← Chapters

နိုဗာရေပြင်သို့သွားခြင်း(၂)

Vol. 21 Ch. 408

နိုဗာရေပြင်သို့သွားခြင်း(၂)

Vol. 21 Ch. 408

ထိုအချိန်တွင် သူတို့သည် ချောင်ရွှမ်ကွမ်းထုတ်ပေးလိုက်သည့် ငွေရောင်ကတ်အပိုင်းအစပစ္စည်းသည် သူတို့ရရှိထားသည့ ငွေရောင်ကတ်နှင့်အတူတူပင်ဖြစ်သည်ဟု အတည်ပြုပြီးဖြစ်သည်။

သူတို့သည် အပိုင်းအစအကုန်လုံးကိုရှာတွေ့ပြီး စုပေါင်းလိုက်ပါက ငွေရောင်ကတ်ပေါ်ရှိအကြောင်းအရာသည် သူတို့ငွေရောင်ကတ်ပေါ်ရှိအကြောင်းအရာနှင့် တူနေမလားတော့မသိနိုင်ပေ။

သို့ဖြစ်စေကာမူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အတွေးပေါင်းများစွာဖြင့် တည်ငြိမ်စွာနေလိုက်ကြသည်။

ကျန်းချန်ရွှမ်သည် ချောင်ရွှမ်ကွမ်းသို့ ငွေရောင်ကတ်အပိုင်းအစကို ပြန်ပေးလိုက်ကာ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်တို့ ဒီပစ္စည်းကို ရှာတွေ့ဖို့ သေချာပေါက် အကောင်းဆုံးလုပ်ပါ့မယ်”

“ကောင်းပြီ”

ချောင်ရွှမ်ကွမ်းသည် ကျေနပ်မှုများဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒီအရာက ငါ့ရဲ့ချောင်မျိုးနွယ်စုအတွက် အရမ်းအရေးကြီးတယ်။ မင်းတကယ်တခြားအပိုင်းအစတွေကိုရှာတွေ့လို့ရှိကင် ငါ့ရဲ့မျိုးနွယ်စုက ရက်ရက်ရောရောကျေးဇူးဆပ်ပါမယ်။ ဒါနဲ့ ဒါကငါတို့ရဲ့ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ပါ။ မင်းတစ်ခုခုရှာတွေ့လို့ရှိရင် ချက်ချင်းငါတို့ကို ဒီအဆောင်ကနေဆက်သွယ်လို့ရတယ်”

စကားပြောနေစဉ်ပင် ချောင်ရွှမ်ကွမ်းသည် ဆက်သွယ်ရေးကျောက်စိမ်းအဆောင်နှစ်ခုကို ကျန်းချန်ကွှမ်နှင့် ရှန်းရူယန်တို့အား ပေးလိုက်သည်။

သူတို့နှစ်ဦးထွက်ခွာသွားပြီးနောက် ရှန်းရူယန်သည် ကျန်းချန်ရွှမ်အား ကြည့်လိုက်သည်။

“ယောက်ျား ရှင်ဒါကိုဘယ်လိုထင်လဲ?”

“ရွှမ်းမင်တောင်ထွတ်ကို အရင်ပြန်သွားကြရအောင်”

ကျန်းချန်ရွှမ်‌ပြန်ပြောလိုက်သည်။

မကြာမီပင် လင်မယားနှစ်ယောက်သည် ရွှမ်းမင်တောင်ထွတ်သို့ ပြန်လာခဲ့သည်။

ရွှမ်းမင်တောင်ထွတ်ကိုပြန်လာပြီးနောက် ကျန်းချန်ရွှမ်သည် ချက်ချင်းပင် ရှန်းရူယန်အားပြောလိုက်သည်။

“မိန်းမ သူတို့ငွေရောင်ကတ်အပိုင်းအစရဲ့ ပစ္စည်းက ငါတို့ရှာတွေထားတဲ့ ငွေရောင်ကတ်အပိုင်းအစရဲ့ ပစ္စည်းနဲ့ တစ်ပုံစံတည်းပဲဆိုတာ မင်းသိပြီးပြီလို့ ကိုယ်ထင်တယ်”

“အမှန်ပဲ”

ရှန်းရူယန် ခေါင်းညိတ်လိုက်သည်။

“သူတို့ငွေရောင်ကတ်ပေါ်မှာမှတ်ထားတဲ့‌တည်နေရာနဲ့ တူမတူကိုတော့ ကျွန်မတို့မသိဘူး”

“အဲ့ဒါ တူနိုင်လောက်မယ့်အခွင့်အလမ်းရှိတယ်လို့တော့ ကိုယ်ယူဆမိတယ်”

ကျန်းချန်ရွှမ်သည် တည်ကြည်လေးနက်သော အမူအယာဖြင့်ပြောလိုက်သည်။

“ကြည့်ရတာ ကိုယ်တို့နိုဗာရေပြင်ကို တတ်နိုင်သလောက် မြန်မြန်ခရီးနှင်သင့်ပြီထင်တယ်။ အရမ်းအချိန်ဆွဲ‌နေမယ်ဆိုလို့ရှိရင် သူတို့ကိုယ်တို့အရင်ရောက်သွားနိုင်တယ်”

ယခုအတွက်မူ လင်မယားနှစ်ယောက်သည် သူတို့နှစ်ယောက်တည်းသာ သို့မဟုတ် တည်နေရာအတိအကျကိုသိသည်မှာလူအနည်းစုသာ ရှိသင့်သည်ဟု ယုံကြည်သည်။

မည်သို့ပင်ဖြစ်စေ ဤကိစ္စကြာရှည်နေပါက ချောင်မျိုးနွယ်စုသည် အပိုင်းအစအားလုံးကိုစုစည်ပြီး တည်နေရာအတိအကျကို သိမသွားနိုင်ဘူးဟု အာမမခံနိုင်ပေ။

ဤအချိန်တွင် သူတို့၌ များစွာသော ယှဉ်ပြိုင်သူများ ရှိနိုင်သည်။

“အဲ့ဒါတို ကျွန်မတို့ဘာလုပ်သင့်တယ်လို့ထင်လဲ ယောက်ျား?”

“စောင့်ကြရအောင်”

ကျန်းချန်ရွှမ်သည် အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“ချောင်မျိုးနွယ်စုဝင်နှစ်‌ယောက် ကန်းနန်တိုက်ကနေ ထွက်သွားအောင် အရင်စောင့်လိုက်ကြရအောင်။ ငါတို့အခုချိန်မှာ ထွက်သွားမယ်ဆိုရင် မသင်္ကာမှုကို နှိုးဆော်ပေးရာရောက်နေလိမ့်မယ်”

ထို့နောက် ကျန်းချန်ရွှမ်သည် ကျန်းအန်းရန်၊ လျူလင်းလုံ၊ ကျန်းယွင်ချန်းတို့ညီအစ်ကိုသုံးယောက်နှင့် အခြားသူများကို ခေါ်လိုက်ပြီး ဖြစ်ပျက်ခဲ့သည်များကို တိုတိုတုတ်တုတ်ပြောပြလိုက်သည်။

လူတိုင်း ဤအကြောင်းကိုကြားပြီးသောအခါ အနည်းငယ် မခံမရပ်နိုင်ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် အခြေတည်ဝိညာဉ်မျိုးနွယ်စုနှင့် ညှိနှိုင်းနေရမည့် ကဏ္ဍများများစားစားမရှိကြောင်းတော့ သိကြသည်။

ကျန်းချန်ရွှမ်သည် သူတို့ကို ကောင်းကောင်းမွန်မွန်ပြုလုပ်ကြရန်သာ ညွှန်ကြားခဲ့သည်။

ကျန်တာအတွက် သူတို့စိုးရိမ်နေစရာမလိုပေ။

ထိုသို့နှင့်…

မျက်စိတစ်မှိတ်အတွင်း လပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။

ပြီးခဲ့သည့်လများတွင် ချောင်ရွှမ်ကွမ်းနှင့် ချောင်ရွှမ်ယောင်တို့သည် ကန်းနန်တိုက်၏ ငါးနိုင်ငံအတွင်းမှ ရွှေအမြုတေအဆင့်မျိုးနွယ်စုတိုင်းနှင့် မကြာခဏ ချိတ်ဆက်ခဲ့ပြီးဖြစ်သည်။

မည်သို့ပင်ဖြစ်‌စေ ရလဒ်များမှာတော့ ကျေနပ်ဖွယ်မရှိပေ။

ညီအစ်ကိုနှစ်ယောက်သည် အလွန်ပင် စိတ်ပျက်သွားခဲ့ကြသည်။

သူတို့နှစ်ယောက်၏ စိတ်ရှည်သည်းခံနိုင်မှု ကုန်ဆုံးတော့မည့်အချိန်တွင် သူတို့၏မျိုးနွယ်စုထံမှ တစ်စုံတစ်ခုကိုဆွေးနွေးရန် မျိုးနွယ်စုဆီသို့အမြန်ပြန်လာဖို့ တောင်းဆိုထားသည့်စာကို ရရှိခဲ့သည်။

ချောင်ရွှမ်ကွမ်းနှင့် ချောင်ရွှမ်ယောင်တို့သည် ဂရုမစိုက်ဘဲ မနေရဲခဲ့ပေ။

သူတိူ့သည် ကန်းနန်တိုက်၏ နယ်မြေကို ထွက်ခွာခဲ့ပြီး မည်သူ့ကိုမျှအသိမပေးဘဲ ယုနိုင်ငံအတွင်းရှိ ချောင်မျိုးနွယ်စုဆီသို့ ဦးတည်ကာ အမြန်ပျံသန်းလာခဲ့သည်။

