အမျက်ထွက်ခြင်း၊ အဆုံးသတ်ခြင်း(၂)
Vol. 21 Ch. 404
ထပ်ပေါင်းအနေဖြင့် ရှန်းရူယန်သည် ဝိညာဉ်သွေးကြော၏ ဝိညာဉ်ချီကိုဖျက်စီးရန် များစွာသောအစီအရင်ဖျက်အလံများကို သုံးခဲ့ပြီးဖြစ်သည်။
ဤအချိန်သည် ကျန်းချန်ရွှမ် အသုံးပြုရတော့မည့်အချိန်ဖြစ်သည်။
ထို့ပြင် သူအသုံးမပြုရသေးသည့် တိုက်ခိုက်ခြင်းနည်းလမ်းသည် သူ၏တိုက်ခိုက်ခြင်းနည်းလမ်းများထဲတွင် စွမ်းအားအကြီးမားဆုံးဖြစ်သည်။
အရာအားလုံးကိုခြံငုံ၍ကြည့်လိုက်ပါက အီသာတောင်ပေါ်ရှိ အကာအကွယ်အစီအရင်သည် ၎င်း၏အဆုံးသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။
အစိမ်းရောင်နှင့် အဖြူရောင်မီးတောက်များသည် ဆက်၍ပေါက်ကွဲကာ လောင်ကျွမ်းနေကြသည်။
အကာအကွယ်အစီအရင်၏ အလင်းရောင်သည် နောက်ဆုံးတွင် လုံးဝငြိမ်းသတ်သွားပြီဖြစ်သည်။
ဂျုန်း--
အီသာတောင်တစ်ခုလုံး ကြမ်းတမ်းစွာ လှုပ်ခတ်သွားသည်။
နတ်တမန်သိမ်းငှက်သည် မျက်လုံးများပြူးသွားကာ အံ့အားသင့်သွားခဲ့သည်။
၎င်းသည် အခြားဂိုဏ်းများလည်း အဆင့် ၄ ကာကွယ်ရေးအစီအရင်ကို ဖျက်စီးပစ်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူသည် အစီအစဉ်ကိုမစခင်မှာပင် အကာအကွယ်မှာ ဖျက်စီးခံလိုက်ရသည်။
သူသည် ထိုနေရာတွင် သေတော့မှာလား?
ထိုအတွေးသည် သူလျင်မြန်စွာဆုံးဖြတ်ချက်မချခင်ပင် ထိုထိတ်လန့်ဖွယ်အတွေးသည် သူ၏စိတ်ထဲ၌ဖြတ်သန်းသွားသည်။
သူ၏မူလက ကြီးမားသောခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်တွင် စာကလေးတစ်ကောင်၏ အရွယ်အစားသို့ ကျုံ့သွားသည်။
မည်သို့ပင်ဖြစ်စေ ၎င်း၏အရှိန်ကတော့ နှေးမနေခဲ့ပေ။
ပေါ့ပါးသောအတောင်ပံကို တဖျပ်ဖျပ်ခတ်ရင်း ကီလိုမီတာထောင်ပေါင်းများစွာအဝေးသို့ ရောက်သွားသည်။
ထို့နောက် နောက်ထပ် ပြိုးပြိုးပျက်ပျက်အလင်းရောင်တစ်ချို့ ပေါ်လာသည်။
အကယ်၍ သာမန်ရွှေအမြုတေကျင့်ကြံသူများသာဆိုပါက သူတို့သည် ဖမ်းမမိကောင်းမမိနိုင်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သေချာပေါက် သာမန်မဟုတ်ပေ။
သူတို့သည် ရွှေဗလာနယ်ဓားနှင့် သွေးသိမ်းငှက်အတောင်ပံကို ပိုင်ဆိုင်ထားသည်။
ရှန်းရူယန်မှာပို၍ပင် အထင်ကြီးစရာကောင်းသည်။
သူမသည် လျှပ်စီးလွတ်မြောက်ခြင်းနည်းလမ်း၅ခုကိုကျွမ်းကျင်ပြီး လျှပ်စီးအမတသတ်ဖြတ်သူ၅ခုကိုလည်း ပိုင်ဆိုင်ထားသည်။
ပျံသန်းသည့်အရှိန်အကြောင်းဆိုရင်ဖြင့် သူမသည် ကျန်းချန်ရွှမ်ထက်တောင် ပို၍လျင်မြန်သေးသည်။
ထို့ကြောင့် နောက်ခနတွင် လင်မယားနှစ်ယောက်သည် အစိမ်းရောင်နှင့် ခရမ်းရောင်ရှိသော လျှပ်စီးကြောင်းနှစ်ခုအဖြစ်ပြောင်းကာ နတ်တမန်သိမ်းငှက်ရိုင်းကို လုံးဝလွှတ်ပေးရန်ရည်ရွယ်ချက်မရှိဘဲ လျင်မြန်စွာဖမ်းလိုက်ကြသည်။
ကျန်းချန်ရွှမ်၏ရွှေဗလာနယ်ဓားနှင့် ရှန်းရူယန်၏ လျှပ်စီးအမတသတ်ဖြတ်သူ၅ခုသည် သူ၏ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်ကြသည်။
ဝှစ်--
နတ်တမန်သိမ်းငှက်ရိုင်း၏ ပါးစပ်ထဲမှ ကြီးမားသောအနက်ရောင်အလံတစ်ခု ကန်ထွက်လာခဲ့သည်။
နတ်ဆိုးချီသည် အလံပေါ်တွင် နက်နဲမှောင်မိုက်ခြင်းများ ပျံ့နှံလျက် စွဲကျန်နေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မျက်လုံးများကျုံ့သွားသည်။
“ဒါနတ်ဆိုးဓမ္မရတနာပဲ!”
သူတို့သည် နတ်တမန်သိမ်းငှက်တွင် ရွှေအမြုတေအဆင့်နတ်ဆိုးဓမ္မရတနာရှိမည်ဟု မမျှော်လင့်ခဲ့ကြပေ။
ကံမကောင်းစွာပင် သူတို့နှစ်ယောက်အားရင်ဆိုင်ရန် နတ်ဆိုးဓမ္မရတနာနှင့်သာ လုံလောက်သည်ဟု တွေးထင်ခဲ့ခြင်းသည် သိမ်းငှက်ရိုင်း၏ တုံးအမှုပင်ဖြစ်သည်။
လျှပ်စီးအမတသတ်ဖြတ်သူ၅ခုပေါ်တွင် မီးရောင်လက်နေသောလျှပ်စီးသည် ရုတ်တရက်ကြီးမားကျယ်ပြန့်လာသည်။
ထိုတွင် စိတ်မချမ်းမြေ့ဖွယ် အသံတစ်ခုပေါ်ပေါက်လာသည်။
အလံမှ လွတ်ထွက်လာသော နတ်ဆိုးချီသည် ချက်ချင်းပင် အငွေ့အဖြစ်ပြောင်းသွားသည်။
ထို့နောက်ချက်ချင်းပင် ကျန်းချန်ရွှမ် ခုတ်ပိုင်းလိုက်သော ရွှေဗလာနယ်ဓားသည် လေထဲတွင် ပျောက်ကွယ်သွားသည်။
နတ်တမန်သိမ်းငှက်ရိုင်း၏ အဓိကကိုယ်နားအရောက်တွင် ရွှေဗလာနယ်ဓားသည် ကြောက်မက်ဖွယ်ရိုက်ခတ်မှုတစ်ခုဖြင့် ပြန်ပေါ်လာသည်။
ချွန်ထက်သောဓားသည် နတ်တမန်သိမ်းငှက်၏ ခန္ဒာကိုယ်ကို ထိုးသွင်းလိုက်ပြီး သွေးယိုစိမ့်နေသောကြီးမားသည့်အပေါက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
“အား!”
နတ်တမန်သိမ်းငှက်သည် ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်း၌ပင် လျှပ်စီးအမတသတ်ဖြတ်သူ၅ခုလည်း နောက်မှလိုက်လာခဲ့သည်။
ထိုတွင် ရိုက်နှက်ချက်များ ဖြစ်ပေါ်ခဲ့သည်။
လျှပ်စီးများဖြင့်လွှမ်းမိုးထားပြီး အလင်းရောင်လက်နေသော ချီဓားသည် နတ်တမန်သိမ်းငှက်၏ လည်ပင်းပေါ်ကိုဖြတ်သွားပြီး ၎င်း၏ခေါင်းကို ပိုင်းဖြတ်လိုက်သည်။
ထိုအချိန်မှး၍ အီသာတောင်ပေါ်ရှိ အဆင့် ၄ နတ်ဆိုးဘုရင်သုံးကောင်လုံး သေဆုံးသွားခဲ့သည်။
နတ်ဆိုးဘုရင်၏အလောင်းကိုဖယ်ရှားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ပွဲနေရာသို့ ပြန်လာခဲ့ကြသည်။
ထိုအချိန်တွင် အီသာတောင်ပေါ်၌အကာအကွယ်အစီအရင်မရှိတော့သည့်အတွက်ကြောင့် သိမ်းငှက်ရိုင်းမျိုးနွယ်စုများသည် ကျန်းချန်ရွှမ်နှင့် အခြားကျင့်ကြံသူများ အထူးသဖြင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူဖြစ်သည့် ရွှမ်းယွမ်လုံတို့အား ခုခံရန် မစွမ်းသာတော့ပေ။
ခနကြာပြီးနောက်…
သူတို့သည် အီသာတောင်တစ်ခုလုံးပေါ်တွင် နေခဲ့ပြီး အဆင့် ၄ ဝိညာဉ်သွေးကြောကို ထိန်းချုပ်လိုက်ကြသည်။
အီသာတောင်သည် အဆင့် ၄ ဝိညာဉ်တောင်ဖြစ်နေသည်ဟု ပြောနိုင်သည်။
လမ်းတစ်လျှောက်တွင် သူတို့သည် များသွာသောဝိညာဉ်ဆေးဘက်ဝင်အပင်များ ပေါက်ရောက်နေသည်ကို မြင်ရသည်။
စဉ်းစားကြည့်မည်ဆိုလျှင်လည်း အဓိပ္ပာယ်ရှိပေသည်။
အီသာတောင်ပေါ်ရှိ အဆင့် ၄ ဝိညာဉ်သွေးကြောသည် လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာက သို့မဟုတ် ထောင်ပေါင်းများစွာကပင် တည်ရှိနေခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း မှော်ဝင်တိုင်တောင်ရှိ ဝိညာဉ်သွေးကြောသည် အဆင့် ၄ သို့မြင့်တက်သွားသည်မှာ သိပ်မကြာသေးပေ။
ဝိညာဉ်ချီနှစ်ခု၏သမာဓိတွင်လည်း အမှန်တကယ်သိသာကွဲပြားသော ခြားနားချက်ရှိနေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တောင်တစ်ခုလုံးကို စစ်ဆေးနေစဉ်မှာပင် ရှန်းယွမ်လုံသည် စိတ်မသက်သာသောအမူအယာနှင့် လမ်းလျှောက်လာခဲ့သည်။
ရှန်းယွမ်လုံ၏ပုံစံကိုမြင်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ကြက်သေသေသွားကြသည်။
ရှန်းရူယန်သည် တိုက်ရိုက်ပင်မေးလိုက်သည်။
“ပဉ္စမဘိုးဘေး တစ်ခုခုဖြစ်လာလို့လား?”
