← Chapters

အီသာတောင်ကိုတိုက်ခိုက်ခြင်းနှင့် သိမ်းငှက်ဘုရင်အားသတ်ဖြတ်ခြင်း(၂)

Vol. 21 Ch. 402

အီသာတောင်ကိုတိုက်ခိုက်ခြင်းနှင့် သိမ်းငှက်ဘုရင်အားသတ်ဖြတ်ခြင်း(၂)

Vol. 21 Ch. 402

ကလန်! ကလန်! ကလန်!

ချက်ချင်းပင် ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားသည် မူလသိမ်းငှက်ရိုင်း၏ ချွန်ထက်သော လက်သည်းများနှင့် ထိခတ်မိသွားသည်။

‌ထိခတ်မှုအပြီးတွင် တောကပသောမီးစက်မီးပွားများပျံ့လွင့်လာပြီး အနီးဧရိယာရှိ သစ်ပင်များနှင့် ကျောက်ဆောင်များဆီသို့ အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွားခဲ့သည်။

များစွာသောလှုပ်ရှားမှုများနဲ့တိုက်ခိုက်ခဲ့ကြပြီးနောက် သူတို့တစ်ယောက်မှ ဒဏ်ရာရသွားသည့်လက္ခဏာမပြပေ။

ထိုအရာသည် မူလသိမ်းငှက်ရိုင်းအား အလွန်အမင်းအံ့အားသင့်သွားစေပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်စေခဲ့သည်။

၎င်းသည် မူလသိမ်းငှက်ရိုင်းက အဆင့်မြင့် အဆင့် ၄ သို့ ရောက်ပြီးဖြစ်ကြောင်းသိနိုင်သည်။

တစ်နည်းအားဖြင့် ၎င်းသည် အဌမနှင့် နဝမရွှေအမြုတေအဆင့်ကြားရှိ အရာဖြစ်သည်။

ဤကဲ့သို့ ကျင့်ကြံခြင်းနှင့် ခွန်အားတွင် ကြီးမားသောကွာဟချက်ဖြင့် ကျန်းချန်ရွှမ်ကို အမှန်တကယ်ဆွဲချရန်မဖြစ်နိုင်ပေ။

ဘယ်လိုဆက်ဖြစ်မှာလဲ?

ထို့ပြင် သိမ်းငှက်ရိုင်းသည် လူသားရွှေအမြုတေအဆင့်ကသူ၏ ခွန်အားအကုန်လုံးကို အသုံးမပြုရ‌သေးကြောင်း အာရုံရနေသည်။

ထိုအကြောင်းကိုတွေးကာ သိမ်းငှက်ရိုင်းလည်း ဆက်မတိုက်ခိုက်ရဲတော့ပေ။

၎င်းသည် မြန်နှုန်းမြင့်အရှိန်ဖြင့် ထွက်သွားခဲ့သည်။

နောက်တွငိ ၎င်း၏ကြီးမားသောကိုယ်ခန္ဓာသည် အရိပ်တစ်ခုသဖွယ်ပြောင်းလဲသွားပြီး အစီအရင်အောက်သို့ဝင်ရောက်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ငါးရောင်စုံအလင်းကသူ့ရဲ့ကြီးမားသောကိုယ်ခန္ဓာပေါ်မှ ဖြတ်ကျော်သွားသည်။

ချက်ချင်းပင် မူလသိမ်းငှက်ရိုင်းသည် ၎င်း၏အရှိန်၊ သက်လုံ၊ ခွန်အား၊ စွန်းအင်နှင့် နတ်ဆိုးစွမ်းအားတို့ ၃၀%ထိကျဆင်းသွားကြောင်း သိရှိသွားပြီး အံ့အားသင့်သွားခဲ့သည်။

၎င်းသည် သူသုံးရက်သုံးညလောက် တိုက်ပွဲမှအနားမယူရသေးသည့်အလား ခံစားရသည်။

မအောင့်အီးနိုင်သောခြေကုန်လက်ပန်းကျမှုသည် သူ့အားလွှမ်းမိုးနေသည်။

သူအံ့အားသင့်သွားခဲ့သည်။

သူ၏ဆုံချက်ကိုပြန်လည်ရရှိရန် အစီအရင်စီသို့ မြန်နိုင်သလောက်မြန်မြန်ပြန်သွားခဲ့ရာတွင် အလွန်ကြောက်မက်ဖွယ်‌ဟိန်းဟောက်သံတစ်ခု သူ၏နားဘေးမှ ထွက်လာခဲ့သည်။

လှည့်ကြည့်လိုက်သောအခါ မူလသိမ်းငှက်ရိုင်း၏တပည့်များသည် အပ်များ၏အရွယ်အစားကဲ့သို့ သေးကျုံ့သွားကြသည်။

ယှဉ်နိုင်စရာမရှိသော‌ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းရည်ရွယ်ချက်တစ်ခုဖြင့် လျှပ်စီးကြောင်းတစ်ခုသဖွယ် ရွှေရောင်ဓားအလင်းရောင်သည် ရှေ့သို့ဦးတည်ခုတ်ပိုင်းလိုက်သည်။

ဆူနာမီကဲ့သို့စွမ်းအားမျိုးသည် သူတောင့်ခံနိုင်မည့်စွမ်းအားမျိုးမဟုတ်ခဲ့ပေ။

ခနကြာပြီးနောက် သိမ်းငှက်ရိုင်း၏မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး အော်ဟစ်လိုက်သည်။

“မဟုတ်ဘူး”

ချက်--

သွေးများစီးကျလာသည်။

သိမ်းငှက်ရိုင်း၏ ကြီးမားသော အတောင်ပံများထဲမှတစ်ခုသည် လျှပ်စီးကဲ့သို့‌ ရွှေရောင်ဓား၏ခုတ်ချက်ဖြင့် ဆုတ်ပြဲသွားခဲ့သည်။

သိမ်းငှက်ရိုင်းသည် စူးစူးဝါးဝါးအော်ဟစ်သံတစ်ခု ထုတ်လွှတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ထိုအော်ဟစ်သံပျံ့နှံ့မသွားခင်ပင် ပို၍ကြောက်မက်ဖွယ်အော်သံတစ်ခု ၎င်း၏နားထဲတွင်ကြားလိုက်ရသည်။

ရွှေဗလာနယ်ဓားသည် နောက်ကျရုပ်ခွင်သဖွယ်ပြောင်းလဲသွားပြီး နတ်အားနှင့်ပင်ဖမ်းမိရန်မဖြစ်နိုင်လောက်သည့်အရှိန်ဖြင့် သိမ်းငှက်ရိုင်း၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။

သုံးမြှောင့်ဖန်တုံးသဖွယ်ဒိုင်းသည် သိမ်းငှက်ရိုင်း၏ရှေ့တွင် နေရာယူလိုက်သည်။

ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားသည် ထိုသုံးမြှောင့်ဒိုင်းတွင် ဝိညာဉ်ကိုနှောင့်ယှက်စေသော ကျိန်းသံကိုဖန်တီးလျက် ထိုးစိုက်နေသည်။

ဓား၏မျက်နှာပြင်သည် လျင်မြန်စွာပင် ပြိုပျက်သွားကာ ရှုံ့တွသွားသည်။

နောက်ဆုံးတွင် ဖြိုခွင်းသံတစ်ခုသာ ဖြစ်လာခဲ့သည်။

ရွှေဗလာနယ်ဓားကြောင့် သုံးမြှောင့်ဒိုင်းတွင် ကြီးမားသော အပေါက်တစ်ခုဖွင့်သွားသည်။

ထို့နောက် ၎င်း၏ဟာသည် လျော့နည်းသွားနိုင်ပေသည်။

ထိုအရာသည် မီတာများစွာအကွာတွင်ထွက်ပြေးသွားသော သိမ်းငှက်ရိုင်းနောက်သို့ လိုက်လာပြီး ရက်စက်စွာ ထိုးသွင်းလိုက်သည်။

“အား”

လေထဲတွင် သိမ်းငှက်ရိုင်း၏ စိတ်မချမ်း‌မြေ့ဖွယ် ညည်းညူသံများ ထပ်မထံထွက်ပေါ်လာခဲ့ပြန်သည်။

ထိုအချိန်တွင် အပ်မှပူးဖောက်ကိုဖောက်လိုက်သကဲ့သို့ ဖောက်ကနဲအသံတစ်ချက်မြည်သွားခဲ့သည်။

