← Chapters

အီသာတောင်ကိုတိုက်ခိုက်ခြင်းနှင့် သိမ်းငှက်ဘုရင်အားသတ်ဖြတ်ခြင်း

Vol. 21 Ch. 401

အီသာတောင်ကိုတိုက်ခိုက်ခြင်းနှင့် သိမ်းငှက်ဘုရင်အားသတ်ဖြတ်ခြင်း

Vol. 21 Ch. 401

သုံးနှစ်ကြာပြီးနောက်…

မှော်ဝင်တိုင်တောင်တွင်…

လေထဲတွင် ရတနာသင်္ဘောတန်းများ ရပ်နေကြသည်။

ဤရတနာသင်္ဘောပေါ်တွင်ရှိသည့် ကျင့်ကြံသူများသည် အီသာတောင်သို့သွားမည့်သူများဖြစ်သည်။

သူတို့ထဲတွင် ကျန်းမျိုးနွယ်စုနှင့် ရှန်းမျိုးနွယ်စုမှ ကျင့်ကြံသူများပါဝင်ပြီး ကျန်းမျိုးနွယ်စုလက်အောက်သို့ဝင်ထားသည့် ယွဲ့မျိုးနွယ်စုကလူများလည်း ပါဝင်သည်။

လူဦးရေစုစုပေါင်းမှာ ထောင်ချီလေသည်။

ထိုအချိန်တွင် ခံ့ညားထည်ဝါသောအော်ရာဖြင့် လူသုံးယောက်သည် ရတနာသင်္ဘောများကိုဦးဆောင်ရာတွင် နေရာယူခဲ့သည်။

ထိုသူတို့မှာ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းယွမ်လုံတို့ပင်ဖြစ်သည်။

သေချာသပ်ရပ်စွာစီစဉ်ထားသော ကျင့်ကြံသူအင်အားများကိုကြည့်ပြီး ကျန်းချန်ရွှမ်သည် ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် အီသာတောင်ကို တိုက်ခိုက်ရန် အမိန့်များချမှတ်သည်။

ဤကျန်းမျိုးနွယ်စု၏ ကြီးမားသောအုတ်အော်သောင်းတင်းဖြစ်မှုသည် အီသာတောင်၏ အဆင့် ၄ သိမ်းငှက်ရိုင်းသုံးကောင်ကို နိုးကြားစေခဲ့သည်။

သူတို့ အလွန်အမင်းဒေါသထွက်နေကြသည်။

အသေအချာပင် သူတို့သည် လူသားကျင့်ကြံသူများက အီသာတောင်ရှိနတ်ဆိုးသားရဲများကို တိုက်ခိုက်ရန် ပဏာမခြေလှမ်းပြုလုပ်ဖို့ သတ္တိရှိမည်ဟု မမျှော်လင့်ခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ သူတို့သည်ပေါ့ပေါ့ဆဆတော့ မတွေးခဲ့ပေ။

သူတို့သည် အီသာတောင်အနီးရှိနတ်ဆိုးဘုရင်များထံသို့ အကြောင်းကြားစာများပို့လိုက်ပြီး သူတို့လာရောက်ကူညီရန် မျှော်လင့်နေခဲ့ကြသည်။

သူတို့သည် ကျန်းမျိုးနွယ်စု၏ ရွှေအမြုတေအဆင့်ဘိုးဘေးများကိုသတ်နိုင်ပါက အသားများပေးပြီး ရွှေအမြုတေများလည်းပေးမည်ဟု ကတိပေးထားကြသည်။

နတ်ဆိုးသားရဲမျိုးနွယ်စုများတွင် သဘောထားကွဲလွဲမှုများ များစွာရှိသော်လည်း မည်သို့ပင်ဖြစ်စေ တူညီသည့်ရန်သူကိုရင်ဆိုင်ရသည့်အခါ နတ်ဆိုးသားရဲများသည် မည်သို့မျှမလုပ်ဘဲ လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် အဆင့် ၄ သိမ်းငှက်ရိုင်းသုံးကောင်ကို ဒုက္ခရောက်စေသည်မှာ သူတို့ကိုအကြောင်းကြားလိုက်သော်လည်း မည်သည့်နတ်ဆိုးဘုရင်ထံကမှ ပြန်စာမလာခြင်းဖြစ်သည်။

ဤမူမမှန်ခြင်းသည် သူတို့ကို ရတက်မအေးဖြစ်စေသည်။

ထိုအချိန်တွင် ကျန်းမျိုးနွယ်စု၏သင်္ဘောများသည် အီသာတောင်နှင့် သိပ်မများလှသော ကီလိုမီတာများအဝေးတွင် ရောက်နေကြပြီဖြစ်သည်။

ထိုအရာကိုမြင်ပြီး အဆင့် ၄ သိမ်းငှက်ရိုင်းသုံးကောင်၏မျက်လုံးထဲတွင် ရက်စက်မှုများ ဝင်းဝင်းတောက်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

အသက်အကြီးဆုံး သိမ်းငှက်ရိုင်းသည် အေးစက်စွာအော်ပြောလိုက်သည်။

“မင်းတို့လုပ်ရဲလား လူသားတွေ။ နတ်ဆိုးသားရဲတွေရဲ့ပိုင်နက်ကိုကျူးကျော်ဝင်ရောက်တာက သေခြင်းကို ဖိတ်ခေါ်နေတာပဲ”

“ငါသေခြင်းကိုဖိတ်ခေါ်နေတာဟုတ်မဟုတ် မင်းခနနေရင်သိလိမ့်မယ်”

ကျန်းချန်ရွှမ် လှောင်ပြောင်သရော်လိုက်သည်။

ထပ်၍ပြောမနေဘဲ သူသည် အီသာတောင်ရှိအကာအကွယ်အစီအရင်ကိုတိုက်ခိုက်ရန် ကျင့်ကြံသူများကိုအမိန့်ပေးလိုက်သည်။

ဟုတ်ပေသည်။

အီသာတောင်လည်း တောင်ကာကွယ်ရေးအစီအရင်ဖြင့် ကာကွယ်ထားလေသည်။

နတ်ဆိုးသားရဲများ၏အတတ်သည် လူသားကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သေးနုပ်သွားသော်လည်းပဲ။

မည်သို့ပင်ဖြစ်စေ အဂ္ဂိရတ်နှင့် အစီအရင်များတွင် ကျွမ်းကျင်သော နတ်ဆိုးသားရဲအနည်းငယ်တော့ရှိသည်။

ဥပမာအားဖြင့် သိမ်းငှက်ရိုင်းသုံးကောင်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့သည်ဤအရာတွင် အတော်အတန်ကျွမ်းကျင်သော်လည်း လူသားအစီအရင်ဆရာသခင်ကြီးများကဲ့သို့ အီသာတောင်ပေါ်တွင် အဆင့် ၄ ကာကွယ်ရေးအစီအရင်ပြုလုပ်ရန်မှာ လက်တွေ့မကျလှပေ။

အီသာတောင်တွင် အဆင့် ၄ ကာကွယ်ရေးအစီအရင်ရှိနေသည့် အဓိကအကြောင်းမှာ ဤနေရာသည် မူလက လူသားမျိူးနွယ်၏ ရွှေအမြုတေဂိုဏ်းဌာနချုပ်ဖြစ်သောကြောင့် ဖြစ်သည်။

၎င်းကို အနန္တဂိုဏ်းဟုခေါ်သည်။

အစကဤနယ်မြေသည် လျန်နိုင်ငံ၏ ပိုင်နက်ဖြစ်သည်။

နောက်ပိုင်းတွင် နတ်ဆိုးသားရဲဆူပုံအုံကြွမှုများ၏ ပစ်ခတ်မှုအောက်တွင် အနန္တဂိုဏ်းမှာ ဖျက်စီးခံလိုက်ရပြီး နတ်ဆိုးသားရဲများ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

အန္တဂိုဏ်းတွင်ရှိသည့်အရာများဖြစ်သည့် အဆင့် ၄ ကာကွယ်ရေးအစီအရင်သည် နတ်ဆိုးသားရဲများ၏ စစ်ပွဲမှရရှိခဲ့သော ပစ္စည်းများဖြစ်လာကြသည်။

ယခုတွင် အီသာတောင်နယ်မြေတစ်ခုလုံးသည် သိမ်းငှက်ရိုင်းမျိုးနွယ်စု၏ ပုန်းအောင်းရာနေရာဖြစ်လာသည်။

ကျန်းချန်ရွှမ်ယခုပြုလုပ်ချင်နေသည့်အရာမှာ လူသားတို့အတွက် ဤနယ်မြေကို ပြန်လည်ရယူခြင်းဖြစ်သည်။

အမှန်ပင်…

အခြားပြုလုပ်လိုသည့်အကြောင်းနှင့် အဓိကအကြောင်းမှာ ကျန်းမျိုးနွယ်စုသည် အဆင့် ၄ ဝိညာဉ်သွေးကြောကို အလိုရှိသောကြောင့်ဖြစ်သည်။‌

နောက်ဆုံးတွင် လျန်နိုင်ငံ၏ ကျင့်ကြံခြင်းလောကမှာ အလွန်ကြီးမားရုံသာဖြစ်သည်။

၎င်းတွင် အဆင့် ‌၄ ဝိညာဉ်သွေးကြော လေးခုသာရှိသည်။

လောလောဆယ်တွင် ကျန်းမျိူးနွယ်စု၌ ရွှေအမြုတေအဆင့်ကျင့်ကြံသူ၊ သူနှင့်ရှန်းရူယန်တို့နှစ်ယောက်ရှိသည်။

ရှန်းယွမ်လုံအပါအဝင် စုစုပေါင်း ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်ရှိသည်။

အီသာတောင်ပေါ်ရှိ အဆင့် ၄ ဝိညာဉ်သွေးကြောသည် အချိန်နှင့်အမျှ သူတို့၏ကျင့်ကြံမှုကို ‌ပံ့ပိုးရုံတော့ပံ့ပိုးနေသေးသည်။

မည်သို့ပင်ဖြစ်စေ ကျန်းမျိူးနွယ်စု၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူ‌အ‌‌ရေအတွက်တိုးလာသည်နှင့်အမျှ သို့မဟုတ် သူနှင့်ရှန်းရူယန်သည် သေချာသည့်အဆင့်တစ်ခုသို့ရောက်ရှိသွားပါက အဆင့် ၄ ဝိညာဉ်သွေးကြောသည် သေချာပေါက်လုံလောက်မည်မဟုတ်တော့ပေ။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ အီသာတောင်ပေါ်ရှိ ဤအဆင့် ၄ ဝိညာဉ်သွေးကြောကို သိမ်းယူနိုင်ရန် အလွန်အရေးကြီးသည်။

ဘွန်း ဘွန်း ဘွန်း--

ကောင်းကင်တွင် မျက်စိကျိန်းစရာအလင်းမန္တန်များ၊ ဓမ္မအသုံး‌အဆောင်ပစ္စည်းများနှင့် ဓမ္မရတနာများသည် အီသာတောင်ပေါ်ရှိ ကာကွယ်‌ရေးအစီအရင်ကို တိုက်ခိုက်နေကြသည်။

ချက်ချင်းပင် ပထဝီမြေကြီး ဝုန်းကနဲလှုပ်ခါသွားသောအသံထွက်လာခဲ့သည်။

၎င်းသည် အဆင့် ၄ သိမ်းငှက်ရိုင်းသုံးကောင်ကို ဒေါသထောင်းထောင်းထသွားစေခဲ့သည်။

သိမ်းငှက်ရိုင်းမျိုးနွယ်စုတွေ ဘယ်တုန်းက ဒီလိုအနိုင်ကျင့်ခံခဲ့ရဖူးလို့လဲ?

အထူးသဖြင့် သူတို့ကို အနိုင်ကျင့်နေကြသည့်သူများမှာ သူတို့အထင်အသေးဆုံးလူသားများပင်ဖြစ်သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ အဆင့် ၄ သိမ်းငှက်ရိုင်းသုံးကောင်သည် အခြားသိမ်းငှက်ရိုင်းများကို ပြန်လည်တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။

သူတို့ကိုယ်တိုင်က ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းယွမ်လုံတို့ကို ပစ်မှတ်ထားခဲ့သည်။

အသက်အကြီးဆုံးသိမ်းငှက်ရိုင်း(မူလသိမ်းငှက်ရိုင်း)၊ ဒုတိယသိမ်းငှက်ရိုင်း(ကောင်းကင်သိမ်းငှက်ရိုင်း)နှင့် အငယ်ဆုံး(နတ်တမန်သိမ်းငှက်ရိုင်း) တို့သည် ချက်ချင်းပင် ကျန်းချန်ရွှမ်နှင့် အခြားသူများဆီဦးတည်ကာ အပြေးသွားလိုက်ကြသည်။

ကျန်းချန်ရွှမ်သည် အသက်အကြီးဆုံးသိမ်းငှက်ရိုင်း(မူလသိမ်းငှက်ရိုင်း)ကို ရင်ဆိုင်ပြီး ရှန်းရူယန်က ဒုတိယသိမ်းငှက်ရိုင်း(ကောင်းကင်သိမ်းငှက်ရိုင်း)ကို ရင်ဆိုင်ခဲ့သည်။

ရှန်းယွမ်လုံကမူ နတ်တမန်သိမ်းငှက်ရိုင်းကို ရင်ဆိုင်ခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းယွမ်လုံကို သူသည်သုံးကောင်လုံးကိုတိုက်ခိုက်ရန်မလိုကြောင်းနှင့် တစ်ကောင်တည်းကိုသာဦးတည်တိုက်ခိုက်ရန် ကြိုတင်သတိပေးလိုက်ကြသည်။

သူသည် ထိုတစ်ကောင်ကို ထိန်းထားရန်သာလိုသည်...

***

All Chapters