သူမသိသလောက်တော့ အဓိက တက္ကသိုလ်ဘွဲ့ရ တော်တော်များများက တောင်ဟန်စီဒီကိုဝင်ဖိုမလ်ဘူးလို့ပြောကြလေသည်။

ကျန်ပေ့တက္ကသိုလ်ကနေ(တက္ကသိုလ်ကတူတယ်မေဂျာကအနိမ့်ဆုံးလို့ပြောချင်တာပါ)သူမရသောဘွဲ့သည်သာမန်သာဖြစ်လေသည်။

ယခု သူမသည်အင်တာဗျူးတောင် မဖြေဘဲ ဥက္ကဌ ချမ်ရီရီကိုယ်တိုင်က သူ့ကို တိုက်ရိုက် အလုပ်ခန့်ခြင်းကိုခံလိုက်ရသည်။

လီကျင်းယန် သည် ဤအရာအားလုံးသည် လင်းဖန်ကြောင့်ဆိုတာနားလည်လေသည်။

လင်းဖန်ကခေါင်းညိတ်ပြီး “ဆက်ပြီးကြိုးစားပါ”

သူသည်သိပ်အကြာကြီးမနေဘဲချမ်ရီရီနှင့်အတူ ဥက္ကဌရုံးခန်းဆီသို့ လျှောက်သွားသည်။

ရုံးခန်းထဲဝင်ပြီးနောက်သူတို့သည်တံခါးကို ညင်သာစွာပိတ်လိုပ်ကြလေသည်။

ထို့နောက် ထို့နောက် ထို့နောက်.....

...

နှစ်နာရီခန့်ကြာပြီးနောက်။

ချမ်ရီရီသည် လင်းဖန်၏ရင်ခွင်ထဲတွင် တွယ်ကပ်နေပြီးသူမ၏လှပသောမျက်နှာသည် ပျော်ရွှင်မှုဖြင့်စကားအနည်းငယ်ပြောလိုက်သည်။

“မနေ့က ရိုင်မန်အယူအဆကို ဖြေရှင်းခဲ့တာလား” ချမ်ရီရီက မေးသည်။

သူမသည်လင်းဖန်နဲ့ တစ်ချိန်လုံး မနေခဲ့ပေ။

သို့သော် ချမ်ရီရီ သည် လင်းဖန် နှင့်ပတ်သက်သည့် သတင်းအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

လင်းဖန်သည် နည်းပညာမြင့်ထုတ်ကုန်တစ်ခုကို တီထွင်သည့်အခါတိုင်း သို့မဟုတ် ကမ္ဘာပေါ်တွင် ခက်ခဲသောပြဿနာတစ်ခုကို ဖြေရှင်းပေးသည့်အခါတိုင်းသူမ အရမ်းပျော်လေသည်။

သူမသည်လင်းဖန်အတွက်ပျော်ရွှင်ပြီး လင်းဖန်၏အမျိုးသမီးဖြစ်လာရသည့်အတွက် လဲသူမကိုယ်သူမဂုဏ်ယူမိလေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာ​ဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters