အကြီးမားဆုံးရရှိမှု၊ ကောင်းကင်ကံကြမ္မာချီဆွတ်ခူးခြင်းနည်းပညာ၊ ရွှေရောင်တိမ်အမှတ်လက္ခဏာကို ရရှိခြင်း(၂)
Vol. 21 Ch. 412
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်အတွက်တော့ ဤနည်းပညာ၏အရေးပါမှုသည် မည်သည့်အချိန်မဆို ရောက်ရှိလာနိုင်သည့် မူလကောင်းကင်ချီကို စုဆောင်းနိုင်ရန် သူ့ကို ကူညီနိုင်မည့်အချက်ပေါ်တွင် မူတည်နေသည်။
ဤအရာသည် ကောင်းကင်အဆင့် အခြေတည်ဝိညာဉ်ကိုသန့်စင်ရန် လိုအပ်သည့်အရာဖြစ်သည်။
၎င်းသည် ကောင်းကင်နှင့် ကမ္ဘာမြေအပြန်အလှန်အကျိုးသက်ရောက်သည့် နှစ်ခြောက်တိုင်းတွင်သာ ကျရောက်လေ့ရှိသည်။
ထိုအချိန်တွင် ဤချီအတွက် တိုက်ခိုက်ကြမည့် လူများစွာလည်း သေချာပေါက်ရှိမည်ဖြစ်သည်။
အလွန်ကြီးမားသည့် တိုက်ပွဲကိုလည်း ရှောင်လွှဲမရနိုင်ဘဲ ဖြစ်လိမ့်မည်။
ကျနချန်ရွှမ်သည် ဤချီဆွတ်ခူးခြင်းနည်းပညာကိုသာအောင်မြင်စွာကျင့်ကြံနိုင်ခဲ့ပါက သူ့တွင်သေချာပေါက် နှာတစ်ဖျားပိုသာမှု ရှိမည်ဖြစ်သည်။
ကြည့်ရသလောက် ဤနည်းပညာသည် သူ၏ခရီးစဉ်တွင် အကြီးမားဆုံးနှင့် အရေးအပါဆုံးရရှိမှုပင် ဖြစ်လိမ့်မည်။
ကျန်းချန်ရွှမ်သည် သူ၏စိတ်နှင့် အခြေအနေကို အလိုက်သင့်ပြုမူလိုက်ပြီး ချီဆွတ်ခူးခြင်းနည်းပညာကို တည်ကြည်လေးနက်မှုအကုန်လုံးဖြင့် စတင်သဘောပေါက် နားလည်လာသည်။
အခြားတစ်ဖက်တွင်လည်း ချောင်ရှိုချွင်းနှင့် အခြားသူများသည် ဘဝင်မကျသော အမူအယာများ ဖြစ်ပေါ်လျက်ရှိသည်။
အထူးသဖြင့် သူတို့ အခန်းလွတ်များနှင့် ဝိညာဉ်စက်ကွင်းများကို မြင်လိုက်ရချိန်တွင်ဖြစ်သည်။
ဒေါသများနှင့် သတ်ဖြတ်လိုစိတ်များသည် သူတို့၏နှလုံးသားထဲတွင် ပြည့်လျှံလာသည်။
သေလိုက်ပါတော့!
သူတို့သည် တစ်ယောက်ယောက်က သူတို့ကို ခြေဦးမှုယူသွားမည်ဟု မမျှော်လင့်ခဲ့ကြပေ။
“သူတို့ကိုရှာ! ငါတို့ထက်အရင်လာသွားတဲ့လူတွေကိုရှာရမယ်”
ချောင်ရှိူချွင်း၊ လျူဝမ်လိနှင့် လုရှင်းယွင်တို့သည် တစ်ချိန်တည်းတွင် အမိန့်များပေးလိုက်ကြသည်။
မကြာမီပင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် လူစုခွဲပြီး စတင်ရှာဖွေခဲ့သည်။
ထိုရှာဖွေမှုသည် အချိန်အတော်ကြာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဘာရလဒ်မှမရှိပေ။
သီးခြားနေရာရှိ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ရှာလို့မတွေ့နိုင်ပေ။
ဝှီ! ဝှီ! ဝှီ!
အချိန်တွေကုန်လွန်သွားသည်နှင့် အစိမ်း၊ အဝါ၊ အဖြူနှင့် အပြာရောင် ရောင်စုံများသည် ကျန်းချန်ရွှမ်၏ အနားပတ်လည်တွင် ရောက်ရှိလာသည်။
ထို့ပြင် ဤအရာအကုန်လုံးသည် ချီဆွတ်ခူးခြင်းနည်းပညာဖြင့် သူအာရုံခံမိသည့် သဘာဝချီများပင် ဖြစ်ကြသည်။
သူတို့မှာ ဝိညာဉ်ချီ၊ သန့်စင်ချီ၊ ကောင်းချီးချီ၊ နောက်ကျိချီနှင့် စသည်တို့ ဖြစ်ကြသည်။
ဖြည်းညင်းစွာပင်သဘာဝချီသည် သူ့အနားပတ်လည်မှ ပျောက်ကွယ်သွားသည်။
ငါဒါတွေကိုစုဆောင်းချင်ရင်တောင် ဒါကလုံလောက်တာထက်ပိုဝေးနေတုန်းပဲ။
ကျန်းချန်ရွှမ်မျက်မှောင်ကြုတ်လိုက်သည်။
သူသည် စနစ်မှသူ၏ပင်ကိုယ်စွမ်းရည်ဖြင့် ဤနည်းပညာကိုကျင့်ကြံပြီး အဆင့်တစ်ခုသို့ဝင်ရောက်နိုင်ရန် အလွန်ပင်ခက်ခဲနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤနေရာတွင် အခြားတစ်ယောက်ယောက်သာဆိုပါက သေချာပေါက်နှစ်ပေါင်းများစွာကြာလိမ့်မည်။
ထိုအတွေးဖြင့် ကျန်းချန်ရွမ်သည် သူ၏ကိုယ်ပေါ်မှ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
ဤအဆောင်သည် ဉာဏ်အမြင်ပွင့်စေသည့်အဆောင်ဖြစ်သည်။
ဤအရာသည် စနစ်မှ ဆုလာဒ်အဖြစ်ရရှိထားသော ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။
‘ဒီအဆောင်နဲ့ဆိုရင် တတ်နိုင်သမျှအမြန်ဆုံး ဒီနည်းပညာကို ကျင့်ကြံပြီး အဆင့်တစ်ခုကိုဝင်ရောက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။’
ဤအတွေးဖြင့် ကျန်းချန်ရွှမ်သည် ဉာဏ်အမြင်ပွင့်စေခြင်းအဆောင်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
အဆောင်သည် အလင်းချောင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။
ကျန်းချန်ရွှမ်သည် ချက်ချင်းပင် သူ၏အတွေးများ ရုတ်တရက် နိုးကြားထကြွလာသည်ကို ခံစားလိုက်ရသည်။
ဖြည်းညင်းစွာပင် သူ၏စိတ်ထဲတွင် ပြေးလွှားနေသည့် အမျိုးမျိုးသော ပုံရိပ်များသည်တဖြည်းဖြည်းချင်း လွင့်စင်ကွယ်ပျောက်သွားသည်။
ဝှစ်! ဝှစ်! ဝှစ်!
