အမျက်ထွက်ခြင်း၊ အဆုံးသတ်ခြင်း
Vol. 21 Ch. 403
“ဟမ်?”
နတ်တမန်သိမ်းငှက်၏ စကားများကိုကြားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မျက်လုံးများကျဉ်းသွားသည်။
ထို့နောက် အေးစက်သောအပြုံးတစ်ခု ကျန်းချန်ရွှမ်၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။
“မင်းကြိုးစားကြည့်လို့ရတာပဲ။ ဒါပေမယ့် ငါလည်းမင်းကိုသတိပေးဖို့တော့လိုတယ်။ မင်းအဲ့ဒီလိုလုပ်မယ်ဆိုရင် ငါကျိန်ပြောရဲတယ်။ ငါဒီအကာအကွယ်အစီအရင်ကိုဖျက်စီးပြီးရင် မင်းတို့မျိုးနွယ်စုကသူတိုင်းကို သတ်ပစ်မယ်။ သူတို့ဘယ်နေရာမှာပဲရှိရှိ လိုက်ရှာပြီးတော့အကုန်လုံးကို သတ်ပစ်မယ်”
ကျန်းချန်ရွှမ်၏လေသံမှာ ကြောက်မက်ဖွယ်အေးစက်မှုတစ်ခုကို သယ်ဆောင်နေသည်။
မည်သူမှ ကျန်းချန်ရွှမ်၏စကားများကို သံသယမရှိပေ။
နတ်တမန်သိမ်းငှက်ရိုင်းက အဆင့် ၄ ဝိညာဉ်သွေးကြောကို ဖျက်စီးရဲသရွေ့ ကျန်းမျိုးနွယ်စုသည် သိမ်းငှက်ရိုင်းမျိုးနွယ်စုကို သုတ်သင်ရှင်းလင်းရန် အရာအားလုံးပြုလုပ်မည်ဖြစ်သည်။
၎င်းသည် မျက်လုံးထဲ၌ကြမ်းကြုတ်သောအကြည့်များနှင့် သိမ်းငှက်ရိုင်းကို အေးစက်သွားစေသည်။
ယခုမူ သူသည် အီသာတောင်ပေါ်ရှိ အဆင့် ၄ ဝိညာဉ်သွေးကြောကို အမှန်တကယ်ဖျက်စီးနိုင်ပေပြီ။
မည်သို့ပင်ဖြစ်စေ သူထိုကဲ့သို့ အမှန်တကယ်ပြုလုပ်လိုက်မည်ဆိုပါက ဆိုးရွားသောကံကြမ္မာ၏ အပြစ်ပေးခြင်းကို ခံရလိမ့်မည်။
ဝိညာဉ်သွေးကြော၏မွေးဖွားမှုသည် သက်ရှိအားလုံးအတွက် ဤကမ္ဘာလောကကြီးမှပေးသည့် လက်ဆောင်တစ်ခုဖြစ်ကြောင်း သိကြသည်။
သင်သည် ထိုအရာကိုဖျက်စီးလိုက်ပါက …
မရေမတွက်နိုင်သောသက်ရှိများအတွက် ကောင်းကင်ဘုံမှလက်ဆောင်ကို မပျော်မွေ့နိုင်စေခြင်းကို ဖြစ်ပွားစေလိမ့်မည်။
သင်သည် ဤလောကကြီး၏ အခြေခံအုတ်မြစ်ကိုလည်း ထိခိုက်မိစေလိမ့်မည်။
ထိုအချိန်တွင် အဆင့် ၄ နတ်ဆိုးဘုရင်တင်မကဘဲ သိမ်းငှက်ရိုင်းမျိုးနွယ်စုတစ်ခုလုံးပါ ကပ်ဘေးဒုက္ခ၏ဖျက်စီးခြင်းကို ခံရလိမ့်မည်။
ဒါပေမယ့် ဒီလိုဆိုရင်ရောဘာဖြစ်လဲ?
သူအသက်မရှင်နိုင်ဘူးဆိုရင် ဆိုးရွားတဲ့ကံကြမ္မာနဲ့ မျိုးနွယ်စုတွေရဲ့ကပ်ဘေးဒုက္ခတွေကကော ဘာလုပ်ရတော့မှာလဲ?
အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုကတော့ မျိုးနွယ်စုတစ်ခုလုံးရဲ့ ဆက်လက်တည်ရှိမှုကို ထည့်သွင်းစဉ်းစားလောက်ပေမယ့် နတ်တမန်သိမ်းငှက်ကတော့ တစ်ဦးတည်းအတွက်သာစဉ်းစားသည်။
၎င်းတွင် အသက်ရှင်ရမည်ဟူသည့် ပန်းတိုင်တစ်ခုသာရှိသည်။
ထိုအရာမှလွဲ၍ မည်သည်ကိုမျှဂရုမစိုက်ပေ။
ကျန်းချန်ရွှမ်သည် သူတို့ကိုသတ်ပစ်ရန် ရည်ရွယ်ချက်ရှိသည်ဆိုပါက သူသည် လက်စားချေသည့်အနေဖြင့် အကုန်လုံးကိုဖျက်စီးပစ်လိုက်မည်။
ထိုအချိန်တွင် ရက်စက်သောအလင်းရောင်တစ်ခု နတ်တမန်သိမ်းငှက်၏ မျက်လုံးထဲတွင် ထပ်မံပေါ်ပေါက်လာသည်။
၎င်းသည် ကျန်းချန်ရွှမ်အား စိုက်ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။
“ငါ့ကို ငါ့မျိုးနွယ်စုကလူတွေနဲ့ ခြိမ်းခြောက်ဖို့မစဉ်းစားလိုက်နဲ့။ ငါ့မျိုးနွယ်တွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်မဝင်စားဘူး။ မင်းငါနဲ့ သွေးကျမ်းကျိန်ချက်တစ်ခုပြုလုပ်ပြီးတော့ ငါ့ကိုဘယ်တော့မှမသတ်ပါဘူးလို့ ကျိန်ဆိုရမယ်။ မဟုတ်ရင်တော့ ငါဒီနေ့ မင်းကြောင့်သေဆုံးသွားမယ်ဆိုရင်တောင်မှ မင်းကိုအောင်မြင်ခွင့်ပေးမှာမဟုတ်ဘူး”
ဤစကားလုံးများသည် ကျန်းချန်ရွှမ်နှင့်တခြားသူများအား နှလုံးခုန်ရပ်မတတ်ဖြစ်သွားစေခဲ့သည်။
သူတို့သည် နတ်တမန်သိမ်းငှက်သည် သူ့မျိုးနွယ်စုများ၏အသက်နှင့်သေဆုံးခြင်းအား ဂရုမစိုက်ဘဲ နေလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
ထိုအရာသည် သူတို့၏မျိုးနွယ်စုဆက်လက်တည်ရှိမှုအတွက် အရေးပါသောနေရာတွင်ထားရှိခံရသည့် နတ်ဆိုးဘုရင်များကြားတွင် အလွန်ရှားပါးသည်။
ထိုအခြေအနေမျိုးဆိုပါက မည်သို့မျှပင်ပြောစရာမရှိတော့ပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် များစွာသော အစီအရင်အလံများ ရှန်းရူယန်၏လက်ထဲတွင် ရောက်ရှိလာသည်။
ဝှစ် ဝှစ် ဝှစ်--
ထိုအစီအရင်အလံများသည် ချက်ချင်းပင် အီသာတောင်ပေါ်ရှိ အကာအကွယ်အစီအရင်၏ အဓိကနေရာအချို့ပေါ်တွင် ကျဆင်းသွားကြသည်။
သိသိသာသာပင် အစီအရင်တစ်ခုလုံး၏အလင်းရောင်သည် ချက်ချင်း မှေးမှိန်သွားသည်။
အကာအကွယ်အဟန့်အတားသည် အဆုံးသတ်လုနီးနီးဖြစ်နေသည်ကိုမြင်ရသည်။
၎င်းသည် သိမ်းငှက်ရိုင်း၏မျက်နှာအမူအယာကို ပြင်းပြင်းထန်ထန်ပြောင်းလဲသွားစေသည်။
သူအော်လိုက်သည်။
“လူသားရွှေအမြုတေကျင့်ကြံသူတွေ..