ဓားခုတ်ချက်သည် သိမ်းငှက်ရိုင်း၏ ဦးခေါင်းပေါ်သို့ ဖြတ်သန်းသွားသည်။

အကာအကွယ်အစီအရင်ရှေ့တွင်ရောက်နေသည့် သိမ်းငှက်ရိုင်း၏မျက်လုံးထဲရှိအလင်းရောင်သည် လျင်မြန်စွာပင် ကွယ်ပျောက်သွားသည်။

ကျယ်လောင်သောအသံတစ်မျိုးဖြင့် ကြီးမားသောအလောင်းကောင်၏ ပျက်စီးသံသည် သေးငယ်သောငလျင်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

‌”အား”

တစ်ချိန်ထဲတွင် ရှန်းရုရန်နှင့်တိုက်ခိုက်နေသည့် ကောင်းကင်သိမ်းငှက်ရိုင်းသည် အနက်ရောင်အဖြစ်လောင်ကျွမ်း‌နေသည်။

ကြမ်းတမ်းသော လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင်ထိခိုက်ပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိပြီး ခုခံရန်စွမ်းအားများအားလုံးကိုဆုံးရှုံးစေလိုက်သည်။

ထိုအချိန်တွင် ငါးရောင်စုံဓားအလင်းသည် ကောင်းကင်မှမိုးကြိုးများကို တရွေ့ရွေ့ကုန်လွန်စေနေသည်။

၎င်းသည် ပြိုကွဲသွားသည့်အသံတစ်ခုဖြစ်သည်။

ကောင်းကင်သိမ်းငှက်ရိုင်း၏ကြီးမားသော ကိုယ်ခန္ဓာသည် ရှန်းရူယန်၏ ငါးရောင်စုံအမတသတ်ဖြတ်သူကြောင့် ခေါင်းမှခြေထောက်အထိ တစ်ဝက်ပိုင်းဖြတ်ခံလိုက်ရသည်။

ထိုမှစပြီး အီသာတောင်ပေါ်ရှိ အဆင့် ၄ နတ်ဆိုးဘုရင်သုံးယောက်ထဲမှ နှစ်ယောက်သည် သုတ်သင်ရှင်းလင်းခံလိုက်ရသည်။

မကြာမီပင် ရှန်းယွမ်လုံနှိမ်နင်းနေသည့် နတ်တမန်သိမ်းငှက်သည် သူ့ညီအစ်ကိုနှစ်ယောက်၏အဆုံးသတ်ကိုကြည့်ပြီး ကြက်သေသေသွားခဲ့သည်။

၎င်း၏မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်ကာ စိတ်မသက်သာသော အမူအယာတစ်ခုပေါ်ပေါက်လာခဲ့သည်။

နတ်တမန်သိမ်းငှက်ရိုင်းသည် သူ့ညီအစ်ကိုနှစ်ယောက်၏ ခွန်အားကို ကောင်းကောင်းသိသည်။

သူတို့သည် အဆင့် ၄ ၏နောက်ဆုံးအဆင့်ကိုရောက်နေကြပြီဖြစ်သော ခွန်အားကြီးမားသည့် နတ်ဆိုးဘုရင်များဖြစ်သည်။

ဒါပေမယ့် အဆုံးကျတော့ရော?

သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လက်ထဲတွင် သေဆုံးသွားခဲ့ကြသည်။

၎င်းသည် ဘယ်လိုလုပ် ကြောက်မက်ဖွယ်မဟုတ်နိုင်ပါ့မလဲ?

ထိုအချိန်တွင် ၎င်းသည် ရှန်းယွမ်လုံနှင့်ရင်ဆိုင်ကာ ဆက်လက်ဒုက္ခမခံတော့ပေ။

သူသည် သူ၏ကြီးမားသောအတောင်ပံများကိုဖြန့်လိုက်ကာ အကာအကွယ်အစီအရင်စီသို့ သူ၏ဘဝတွင် အလျင်မြန်ဆုံးအရှိန်ဖြင့် ပျံသန်းသွားခဲ့သည်။

လမ်းတစ်လျှောက်တွင် သွေးစက်များ သူ၏ကိုယ်ပေါ်မှ လျှံကျနေခဲ့သည်။

ထိုအရာသည် သူ၏အရှိန်ကိုမြှင့်တင်ရန် အဓိကသွေးကိုလောင်မြိုက်ပစ်လိုက်သည်။

၎င်းသည် အလွန်နှေးသွားမှာကြောက်ရွံ့နေခဲ့ပြီး သူ့ညီအစ်ကိုနှစ်ယောက်နောက်သို့လိုက်မိမှာ စိုးထိတ်နေခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူကန်အဖို့ တတိယသိမ်းငှက်ရိုင်းကိုဖမ်းဆီးရန် အလွန်နောက်ကျနေပေပြီ။

သူတို့သည် နတ်တမန်သိမ်းငှက် အစီအရင်အောက်သို့ ထွက်ပြေးလွတ်မြောက်သွားသည်ကိုသာ ကြည့်နေနိုင်ခဲ့ကြသည်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရှန်းယွမ်လုံတို့ ထပ်၍စုံမိသောအခါ ရှန်းယွမ်လုံသည် ချက်ချင်းစိတ်မသက်သာသောအမူအယာဖြစ်ကာ ပြောလိုက်သည်။

“ဟူး အဲ့ဒီအကောင်ကိုတားဆီးဖို့မကူညီလိုက်နိုင်တာ ငါ့အမှားပါ”

ကျန်းချန်ရွှမ်သည် ပြင်းပြင်းထန်ထန်လက်ခါလိုက်ကာ ပြောလိုက်သည်။

“ပဉ္စမဘိုးဘေး အဲ့ဒီလိုမပြောပါနဲ့။ ဘိုးဘေးက ကျွန်တော်နဲ့ရူယန်ကို ဒီတိုက်ပွဲမှာ တော်တော်ကူညီခဲ့ပြီးပါပြီ။ ရူယန်နဲ့ကျွန်တော်က သိမ်းငှက်ရိုင်းနှစ်ကောင်ကို အရမ်းမြန်မြန်သတ်လိုက်တာပါ”

ရှန်းယွမ်လုံ၏အကူအညီမပါဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုသိမ်းငှက်ရိုင်းနှစ်ကောင်ကို ဤမျှအချိန်တိုတိုနှင့် ရင်ဆိုင်နိုင်ခဲ့မည်မဟုတ်ပေ။

ထိုအချိန်တွင် သိမ်းငှက်ရိုင်းသုံးကောင်သည် အတူလုပ်ဆောင်ခဲ့ပါက အကာအကွယ်အောက်သို့ အောင်မြင်စွာထွက်ပြေးနိုင်သွားမည်ဖြစ်သည်။

ထိုသုံးယောက်အထဲသို့ရောက်ရှိသွားသည်နှင့် အီသာတောင်ပေါ်ရှိကာကွယ်ရေးအစီအရင်ကို ချိုးဖျက်ရန်ခက်ခဲမှုသည် သိသိသာသာ မြင့်တက်သွားလိမ့်မည်။

ထိုကဲ့သို့ဆက်သွားနေပါက ခန့်မှန်းမထားနိုင်သည့်ကိစ္စများဖြစ်မလာဘူးဟု ပြောရန်ခက်ခဲသည်။

ယခုကဲ့သို့မဟုတ်ပေ။

သိမ်းငှက်ရိုင်းတစ်ကောင် အစီအရင်အောက်သို့လွတ်မြောက်သွားသော်လည်း ၎င်းသည် ခြိမ်းခြောက်မှုတစ်ခုတော့မပြုလုပ်နိုင်သေးပေ။

သူတို့၏အားကုန်တိုက်ခိုက်မှုအောက်တွင် ကာကွယ်ရေးအစီအရင်ပျက်ရန် သိပ်မလိုတော့ပေ။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နတ်တမန်သိမ်းငှက်ရိုင်း၏ရှေ့တွင် သိမ်းငှက်ရိုင်းနှစ်ကောင်၏အလောင်းကို ထားလိုက်သည်။

၎င်းသည် နတ်တမန်သိမ်းငှက်ရိုင်းကို ကြောက်ရွံ့မှုနှင့် အမျက်ထွက်မှုတို့ ခံစားစေခဲ့သည်။

