အံ့ဩစရာခြင်း
Vol. 32 Ch. 478
လင်းဖန်သည် ချမ်ရီရီ ၏ လှပသော ပါးပြင်ကို ညင်သာစွာ နမ်းလိုက်ပြီး “ဟုတ်တယ်’’ ဟု ပြောသည်။
“ဒါဆို ကျောင်းတက်စရာ မလိုဘူးလား” ချမ်ရီရီက မေးသည်။
လင်းဖန်က ပြုံးပြီး “အဲဒါက ရိုင်မန်အယူအဆကို ဖြေရှင်းလိုက်တဲ့အတွက် ကျောင်းမတက်ချင်ဘူး”
“ဘာလို့လဲ ဆိုတော့ မေးခွန်းတွေ မေးဖို့ ပါမောက္ခ တွေ အများကြီး လာပြီး သတင်းထောက် တွေကလဲအာရုံနောက်းရာတွေ...ဒါတွေကိုမကြိုက်လို့မသွားတာ”
ချမ်ရီရီသည် ဤစကားကိုကြားသောအခါ သူမ မပြုံးပဲမနေနိုင်ပေ။
သာမာန်လူတွေက ပါမောက္ခတွေမေးခွန်းလာမေးရင်သူတို့အရမ်းဂုဏ်ယူနေမှာပင်ဖြစ်သည်။
သတင်းထောက်တွေ အင်တာဗျူးတာကပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းလေသည်။
ဘာကြောင့်လဲ ဆိုတော့ ဒီနည်းနဲ့ ကျော်ကြားနိုင်ပြီး လူတော်တော်များများရဲ့ အိုင်ဒေါဖြစ်လာနိုင်လို့ပင်ဖြစ်သည်။
တချို့လူတွေဆိုရင် နာမည်ကြီးပြီး အိုင်ဒေါ ဖြစ်လာဖို့အတွက် သူတို့နောက်ကွယ်မှာ ဘာတွေလုပ်ခဲ့ကြတယ်ဆိုတာ မသိကြပေ။
သို့သော်လင်းဖန်ကတော့ဤအရာများကို လုံးဝဂရုမစိုက်ပေ။
ထိုအချိန်တွင် သူမသည် တစ်ခုခုကို တွေးမိပုံရပြီး “စကားမစပ်၊ ပြီးခဲ့တဲ့ သုံးလပတ်ကတည်း ထူးချွန်တဲ့ ဝန်ထမ်းတွေနဲ့ မော်လ်ဒိုက်ကို ခရီးထွက်ဖို့ပြောထားတယ်။အတူတူ သွားချင်လား”
မော်လ်ဒိုက်... ခရီးသွားမှာလား?
လင်းဖန်သည်သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာသည်။
ငါ... ဒီနေ့ မော်လ်ဒိုက်ဝိုက်ဟော့မိုနာရဲ့ အစုရှယ်ယာ 51% ကို ရခဲ့တာ မဟုတ်လား ။
မော်လ် ကိုသွားမှာလား
ဒါကကောင်းမဲ့ပုံရသည်!
ဒါကိုတွေးပြီး လင်းဖန် က ပြုံးပြီး “သွားချင်တာပေါ့၊ မင်းဘယ်တော့သွားမှာလဲ”
လင်းဖန်၏အဖြေကိုကြားပြီးနောက် ချမ်ရီရီ၏လှပသောမျက်နှာသည် ချက်ချင်းပင် အပြုံးနှင့်ပြည့်နှက်သွားလေသည်။
“မနက်ဖြန် ငါတို့ မနက်ဖြန် သွားမှာ”
“ကောင်းပြီ!” လင်းဖန်က ပြောသည်။
မနက်ဖြန် မော်လ်ဒိုက်ကို ခရီးထွက်နိုင်ဖို့အတွက်ချမ်ရီရီသည်သူမ၏အလုပ်တွေကိုအပြီးလုပ်နေတော့သည်။
ချမ်ရီရီအလုပ်လုပ်နေချိန်တွင်လင်းဖန်သည် ရုံးခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ညရောက်သွားလေသည်။
မနက်ဖြန် မော်လ်ဒိုက်ကို အတူတူသွားကြမည်ဖြစ်သောကြောင့်လင်းဖန် သည် ချမ်ရီရီ ၏အိမ်တွင်နေလိုက်သည်။အိမ်သို့ရောက်ပြီးနောက်သူတို့သည်စကားအနည်းငယ်ပြောပြီးနောက်အိပ့်လိုက်ကြလေသည်။
“မနက်ဖြန်မော်လ်ဒိုက်ကိုသွားမယ်ဆိုတော့ ဒီနေ့ တစ်ညလုံး အိပ်ပျော်မှာမထင်ဘူး”
“ဒါဆို... ကိုယ့်ကိုဖက်ပြီးအိပ့်”
“ကောင်းပြီလေ”
...
နောက်တစ်နေ့။
လင်းဖန် နှင့် ချမ်ရီရီ တို့သည် နံနက်စာစားပြီးနောက် ကျန်ပေ့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်သွားကြသည်။
ထိုအချိန်တွင် ဟန်စီဒီ၏ ထူးချွန်ဝန်ထမ်းများသည် စောင့်ဆိုင်းနေကြပြီဖြစ်သည်။
သူတို့သည်လင်းဖန်နှင့် ချမ်ရီရီတို့ကို တွေ့သောအခါ လက်ပြနှုတ်ဆက်လိုက်ကြသည်။
“မင်္ဂလာပါ မစ္စတာလင်း။”
“မင်္ဂလာပါ ဥက္ကဌချမ်”
လင်းဖန် နှင့် ချမ်ရီရီတို့ ကလည်း “မင်္ဂလာပါ” ဟု အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။
ချမ်ရီရီက “အခုငါတို့ကကုမ္ပဏီမှာ မဟုတ်ဘူး။ဒါကြောင့်မင်းတို့ငါ့ရာထူးနဲ့တပ်ပြီးမခေါ်ပါနဲ့။လွတ်လွတ်လပ်လပ်ဖြစ်အောင်မစ္စချမ်လို့ပဲခေါ်ပါ”
ဒါကိုကြားတော့ အားလုံးက ပြုံးရယ်လိုက်ကြသည်။
အဲ့ထဲတွင်ကိုယ့်ကိုမယုံနိုင်သောလူတစ်ယောက်ရှိလေသည်။
အဲဒါကတော့လီယန်ကျင်းပင်ဖြစ်သည်။
မနေ့တုန်းကသူမသည်မော်လ်ဒိုက်သို့သွားမည့်ခရီးစဉ်တွင်သူမပါသည်ကိုတွေ့သောအခါအံ့သြသွားလေသည်။
မကြာမီလအူများစုသည်လေဆိပ်သို့ အတူတူ လမ်းလျှောက်သွားကြသည်။
ရှဂိုလေကြောင်းလမ်းသို့ရောက်သောအခါ
