← Chapters

အကြီးမားဆုံးရရှိမှု၊ ကောင်းကင်ကံကြမ္မာချီဆွတ်ခူးခြင်းနည်းပညာ၊ ရွှေရောင်တိမ်အမှတ်လက္ခဏာကို ရရှိခြင်း

Vol. 21 Ch. 411

အကြီးမားဆုံးရရှိမှု၊ ကောင်းကင်ကံကြမ္မာချီဆွတ်ခူးခြင်းနည်းပညာ၊ ရွှေရောင်တိမ်အမှတ်လက္ခဏာကို ရရှိခြင်း

Vol. 21 Ch. 411

ဝှစ်ရှ်--

ထိုအချိန်တွင် ရုပ်သေးရုပ်နှစ်ရုပ်၏မျက်လုံးထဲရှိ အလင်းရောင်သည် ချက်ချင်း ကွယ်ပျောက်သွားသည်။

ကျန်းချတ်ရွှမ်နှင့် ရှန်းရူယန်သည် ရှေ့ဆက်သွားကာ ရုပ်သေးရုပ်နှစ်ရုပ်ကို စစ်ဆေးကြည့်လိုက်ကြသည်။

သူတို့သည် ဤရုပ်သေးရုပ်နှစ်ရုပ်၏ သန့်စင်ခြင်းနည်းလမ်းသည် တမူထူးခြားစွာကွဲပြားနေသည်ကို တွေ့ရှိခဲ့ကြသည်။

သူတို့သည် ဤကဲ့သို့ရုပ်သေးရုပ်မျိုးကို သန့်စင်နိုင်မည့်နည်းလမ်းကို ရှာတွေ့နိုင်မည်ဆိုပါက ၎င်းသည် ကျန်းမျိုးနွယ်စုဆီသို့ ကြီးမားသောအကျိုးကျေးဇူးများယူဆောင်လာပေးလိမ့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

အမှန်ပင် သူတို့ဤကဲ့သို့ရုပ်သေးရုပ်မျိုးကို သန့်စင်ဖို့နည်းလမ်းကို ရှာမတွေ့ခဲ့ဘူးဆိုရင်တောင်မှ ဤရုပ်သေးရုပ်မျိုးကို မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို ရှာဖွေတွေ့ရှိခဲ့လျှင်လည်း မဆိုးလှပေ။

နောက်ဆုံးတွင် သူတို့သည် စတုတ္ထအဆင့်ရွှေအမြုတေနယ်ပယ်ကို ယှဉ်ပြိုင်နိုင်သည့် ရုပ်သေးရုပ်နှစ်ရုပ်သာဖြစ်ကြသည်။

သူတို့ ၎င်းတို့ကို မည်ကဲ့သို့ထိန်းချုပ်ရမည်ကိုသာ သိရှိပါက မျိုးနွယ်စုထဲတွင် စတုတ္ထအဆင့်ရွှေအမြုတေအဆင့်နှစ်ယောက်ပိုတိုးလာသည်နှင့် ညီမျှသွားလိမ့်မည်။

ဝှစ်--

ထိုစုံတွဲ၏အတွေးထဲကို ဤအတွေးများ ဖြတ်သန်းဝင်ရောက်နေစဉ် အလင်းဘောလုံးနှစ်လုံး သူတို့ရှေ့သို့ ရောက်ရှိလာခဲ့သည်။

အလင်းဘောလုံးနှစ်လုံးထဲတွင် ပစ္စည်းနှစ်ခုရှိသည်။

တစ်ခုမှာ စတုတ္ထအဆင့်နီရဲသောနေသစ်သီးဖြစ်၍ နောက်တစ်ခုမှာ အရောင်လက်နေသော ကျောက်စိမ်းပြားဖြစ်သည်။

၎င်းတို့သည် ရုပ်သေးရုပ်နှစ်ရုပ်ကို အနိုင်ယူနိုင်ခဲ့သည့်အတွက် ‌ဆုလာဒ်များလား?

တစ်ချိန်တည်းလိုလိုပင် ဤအတွေးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စိတ်ထဲသို့ အလျင်အမြန်ဖြတ်သန်းဝင်ရောက်လာသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့နှစ်ယောက်သည် ချက်ချင်းပင် အလင်းဘောလုံးနှစ်လုံးထဲမှ ပစ္စည်းများကို ယူလိုက်ကြသည်။

ယခင်အရာသည် မီးဒြပ်စင်နည်းပညာကိုကျင့်ကြံထားသော ကျင့်ကြံသူများ၏ ဓမ္မစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

နောက်ပိုင်းအရာဖြစ်သည့် ‌သူတို့ရှေ့တွင်ရှိနေသော ရုပ်သေးရုပ်နှစရုပ်ကို ထိန်းချုပ်သောနည်းလမ်းသည် အသေအချာ သူတို့အလိုချင်ဆုံးအရာပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရုပ်သေးရုပ်များ၏အမြုတေများသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ ဖျက်စီးခံလိုက်ရပြီးဖြစ်သည်။

သူတို့ ရုပ်သေးရုပ်နှစ်ရုပ်ကို ပြုပြင်ချင်ပါက စတုတ္ထအဆင့်ကောင်းကင်ဝိညာဉ်ကျောက်တုံးကို ရရှိနိုင်မည့် နည်းလမ်းကိုရှာရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ စတုတ္ထအဆင့်အထက်ရှိ ကောင်းကင်ဝိညာဉ်ကျောက်တုံးများသည် အခြေတည်ဝိညာဉ်နယ်ပယ်ရှိ ဂိုဏ်းကြီးများ၏ လက်ထဲတွင်သာရှိသည်။

သူတို့အတွက် ကောင်းမွန်သော အခွင့်အရေးမရှိဘဲနှင့် ထိုအရာကို သူတို့ထံမှရရှိနိုင်ရန် အလွန်ပင်ခက်ခဲပေလိမ့်မည်။

ချပ် ချပ် ချပ်--

သူတို့နှစ်ယောက်ဤအကြောင်းကိုစဉ်းစားနေတုန်းမှာပင် ရုတ်တရက် ခြေသံများကို ကြားလိုက်ရသည်။

သူတို့သည် ဒီတစ်ခါတော့ လူပုံပိုပေါက်သည့်ရုပ်သေးရုပ်များချဉ်းကပ်လာသည်ကိုရှာဖွေရန် နောက်သို့လှည့်လိုက်ကြသည်။

သူတို့သည် ရွှေအမြုတေ နောက်ဆုံးအဆင့် ရုပ်သေးရုပ်တွေများလား?

ရုပ်သေးရုပ်နှစ်ရုပ်အပါအဝင် ပစ္စည်းများကိုအဝေးတွင်ထားလျက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တိုက်ခိုက်ရန် ပဏာမခြေလှမ်းယူလိုက်ကြသည်။

ဘွန်း!

ချက်ချင်းပင် အားကောင်းသောမတည်မငြိမ်ဖြစ်ခြင်းတစ်ခု ပျံ့လွင့်လာသည်။

ရုပ်သေးရုပ်နှစ်ရုပ်ကို ရွှေအမြုတေနောက်ဆုံးအဆင့်လို့ တွေးထားမည်ဆိုရင်တောင် သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ပြိုင်ဘက်မဟုတ်သေးပေ။

ခနကြာပြီးနောက် သူတို့၏အမြုတေများသည်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။

ဝှစ်-

မည်သို့ပင်ဖြစ်စေ ဒီတစ်ကြိမ်တော့ သူတို့၏မျက်လုံးထဲရှိအလင်းရောင်များကွယ်ပျောက်သွားချိန်တွင် သူတို့၏ခန္ဓာများသည်လည်း အလင်းရောင်နှစ်ခု၏ အလျင်အမြန်ခေါ်ယူခြင်းခံခဲ့ရသည်။

ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှေ့တွင် အလင်းဘောလုံးသုံးလုံး ရောက်ရှိလာခဲ့သည်။

အလင်းဘောလုံးနှစ်လုံးသည် အမှန်တကယ်ပင် စတုတ္ထအဆင့်ကောင်းကင်ဝိညာဉ်ကျောက်တုံးများဖြစ်ကြသည်။

နောက်ဆုံးအလင်းဘောလုံးထဲရှိအရာမှာ သူတို့လိုအပ်နေသည့် အဆင့်မြင့်စတုတ္ထအဆင့်ဝိညာဉ်သန့်စင်ကြာပန်းဖြစ်သည်။

ထိုအရာနှင့်ဆိုလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရွှေအမြုတေနောက်ဆုံးအဆင့်ကို ချိုးဖြတ်ဖို့ကူညီနိုင်မည့် ကြာကိုးပွင့်ချီသန့်စင်ဆေးလုံးကို သန့်စင်နိုင်စေရန် ၎င်းကို ပွင့်ဖတ်ကိုးချပ်ကောင်းကင်ကြာပန်းနှင့် ပေါင်းစည်းနိုင်လိမ့်မည်။

မဆိုးလှပေ။

သူသည် နောက်ဆုံးအဆင့်ရွှေအမြုတေရုပ်သေးနှစ်ရုပ်ကို မရရှိလိုက်သော်လည်း ဆုလာဒ်အဖြစ် ကောင်းကင်ဝိညာဉ်ကျောက်တုံးနှစ်ခုနှင့် သန့်စင်ချီကြာပန်းတစ်ပွင့်တို့မှာလည်း ကျေနပ်ဖွယ်ရာဖြစ်ပေသည်။

ဝှစ်--

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်အခြား‌ရုပ်သေးရုပ်များ ရောက်ရှိလာမလားဟု စောင့်မျှော်နေကြစဉ် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် နေရာကူးပြောင်းခြင်းစွမ်းအားတစ်ထပ် ဖုံးအုပ်လိုက်သည်ကို ခံစားလိုက်ရသည်။

သူတို့၏အမြင်အာရုံများ ဝေဝါးသွားခဲ့သည်။

သူတို့၏အမြင်အာရုံများပြန်လည်ရရှိချိန်တွင် သူတို့မှာ ခွဲထားခံလိုက်ရကြောင်း သဘောပေါက်သွားကြသည်။

ကျန်းချန်ရွှမ်ရှေ့သို့ ရောက်ရှိလာသည်မှာ ကျင့်စဉ်နည်းပညာတစ်ခုဖြစ်သည်။

၎င်းကို ကောင်းကင်ကံကြမ္မာချီဆွတ်ခူးခြင်းနည်းပညာဟုခေါ်သည်။

ဤနည်းပညာတွင် အမျိုးအစားနှင့် အဆင့်များမရှိပေ။

သင် ဤနည်းပညာကို မည်မျှနားလည်နိုင်သည်အပေါ်မူတည်ပြီး စွမ်းရည်အပြည့်အဝကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

သင်၏ သဘောပေါက်နားလည်နိုင်စွမ်းသည် တိမ်ကောနေပါက ၎င်းသည် ပထမအဆင့်နည်းပညာနှင့် အလွန်ကွာခြားမှုရှိမည် မဟုတ်ပေ။

ကျန်းချန်ရွှမ်သည် သူ၏အနားပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ့ကိုယ်သူတွေးလိုက်သည်။

ဒါကငါ့အတွက် ဒီကောင်းကင်ကံကြမ္မာချီဆွတ်ခူးခြင်းနည်းပညာကို ကျင့်ကြံဖို့အတွက် စစ်ဆေးမှုများလား?

ငါဒီအချိန် ရူယန် ဘယ်မှာရှိနေမလဲဆိုတာ သိချင်မိတယ်။

သူလည်း ငါ့လိုပဲဒီကောင်းကင်ကံကြမ္မာချီဆွတ်ခူးခြင်းနည်းပညာကို ကျင့်ကြံနေရမှာများလား?

သူတွေးနေစဉ်ပင် ကျန်းချန်ရွှမ်သည် ဆက်သွယ်ရေးကျောက်းစိမ်းအဆောင်ကိုထုတ်လိုက်ပြီး ရှန်းရူယန်ဆီသို့ အကြောင်းကြားစာပို့လိုက်သည်။

ပင်ကိုအရဆိုလျှင် ပြန်ကြားချက်မရှိပေ။

၎င်းသည် သူရှိနေသောနေရာသည် သီးခြားခွဲခံထားရသည့်နေရာဖြစ်နေမှသာ ဖြစ်သည်။

ကြည့်ရသလောက် သူသည် သူ၏နည်းပညာကိုကျင့်ကြံနိုင်ဖို့သာ အရင်ဆုံးကြိုးစားရမည်ဖြစ်သည်။

သူ၏စိတ်ထဲရှိ နှောင့်ယှက်နေသည့်အတွေးများကို အချိန်အရ အခြားဘက်သို့တွန်းပို့ထားကာ ကျန်းချန်ရွှမ်သည် သူ၏ရှေ့ရှိနည်းပညာပေါ်သို့ အာရုံစူးစိုက်မှုများအားလုံးကို နေရာချထားလိုက်သည်။

သူပိုလေ့လာမိလေလေ သူပို အံ့အားသင့်ရလေလေဖြစ်သည်။

ဤအရာသည် ကောင်းကင်နှင့် ကမ္ဘာမြေထံမှ သဘာဝချီဆွတ်ခူးခံလိုက်ရသည့် နည်းပညာဖြစ်သည်။

သူတို့သည် ဤကမ္ဘာပေါ်ရှိ သဘာဝချီအမျိုးအစားအားလုံးဖြစ်ကြသည်။

နားလည်ရအလွယ်ဆုံးများမှာ ဝိညာဉ်ချီ၊ သန့်စင်ချီ၊ အခရာချီ၊ နောက်ကျိချီနှင့် စသည်တို့ ဖြစ်ကြသည်။

ရှားပါးသည်များမှာ အတိဒုက္ခချီ၊ ကံကောင်းခြင်းချီ၊ ကောင်းချီးချီ၊ အနှစ်သာရချီနှင့် စသည်တို့ ဖြစ်ကြသည်။

သူသည် ဤသဘာဝချီများအကုန်လုံးကို သိမ်းဆည်းထားနိုင်ပြီး သူ၏အကျိုးအတွက်အသုံးပြုနိုင်ပါက သေချာပေါက် အကျိုးခံစားရလိမ့်မည်။

***

All Chapters