ကျန်းချန်ရွှမ်နှင့် အခြားရွှေအမြုတေအဆင့်ဂိုဏ်းများနှင့် မျိုးနွယ်စုများသည် သူတို့၏ထွက်ခွာမှုကို လျင်မြန်စွာပင် အာရုံခံမိလိုက်သည်။

လူတိုင်းသည် စိတ်သက်သာစွာ သက်ပြင်းချနိုင်ခဲ့တော့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နိုဗာရေပြင်သို့ တစ်ခါတည်းခရီးနှင်ရန် ဆုံးဖြတ်လိုက်ကြသည်။

အကြောင်းမှာထိုအချိန်တွင် ဤကိစ္စသာဆက်လက်၍ကြာရှည်နေပါက သူတို့တွင်ရှိရမည့်အခွင့်အရေးသည် အခြားသို့လုယူခံလိုက်ရနိုင်ကြောင်း ခံစားမိနေ၍ဖြစ်သည်။

ထို့ပြင် သူတို့သည် သူတို့၏ခွန်အားများကို သေချာသည့် အချိန်တစ်ခုတွင် မမြှင့်တင်နိုင်ပါက သူတို့တွင်ဘေးဒုက္ခကျရောက်ပြီး ဖျက်စီးခံရလိမ့်မည်ကို ဝိုးတိုးဝါးတား အာရုံခံမိနေသည်။

ဤအရာသည် ကောင်းကင်ဘုံမှ သတိပေးချက်ဖြစ်သည်။

သူတို့ပေါ့ဆဆ ‌မတွေးခဲ့ပေ။

ထို့ကြောင့် ရက်အနည်းငယ်အတွင်းတွင်…

သူတို့သည် အိမ်မှာပင် အရာအားလုံးကိုအမြန်စီစဉ်လိုက်ပြီး သူတို့ခရီးရှည်တစ်ခုသွားမည့်အကြောင်း ရှန်းယွမ်လုံကို တိတ်တဆိတ်ပြောပြခဲ့သည်။

အစီအစဉ်အကုန်လုံးကို နေရာချပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တုံ့ဆိုင်းမနေတော့ပေ။

သူတို့သည် မှော်ဝင်တိုင်တောင်ကို အမြန်ထွက်ခွာခဲ့ပြီး ကန်းနန်တိုက်အပြင်သို့ ပျံသန်းသွားခဲ့ကြသည်။

ဤနေရာမှစ၍ နိုဗာရေပြင်အထိ သူတို့သည် နိုင်ငံကြီးအများစုကို ဖြတ်သန်းသွားရသည်။

ထိုအထဲတွင် ယုနိုင်ငံ၊ ခန်နိုင်ငံ၊ ထျန်းယနိုင်ငံနှင့် လန်နိုင်ငံတို့ပါဝင်သည်။

ပျံသန်းခြင်းအပေါ်၌သာအားကိုးနေလျှင် ၎င်းသည် ငါးနှစ်လောက်ကြာသွားနိုင်သည်။

ကံကောင်းစွာပင် တိုင်းပြည်တစ်ခုနှင့်တစ်ခုကြားတွင် ကြီးမားသော ပြည်နယ်အချင်းချင်းကူးပြောင်းခြင်းအစီအရင်ပြားများ ရှိနေပေသည်။

ဤနေရာကူးပြောင်းခြင်းအစီအရင်ပြားများကို အသုံးပြုပြီး သူတို့သည် အကွာအဝေးများကို ချုံ့ပစ်နိုင်သည်။

အခုလက်ရှိပြဿနာမှာ သူတို့သည် ယုနိုင်ငံသို့ဝင်ရောက်ခြင်းကို ရှောင်ကြဉ်ရန်လိုအပ်နေပေသည်။

ထို့ပြင် ချောင်မျိုးနွယ်စုသည် အခြေတည်ဝိညာဉ်အင်အားစုသုံးခုထဲမှ တစ်ခုဖြစ်ပြီး အရှင်သခင်ဟုလည်း ပြောလို့ရသည်။

ချောင်မျိုးနွယ်စု အထူးသဖြင့် ချောင်ရွှမ်ကွမ်းနှင့် ချောင်ရွှမ်ယောင်တို့သာ သူတို့ခရီးသွားနေသည်ကို ရှာတွေ့သွားသည်နှင့် ဘာဆက်ဖြစ်မည်ကို ပြောရန်ခက်ခဲသည်။

ထို့ကြောင့် သူတို့၏ ပထမဆုံးပန်းတိုင်မှာ ယုနိုင်ငံနှင့် အနီးဆုံး ခန်နိုင်ငံပင်ဖြစ်သည်။

သူတို့သည် ထျန်းယနိုင်ငံသို့ရောက်ရှိရန် ခန်နိုင်ငံအတွင်းရှိ နေရာကူးပြောင်းခြင်းအစီအရင်ပြားကို အသုံးပြုရန်လိုသည်။

ထို့နောက် သူတို့သည် ထျန်းယနိုင်ငံရှိနေရာကူးပြောင်းခြင်းအစီအရင်ပြားကို ဖြတ်သန်းကာ လန်နိုင်ငံသို့သွားပြီး နောက်ဆုံးတွင် နိုဗာရေပြင်သို့ ရောက်ရှိမည်ဖြစ်သည်။

သူတို့နိုဗာရေပြင်သို့ရောက်ရှိသည်နှင့် နှစ်တစ်ဝက်ကုန်လွန်ပြီးဖြစ်သည်။

ထိုအချိန်တွင် သူတို့သည် ဆောင်းဦးဝါးကျွန်းဟုခေါ်သော ကျွန်းတစ်ခုပေါ်တွင် ရှိနေကြသည်။

ဤကျွန်းသည် နိုဗာရေပြင်တွင် မထင်ရှားလှပေ။

ကျွန်းကိုစောင့်ကြပ်နေသည့် အဦးပိုင်းရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ယောက်သာရှိသည်။

သူတို့ ဤနေရာတွင်ရှိနေရသည့် အကြောင်းမှာ ဤကျွန်းသည် သူတို့၏ပန်းတိုင်နှင့် အနီးဆုံးဖြစ်သောကြောင့် ဖြစ်သည်။

ထို့ပြင် နှစ်နှစ်ကျော်ကြာခရီးထွက်ပြီးနောက် သူတို့သည် အနားယူရန် လုံခြုံသည့် နေရာတစ်ခု လိုအပ်သည်။

အားပြန်ဖြည့်သွင်းပြီးနောက် သူတို့သည် ခရီးဆုံးပန်းတိုင်ဆီသို့ ဦးတည်ခဲ့သည်။

သူတို့သည် သူတို့နှင့်ရင်းနှီးကျွမ်းဝင်သည့် ကွမ်းရှင်းထင်ကို မရှာရဘဲ ကျယ်ပြန့်ခြင်းမြစ်၏ ဝိညာဉ်ကျွန်းသို့ သွားရခြင်းအကြောင်းမှာ အလွန်ပင်ရိုးရှင်းသည်။

သူတို့ ဤနေရာကိုလာရသည့်ကိစ္စ မအောင်မြင်သေးမှီ မည်သူ့ကိုမှအသိမပေးရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။

ဆောင်းဦးဝါးကျွန်းပေါ်တွင် ရက်အနည်းငယ်မျှအနားယူပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ပန်းတိုင်သို့ ခရီးဆက်ခဲ့ကြသည်။

ပင်လယ်ကွေးဟုခေါ်သည့် နေရာ…

ဤနေရာသည် တစ်နှစ်ပတ်လုံး နတ်အာရုံကို ပိတ်ဆီး‌နေသောမြူထူများဖြင့် ဖုံးလွှမ်းထားသည်။

တိကျသည့်အချိန်အချို့တွင်သာ မြူထူများသည် ပါးလွှာသွားပြီး အလယ်တွင်ပိတ်ဆီးထားသည်များကို ထုတ်ဖော်ပြသသည်။

ကံမကောင်းစွာပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရောက်သည့်အချိန်သည် ထိုအချိန်များထဲတွင် မပါခဲ့ပေ။

သူတို့မြင်ကသည် ကျယ်ပြန့်သောအဖြူရောင်ပြင်ကျယ်တစ်ခုသာဖြစ်သည်။

သူတို့၏ နတ်အာရုံများမှာ အသုံးမဝင်ပေ။

ကျန်းချန်ရွှမ်သည် ကောင်းကင်မျက်လုံး၏ ထိုးထွင်းသိမြင်နိုင်စွမ်းကို အသက်သွင်းလိုက်ပြီး ပတ်ဝန်းကျင်ကို အသေအချာအနီးကပ် ကြည့်လိုက်ကာ သူ၏ကိုယ်ပေါ်ရှိ ငွေရောင်ကတ်ပြားသည် အကြောင်းအရင်းတစ်ချို့ကြောင့် ပူနွေးလာသည်။

သူသည် ၎င်းကိုစစ်ဆေးကြည့်ရန်ထုတ်ယူလိုက်သည်။

ကတ်၏မျက်နှာပြင်သည် ဂဟေ‌ဆက်နေသည့်ကိရိယာကဲ့သို့ လောင်ကျွမ်းနေပြီး ရဲရဲတောက်နေသော အနီရောင်အလင်းတစ်ခုဖြင့် အရောင်လက်လာသည်။

***

All Chapters