ငွေရောင်ကတ်ပြား၊ အဆင့် ၄ အစီအရင်ဆရာသခင်၊ အဝေးမှမဖိတ်ခေါ်ထားသောဧည့်သည်
Vol. 21 Ch. 405
၎င်းသည် သူ့အားပဟေဠိဖြစ်စေခဲ့သည်။ သူသည် မည်ကဲ့သို့မြေပုံမျိုးကဤသို့ပစ္စည်းများသုံးသည်ကို နားမလည်နိုင်ခဲ့ပေ။
ထိုအရာတွင် ဖုံးကွယ်ထားသောလျှို့ဝှက်ချက်များရှိနေသည်လား?
၎င်းကိုစဉ်းစားနေကာ ကျန်းချန်ရွှမ်သည် ရှန်းရူယန်အား မြေပုံကို ပေးလိုက်သည်။
“ရူယန် တစ်ချက်ကြည့်လိုက်ဦး။ မင်းမူမမှန်တာ တစ်ခုခုတွေ့လား?”
“ပြီးတော့ဒီမြေပုံပေါ်မှာ ပြထားတဲ့ တည်နေရာကိုကောသိလား?”
ရှန်းရူယန်သည် ကျန်းချန်ရွှမ်ဆီမှ မြေပုံကိုယူလိုက်ပြီး မကြာမီပင် ၎င်းနှင့်ပတ်သက်၍ ထူးဆန်းသည့်တစ်စုံတစ်ခုရှိနေသည်ကို သတိပြုမိသွားသည်။
သူမသည် မျက်မှောင်ကျုံ့လျက် သူမလက်ထဲကမြေပုံကို သေသေချာချာကြည့်လိုက်သည်။
ခနကြာပြီးနောက်…
သူမသည် ခေါင်းခါရုံသာတတ်နိုင်ခဲ့ပြီး ပြောလိုက်သည်။
“ဒီမြေပုံပေါ်မှာမှတ်ထားတဲ့တည်နေရာက မပြီးပြတ်သေးဘူး။ သေချာတဲ့တည်နေရာကိုပြောဖို့တကယ်ခက်ခဲတယ်”
ခနရပ်ပြီးနောက် ရှန်းရူယန်သည် ဆက်၍ပြောလိုက်သည်။
“ကျွန်မပြောနိုင်တာကတော့ ကျွန်မတို့အခုမြင်နေရတာက ဒီမြေပုံရဲ့အပြင်ပန်းပဲရှိသေးတယ်။ အထဲမှာဖုံးကွယ်ထားတဲ့အရာအတွက်ကျတော့ ဖြစ်နိုင်ရင် ကျွန်မတို့ မီးဖိုနဲ့စစ်ဆေးကြည့်ဖို့လိုမယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ ဒါကျွန်မရဲ့အတွေးပါ။ ကျွန်မတို့မဆင်မခြင်ပြုလုပ်မယ်ဆိုရင် ဒီမြေပုံကိုပျက်စီးစေပြီးတော့ ဘာမှမရလိုက်ဘဲ အဆုံးသတ်သွားနိုင်ချေရှိတယ်”
“ဟဟ ဘာပဲဖြစ်ဖြစ်လေ ဒါကအမှတ်မထင်ရရှိထားတာတစ်ခုပဲ။ ဒါပျက်စီးသွားရင်တောင် ငါတို့ဘာမှဆုံးရှုံးမှာမဟုတ်ပါဘူး”
ကျန်းချန်ရွှမ်သည် ဂရုစိုက်မနေပေ။
သူသည် မြေပုံကို ရှန်းရူယန်ဆီမှ ထပ်မံ၍ယူလိုက်သည်။
ထို့နောက် တောက်လောင်နေသော မီးလျှံတစ်ခု သူ၏လက်မှ ရုတ်တရက် ထွက်လာခဲ့သည်။
ချီ! ချီ! ချီ! ချီ!
မီးတောက်သည် မြေပုံပေါ်တွင် လျင်မြန်စွာ လောင်ကျွမ်းသွားသည်။
ဖြည်းဖြည်းချင်းပင် မြေပုံ၏အပြင်ပန်းကို ဖုံးအုပ်ထားသော အလွှာတစ်ထပ်သည် အရည်ပျော်သွားသည်။
ခနကြာပြီးနောက်…
ငွေရောင်အရာဝတ္ထုပစ္စည်း၏ အမျှင်များ မီးတောက်ပေါ်တွင် ပေါ်ပေါက်လာခဲ့သည်။
ထိုအရာသည် ကျန်းချန်ရွှမ်တို့ကို မျက်လုံးကျဉ်းသွားစေခဲ့သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သို့သော်လည်း သူတို့မည်သို့မျှမလုပ်ခဲ့ပေ။ ထိုအစား သူတို့သည် မီးတောက်ကိုဆက်၍လောင်ကျွမ်းစေခဲ့သည်။
ထိုလောင်ကျွမ်းမှုသည် နေ့တစ်ဝက်ကြာခဲ့သည်။
မြေပုံသည် အပြီးအစီးလောင်ကျွမ်းသွားသောအခါ ပြာများကြားတွင် လက်ဖဝါးအရွယ်မျှ ငွေရောင်ကတ်ပြားလေးတစ်ခု ပေါ်ပေါက်လာသည်။
သူသည် ငွေရောင်ကတ်ပြားကို ကောက်ယူလိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူတို့သည် ချက်ချင်းပင် ဤကတ်ပြား၏အသားမှာ အလွန်ထူးခြားသည်ကို သဘောပေါက်သွားကြသည်။
ဤအရာသည် မကျွမ်းဝင်သည့် တစ်စုံတစ်ခုနှင့်တူသည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အာရုံစိုက်နေသည်မှာ ကတ်တစ်ခုတည်းကြောင့်မဟုတ်ဘဲ ၎င်းပေါ်တွင် မှတ်သားထားသည့် ပြည့်စုံသောလမ်းမြေပုံတစ်ခုကြောင့်ဖြစ်သည်။
ဤလမ်းမြေပုံ၏ ဦးတည်ချက်မှာ အခြေခံအားဖြင့် ဦးတည်နေပုံရသည်........
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက်ထပ်၍ကြည့်လိုက်ကာ တူညီစွာပြောလိုက်သည်။
“နိုဗာရေပြင်”
နိုဗာရေပြင်သည် မြောက်ဘက်ရှိ အလွန်ကျယ်ပြောသော ပင်လယ်ဧရိယာဖြစ်ပြီး မရေမတွက်နိုင်သော ရေနတ်ဆိုးများနှင့် ငှက်အပေါင်းတို့၏ အိမ်ဟုခေါ်ရာနေရာလည်းဖြစ်သည်။
သာမန်ကျင့်ကြံသူများသာ ရေထဲသို့မဆင်မခြင် ဝင်ရောက်သွားမည်ဆိုပါက သူတို့သည် ချက်ချင်းပင် ရေနတ်ဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလိမ့်မည်။
ထပ်ပေါင်းအနေဖြင့် နိုဗာရေပြင်တွင် လူသားကျင့်ကြံသူများနေထိုင်ခဲ့သည့် မတူညီသောအရွယ်အစားများနှင့် ကျွန်းများလည်းရှိသည်။
ထိုနေ့က ကွမ်းရှင်းထင်ပြောခဲ့သည့် ကျယ်ပြောခြင်းမြစ်၏ ဝိညာဉ်ကျွန်းများသည် နိုဗာရေပြင်၏ ကျော်ကြားသော အလွန်ကြီးမားသည့်ကျွန်းဖြစ်သည်။
၎င်း၏ပိုင်ရှင် ကျယ်ပြောခြင်းမြစ်စံသခင်သည် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်သည်။
မမျှော်လင့်စွာပင် ငွေရောင်ကတ်ပြားပေါ်တွင် မှတ်ထားသည့်နေရာသည် နိုဗာရေပြင်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ငွေရောင်ကတ်ပြားပေါ်တွင် မှတ်သားထားသည့်နေရာတွင် သူတို့အတွက်ကြီးမားသောအခွင့်အရေးတစ်ခုရှိနေသည်ဟု ခံစားလိုက်ရသည်။
သူတို့လွဲချော်သွားပါက သူတို့သည် ထိုအရာအတွက် တစ်ဘဝလုံးနောင်တရနေပေလိမ့်မည်။
ထိုအတိုင်းဆိုလျှင် ဤကိစ္စပြီးသွားသည့်အခါ၌ သူတို့သည် နောက်ထပ်ခရီးတစ်ခုထပ်သွားရမည်နင့်တူသည်။
ဤကိစ္စကိုလောလောဆယ်ဘေးချိတ်ထားကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အီသာတောင်ပေါ်တွင် အဆင့် ၄ အကာအကွယ်အစီအရင်ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသောပစ္စည်းများကို စတင်ထုတ်ယူလိုက်သည်။
ဤနေရာသည် လျန်နိုင်ငံ၏ အပြင်ဘက်တွင်ရှိသည်။
သူတို့ ခုခံချင်သည်ဆိုပါက လုံလောက်သော ခုခံမှုများကို နေရာချထားရပေမည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် လင်မယားနှစ်ယောက် ပြုလုပ်ရန်ပြင်ဆင်နေသည့် အဆင့် ၄ တောင်အကာအကွယ်အစီအရင်သည် သာမန်တောင်အကာအကွယ်အစီအရင်မဟုတ်ဘဲ အဆင့်မြင့်အဆင့် ၄ တောငအကာအကွယ်အစီအရင်ဖြစ်ပေသည်။
၎င်းကို မြေနဂါးအစီအရင်ဟုခေါ်သည်။
ထိုစုံတွဲပြင်ဆင်ထားသည့် မြေဒြပ်စင်ပမာဏများစွာပါဝင်ကာ မြေဓာတ်ဝိညာဉ်ပစ္စည်းများဖြင့် ပေါင်းစပ်ထားပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ပါ ၎င်းကို အာမခံပေးထားသည်။
၎င်းသည် အခြေတည်ဝိညာဉ်အဆင့်စံသခင်ကြီး၏ တိုက်ခိုက်ခံခဲ့ရရင်တောင် အချိန်တစ်ချို့ထိ တည်ရှိနေပေလိမ့်မည်။
ထိုအချိန်တွင် ချီမြေနှင့် အစီအရင်၏ ၅၀၀ကီလိုမီတာအတွင်းရှိ မြေဒြပ်စင်တို့သည် အစီအရင်၏ ခိုင်ခံ့မှုအတွက် အကောင်းဆုံးအာဟာရဖြစ်လာပေလိမ့်မည်။
၎င်းသည် စတုတ္ထအဆင့်များကြားတွင် အားကောင်းသောခုခံခြင်းအစီအရင်ဖြစ်သည်ဟု ပြောလို့ရပေသည်။
“ပေါ်ထွက်စေ!”
လဝက်ကြာပြီးနောက်…
ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တိုသည် နောက်ဆုံးအကာအကွယ်အစီအရင်နှစ်ခုကို ချလိုက်ပြီးနောက်…
အီသာတောင်ပေါ်ရှိ ချီမြေသည် ကြမ်းတမ်းစွာလိမ့်တက်လာသည်။
ရိုးရိုးမျက်စိနှင့်ပင်မြင်နိုင်သည့် အဝါရောင်ချီမဏ္ဍိုင်များသည် အံ့ဩဖွယ်အလင်းရောင်များကို ထုတ်လွှတ်လျက် ကောင်းကင်ပေါ်သို့ ပျံဝဲတက်လာသည်။
အဆုံးတွင် ဤမြင်သာသော အဝါရောင်ချီတိုင်များသည် အစီအရင်၏ဗဟိုချက်ဆီသို့ အကုန်ပြန်သွားခဲ့ကြသည်။
မျက်စိကျိန်းစေသော အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
အပြင်ပန်းတွင် အီသာတောင်သည် ယခင်ကနှင့် ထူးပြီးအလွန်မကွဲပြားသွားပေ။
မည်သို့ပင်ဖြစ်စေ အခြေခံတည်ဆောက်ခြင်းအဆင့်၏အထက်တွင်ရှိသည့် ကျင့်ကြံသူဖြစ်နေသရွေ့ သူတို့သည် အီသာတောင်တွင်ပါဝင်သော သိပ်သည်းသည့်စွမ်းအားကို ရေးတေးတေး အာရုံခံနိုင်ပေလိမ့်မည်။
***