မင်းတို့ငါနဲ့အတူတကယ်သေချင်တာလား?”
ဘွန်း!
မည်သို့ပင်ဖြစ်စေ အဖြေရလိုက်သည်မှာ အစိမ်းရောင်နှင့် အဖြူရောင်မီးတောက်များပင်ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် နှိုင်းယှဉ်၍မရသော ကြောက်မက်ဖွယ်မတည်မငြိမ်ဖြစ်ခြင်းတစ်ခု လှိုင်းထပျံ့နှံ့သွားသည်။
ချီ! ချီ! ချီ! ချီ!
ယတိပြတ်လောင်ကျွမ်းထားသောအနက်ရောင်အမှတ်များ လေထဲတွင် ရေးရေးမျှရောက်ရှိလာသည်။
မီးတောက်နှစ်ခုလောင်ကျွမ်းသာသောအခါ မတည်မငြိမ်ဖြစ်မှုမှာ ပို၍အားကောင်းလာသည်။
ထိုအရာသည် အီသာတောင်၏အကာအကွယ်အစီအရင်ဆီသို့နီးကပ်လာသည်နှင့် အစီအရင်မှာစတင်လှုပ်ခါလာသည်။
ထိုအရာသည် အချိန်မရွေး တုန်ခါနေသကဲ့သို့ ဖြစ်နေသည်။
“မင်းကသေခြင်းကိုဖိတ်ခေါ်နေတာပဲ!”
ထိုအရာကိုမြင်ပြီး နောက်ဆုံးတွင် နတ်တမန်သိမ်းငှက်ရိုင်းသည် သူတို့ကသူ့အား လွှတ်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း သိလိုက်သည်။
ကြောက်လန့်တကြားဖြစ်ကာ ရတက်မအေးဖြစ်နေချိန်တွင် ၎င်း၏မျက်လုံးများမှာလည်း ကယောင်ခြောက်ခြားဖြစ်လာသည်။
“မင်းကငါ့ကိုလွှတ်ပေးဖို့ရည်ရွယ်ချက်မရှိတော့လည်း ငါနဲ့အတူတူသေကြတာပေါ့”
ဘွန်း--
၎င်းသည် အီသာတောင်ပေါ်ရှိ အဆင့် ၄ ဝိညာဉ်သွေးကြောကိုဖျက်စီးမည်အပြုတွင် ကျန်းချန်ရွှမ်ထုတ်ယူလိုက်သည့် ယင်နှင့်ယန် နတ်မီးတောက်များသည် ခြေတစ်လှမ်းကျော်နေကာ အကာအကွယ်အစီအရင်ကို ပြင်းထန်စွာတိုက်မိသွားသည်။
အလွန်ပူလောင်သော အပူတစ်ခု ပေါက်ကွဲသွားသည်။
မြင်သာသော စိမ်းဖန့်ဖန့်အဖြူရောင်မှိုတိမ်တစ်ခု မြင့်တက်လာသည်။
သူတို့သည် စိမ်းဖန့်ဖန့်အဖြူရောင်မီးတောက်ကိုထိလိုက်သည်နှင့် ထိတွေ့လို့ရသည့်အရာနှင့် ထိတွေ့မရသည့်အရာအားလုံးသည် ပြင်းပြင်းထန်ထန်လောင်ကျွမ်းသွားသည်။
ထိုထဲတွင် အီသာတောင်ပေါ်ရှိအကာအကွယ်အစီအရင်လည်းပါဝင်သည်။
ပုံမှန်အားဖြင့်..
အဆင့် ၄ ဝိညာဉ်သွေးကြော၏စွမ်းအားဖြင့် ကျန်းချန်ရွှမ်၏ ယင်နှင့်ယန်နတ်မီးတောက်များအား ခုခံရန် မခက်ခဲပေ။
မည်သို့ပင်ဖြစ်စေ ပြဿနာမှာ အကာအကွယ်အစီအရင်သည် ရက်ပေါင်းများစွာတိုက်ခိုက်ခံရပြီးနောက် ပကတိအကောင်းအတိုင်းရှိမနေတော့ခြင်းဖြစ်သည်။
***