← Chapters

ငွေရောင်ကတ်ပြား၊ အဆင့် ၄ အစီအရင်ဆရာသခင်၊ အဝေးမှမဖိတ်ခေါ်ထားသောဧည့်သည်(၂)

Vol. 21 Ch. 406

ငွေရောင်ကတ်ပြား၊ အဆင့် ၄ အစီအရင်ဆရာသခင်၊ အဝေးမှမဖိတ်ခေါ်ထားသောဧည့်သည်(၂)

Vol. 21 Ch. 406

ထိုအရာကို ပြည့်ပြည့်ဝဝအသက်သွင်းပြီးသည်နှင့် ၎င်း၏စွမ်းအားသည် ကမ္ဘာကြီးကိုလှုပ်ခါစေလိမ့်မည်။

[ဒင်]

တစ်ချိန်တည်း၌ပင် ကျန်းချန်ရွှမ်၏ အတွေးထဲတွင် စနစ်၏အကြောင်းကြားသံမှာ ရုတ်တရက် အသံမြည်လာခဲ့သည်။

[အဆင့် ၄ အစီအရင်ဆရာသခင်ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ် Host။ အလယ်အလတ်မှ ခရီးဝေးနေရာကူးပြောင်းခြင်းအစီအရင်ပြားနှင့် စကြဝဠာအစီအရင်ဖျက်စီးခြင်းသော့ကို ရရှိထားပါတယ်]

ဤတစ်ကြိမ်တွင် သူ့ဇနီးနှင့်အတူပူးပေါင်းပြီးနောက် အစီအရင်ဖွဲ့စည်းခြင်းများထဲတွင် ကျန်းချန်ရွှမ်၏ အောင်မြင်မှုများစွာရယူမှုများသည် နောက်ဆုံးတွင် အဆင့် ၄ သို့ ရောက်ရှိသွားပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်တွင်စနစ်က သူ့အား ‌ညှာတာထောက်ထားပေးလိမ့်မည်ဟု သူ‌မမျှော်လင့်ခဲ့ပေ။

စနစ်က သူသည် အလယ်အလတ်မှခရီးဝေးနေ‌ရာပြောင်းရွှေ့ခြင်းအစီအရင်ပြားများကို လိုအပ်နေမှန်းသိနေသည်များလား?

ထပ်ပေါင်းအနေဖြင့် စကြဝဠာဖျက်စီးခြင်းသော့သည် bugတစ်ခုဖြစ်သည်။

သူသည် ဤသော့ကို ကိုင်ဆောင်ထားသရွေ့ တောင်အကာအကွယ်အစီအရင်များ သို့မဟုတ် အန္တရာယ်ရှိသောနေရာများ၏ ကန့်သတ်ချက်များကိုတောင် မည်သို့မျှမမူဘဲ အစီအရင်ကိုလွယ်ကူစွာ ချိုးဖျက်သွားနိုင်သည်။

ဤသော့ကို သေသေချာချာအသုံးပြုပါက ၎င်းသည် အရေးပါသော အပြောင်းအလဲကိုဖြစ်စေသည့်အရာ ဖြစ်ပေလိမ့်မည်ဟုဆိုလျှင်လည်း ချဲ့ကားပြောဆိုခြင်းဟုတ်မနေပေ။

ချက်ချင်းပင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်နှင့်အတူ အလယ်အလတ်မှ ခရီးဝေးနေရာပြောင်းရွှေ့ခြင်းအစီအရင်ပြားကိုထုတ်ယူလိုက်ပြီး အီသာတောင်နှင့် မှော်ဝင်တိုင်တောင်တို့၏ကြားတွင် နေရာချထားရန် ပြင်ဆင်လိုက်သည်။

ထိုအရာနှင့်ဆိုလျှင် နေရာနှစ်ခုကို သွားလာရသည်မှာပြဿနာမရှိတော့ပေ။

အီသာတောင်ပေါ်တွင် တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက မှော်ဝင်တိုင်တောင်သည် အချိန်မှီသိရှိကာ လာရောက်အားဖြည့်ပေးနိုင်လိမ့်မည်။

လာမည့်နှစ်နှစ်အတွင်းတွင်…

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အီသာတောင်မှ မထွက်ခွာသွားကြသေးပေ။

ထိုအစား သူတို့သည် ဤနေရာတွင် အဂ္ဂိရတ်အခန်းတစ်ခု တည်ဆောက်ပြီး အဆင့် ၄ နတ်ဆိုးဘုရင်၏ နတ်ဆိုးအမြုတေကို အမြုတေတည်ဆောက်ခြင်းဆေးလုံးများကိုသန့်စင်ရန် အသုံးပြုလိုက်သည်။

သူတို့သည် ထိုအရာကို ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့ကို ထိုနေ့ကပေးထားခဲ့သော ကတိအားဖြည့်စွမ်းနိုင်ရန်လည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဂိုဏ်းနှစ်ခု၏ ရွှေအမြုတေများသည် အီသာတောင်ပတ်ဝန်းကျင်ရှိ နတ်ဆိုးဘုရင်များကို ဟန့်တားနိုင်ရန် သူတို့အား ကူညီခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် သိမ်းငှက်ရိုင်းများ၏ နတ်ဆိုးအမြုတေများကို အမြုတေတည်ဆောက်ခြင်းဆေးလုံးများ၏မီးဖိုကို သန့်စင်ရန်နှင့် ဂိုဏ်းနှစ်ခုစီကို တစ်ခုစီပေးရန် အသုံးပြုခဲ့ကြသည်။

ထိုအချိန်တွင်..

ထိုစုံတွဲ၏ရှေ့တွင် ရှိနေသည်မှာ ကျောက်စိမ်းပုလင်းလေးခုဖြစ်သည်။

ကျောက်စိမ်းပုလင်းတစ်ခုစီတွင် အမြုတေတည်ဆောက်ခြင်းဆေးလုံးတစ်ခုစီပါရှိသည်။

ဖော်ပြရန်ထိုက်တန်သည်မှာ သူတို့သည် အဆင့် ၄ နတ်ဆိုးအမြုတေသုံးခုလုံးကို ဤအမြုတေတည်ဆောက်ခြင်းဆေးလုံးလေးခုအား သန့်စင်ရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ရှန်းရူယန်၏ အဂ္ဂိရတ်ပညာများနှင့်ဆိုလျှင် သူမသည် အနည်း‌ဆုံးတော့ မီးပြင်းဖိုသုံးခုထဲရှိ အဌမမှနဝမအဆင့် အမြုတေတည်ဆောက်ခြင်းဆေးလုံးများကို သန့်စင်ရန် အသုံးပြုနိုင်သည်။

မည်သို့ပင်ဖြစ်စေ ပြဿနာမှာ ရှန်းရူယန်ပြုလုပ်ထားသည့် ပထမမီးပြင်းဖိုထဲမှ အမြုတေတည်ဆောက်ခြင်းဆေးလုံးများမှလွဲ၍ အခြားနှစ်ခုမှာ ကျန်းချန်ရွှမ်ပြုလုပ်ထားခြင်းဖြစ်သည်။

သူသည် ပထမမီးပြင်းဖိုကိုသန့်စင်နေတုန်းက အဆင့် ၄ နတ်ဆိုးအမြုတေကို ချက်ချင်းပင် ပြာအဖြစ်ပြောင်းလဲသွားစေခဲ့ကာ ကျရှုံးသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူ၏အဂ္ဂိရတ်စွမ်းရည် တိုးတက်လာသည်နှင့် ပထမမီးပြင်းဖိုတွင် ကျရှုံးသွားခဲ့သော်လည်း ၎င်းသည်သူ့အားအတွေ့အကြုံများစွာရစေခဲ့သည်။

သူသည် ဒုတိယမီးပြင်းဖိုကို စတင်လုပ်ကိုင်သောအခါ ကျရှုံးမလိုဖြစ်ခဲ့သော်လည်း အရေးကြီးသောအခြေအနေတွင် ကျန်းချန်ရွှမ်သည် မီးတောက်ကိုတည်ငြိမ်စေခဲ့ပြီး အမြုတေတည်ဆောက်ခြင်းဆေးလုံးတစ်ခုကို အောင်မြင်စွာသန့်စင်နိုင်ခဲ့သည်။

ကျန်းချန်ရွှမ်သည် အမြုတေတည်ဆောက်ခြင်းဆေးလုံးနှစ်ခုကို ကိုင်တွယ်ပြီးနောက် ကျောက်စိမ်းရေဓားစင်မြင့်၊ ကောင်းကင်ယွဲ့ဂိုဏ်း၊ သူနှင့် ရှန်းရူယန်တို့သည် အီသာတောင်ပေါ်တွင် ဆက်လက်နေရန် အစီအစဉ်မရှိတော့ပေ။

ထိုအစား သူတို့မှော်ဝင်တိုင်တောင်ကို ပြန်သွားနေချိန်တွင် ရှန်းယွမ်လုံအား ဤနေရာတွင် နေထိုင်စေခဲ့သည်။

ရှန်းယွမ်လုံလည်း ၎င်းကို မကန့်ကွက်ခဲ့ပေ။

၎င်းသည် သူတို့အရင်ကတည်းက ဆွေးနွေးထားခဲ့သည့် ကိစ္စဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နေရာကူးပြောင်းခြင်းအစီအရင်ပြားဖြင့် မှော်ဝင်တိုင်တောင်ကို ပြန်သွားနေစဉ် အဝါရောင်ပိုးထည်ဝတ်ရုံဖြင့် သတ်လတ်ပိုင်းအမျိုးသားကျင့်ကြံသူနှစ်ယောက်သည် ကျောက်စိမ်းရေဓားစင်မြင့်အပြင်ဘက်တွင် ရောက်ရှိနေခဲ့သည်။

သူတို့သည် သူတို့၏အော်ရာများကို ဖုံးကွယ်မထားကြပေ။

သူတို့ရောက်ရှိလာသည်နှင့် သူတို့သည် ‌စင်မြင့်အစောင့်အကြပ်များကို တသိမ့်သိမ့်တုန်ကာ ကြောက်ရွံ့စေလျက် သူတို့၏ သတ္တမအဆင့်နှင့် နဝမအဆင့် အော်ရာများကို ထုတ်လွှတ်ခဲ့ကြသည်။

အစောင့်အကြပ်များမမေးရသေးမှီပင် အ‌ဝါရောင်ပိုးထည်ဝတ်ရုံနှင့် သတ်လတ်ပိုင်းအမျိုးသားကျင့်ကြံသူနှစ်ယောက်သည် စိတ်မဝင်စားစွာပြောလိုက်သည်။

“သွားပြီးတော့ မင်းရဲ့စင်မြင့်ခေါင်းဆောင်ကို သွားခေါ်ချေ။ ငါတို့မှာ သူ့ကိုအရေးကြီးလုပ်ခိုင်းစေချင်တာရှိတယ်”

“အာ”

အစောင့်အကြပ်များ အံ့ဩသွားခဲ့သည်။

ဒီလူနှစ်ယောက်က ဘယ်သူလဲ?

သူတို့သည် ညွှန်ကြားချက်ကို လိုက်နာပြီး ဟောင်တုန်းပိုင်အား အစီရင်ခံရန် တုံ့ဆိုင်းနေစဉ် ဟောင်တုန်းပိုင်၊ ကျောက်စိမ်းရေဓားစင်မြင့်၏ အခြားအကြီးအကဲချုပ်နှစ်ယောက်၊ အကြီးအကဲစီးဆင်းမီးလျှံနှင့် ကုယွဲ့ဖန်းတို့သည် အပြင်ဘက်တွင် ရောက်ရှိနေပြီးဖြစ်သည်။

ဟောင်တုန်းပိုင်နှင့် အခြားနှစ်ယောက်သည် သူတို့ဝတ်ဆင်ထားသည့် အဝတ်အစားများကိုမြင်သောအခါ မျက်လုံးများကျဉ်းသွားခဲ့ကြသည်။

သူတို့ အံ့အားသင့်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤလူနှစ်ယောက်မှာ ယုနိုင်ငံရှိ အခြေတည်ဝိညာဉ်မျိုးနွယ်စုနှင့် ချောင်မျိုးနွယ်စုမှ ကျင့်ကြံသူများဖြစ်ကြောင်း သိရှိသွားကြ၍ ဖြစ်သည်။

“အဲ့ဒီတော့ ဒါက ချောင်မျိုးနွယ်စုရဲ့ တာအိုရောင်းရင်းနှစ်ယောက်ပေါ့”

ဟောင်တုန်းပိုင်နှင့် အခြားနှစ်ယောက်သည် ချက်ချင်းပင် ရို‌သေစွာ လက်ဖက်ရည်ငှဲ့ပေးလိုက်ကြသည်။

ဟောင်တုန်းပိုင်က ပြောလိုက်သည်။

“ဘယ်လိုအရေးကြီးတဲ့ကိစ္စမျိုးက လူကြီးမင်းတို့နှစ်ယောက်ကို ကျွန်တော်တို့ ကျောက်စိမ်းရေဓားစင်မြင့်ကို ခရီးနှင်လာစေခဲ့ရလဲဆိုတာ သိချင်မိတယ်။ ကျွန်တော်တို့ကူညီနိုင်တာရှိရင် အကောင်းဆုံးကူညီပါ့မယ်”

ဟောင်တုန်းပိုင်၏သဘောထားကို အဝါရောင်ပိုးထည်ဝတ်ရုံနှင့် သတ်လတ်ပိုင်းအမျိုးသားကျင့်ကြံသူနှစ်ယောက်က မျာစွာနှစ်ခြိုက်သွားကြသည်။

အရပ်ရှည်သော ကျင့်ကြံသူက ရေးတေးတေးမျှပြောလိုက်သည်။

“ငါတို့တကယ့်ကို မင်းကို လုပ်စေချင်တာတစ်ခုရှိတယ်”

အခြားဘက်၏ လေသံကိုကြားကာ ဟောင်တုန်းပိုင်၊ အကြီးအကဲစီးဆင်းမီးလျှံ သို့မဟုတ် ကုယွဲ့ဖန်းတို့သည် အနည်းငယ် မသက်မသာဖြစ်သွားကြသည်။

သူတိုအကုန်လုံးမှာ ရွှေအမြုတေအဆင့်များ ဖြစ်ကြသည်။

သို့သော်လည်း တစ်ဖက်အဖွဲ့၏လေသံမှာ သူ၏လက်အောက်ငယ်သားများကို ပြောဆိုနေသည့်အလား နှိမ်ချပြောဆိုနေသည်။

သူကသိကအောက်ဖြစ်နေသော်လည်း ဟောင်တုန်းပိုင်သည် ဆက်၍ပြောလိုက်သည်။

“ကျွန်တော်ဘာကိစ္စလဲဆိုတာ မေးလို့ရမလား တာအိုရောင်းရင်းတို့”

“မင်းအဲ့ဒီကိစ္စကိုသိစရာမလိုဘူး။ မင်းဒီကိစ္စနဲ့ဆက်စပ်နေတဲ့ သဲလွန်စမှန်သမျှကို စောင့်ကြည့်နေဖို့ပဲ လိုအပ်တာ”

သူစကားပြောနေစဉ်တွင် အရပ်ရှည်သောအမျိုးသားကျင့်ကြံသူသည် သူ၏ကိုယ်ပေါ်မှ ငွေရောင်ကတ်ပြား၏ပျက်စီးနေစော အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်ကာ ဟောင်တုန်းပိုင်အား ပေးလိုက်သည်။

“ဒါကိုတစ်ချက်ကြည့်လိုက် ဒါကငါ့ရဲ့ချောင်မျိုးနွယ်စုအတွက် အရမ်းအရေးကြီးတယ်။ မင်း မင်းရှာရမယ့်လူတွေအကုန်လုံးကို စုရုံးပြင်ဆင်ရမယ်။ သတိမမူဘဲမလုပ်နဲ့”

ပျက်စီးနေသောငွေရောင်ကတ်ပြား၏ အပိုင်းအစကို ယူလျက် ဟောင်တုန်းပိုင်နှင့် အခြားနှစ်ယောက်သည် အရပ်ရှည်သောအမျိုးသားကျင့်ကြံသူအား ပြန်မပေးမီ တစ်ယောက်ပြီးတစ်ယောက်ကြည့်လိုက်သည်။

“ဒါကချောင်မျိုးနွယ်စုရဲ့ အမိန့်တစ်ခုဆိုမှတော့ ကျွန်တော်ရဲ့ကျောက်စိမ်းရေဓားစင်မြင့်က ဒီပစ္စည်းကို ရှာဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ စကားမစပ် ကျွန်တော် လူကြီးမင်းတို့နှစ်ယောက်ကို ဘယ်လိုအကြောင်းကြားရမလဲ။ ကျွန်တော်တို့ သဲလွန်စတစ်ခုခုကို တကယ်တွေ့ခဲ့မယ်ဆိုရင် ဘယ်လိုဆက်သွယ်ရမလဲ?”

“ငါကချောင်ရွှမ်ကွမ်း။ ဒါကငါ့ရဲ့ညီကို ချောင်ရွှမ်ယောင်ပါ”

အရပ်ရှည်သည့်အမျိုးသားကျင့်ကြံသူ ချောင်ရွှမ်ကွမ်းသည် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒါငါတို့ရဲ့ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ပဲမင်းတစ်ခုခုရှာတွေ့တယ်ဆိုရင် ငါတို့ကို အကြောင်းကြားဖို့ ဒီအဆောင်ကိုသုံးပါ။ ပြီးတော့ ‌ငါတို့ကန်းနန်တိုက်အတွင်းမှာရှိတဲ့ အခြားတိုင်းပြည်က ရွှေအမြုတေအဆင့်အင်အားစုတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး အကူအညီတောင်းပြီးပြီ။ မင်းတို့တွေကြားထဲမှာ ဒီရှာ‌ဖွေမှုကို သင့်တင့်လျောက်ပတ်စွာစီစဉ်နိုင်ဖို့ မင်းတို့ဟာမင်းတို့ဆွေးနွေးနိုင်တယ်။ မင်းစိတ်မပူနဲ့ မင်းငါတို့ကို တခြားအပိုင်းအစတွေရှာဖို့ တကယ်ကူညီပေးမယ်ဆိုရင် ငါတို့ချောင်မျိုးနွယ်စုကလည်း အကျိုးခံစားခွင့်အတွက် တွန့်တိုနေမှာမဟုတ်ဘူး။ ကောင်းပြီ ငါတို့လည်းလျန်နိုင်ငံအတွင်းက တခြားရွှေအမြုတေအဆင့်မျိုးနွယ်စုနှစ်ခုကို သွားရဦးမယ်။ ငါတို့ကြာကြာမနေတော့ဘူး”

ဤသို့နှင့် ချောင်ရွှမ်ကွမ်းနှင့် ချောင်ရွှမ်ယောင်တို့သည် ဟောင်တုန်းပိုင်နှင့် အခြားသူများ၏ စကား‌ကို စောင့်ဆိုင်းမနေဘဲ ကျောက်စိမ်းရေဓားစင်မြင့်မှ ထွက်ခွာသွားခဲ့သည်။

သူတို့၏ပုံရိပ်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အကြီးအကဲစီးဆင်းမီးလျှံနှင့် ကုယွဲ့ဖန်းတို့မှာ သက်သောင့်သက်သာရှိမနေပေ။

အသေအချာပင် အခုလေးတင် ထိုလူနှစ်ယောက်၏ အထက်စီးဆန်သည့် အပြုအမူမှာ သူတို့အားစိတ်မချမ်းမြေ့ဖွယ်ဖြစ်စေခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့မည်မျှပင် မသက်မသာဖြစ်နေသော်လည်း အခြေတည်ဝိညာဉ်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ယောက်ရှေ့တွင် ပြသ၍မဖြစ်ကြောင်း သိထားကြသည်။

“ဂျူနီယာညီလေးဟောင် မင်းဒီကိစ္စကိုဘယ်လိုထင်လဲ?"

ထိုအချိန်တွင် အကြီးအကဲစီးဆင်းမီးလျှံသည် ဟောင်တုန်းပိုင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

***

All Chapters