“ရူယန် ချန်းရွှမ် မင်းတို့ငါနဲ့အတူလိုက်ခဲ့ပြီး တစ်ချက်လောက်လာကြည့်သင့်တယ်”
ရှန်းယွမ်လုံသည် အသေးစိတ်ပြောမပြခဲ့ပေ။ ထိုအစား သူသည် သူတို့နှစ်ယောက်ကို ကြီးမားသောဂူတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားသည်။
ထိုအချိန်တွင် ကျန်းမျိုးနွယ်စုနှင့် ရှန်းမျိုးနွယ်စုမှ များလှစွာသော ကျင့်ကြံသူများသည် ထိုနေရာ၌ စုဝေးနေကြပြီးဖြစ်သည်။
လူတိုင်း၏အမူအယာမျာ မသက်မသာဖြစ်နေသည်။ အချိူ့သူများ၏မျက်လုံးထွင် မထိန်းချုပ်နိုင်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ထို့နောက် သူတို့သည် ရှန်းယွမ်လုံနှင့်အတူ ဂူထဲသို့ဝင်ရောက်သွားကြသည်။
ဂူထဲသို့ဝင်ရောက်သွားသည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အေးစိမ့်မှုကို ခံစားလိုက်ရသည်။
သူတို့သည် အနားပတ်လည်ကို သေချာကြည့်လိုက်သောအခါ သူတို့၏တပည့်များသည် လူ့အရိုးများကို သိပ်သည်းစွာထုပ်ပိုးထားသည့် မြင်ကွင်းများကြောင့် ရင်နင့်အောင်မွန်းကျပ်သွားကြသည်။
ထို့ပြင် ၎င်းတို့သည် အလုံပိတ်ထားသောအလောင်းကောင်များ၏ ထောင်နှင့်တူသည်။
ဤချိပ်ပိတ်ထားသော အလောင်းကောင်များသည် သိမ်းငှက်ရိုင်းများအတွက် အစားအစာဆိုသည်မှာ ပြောရန်ပင်မလိုတော့ပေ။
ထိုအချိန်တွင် များလှစွာသော ကြမ်းကြုတ်ရက်စက်မှုများကို မြင်ခဲ့ကြသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့တောင် မထိန်းချုပ်နိုင်ဘဲ ဒေါသထွက်ခဲ့ကြရသည်။
ဤနတ်ဆိုးများသည် အမှန်တကယ် အသတ်ခံရရန် ထိုက်တန်သည်။
ထို့ကြောင့် အစကတည်းကပင် ဤနတ်ဆိုးသားရဲများသည် လူသားမျိုးနွယ်၏အကြီးမားဆုံးရန်သူဟု ပြောခဲ့ကြသည်မှာ အံ့ဩစရာမရှိပေ။
စစ်တလင်းများတွင် လူသားများ သနားညှာတာမှုမရှိမှ ဖြစ်မည်။
သင်သည် ဤနတ်ဆိုးသားရဲတစ်ကောင်ကို ဒီနေ့လွှတ်ပေးလိုက်ပါက ၎င်းသည် အနာဂတ်တွင် လူထောင်ပေါင်းများစွာကို ထိခိုက်နစ်နာစေလိမ့်မည်။
ဂူအပြင်ဘက်တွင် ကျန်းချန်ရွှမ်သည် အနီးနားသို့ ကြည့်လိုက်ပြီး လူတိုင်း၏မျက်လုံးများသည် ဒေါသများနှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နေသည်ကို မြင်ရသည်။
သူ၏အကြည့်များသည် ဖြည်းဖြည်းချင်း အေးစက်သွားခဲ့သည်။
သူသည် တစ်လုံးချင်းပြောလိုက်သည်။
“ငါ့အမိန့်ကိုပြန်ပြောလိုက်ကြ။ အီသာတောင်ပေါ်မှာရှိတဲ့ မိုင်တစ်ရာအတွင်းက နတ်ဆိုးသားရဲတွေ အကုန်လုံးကိုသတ်ပစ်”
“ဟုတ်ကဲ့”
လူတိုင်းသည် ချက်ချင်းပင် အမိန့်ကိုလက်ခံလိုက်ကြသည်။
ခနကြာပြီးနောက်…
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အဆင့် ၄ နတ်ဆိုးသားရဲသုံးကောင်၏ ဂူများကိုရှာတွေ့သွားသည်။
သူတို့နှစ်ယောက်သည် တကယ်ပင် အလွန်ကောင်းမွန်သည့်ပစ္စည်းများကို အထဲတွင် ရှာတွေ့လိုက်ကြသည်။
နောက်ဆုံးတွင် သူတို့သည် အဆင့် ၄ နတ်ဆိုးဘုရင်များဖြစ်ကြသည့်အတွက် သူတို့နေထိုင်သည့် ဂူများထဲတွင် တန်ဖိုးမရှိသည့အရာများမရှိနိုင်ရန် အလားအလာမရှိသည်မှာ သာမန်ပင်ဖြစ်သည်။
ထိုထဲတွင် တန်ဖိုးအရှိဆုံးအရာမှာ ပွင့်ဖပ်ကိုးချပ်နှင့်ကောင်းကင်ကြာပန်းဟုခေါ်သည့် ဝိညာဉ်အပင်ဖြစ်သည်။
ဤဝိညာဉ်ပင်သည် ကြာကိုးပွင့်ချီသန့်စင်ဆေးလုံးကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သည်။
ဤဆေးလုံးသည် ရွှေအမြုတေကျင့်ကြံသူများကို ရွှေအမြုတေနောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ရန် ကူညီပေးသည့် အဖိုးတန်ဆေးလုံးဖြစ်သည်။
၎င်းသည် ဆယ်စုနှစ်များစွာကျင့်စဉ်ခက်ခဲမှုများမှ သူတို့ကို ကယ်တင်ပေးနိုင်သည်။
အပြင်ဘက်ကမ္ဘာတွင် ထိုကဲ့သို့ဆေးလုံးမျိုးကိုရှာရခြင်းသည် ကောက်ရိုးပုံထဲ၌ အပ်ရှာရသကဲ့သို့ပင်ဖြစ်သည်။
ထို့ပြင် ကြီးမားသည့်ပိတ်ဆို့မှုများကို ဖျက်စီးနိုင်သော မည်သည့်ဆေးလုံးမဆို မဟာဗျူဟာရင်းမြစ်များအဖြစ် ထည့်သွင်းစဉ်းစားနိုင်သည်။
ပုံမှန်အခြေအနေများအောက်တွင် အခြေတည်ဝိညာဉ်ဂိုဏ်းကွဲများနှင့် မျိုးနွယ်စုများသည်လည်း ထိုအရာကိုလွယ်ကူစွာ ရောင်းဝယ်ခြင်းမပြုနိုင်ပေ။
သူတို့သည် အထင်ကရပွဲတော်များဖြစ်သည့် ရတနာအသင်္ချေလေလံပွဲ သို့မဟုတ် ကြီးမားသောကုန်စည်ပြပွဲများ မကျင်းပသရွေ့ ထိုအရာများကို ရောင်းဝယ်ခြင်းမပြုနိုင်ပေ။
ယခုမူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သန့်စင်ဝိညာဉ်ကြာပန်းဟုခေါ်သည့် ဝိညာဉ်ပင်ကို ရှာတွေ့ထားသရွေ့ ကြာကိုးပွင့်ချီသန့်စင်ဆေးလုံးကို သန့်စင်ရန် ကြိုးစားကြည့်နိုင်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ရတနာများထဲတွင် ရုတ်တရက် ထူးဆန်းသောမြေပုံတစ်ခုကို ရှာတွေ့ခဲ့သည်။
ထူးခြားသည်မှာ ဤမြေပုံ၏ပစ္စည်းများသည် နတ်အာရုံများ၏ ထောက်လှမ်းခြင်းမှ လွတ်မြောက်နိုင်သည်။
ကျန်းချန်ရွှမ်သည် ကောင်းကင်မျက်လုံး၏ထိုးထွင်းသိမြင်မှုကို အသက်သွင်းလိုက်သည့် အခါမှ ဤမြေပုံပေါ်ရှိ မှိန်ပျပျဝိညာဉ်အလင်းတစ်ခုကို အာရုံခံနိုင်သည်။
***