စိတ်ကူးယဉ်ခြင်း
Vol. 32 Ch. 479
လေယာဉ်ပေါ်မှာ အစားအသောက်တွေကိုအမြဲတမ်း ပြင်ဆင်ထားလေသည်။
သို့သော် အများစုမှာ ပေါင်မုန့်၊ ထမင်းကြော်နှင့် အခြားစျေးပေါသော အစားအစာများဖြစ်သည်။
ဒါပေမယ့် အခုတော့လေယာဉ်မယ်က စျေးကြီးတဲ့ စားသောက်ဆိုင်တွေမှာသာ တွေ့ရတဲ့ ဟင်းပွဲအများအပြားကိုပြောနေလေသည်။
ထို့ကြောင့်လီယန်ကျင်း ဒီလို ဖြစ်တာ အံ့သြစရာ မရှိပေ။
သူ့ဘေးကဒါရိုက်တာယန်သည်လီယန်ကျင်း အစားအစာတွေကိုမမှာသေးသည်ကိုတွေ့လိုက်ရသည်။
ထို့ကြောင့်သူသည်သူမ မှာတာကိုမစောင့်တော့ပဲ “ကျောက်ပုစွန်၊ M9 အမဲသား၊ ငှက်သိုက်... နဲ့ လက်တေး(ဝိုင်) တစ်ခွက်ကို ယူလာပေးပါ” လို့ပြောလိုက်သည်။
လေယာဉ်မယ်က ပြုံးပြီး “ကောင်းပါပြီ မစ္စတာ ခဏစောင့်ပါ” လို့ ပြောသည်။
ထို့နောက်မကြာမီလီယန်ကျင်း ၏ ထိတ်လန့်သော အကြည့်အောက်တွင်။တံတောင်ဆစ်ထိရှည်သောကျောက်ပုစွန်၊M9အမဲသား၊ ငှက်သိုက်...
ပြီးတောအနီရောင့် တောက်နေတဲ့ အရောင်လက်တေးဝိုင်တစ်ခွက်တို့ကိုဒါရိုက်တာရန်စီစိူ့လာချပေးလေသည်။
ဟင်းပွဲများ၏အပြင်အဆင်သည်အလွန်ကောင်းမွန်သောကြောင့်ဟင်းပွကိုမြင်သည်နှင့်စားချင်လာတော့သည်။
ဒါရိုက်တာရန် သည် ကျောက်ပုဇွန်တစ်ကောင်ကိုယူပြီးအခွံအမြန်ခွာပြီး သူ့ပါးစပ်ထဲသို့ ထည့်ပြီးနောက် ထပ်ခါတလဲလဲ ခေါင်းညိတ်ကာသည်- “အရသာရှိလိုက်တာ!”လို့ရေရွတ်နေလိုက်သည်။
ထို့နောက် လီယန်ကျင်းမမှာသေးသည်ကို မြင်လိုက်ရသဖြင့် “မင်းဘာလို့ အစားအသောက်တွေ မမှာသေးတာလဲ၊အော်..ငါသိပြီ။ စိတ်မပူပါနဲ့၊ ဒီက အစားအသောက်တွေက အခမဲ့ပါ၊ မင်း ကြိုက်သလို စားလို့ရတယ်!”
“ဒါပေမဲ့အလကားဆိုတဲ့အစားအသောက်တွေကိုတော့မဖြုန်းတီးနဲ့ပေါ့”
လီယန်ကျင်းသည် လေထဲရှိ အစားအသောက်နံ့ကြောင့် သရေယိုနေပြီဖြစ်သည်။
ဒီအချိန်မှာ ဒါရိုက်တာရန် ရဲ့ စကားကိုကြားတော့ သူမက “ဟုတ်...ဟုတ်ကဲ့” လို့တံတွေးမျိုချရင်းပြောလိုက်သည်။
ထို့နောက် သူမကလေယာဉ်မယ်အား “ဒါဆို ကျောက်ပုဇွန်၊ M9 အမဲသား၊ ငှက်သိုက်ကို ယူမယ်...”
သူမ ဒီလိုပြောပြီးနောက်ဒါရိုက်တာရန်စားပွဲပေါ်ရှိလက်တေးဝိုင် ကိုကြည့်ရင်း ခဏလောက် တုံ့ဆိုင်းကာ “လက်တေးဝိုင်တစ်ခွက်လဲပေးပါ’’လို့ ပြောလိုက်ုည်။
လက်တေး ဝိုင်၏သည်အလွန်ရေပန်းစားလှသည်။
တီဗီဒရာမာများစွာထဲတွင် မင်းသမီးများသည် နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများဖြင့်လက်တေးဝိုင်ကို ညင်သာစွာ သောက်ကြလေသည်။
လီယန်ကျင်းသည် တီဗီဒရာမာများကို အကြည့်များသောကြောင့်သူမသည်လဲလက်တေးဝိုင်ကိုသောက်နေသည်ဟု အကြိမ်ကြိမ် စိတ်ကူးယဉ်နေခဲ့သည်။
လက်တေးဝိုင်သည်စျေးကြီးလေသည်။
ထို့ကြောင့် သူမသည်အမှန်တစ်ကယ်လက်တေးဝိုင်ကိုမသောက်နိုင်ပေ။အခုနောက်ဆုံးတော့လက်တေးဝိုင်ကိုသောက်နိုင်မည့်အခွင့်အရေးပေါ်လာလေသည်။ထို့ကြောင့်သူမသည်အားမနာတော့ပဲဝိုင်ကိုမှာလိုက်လေသည်။
“ကောင်းပြီ ခဏစောင့်ပေးပါ” လေယာဉ်မယ်က ပြုံးပြီးပြောလိုက်သည်။
မကြာခင်မှာပဲ အရသာရှိတဲ့ အစားအစာတွေနဲ့ အတူအနီရောင်တောက်နေသောလက်တေးဝိုင်တစ်ခွက်သည်လီယန်ကျင်းရှေ့သို့ရောက်လာလေသည်။
လီယန်ကျင်းသူမသည်ကျေးဇူးတင်ကြောင်းပြောပြီးနောက် သူမသည် စိတ်လှုပ်ရှားမှုကို ထိန်းကာ ဝိုင်ဖန်ခွက်ကို ကောက်ယူကာလက်တေးကို ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။
လက်တေးကိုသောက်ပြီးနောက်လီယန်ကျင်း၏မျက်နှာသည် ကျေနပ်မှုတို့နှငွပြည့်နှက်နေသည်။
ထို့နောက် သူမသည်ကျောက်ပုဇွန်ငိုအခွံခွာပြီးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက်လီယန်ကျင်းက “ဒါက အရသာရှိလိုက်တာ!”ဟုပြောလိုက်လေသည်။
...
သာမန်လေယာဉ်ထဲရှိလူများသည်တိမ်ဖြူဖြူတွေနဲ့ အပြာရောင်ကောင်းကင်ကြီးကို ကြည့်ရတာ ပျော်စရာကောင်းတယ်လို့သူတို့ထင်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ အထူးသဖြင့် ရှည်လျားသောလေကြောင်းခရီးကြောင့်၎င်းတို့သည် အလွန်ပျင်းလာခဲ့သည်။
ဒါပေမယ့် ဒီဇိမ်ခံလေယာဉ်က မတူပေ။
အစားအသောက်ကောင်း၊ ဝိုင်၊စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေ၊ ရုပ်ထွက်ကောင်းတဲ့ ဗီဒီယိုတွေ၊ သီချင်းတွေရှိလေသည်။ထို့ကြောင့်ဟန်စီဒီရှိဝန်ထမ်းများသည်လုံးဝမပျင်းကြပေ။
“ဗွမ်း!”
အင်ဂျင်သည် နောက်ထပ် ကျယ်လောင်သော အသံ ထွက်ပေါ်လာပြီးနောက် ဇိမ်ခံလေယာဉ်သည်ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။
အဝေးကို လှမ်းကြည့်လိုက်တာနဲ့ အဆောက်အဦးနှင့်အင်္ဂလိပ်၊ တရုတ်၊ ဂျပန် အပါအဝင် ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဆိုင်းဘုတ်များကိုတွေ့ရလေသည်။
ဒါကတော့...မော်ဒိုက်ပင်ဖြစ်လေသည်။
...
လင်းဖန် ဇိမ်ခံလေကြောင်းလိုင်း ဆင်းသက်သောအခါတွင် အခြားလေကြောင်းလိုင်းတစ်ခုလည်း ဆင်းသက်လာခဲ့သည်။
နေကာမျက်မှန်များ တပ်ထားသည့် ဟူချင်လောင်က တရုတ်ဘာသာဖြင့် “မော်လ်ဒိုက်၊ ငါလာပြီ!”
မော်လိဒိုက် သည် အလွန်နာမည်ကြီးသော ပင်လယ်ကမ်းစပ် ခရီးသွားမြို့ ဖြစ်သည်။
ယေဘူယျအားဖြင့် အမျိုးသားအများစုသည် အမျိုးသမီးများကို ခေါ်ဆောင်လာကြသည်။
အဘယ်ကြောင့်ဆိုသော်၊ ဤနည်းဖြင့်သာ အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးသည်ပိုမိုရင်းနှီးလာမည်ဖြစ်သောကြောင့်ဖြစ်သည်။
သို့သော်... ဟူချင်လောင်သည် အမျိုးသမီးတစ်ဦးကိုမျှမခေါ်ခဲ့ပေ။
ဘာဖြစ်လို့လဲဆိုတော့ သူက ချမ်းသာလို့ပင်ဖြစ်သည်။
သူကြိုက်တဲ့မိန်းမကိုသူရနိုင်မည်ဟုယုံကြည်လေသည်။
ထို့ကြောင့်သူသည်အမျိုးသမီးတစ်ယောက်ကို ဘာကြောင့်ခေါ်လာရမှာလဲ။
ဟူချင်လောင် သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မကြာမီ လေယာဉ်ပေါ်မှဆင်းလာသော ချမ်ရီရီ ကို မြင်သောသူ၏မျက်လုံးများချက်ချင်းတောက်ပသွားလေသည်။
ဟူချင်လောင်သည်ဒီလိုချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးပေ။
ချမ်ရီရီသည် သူ့ထံသို့ နီးကပ်လာသောအခါတွင် မွှေးကြိုင်သောရနံ့တစ်ခုသည်သူ့နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။
ဟူချင်လောင်သည်ချမ်ရီရီနားသို့သွားကာ”ငါမမှားရင် အလှလေး မင်းလည်း တရုတ်ပြည်ကပဲ မဟုတ်လား?”
အဘယ်ကြောင့်ဆိုသော် သူသည် ချမ်ရီရီ ၏လက်ထဲတွင် ဟွာအုပ်စုရဲ့ လက်ကိုင်ဖုန်းကို မြင်လိုက်ရသောကြောင့်ပင်ဖြစ်သည်။
ဒီဖုန်းဟာ ယနေ့ခေတ် တရုတ်နိုင်ငံမှာ အလွန်ရေပန်းစားနေတဲ့ မိုဘိုင်းလ်ဖုန်း ဖြစ်သည်။
ချမ်ရီရီ က ယဉ်ယဉ်ကျေးကျေးဖြင့်ခေါင်းညိတ်ပြီး “ဟုတ်တယ်”
ဟူချင်လောင်သည်သူ့ရဲ့ချောမောတယ်လို့ထင်တဲ့ အပြုံးဖြင့်”နိုင်ငံရပ်ခြားမှာ အခုလိုနိုင်ငံတူတစ်ယောက်ကိုတွေ့မယ်လို့ မမျှော်လင့်ထားဘူး၊ တိုက်ဆိုင်လိုက်တာပဲ!”
ထို့နောက် လက်ကောက်ဝတ်တွင် ယွမ် ၂ သန်းတန်ဖိုးရှိ Vacheron Constantin စိန်အပြည့်နာရီကို ထုတ်ဖော်ပြီးလက်ကို မြှောက်ကာ “အချိန်နီးနေပြီ၊ ယာဉ်မောင်းက မကြာခင် လာတော့မယ်” လို့ ပြောလိုက်သည်။
သူအချိန်ကိုကြည့်နေသလိုထင်ရသော်လည်း ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ၊ သူသည် တောက်ပနေသောစိန်များဖြင့်ပြည့်နေသောသူ၏နာရီကိုချမ်ရီရီရှေ့သို့ပြလိုက်လေသည်။
ဟူချင်လောင်က သူ့စိတ်ထဲက ပြုံးပြီး ပြောလိုက်သည်။’’ ငါ့ရဲ့ Vacheron Constantin စိန်အပြည့်နာရီကို မြင်လိုက်တာနဲ့ အလှလေးတန်းတန်းစွဲဖြစ်သွားလိမ့်မယ်’’
သူသည် အလှလေးများစွာ၏ နှလုံးသားကို ဖမ်းစားရန် သူ၏စည်းစိမ်ဥစ္စာကို ထုတ်ဖော်ပြသလေ့ရှိသည်။
သို့သော်…
ဒီတစ်ခါတော့ သူတော်တော်စိတ်ပျက်သွားလေသည်။
ချမ်ရီရီသည် သူ၏Vacheron Constantin ကို မြင်တာတောင်သူမ၏အမူအရာသည်ဘာမျှမပြောင်းလဲသွားပေ။
ဟူချင်လောင်သည် အံ့သြမှုဖြင့်’’ Vacheron Constantinနာရီကို သူမသိတာဖြစ်မယ်လို့တွေးလိုက်သည်။
ထိုအချိန်တွင် မေဘတ့်(ကား)သည် အဝေးက ဖြတ်မောင်းလာသည်။
ဒါကိုတွေ့တော့ဟူချင်လောင်က “ကားသမားက ဒီမှာ!”
မကြာမီမေဘတ့်(ကား)က သူ့ရှေ့တွင်ရပ်သွားလေသည်။
ဟူချင်လောင်က ကားတံခါးကိုဖွင့်ပြီး “အလှလေး ငါတို့ကနိုင်ငံတူတူပဲဆိုတော့ငါမင်းကိုလိုက်ပို့ပေးပါ့မယ်။မင်းဘယ်ကိုသွားမှာ”
စကားပြောပြီးနောက်ဟူချင်လောင်ကပြုံးလိုက်လေသည်။
ကိုယ်သူ တွေးလိုက်သည်။- မင်း Vacheron Constantin(နာရီ)ကို မသိရင် အရေးမကြီးဘူး၊ ဒါပေမယ့် မင်း မေဘတ့်(ကား)ကို တော့သိတယ်မဟုတ်လား။
ဟူချင်လောင်သည််ချမ်ရီရီကားထဲသို့ဝင်လာပြီးတဲ့အခါကျရင်လှပသောမြင်ကွင်းအချို့ကိုပုံဖော်နေလေသည်။(ဟူချင်လောင်အတွေး)
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး