ရောက်ရှိခြင်း
Vol. 32 Ch. 480
ထိုအခိုက်အတန့်တွင် နောက်ထပ် ကားသံများထွက်ပေါ်လာကြသည်။
ထို့နောက် Rolls-Royce(ကား)ငါးစီးတို့သည် အဝေးမှမောင်းလာကာချမ်ရီရီ၏ရှေ့တွင်ရပ်လိုက်လေသည်။
ထို့နောက် ကားတစ်စီးထဲကနေအနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လျင်မြန်စွာ ပြေးလာပြီး “မစ္စတာလင်း၊ မော်လ်ဒိုက်ကနေကြိုဆိုပါတယ်” ဟု တရုတ်ဘာသာစကားဖြင့် ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
သူသည်ဝိုက်ဟော့မိုနာ၏ဥက္ကဌဂရင်းပင်ဖြစ်သည်။
မနေ့က ဂရင်းသည်စိတ်လှုပ်ရှားစွာနဲ့လင်းဖန်ကိုဖုန်းဆက်လိုက်လေသည်။
လင်းဖန်သည်ဝိုက်ဟော့မိုနာ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။
သူ့ဆီက စကားတစ်ခွန်းက ဥက္ကဌဖြစ်တဲ့သူ့ကိုအလုပ်လက်မဲ့ ဖြစ်သွားစေနိုင်လေသည်။
လင်းဖန်သည်စီမံခန့်ခွဲရေးနှင့်ပတ်သက်သောကိစ္စများကိုစိတ်မဝင်စားပေ။ထို့ကြောင့်ဂရင်းတင်ပြသည့်အကြောင်းအရာများကိုနားမထောင်ပဲမနက်ဖြန်ကျရင်ဝိုက်ဟော့မိုနာကိုဘာမည်လို့ပြောလိုက်လေသည်။
ဒီစကားလုံးကိုကြားတော့ဂရင်းသည်ပျော်လဲပျော်ပြီးစိတ်မသက်သာလဲဖြစ်နေလေသည်။
ပျော်စရာမှာ၊ သူသည် သူဌေးအသစ်နှင့် လျင်မြန်စွာ နီးကပ်မည်ဖြစ်သောကြောင့်ဖြစ်သည်။
စိတ်မသက်သာစရာကတော့ သူဌေးလာတဲ့အချိန်မှာအဲ့ဝတ်မကျေခဲ့ရင်ဒါကသူ့အတွက်အန္တရာယ်ရှိတဲ့အရာပင်ဖြစ်သည်။
နောက်ဆုံးတော့၊ သူဌေးအသစ်က ဘယ်လိုမျိုးလဲဆိုတာ ဂရင်းသူမတွေးတတ်သေးပေ။
...
လင်းဖန်သည် ဂရင်းကို စိုက်ကြည့်ကာ အနည်းငယ် ခေါင်းညိတ်သည်။
ထို့နောက် သူက ဟူချင်လောင်အား “ငါ့ရည်းစားကို လိုက်ပို့ဖို့ မင်းအကူအညီ” လို့ပြောလိုက်လေသည်။
စကားပြောပြီးသောအခါ လင်းဖန်သည် ချမ်ရီရီ ၏သွယ်လျသောလက်ကိုကိုငိကာ Rolls Royce(ကား)ထဲသို့ဝင်သွားလေသည်။
ထိုအခါမှဟူချင်လောင်သည်ချမ်ရီရီဘေးတွင်လင်းဖန်ရှိသည်ကိုသတိထားမိလိုက်လေသည်။
“ဗွမ်း!”
ထို့နောက်Rolls-Royce(ကား)သည်အဝေးသို့မောင်းထွက်သွားလေသည်။
ဟူချင်လောင်က “ဟူး ဒီမိန်းကလေးကတစ်ကယ်အမြင်မရှိတာပဲ”
ထို့နောက် Maybach(ကား)ပေါ်တွင် တိုက်ရိုက်ထိုင်ကာအရှေ့သို့မောင်းထွက်သွားလေသည်။
ထင်ရှားသည်မှာ၊ သူသည် Rolls-Royce(ကား)ကြောင့်အနည်းငယ်မျှကြောက်ရွံ့မှု မခံစားရကြောင်း ထင်ရှားသည်။
ဘာဖြစ်လို့လဲဆိုတော့…
ဒါက မော်လ်ဒိုက်ပင်ဖြစ်သည်။
ဒီဇိမ်ခံကားကို ပိုက်ဆံနည်းနည်းနဲ့ ငှားလို့ရသည်ကိုသူသိထားသောကြောင့်ဖြစ်သည်။
...
လင်းဖန်နှင့်ချမ်ရီရီတို့သည်မကြာခင်မှာပဲ ပင်လယ်ပြာကြီးဆီသို့ရောက်လာကြလေသည်။
ဂရင်းသည်Rolls Royce(ကား)တံခါးကို လင်းဖန်ထွပ်လာနိုင်အောင်ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပေးလိုက်သည်။
လမ်းလျှောက်ရင်းဂရင်းက“ဒါက ပင်လယ်နားက ဆိပ်ခံပါ။ ငါ့ဟော့မိုနာရဲ့ ဇိမ်ခံရေယာဉ်က ရှေ့ကရပ်ထားတယ်” လို့ မိတ်ဆက်ပေးလိုက်လေသည်။
လူတိုင်းသည်သူပြသည့်နေရာကိုကြည့်လိုက်လေသည်။
ထိုအခါသူတို့သည်လေယာဉ်ပျံနှင့်ပုံစံတူသော ရွက်လှေငါးစင်းသည် ပင်လယ်ကမ်းစပ်တွင် ဆိုက်ကပ်နေသည်ကိုတွေ့လိုက်ရသည်။
ဂရင်း၏အစီအစဉ်အောက်တွင်လင်းဖန် နှင့် ချမ်ရီရီတို့သည်ဇိမ်ခံရေယာဉ်လေယာဉ်ပေါ်တွင်နှစ်ယောက်တည်း စီးလိုက်ကြသည်။
ဇိမ်ခံရေယာဉ် လေးစင်းကိုတော့ဟန်စီဒီဝန်ထမ်းတို့ကစီးလိုက်ကြလေသည်။
ပြောရမယ်ဆိုရင်တော့ ဒီဇိမ်ခံသင်္ဘောအတွင်းထိုင်ခုံအားလုံးကို LV ဖြင့် စိတ်ကြိုက်ပြင်ဆင်ထားပြီးစျေးကြီးသောအစားအသောက်နှင့်ဝိုင်များကိုလဲအခမဲ့ချပေးထားလေသည်။
ဒါကတစ်ကယ့်ကိုပျော်ရွှင်မှုပင်ဖြစ်လေသည်။ဘာလို့ဆိုပင်လယ်ပြင်ရှုခင်းက်ုကြည့်ရင်းအစားသောက်တွေရဲ့အရသာကိုခံစားနိုင်သောကြောင့်ဖြစ်သည်။
မိနစ်လေးဆယ်အကြာတွငိလှပတဲ့ကျွန်းစုများသည်သူတို့ရှေ့တွင်ပေါ်လာလေသည်။
ဒါကတော့... ဝိုက်ဟော့မိုနာပင်ဖြစ်သည်။
ဇိမ်ခံသင်္ဘောငါးစင်း ဆိုက်ကပ်လာပြီးနောက်ဒါရိုက်တာရန် ၊ လီယန်ကျင်းနှင့် လူတိုင်းသည် အံ့သြမှုများနှင့် ပြည့်နှက်နေလေသည်။
သူတို့ ခရီးမထွက်ခင်ကတည်းကအင်တာနက်တွင် မော်လ်ဒိုက်အကြောင်း ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ အများကြီးကိုကြည့်ခဲ့လေသည်။
သို့သော်လည်း မော်လ်ဒိုက်သို့ အမှန်တစ်ကယ်ရောက်ရှိလာချိန်တွင်သူတို့အားလုံးတုန်လှုပ်ခြောက်ခြားသွားကြသည်။
ဇိမ်ခံအိမ်ကြီးတစ်ခုစီ၏ အပြင်ဘက်တွင်ရွှေရောင်သဲသောင်ပြင်ရှိလေသည်။
ဇိမ်ခံအိမ်တံခါးရှေ့တွင်100 စတုရန်းမီတာကျော်ကျယ်တဲ့ ရေကူးကန်ကြီးလဲရှိသည်။ထိုအပြင် ရှေ့ကို လှမ်းကြည့်လိုက်တာနဲ့သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ ကြည်လင်တဲ့ ပင်လယ်ရေ ရှိလေသည်။
မြင့်မားသော အုန်းပင်များအောက်တွင် ပက်လက်ကုလားထိုင်များရှိပြီး အနီးနားတစ်ဝိုက်တွင်လည်းစိမ်းလန်းစိုပြေသော သစ်ပင်များနှင့် တောက်ပသော ပန်းပွင့်များရီလေသည်။
ဂရင်းက “ကျွန်ုပ်တို့ရဲ့ဝိုက်ဟော့မိုနာ တွင် စုစုပေါင်းကျွန်းခြောက်ကျွန်းရှိပြီး အားကစားကျွန်း၊ စပါး(spa)ကျွန်း၊ အစားအသောက်ကျွန်း၊ ဟိုတယ်ကျွန်းနှစ်ကျွန်းနှင့် ဇိမ်ခံကျွန်းတို့ဖြစ်ပါတယ်”
“မစ္စတာလင်း၊ မင်းတို့ရှိနေတဲ့နေရာကတော့ဇိမ်ခံကျွန်းပဲဖစ်ပါတယ်။ ဒီကျွန်းက မင်းနဲ့မင်းရဲ့သူငယ်ချင်းတွေကို ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုတွေပေးမှာပါ။မင်းတို့နေဖို့အခန်း4 ခန်းရှိတယ်...”
“အစားအသောက်၊ ဝိုင်စသည်ဖြင့် အခြားလိုအပ်ချက်များရှိပါက ဝန်ဆောင်မှုစက်ဖြင့်ဖြစ်စေ ဖုန်းဖြင့်ဖြစ်စေပြောပြနိုင်ပါတယ်...”
“ဒါဆို မစ္စတာလင်းနဲ့ ဧည့်သည်တော်များ ပျော်ရွှင်စရာ အားလပ်ရက်လေး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်”
စကားပြောပြီးသောအခါတွင် သူသည် နောက်သို့ ဆုတ်ကာ အပြင်သို့ထွက်လာလိုက်သည်။
ဂရင်းသည်လူသားတို့၏စိတ်ကိုနားလည်တယ်လို့ပြောရမည်ဖြစ်သည်။ဘာဖြစ်လို့လဲဆိုရင်တစ်ချို့လူတို့သည်သူဌေးကိုဖားချင်သောကြောင့်အရမ်းအောက်ကျို့နေမည်ဖြစ်သည်။
ဂရင်းထွက်သွားပြီးနောက် လင်းဖန် နှင့် ချမ်ရီရီတို့သည် အရှေ့ဘက်ဆုံး ဗီလာသို့ ပြောင်းရွှေ့သွားခဲ့သည်။
ဒါရိုက်တာရန်၊လီယန်ကျင်းနှင့် အခြားသော ဝန်ထမ်းများသည်အခြားအိမ်ကြီးသုံးလုံးတွင် နေထိုင်လေသည်။
ဤအိမ်ကြီးများသည် အလွန်ကြီးသောကြောင့် သူတို့နေထိုင်ရန် လုံလောက်သည်ထက်ကိုနေလေသည်။
ဒါရိုက်တာရန်၊ လီယန်ကျင်း နှင့် အခြားသူများ ဗီလာထဲသို့ ဝင်သွားသောအခါ အတွင်းပိုင်း အပြင်အဆင်နှင့် လိုအပ်သောပစ္စည်းများကိုစီစဉ်ပေးမှုကြောင့် အံ့အားသင့်သွားကြသည်။
သူတို့အံ့သြသည်မှာလဲမဆန်းပေ။ဘာလို့ဆိုမျက်နှာသုတ်ပဝါ၊ ရေချိုးသုတ်ပုဝါ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာဆီ၊အိမ်စီး ဖိနပ်တစ်ရံ၊ အိပ်ယာခင်းများအပါအဝင် အရာအားလုံးကို LV.....တို့လိုဇိမ်ခံပစ္စည်းဖြင့်ပြုလုပ်ပေးထားသောကြောင့်ဖြစ်သည်။
ထို့ကြောင့် လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ ဖြင့်အာမေဋိတ်များထွက်လာကြသည်။
...
ထိုအချိန်တွင် လင်းဖန် နှင့် ချမ်ရီရီ သည် ၎င်းတို့၏ နေအိမ်သို့ လျှောက်သွားနေပြီဖြစ်သည်။
နှစ်ယောက်သား လက်ချင်းတွဲကာ ပင်လယ်ပြာကြီးနှင့် ကောင်းကင်ကြီးကို ကြည့်ကာလတ်ဆက်သောပင်လယ်လေကြီးကိုရူနေလေသည်။
မကြာမီချမ်ရီရီသည်လင်းဖန်၏ရင်ဘတ်ကိုမှီလိုက်လေသည်။
လင်းဖန်၏ ရင်ဘတ်သည် အနည်းငယ်ပူနွေးနေသည်။
ထို့ကြောင့်မကြာမီချမ်ရီရီ ၏ လှပသော မျက်နှာသည်နှင်းဆီရောင် သန်းလာလေသည်။
သူမ ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ကာလင်းဖန်ကိုနမ်းလိုက်လေသည်။
နေရောင်ခြည်အောက်တွင် သူတို့နှစ်ဦး၏ အရိပ်များသည် လုံး၀ ပေါင်းစပ်သွားကြလေတော့သည်။
...