လှပပြီး လေယာဉ်မယ်ငါးယောက်က စောင့်နေပြီးသူတို့ဘာသည်ကိုမြင်သောအခါ
အနည်းငယ် ဦးညွှတ်ပြီး “မင်္ဂလာပါ မစ္စတာလင်း” ဟု တလေးတစား နှုတ်ဆက်လိုက်ကြသည်။
“ခွင့်လွှတ်ပါ မစ္စတာလင်း၊ မင်းတို့အနားယူပြီး မနက်စာစားဖို့ VIP ဧည့်ခန်းကို သွားမှာလား ဒါမှမဟုတ် လေယာဉ်ပေါ်ကို တိုက်ရိုက်တက်မှာလား” လေယာဉ်မယ်အမျိုးသမီးတစ်ဦးကပြောလိုက်လေသည်။
လင်းဖန်သည် ချမ်ရီရီကို ကြည့်လိုက်သည်။
ချမ်ရီရီ က သူ့နောက်ရှိ ဝန်ထမ်းတွေကို “မင်းတို့စားမှာလား။”
ဝန်ထမ်းအားလုံး ခေါင်းယမ်းလိုက်ကြသည်။
ထိုမှသာချမ်ရီရိ က “ဒါဆို လေယာဉ်ပေါ်တက်လိုက်ရအောင်”လို့ပြောလိုက်သည်။
ချမ်ရိရီပြောပြီးနောက်လင်းဖန်သည်ခေါင်းညိတ်လိုက်သည်။
လေယာဉ်မယ်ကလဲအခြေအနေကိုနားလည်ကာ “ကောင်းပါပြီ မစ္စတာလင်းနဲ့ ဧည့်သည်တော်များ...ကျေးဇူးပြုပြီး”
ထို့နောက်…
လင်းဖန်၊ ချမ်ရီရီ နှင့် ဟန်စီဒီ၏ ဝန်ထမ်းအုပ်စုကြီးသည် လေယာဉ်မယ်ငါးဦး၏ ဦးဆောင်မှုအောက်တွင် ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လှမ်းသွားခဲ့ကြသည်။
အနောက်မှာ လမ်းလျှောက်နေတဲ့ လီယန်ကျင်းက “ငါ... လက်မှတ်တောင်မဖြတ်ရသေးဘူးထင်တယ်?”
သူ့ဘေးက ဒါရိုက်တာရန်က ပြုံးပြီးပြောလိုက်သည်”မစ္စတာလင်းနဲ့အတူ လေယာဉ်စီးရင် လက်မှတ်ဖြတ်စရာမလိုဘူး”
“ဟမ်... လက်မှတ်ဖြတ်စရာမလိုဘူး” လီယန်ကျင်းကအံ့သြတဲ့ပုံနဲ့မေးလိုက်လေသည်။
ခဏအကြာတွင်သူမသည်နားလည်သွားလေသည်။
အားလုံးက Mercedes-Benzဘတ်စ်ကားကိုစီးပြီး ရှဂိုလေကြောင်းလမ်းအထဲကိုရောက်တဲ့အခါ ဇိမ်ခံခရီးလေယာဉ်တစ်စင်းက စောင့်နေပြီဖြစ်သည်။(လေယာဉ်ကိုတစ်စင်းလုံးငှားထားတယ်ထင်နေတာပါ)
အနီရောင်တောက်တောက် ကော်ဇော၏ တစ်ဖက်တစ်ချက်စီတွင် လှပသော လေယာဉ််တို့သည်တန်းစီလျက် ရှိနေသည်။
သူမတို့က “မစ္စတာလင်းကို ဒီလေယာဉ်ကနေကြိုဆိုပါတယ်”ဟုတစ်ပြိုင်ထဲပြောလိုက်လေသည်။
ဤမြင်ကွင်းသည်လီယန်ကျင်းကို တိုက်ရိုက် ထိတ်လန့်စေခဲ့သည်။
သူမလည်း လေယာဉ်အနည်းငယ်စီးဖူးသည်။
ဒါပေမယ့် ဒီလိုမြင်ကွင်းမျိုးကို ဘယ်တုန်းက မှမမြင်တွေ့ဖူးပေ။
ဒါရိုက်တာယန်နဲ့ ဟန်စီဒီဝန်ထမ်းတွေရဲ့အမူအရာကအေးအေးဆေးဆေးပင်ဖြစ်သည်။