နောက်ထပ်တစ်ကြမ် သူ၏ဘေးတွင် အရောင်ပေါင်းစုံ ရောက်ရှိလာသည်။
သို့သော်လည်း မကြာမီပင် အရောင်များသည် အနီရောင်တစ်ခုကိုသာ ချန်ထားလျက် ဖြည်းဖြည်းချင်း ထပ်မံလွင့်စင်ကွယ်ပျောက်သွားသည်။
ဤအရောင်သည် ကောင်းချီးချီကို ကိုယ်စားပြုသည်။
ကျန်းချန်ရွှမ်သည် ချက်ချင်းပင် ခက်ခဲရှုပ်ထွေးသော လက်တံဆိပ်ကို ပုံဖော်လိုက်သည်။
ထို့နောက် သူ့အနားရှိ အနီရောင်သည် ပိုမိုကြည်လင်ကာ တောက်ပလာသည်။
ထို့နောက် ၎င်းသည် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်ဆီသို့ စုပ်ယူခံလိုက်ရသည်။
သူသည် နောက်ဆုံးတွင် အဆင့်တစ်ခုသို့ ဝင်ရောက်ရန် ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။
ကျန်းချန်ရွှမ်သည် ဖုံးကွယ်မထားသော ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေသည့် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ယခုတွင်ပင် သူသည် အနီရောင်ကောင်းချီးချီအမျှင်ကို သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီဖြစ်ကြောင်းအသေအချာခံစားလိုက်ရသည်။
သူ၏ ကောင်းချီးရေကန်သည် ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
ဤအရာသည် တိုးတက်မှုအသေးစားလေးဆိုရင်တောင်မှ သူသည်အနာဂတ်တွင် ကောင်းချီးချီများကို ပိုမိုစုစည်းနိုငြီး ရေကန်သည်သေချာသည့် အမှတ်တစ်ခုသို့ ရောက်ရှိသွားပါက ၎င်းသည် သူ့အတွက် အမှန်တကယ်ကောင်းချီးပေးခြင်းတစ်ခုသို့ ပြောင်းလဲသွားလိမ့်မည်ဟု သူယုံကြည်သည်။
တူညီသည့် အမှတ်ဖြင့် သူသည်ဤနည်းပညာကို တစ်ယောက်ယောက်အားရင်ဆိုင်ရန် အသုံးပြုချင်ပါက သူသည် နောက်ကျိချီနှင့် အတိဒုက္ခချီများကိုလည်း စုဆောင်းနိုင်ပေသည်။
ဤအရာသည် ချီဆွတ်ခူးခြင်းနည်းပညာ၏ ထူးခြားပြီး အားကောင်းသော ကဏ္ဍများ ဖြစ်သည်။
သူသည် သူ၏ကိုယ်ကိုပိုမိုအားကောင်းစေရန် သို့မဟုတ် ရန်သူများနှင့်ရင်ဆိုင်ရချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ချီကို ငှားယူနိုင်သည်။
ဝှစ်--
ထိုအချိန်တွင်
သစ်သားကျောက်စာတိုင်တစ်ခု သူ၏ရှေ့သို့ ပြုတ်ကျလာသည်။
သစ်သားကျောက်စာတိုင်၏ အရှေ့နှင့် အနောက်ဘက်တွင် ရေးထိုးထားသောစာများရှိသည်။
၎င်းတို့မှာ “ရွှေ” နှင့် “မီးဖို” တို့ဖြစ်ကြသည်။
သစ်သားကျောက်စာတိုင်ကို ရရှိပြီးနောက် ကျန်းချန်ရွှမ်သည် သတင်းအချက်အလက်အတန်းများဖြင့် ပြည့်လျှံသွားသည်။
ချက်ချင်းပင် သူသည် ဤသစ်သားကျောက်စာတိုင်၏ အသုံးပြုပုံနှင့် ဖော်ပြထားသည့် အဓိပ္ပာယ်တို့ကို နားလည်သွားသည်။
ဤသစ်သားကျောက်စာတိုင်သည် ရွှေမီးဖိုဂိုဏ်း၏ အမွေအနှစ်အမှတ်လက္ခဏာဖြစ်သည်။
၎င်းကို ရွှေရောင်တိမ်အမှတ်လက္ခဏာဟု ခေါ်သည်။
ဤအမှတ်လက္ခဏာဖြင့် ကျန်းချန်ရွှမ်သည် အခြေတည်ဝိညာဉ်နယ်ပယ်သို့ ကျော်ဖြတ်ဝင်ရောက်သွားသည့်အခါတွင် သူသည် ရွှေမီးဖိုဏ်း၏ အခြေတည်ဝိညာဉ်ရတနာအမွေအနှစ်များကိုပင် ဖွင့်နိုင်သွားလိမ့်မည်။
ဤပါရမီသည် သူသည် အဆင့်တစ်ခုသို့ဝင်ရောက်ရန် ချီဆွတ်ခူးခြင်းနည်းပညာကို ကျင့်ကြံနိုင်ခဲ့သည် ဟူသည့် အချက်မှ ခွဲထွက်မရပေ။
ကြည့်ရတာ ငါအခြေတည်ဝိညာဉ်နယ်ပယ်ကို ကျွမ်းကျင်သွားတဲ့အခါကျရင် ဒီဂူအိမ်ကို ထပ်ပြီးလာလည်ရဦးမယ်နဲ့တူတယ်။
ဤအတွေးသည် သူ၏စိတ်ထဲ၌ ဖြတ်သန်းနေစဉ် ကျန်းချန်ရွှမ်သည် သူ၏ခန္ဓာကိုယ်မှာ နေရာကူးပြောင်းခြင်းစွမ်းအားဖြင့် ဖုံးအုပ်ခံလိုက်ရသည်ကို ထပ်မံခံစားလိုက်ရသည်။
သူ၏ အမြင်အာရုံများဝေဝါးသွားသည်။
သူပြန်မြင်ရသည့်အခါ အပြင်ဘက်သို့ ရောက်ရှိနေသည့်အတွက် အံ့အားသင့်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည်လည်း ကောင်းမွန်သော အရာတစ်ခုပင်ဖြစ်သည်။
ဤအတိုင်းဆိုလျှင် သူသည် သူ၏နောက်တွင်ဝင်ရောက်လာသည့်လူများကို တွေ့ဆုံစရာမလိုတော့ပေ။
ထို့ပြင် ၎င်းသည်သူ့ကို များစွာသောပြဿနာများနှင့် တိုက်ခိုက်မှုများထံမှ ကယ်တင်ပေးလိုက်နိုင်သည်။
သူသည် မည်သည့်အချိန်တွင် ရှန်းရူယန်ထွက်လာမည်ကို မသိပေ။
သူမသည်လည်း သူ့လိုပင် နေရာကူးပြောင်းခြင်းမှ ထွက်လာလောက်ပြီလား?
ဤအတွေးများ သူ၏စိတ်ထဲတွင် ပြေးလွှားနေစဉ် ကျန်းချန်ရွှမ်သည် ရုတ်တရက် သူ၏နောက်မှ ဟင်းလင်းပြင်တွင် အကွာအဝေး မတည်မငြိမ်ဖြစ်မှုကို ခံစားလိုက်ရသည်။
ထို့နောက်တွင် တင့်တယ်ပြီး ရင်းနီးနေသော ပုံရိပ်တစ်ခု ရောက်ရှိလာခဲ့သည်။
အဲ့ဒီသူက ရှန်းရူယန်များလား?
“ရူယန်...”
ကျန်းချန်ရွှမ်သည် အားရကျေနပ်ဖွယ် အံ့အားသင့်သွားသည်။
အစတွင် ရှန်းရူယန်သည် မူးဝေနေပုံရသည်။
မည်သို့ပင်ဖြစ်စေ သူမရှေ့ရှိ ကျန်းချန်ရွှမ်ကို မြင်လိုက်ပြီးနောက် သူမသည်လည်းအံ့အားသင့်သွားခဲ့သည်။
“ယောက်ျား”
ကျနချန်ရွှမ်သည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ဘယ်လိုလဲ? မင်းဘယ်ကို ရွှေ့ပြောင်းခံလိုက်ရတာလဲ?”
ကျန်းချန်ရွှမ်၏ အမေးကိုကြားပြီး ရှန်းရူယန် ပြုံးလိုက်သည်။
ထို့နောက်သူမသည် သူမ၏ကိုယ်ပေါ်မှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းသည် လေးပင်ပြီးနက်နဲသိမ်မွေ့သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည့် အဝါရောင်တောက်တောက် လေစီးကြောင်းမျှင်တစ်ခုပင် ဖြစ်သည်။
ဤအရာသည် လေစီးကြောင်းမျှင်တစ်ခုပဲ ဖြစ်နေရင်တောင် ၎င်းသည် တောင်တစ်လုံးကိုဖြိုဖျက်နိုင်တော့မည့် ခံစားချက်မျိုး ကျန်းချန်ရွှမ်အား ပေးစွမ်းလျက်ရှိသည်။
***