၎င်းသည် အံကိုကြိတ်လိုက်သည်။

“ဒီလူသားတွေ မင်းတို့တွေ ငါတို့နတ်ဆိုးသားရဲတွေကို ဘယ်လိုတောင် အရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်ရဲတာလဲ။ နတ်ဆိုးဧကရာဇ်၊ အရှင်မင်းကြီးနဲ့တခြားသူတွေက မင်းတို့ကိုအလွတ်ပေးမှာမဟုတ်ဘူး”

သူစကားပြောနေစဉ်တွင် သူသည် အနီးပတ်ဝန်းကျင်ရှိနယ်မြေများမှ နတ်ဆိုးဘုရင်များဆီက အကူအညီများရရန်မျှော်လင့်ရင်း အပြင်ဘက်ကမ္ဘာသို့အကြောင်းကြားစာပို့ရန် ထပ်၍ကြိုးစားခဲ့သည်။

မည်သို့ပင်ဖြစ်စေ အကူအညီတောင်းခြင်း၏ရလဒ်သည် ပထမတစ်ခေါက်နှင့် အတူတူပင်ဖြစ်သည်။အကြောင်းကြားစာပို့ပြီးသည့်တိုင် တော်တော်ကြာသည်အထိ မိစ္ဆဘုရင်တစ်ယောက်မှပေါ်မလာခဲ့ပေ။

ထိုအရာသည် သိမ်းငှက်ရိုင်းအား နှလုံးနစ်သွားစေခဲ့သည်။

သူသည် အနီးပတ်ဝန်းကျင်ရှိနတ်ဆိုးဘုရင်များက မကူညီချင်သောကြောင့်မဟုတ်ဘဲ သူတို့သည် လည်းအခြားလူသားရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏တားဆီးမှုကိုခံနေရကြောင်း သိလိုက်သည်။

အခြားဂိုဏ်းများလည်း ကောင်းစွာပြင်ဆင်လာခဲ့ပုံပေါ်သည်။

စိတ်ပျက်အားငယ်မှုတစ်ခု သိမ်းငှက်ရိုင်း၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

အချိန်တွေကုန်လွန်လာသည်နှင့်…

ထောင်ပေါင်းများစွာသောကျင့်ကြံသူများ၏ တိုက်ခိုက်မှုအောက်တွင် အီသာတောင်ပေါ်ရှိ အကာအကွယ်အစီအရင်သည် ဖြည်းဖြည်းချင်း မှေးမှိန်လာခဲ့သည်။

အစီအရင်ကို နေရာများစွာမှ စောင့်ကြပ်နေကြသည့် သိမ်းငှက်ရိုင်းများလည်း တုံ့ပြန်မှုအောက်တွင် သေဆုံးကုန်ကြသည်။

၎င်းသည် သူအသက်ရှင်ဖို့ နည်းလမ်းတစ်ခုကို စဉ်းစားရတော့မည်။

ထိုအကြောင်းကိုစဉ်းစားပြီး ကြောက်မက်ဖွယ်ဝင်းလက်မှုတစ်ခု သူ၏မျက်လုံးထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ရုတ်တရက် သူသည် အီသာတောင်ပေါ်ရှိ အဆင့် ၄ အကာအကွယ်အစီအရင်ကိုတိုက်ခိုက်ရန် ကျင့်ကြံသူလူစုကို အမိန့်ပေးနေသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပြောလိုက်သည်။

“လူသား ရွှေအမြုတေကျင့်ကြံသူတွေ မင်းတို့ကငါ့အသက်ကိုလိုချင်တာလား? ငါကလည်းလွယ်လွယ်တော့မပေးနိုင်ဘူး။ မင်းတို့ဒီနေရာကို အဆင့် ၄ ဝိညာဉ်သွေးကြောအတွက် ရောက်နေကြတာမဟုတ်လား? မင်းတို့ဆက်တိုက်ခိုက်နေမယ်ဆိုရင် ငါဒီအဆင့် ၄ ဝိညာဉ်သွေးကြောကို မင်းတို့ကိုပေးမယ့်အစား လွှင့်ပစ်လိုက်တော့မယ်လို့ပြောရင် ယုံမလား?”

***

All Chapters