ဘာကြောင့်လဲ ဆိုတော့ သူတို့ထဲက တချို့က လင်းဖန် နဲ့ အတူအီဂယ်နိုင်ငံကို သွားဖူးသောကြောင့်ဒီလိုမြင်ကွင်းမျိုးကိုမြင်တွေ့ဖူးလေသည်။
အီဂယ်နိုင်ငံကို မသွားဖူးတဲ့သူတွေလည်း ရှိပါသေးသည်။
သို့သော်လည်း ထိုနေရာ၌ ရှိနေကြသူများ၏ ပါးစပ်မှထိုသို့သောအတွေ့အကြုံများကိုပြန်ကြားခဲ့ရလေသည်။ထို့ကြောင့်သူတို့၏အမူအရာသည်ပုံမှန်သာဖြစ်နေသည်။
လင်းဖန်ကချမ်ရီရီ ၏သွယ်လျသောလက်ကို ဆုပ်ကိုင်ရင်းကော်ဇောနီပေါ်တွင် လျှောက်သွားကာ ဇိမ်ခံလေယာဉ်ပေါ်သို့ဖြည်းညှင်းစွာတက်လိုက်လေသည်။
သို့သော်လည်း ယခုအကြိမ်မော်လ်ဒိုကိ သို့ ခရီးသွားလာသူ အရေအတွက်သည် ပြီးခဲ့သည့် အကြိမ် အီဂယ်နိုင်ငံသို့ သွားခဲ့သည့် အရေအတွက်ထက် ပိုများနေသည်။
သို့သော် ဇိမ်ခံလေယာဉ်ဖြစ်သောကြောင့်နေရာလွတ်များ များစွာရှိသေးသည်။
“ဗွမ်း!”
လေယာဉ်အင်ဂျင်မှ ကျယ်လောင်သော ဆူညံသံတစ်ခုပြီးနောက်၊ လေယာဉ်တစ်ခုလုံးသည် မြေပြင်မှကောင်းကင်ပြာဆီသို့ထွက်သွားလေသည်။
“ဂလူ!”
ထိုအချိန်တွင် လီယန်ကျင်း၏ဗိုက်သည် အသံထွက်လာသည်။
မနက်မိုးလင်းတာနဲ့သူမသည်မြန်မြန်ထပြီးနောက်မနက်စာ လုံးဝမစားပဲလေဆိပ်ကိုတန်းလာခဲ့သည်။ထို့ကြောင့်သူမသည်ဗိုက်ဆာနေလေသည်။
သူ့ဘေးနားက ဒါရိုက်တာယန်က “မင်းဗိုက်ဆာနေတာလား။ မကြာခင် အရသာရှိတာတွေလာပို့လိမ့်မယ်”
“ဟုတ်” လီယန်ကျင်းကခေါင်းညိတ်လိုက်သည်။
ဤကိစ္စနှင့် ပတ်သက်၍ သူမသည် သံသယများစွာ မရှိပေ။
ပြည်တွင်းသို့သွားသောလေယာဥ်ဖြစ်လျှင်ပင် လေယာဉ်ပေါ်တွင် အစားအသောက်များကိုကျွေးလေ့ရှိလေသည်။
ဒါရိုက်တာယန်ပြောပြီးမကြာမီတွင်လေယာဉ်မယ်တစ်ဦးသည်အစားအသောက်တွန်းလှည်းကိုတွန်းရင်လာလေသည်။
သူမက ပြုံးပြီး “ဒီနေ့ကကျောက်ပုဇွန်၊ ထိပ်တန်း အရည်အသွေးမြင့် ဂုံး၊ M9 အမဲသားနှပ်၊ အသီးအရွက်သုပ်၊ ပုဇွန်ထမင်းကြော်၊ ယာဂု၊ ငှက်သိုက်ကို ပြင်ဆင်ထားပါတယ်...”
လေယာဉ်မယ်သည်ဟင်းအမယ်များစွာကို ဆက်တိုက်ပြောပြီးနောက်လီယန်ကျင်းသည် အထိတ်တလန့်ဖြစ်သွားခဲ့သည်။
လီယန်ကျင်း သည် တစ်ချိန်ထဲမှာပဲ သူမနားကြားမှားနေသလားလို့တောင်တွေးလိုက်လေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး