နိုဗာရေပြင်သို့သွားခြင်း
Vol. 21 Ch. 407
အကြီးအကဲစီးဆင်းမီးလျှံ၏စကားများကို ကြားပြီး ဟောင်တုန်းပိုင်သည် တည်ငြိမ်စွာပြောလိုက်သည်။
“ကျွန်တော်ဘယ်လိုထင်ရမာလဲ အသေအချာ ကျွန်တော်တို့ သူတို့ပြောသလိုပဲလုပ်ရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျောက်စိမ်းရေဓားစင်မြင့်ရဲ့ နောက်လိုက်တွေက သီးခြားဖြစ်နေတာပဲ။ ကျွန်တော်တို့လူတွေအများကြီးစုရုံးမပြင်ဆင်နိုင်ရင်တောင် အကောင်းဆုံးလုပ်ရမယ်။ အကြီးအကဲစီးဆင်းမီးလျှံနဲ့ နည်းပြကု၊ မင်းတို့ကောအဲ့ဒီလိုမထင်ဘူးလား?”
“ဂျူနီယာညီလေးဟောင် မင်းမှန်တယ်။ ငါတို့ကျောက်စိမ်းရေဓားစင်မြင့်က တကယ့်ကို ကူညီနိုင်ဖို့ အကောင်းဆုံးလုပ်သင့်တယ်”
အကြီးအကဲစီးဆင်းမီးလျှံသည် အဓိပ္ပာယ်ပါပါ ရယ်လိုက်သည်။
“ဒီလိုဆိုရင် သူတို့တွေ ပိုပြီးတော့ မဟုတ်ရင်လည်း လျှော့ပြီးတော့ စိတ်ကိုပြင်ဆင်ထားလို့ရတာပေါ့”
“မှန်တယ်”
အကြီးအကဲစီးဆင်းမီးလျှံနှင့် ကုယွဲ့ဖန်းတို့ ခေါင်းညိတ်လိုက်ကြသည်။
ခနကြာပြီးနောက်…
ရွှမ်းမင်တောင်ထွတ်ပေါ်တွင်ရှိနေသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရုတ်တရက် ဟောင်တုန်းပိုင်ဆီမှ အကြောင်းကြားစာတစ်ခုကို လက်ခံရရှိခဲ့သည်။
ထိုအကြောင်းကြားစာသည် သူတို့နှစ်ယောက်အား အံ့အားသင့်သွားစေခဲ့သည်။
သူတို့သည် ယုနိုင်ငံနှင့် အဝေးတွင်ရှိသည့်အခြေတည်ဝိညာဉ်မျိုးနွယ်စု၊ ချောင်မျိုးနွယ်စုမှ လူက ကန်းနန်နိုင်ငံသို့ အမှန်တကယ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ထို့ပြင် သူတို့၏ပန်းတိုင်မှာ ငွေရောင်ကတ်ပြားအပိုင်းအစကိုရှာရန်ဖြစ်သည်။
အခြားဂိုဏ်းမှဖော်ပြချက်အရ ငွေရောင်ကတ်ပြားအပိုင်းအစသည် သူတို့ယခင်ကရရှိထားသည့် ငွေရောင်ကတ်ပြားနှင့် ဆက်သွယ်မှုတစ်ခုခုရှိရလိမ့်မည်။
ငွေရောင်ကတ်မြေပုံတစ်ခုထက်ပို၍ရှိနေတာများလား?
သူတို့ရရှိထားသည်မှာ ငွေရောင်ကတ်မြေပုံတစ်ခုလုံးဖြစ်လိမ့်မည်။
အခြေတည်ဝိညာဉ်မျိုးနွယ်စုက ရှာဖွေနေသည်မှာ မြေပုံတစ်ခုလုံး၏ အပိုင်းအစသာဖြစ်သည်။
ထိုလူများသည် သူ့တွင်သာငွေရောင်ကတ်တစ်ခုလုံးရှိမှန်းသိပါက ကျန်းမျိုးနွယ်စုတွင် သွေးထွက်သံယိုဖြစ်ခြင်းများ ဖြစ်ပွားလိမ့်မည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ငွေရောင်ကတ်နှင့်ပတ်သက်၍ မည်သူ့ကိုမှ အသိခံလို့မရကြောင်း သဘောပေါက်လိုက်သည်။
ကံကောင်းစွာပင် သူတို့သည် ထိုနေ့က သိမ်းငှက်ရိုင်းအားလုံးကို သတ်ခဲ့ပြီးဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ထိုအကြောင်းစဉ်းစားနေတုန်းမှာပင် အလွန်ခမ်းနားသော အော်ရာနှစ်ခု မှောင်ဝင်တိုင်တောင်ပေါ်သို့ ကျရောက်လာသည်။
ဘွန်း!
တောင်အကာအကွယ်အစီအရင်သည် မျိုးခြားရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ အော်ရာ၏ လှုံ့ဆော်မှုကိုခံလိုက်ရပြီး ချက်ချင်းပင် သူ့အလိုလို လှုပ်ရှားသွားသည်။
ခနအကြာ၌ ကြယ်သံကြိုးအစီအရင်သည် မြန်မြန်ဆန်ဆန်ပင်တောက်ပလာခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများကို မှောင်မိုက်သွားစေခဲ့သည်။
အခြားမျိုးနွယ်စုသည် ကျန်းမျိုးနွယ်စုအား အရေးတယူရှိမနေကြောင်းမှာ သိသာသည်။
သူတို့သည် မှော်ဝင်တိုင်တောင်ကို ဝင်ရောက်ရန် ရက်စက်သော အမိန့်အာဏာကို မှီခိုချင်ကြသည်။
၎င်းသည် ရန်စသောလုပ်ရပ်ဖြစ်သည်။
သူတို့နှစ်ယောက် မှော်ဝင်တိုင်တောင်သို့ မဝင်ရောက်ခင်မှာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အပြင်ဘက်တွင် ရောက်နေကြပြီဖြစ်သည်။
ချောင်ရွှမ်ကွမ်းနှင့် ချောင်ရွှမ်ယောင်တို့၏ ကျယ်ပြောလှသော ဓမ္မစွမ်းအားကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်နှာအမူအယာမှာ အေးစက်သွားခဲ့သည်။
ကျန်းချန်ရွှမ်သည် အသံကိုနှိမ့်လျက်ပြောလိုက်သည်။
“မင်းတို့ဘာကိုဆိုလိုတာလဲ။ ပြီးတော့မင်းတို့ကဘယ်သူတွေလဲ၊ မင်းတို့ဒီနေရာမှာ ငါတို့ကိုစိန်ခေါ်ဖို့ရောက်နေတာလား?”
ကျန်းချန်ရွှမ်သည် သူတို့၏အထောက်အထားများကို တမင်သက်သက် မသိဟန်ဆောင်ကာ သူတို့အားမေးခွန်းထုတ်လိုက်သည်။
ချောင်ရွှမ်ကွမ်းနှင့် ချောင်ရွှမ်ယောင်တို့မှာ အံ့ဩသွားကြသည်။
ယခင်က သူတို့သည် ကျန်းမျိုးနွယ်စုမှာ အဆင့်မြင့်ရွှေအမြုတေအဆင့်မျိုးနွယ်စုအသစ်ဖြစ်မှန်းကြားမိသော်လည်း သူတို့နှစ်ယောက်၏ကျင့်စဉ်သည် ရွှေအမြုတေတတိယအဆင့်ထက်မပိုလွန်ဘူးဟုသာ တွေးထင်ခဲ့ကြသည်။
၎င်းသည် သူတို့အခု အကြောက်အလန့်မရှိရခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အဆင့်မြင့်ရွှေအမြုတေအဆင့်ကျင့်ကြံသူအသစ်နှစ်ယောက်သည် သူတို့ဆီမှယဉ်ယဉ်ကျေးကျေး အဆက်ဆံခံရလောက်သည်အထိတော့ အရည်အသွေးမပြည့်မှီသေးပေ။
ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချန်ရွှမ်နှင့် သူ့မိန်းမ နှစ်ယောက်စလုံးသည် သူတို့မှားသွားမှန်းသိလိုက်သည်။
“လူကြီးမင်းတို့နှစ်ယောက်က ရွှေအမြုတေအဆင့်ရဲ့ ဆဌမအဆင့်ကို ရောက်ပြီးပြီပဲ။ ကျွန်တော့်အမှားပါ”
ချောင်ရွှမ်ကွမ်းသည် စိတ်မဝင်စားစွာ ပြောလိုက်သည်။
“အဓိကဆီပဲသွားရအောင်။ ငါတို့က ယုနိုင်ငံအတွင်းမှာရှိတဲ့ အခြေတည်ဝိညာဉ်မျိုးနွယ်စု၊ ချောင်မျိုးနွယ်စုကပဲ။ ငါတို့ မင်းတို့ကို တစ်ခုကူရှာပေးစေချင်တယ်”
ထိုအရာကိုကြားကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်နှာများ မှောင်မိုက်သွားခဲ့သည်။
ဒါကတစ်ယောက်ယောက်ကို တစ်ခုခုလုပ်ခိုင်းစေချင်တဲ့အခါမှာ မေးရမယ့်ပုံစံလား?
သူကအရမ်း.... ဘဝင်မြင့်ပြီး အထက်စီးဆန်မနေဘူးလား?
မည်သို့ပင်ဖြစ်စေ အခြေတည်ဝိညာဉ်မျိုးနွယ်စု နောက်ခံရှိသည့် ချောင်ရွှမ်ကွမ်းနှင့် ချောင်ရွှမ်ယောင်တို့သည် ၎င်းကိုအသေအချာပင် ဂရုစိုက်မနေပေ။
သူတို့ဤကဲ့သို့ပဲအမြဲတမ်းပြုမူနေကြသည်ဟု ပြောလျှင်လည်း ချဲ့ကားပြောနေခြင်းမဟုတ်လောက်ပေ။
သင်သည် ရွှေအမြုတေနဝမအဆင့် သို့မဟုတ် ပဏာမအခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်နေရင်တောင် သင်၏နောက်တွင် အခြေတည်ဝိညာဉ်စံသခင်မရှိသရွေ့ အဆင့်အတန်းသတ်မှတ်ချက်အရ သင်သည် သူတို့နှင့် တူညီသောအဆင့်အတန်းမရှိသေးပေ။
ထိုအခြေအနေတွင် ကျန်းချန်ရွှမ်သည် သူတို့အပေါ်တွင် အချိန်ကုန်မခံချင်ပေ။
“ကျွန်တော် လူကြီးမင်းတို့က ကျွန်တော်တို့ကျန်းမျိုးနွယ်စုကို ဘာများကူရှာပေးစေချင်တာလဲဆိုတာ သိချင်မိတယ်”
ချောင်ရွှမ်ကွမ်းသည် ချက်ချင်း သူ့ကိုယ်ပေါ်မှ ငွေရောင်ကတ်ပြား၏အပိုင်းအစကိုထုတ်လိုက်ပြီး ကျန်းချန်ရွှမ်သို့ပေးလိုက်သည်။
“ဒီမှာ ဒါပဲ”
ထိုသို့နှင့် ချောင်ရွှမ်ကွမ်းဆီမှ ငွေရောင်ကတ်အပိုင်းအစကိုလက်ခံလိုက်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြသည်။
***