လမ်းကျဉ်းထဲမှ ရန်သူများ၊ ရွှေအမြုတေအဆင့် ချောင်၊ လျူ၊ လု တို့အားသတ်ဖြတ်ခြင်း
Vol. 21 Ch. 413
“ဒါကမ္ဘာမြေရဲ့ မူလချီပဲ”
ကျန်းချန်ရွှမ် အံ့အားသင့်သွားခဲ့သည်။
သူသည် ကမ္ဘာမြေ၏မူလချီမှာ ကမ္ဘာမြေကပြုစုပျိုးထောင်ထားသော ဆန်းကြယ်သည့်ချီအမျှင်တန်းတစ်ခုဖြစ်ကြောင်း သိသည်။
ဤပစ္စည်း၏ အရေးအပါဆုံးအသုံးပြုပုံမှာ ၎င်းသည် ကမ္ဘာမြေအဆင့် အခြေတည်ဝိညာဉ်ကို သန့်စင်နိုင်ခြင်း ဖြစ်သည်။
လူတိုင်းသိကြသည့်အတိုင်း ပုံမှန်စက်ဝန်းများအောက်တွင် အခြေတည်ဝိညာဉ်ကို အဆင့်လေးဆင့် ပိုင်းခြားနိုင်သည်။
ကောင်းကင်၊ ကမ္ဘာမြေ၊ အနက်ရောင်နှင့် အဝါရောင်တို့ဖြစ်သည်။
ဒဏ္ဍာရီလာ ချို့ယွင်းချက်မရှိသော အခြေတည်ဝိညာဉ်များမှလွဲ၍ ဤအခြေတည်ဝိညာဉ်သည် အကောင်းဆုံးဖြစ်သည်။
၎င်းသည် အားအပြင်းဆုံးခွန်အားနှင့် စွမ်းရည်တို့ဖြင့် အခြေတည်ဝိညာဉ်လည်း ဖြစ်သည်။
အခြေတည်ဝိညာဉ်ကိုသန့်စင်ရန် သတ်မှတ်ချက်တွင် အခြေအနေနှစ်ခု ဆုံတွေ့ရမည်။
ပထမတစ်ခုမှာ သိပ်သည်းနေသည့် အခြေတည်ဝိညာဉ်ထဲသို့ မူလချီကိုသန့်စင်ပေးရန်ဖြစ်သည်။
ဒုတိယတစ်ခုမှာ တစ်ဦး၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို နားလည်ရန်ဖြစ်သည်။
ဤအရာနှစ်ခုကို ပေါင်းစည်းခြင်းဖြင့်သာ ကောင်းကင်အခြေတည်ဝိညာဉ်အဆင့်ကို ရရှိရန် အခွင့်အရေးရှိလိမ့်မည်။
၎င်း၏အောက်မှာ ကမ္ဘာမြေအခြေတည်ဝိညာဉ်ဖြစ်သည်။
ဤအခြေတည်ဝိညာဉ်၏အဆင့်သည် ကောင်းကင်အခြေတည်ဝိညာဉ်ကိုနှိုင်းယှဉ်၍ မရသော်လည်း ၎င်းသည် အနက်နှင့် အဝါရောင်အခြေတည်ဝိညာဉ်တို့ထက် သံသယမရှိဖွယ် အဆပေါင်းများစွာ ပိုသာသည်။
ဤကဲ့သို့အခြေတည်ဝိညာဉ်မျိုးကို သန့်စင်ရန် အခြေအနေနှစ်ခု ဆုံတွေ့ရမည်။
၎င်းတို့မှာ ကမ္ဘာမြေ၏မူလချီနှင့် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို နားလည်ခြင်းဖြစ်သည်။
အနက်ရောင်အခြေတည်ဝိညာဉ်နှင့် အဝါရောင်အခြေတည်ဝိညာဉ်တို့၏ အခြေအနေများမှာ များစွာပို၍ရိုးရှင်းသည်။
ယခင်ကဆိုရင် တာအိုကို သဘောပေါက်နားလည်ရန် တစ်ယောက်သာလိုအပ်သည်။
နောက်ပိုင်းမှာလည်း ပို၍ပင် လွယ်ကူရိုးရှင်းသေးသည်။
သူတို့၏ ဓမ္မစွမ်းအား၊ ကျင့်စဉ်နှင့် ရင်းမြစ်များသည် နေရာတကျရှိနေသရွေ့ အဝါရောင်အခြေတည်ဝိညာဉ်အဆင့်ကို လွယ်ကူစွာ ရရှိနိုင်သည်။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့အခြေတည်ဝိညာဉ်အမျိုးအစားသည် ခွန်အားနှင့် စွမ်းရည်ခေါင်းစဉ်တို့ အောက်တွင် အားအနည်းဆုံးဖြစ်သည်။
သို့သော်လည်း အခြေတည်ဝိညာဉ်ကျင့်ကြံသူမှာတော့ အခြေတည်ဝိညာဉ်ကျင့်ကြံသူပင် ဖြစ်သည်။
အားအနည်းဆုံးအဝါရောင်အခြေတည်ဝိညာဉ်တောင် သာမန်ရွှေအမြုတေအဆင့်နှင့် ပဏာမအခြေတည်ဝိညာဉ်အဆင့်တို့ နှိုင်းယှဉ်ရမည့် တစ်စုံတစ်ခု မဟုတ်သေးပေ။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏လက်ထဲမှ ကမ္ဘာမြေ၏မူလချီ အမျှင်ကို ကြည့်လိုက်သည်။
သူသည်ကမ္ဘာမြေ၏မူလချီ ပျံ့နှံ့သွားသည့် သတင်းများကို သံသယမရှိခဲ့ပေ။
၎င်းသည် ရွှေအမြုတေအဆင့်များနှင့် ပဏာမအခြေတည်ဝိညာဉ်အဆင့်များကိုတောင် ၎င်းအတွက် တိုက်ခိုက်စေလိမ့်မည်။
အခြေတည်ဝိညာဉ်စံသခင်တောင် တိုက်ခိုက်ချင်တိုက်ခိုက်နိုင်လိမ့်မည်။
“မင်းဒီလို ရတနာမျိုးရလာလိမ့်မယ်လို့ ငါမထင်ထားမိဘူး”
ကျန်းချန်ရွမ်သည် နောက်ဆုံးတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်ပြီ ဖြစ်သည်။
သူသည် ရှန်းရူယန်ကို သူကြုံတွေ့ခဲ့ရသည်များနှင့် ရရှိခဲ့သည့်အရာများကို ပြောပြနေပေသည်။
ထိုအရာကိုကြားပြီး ရှန်းရူယန်သည် အံ့အားသင့်သည့် အကြည့်မျိုး ဖော်ပြခဲ့သည်။
“ယောက်ျား ရှင်ကြုံခဲ့ရတဲ့စစ်ဆေးမှုက ရှင့်ကို ချီဆွတ်ခူးခြင်းနည်းပညာကို ကျင့်ကြံစေဖို့လား။ ရှင် အဲ့ဒီဝင်ခွင့်အဆင့်ကိုတောင် အောင်အောင်မြင်မြင် ကျင့်နိုင်သွားတာလား?”
“အေးလေ ဘာဖြစ်လို့လဲ။ ပြဿနာရှိလို့လား?”
ရှန်းရူယန်၏ တုံ့ပြန်ချက်အပေါ် အကဲဖြတ်မှုအရ သူမကြုံခဲ့ရသည့် စစ်ဆေးမှုသည် သူမကို ချီဆွတ်ခူးခြင်းနည်းပညာကို မကျင့်ကြံစေခဲ့ကြောင်း သိသာထင်ရှားသည်။
ထို့ပြင် ၎င်းကိုကြည့်ခြင်းအားဖြင့် သူမသည် ချီဆွတ်ခူးခြင်းနည်းပညာကို အတန်ကြီးနားလည်ယူရလောက်သည်။
“ကျွန်မ အဲ့ဒါကို နည်းနည်းမယုံနိုင် ဖြစ်သွားတာပါ”
ရှန်းရူယန်သည် အထင်ကြီးသည့်ပုံဖြစ်သွားခဲ့သည်။
“ယောက်ျား ရှင်စံသခင်နဲ့ အာကာသအရှင် ဘယ်နှယောက်လောက် ဒီချီဆွတ်ခူးခြင်း နည်းပညာကို အကျပ်ရိုက်နေကြလဲသိလား”
ကျန်းချန်ရွှမ်ပြန်မဖြေနိုင်ခင်မှာပင် ရှန်းရူယန်က ဆက်၍ပြောလိုက်သည်။
“ကျွန်မသိသလောက်ဆိုရင် ဟိုးရှေးယခင်တည်းက ငါးယောက်ထက်မနည်းတဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းအာကာသအရှင်တွေက အဆင့်တစ်ခုကို ဝင်ရောက်ဖို့ ဒီနည်းပညာကို ကျင့်ကြံရန်မှာ ကျရှုံးဖူးတယ်။ ဒါပေမယ့် ရှင်လုပ်နိုင်ခဲ့တယ်။ ဒါက ရှင့်ရဲ့သဘောပေါက်နားလည်နိုင်စွမ်းနဲ့ပင်ကိုယ်စွမ်းရည်က အဲ့ဒီအာကာသအရှင်တွေထက် ပိုသာတယ်ဆိုတာ သက်သေပြဖို့လုံလောက်တယ်”
ဤအရာကိုသာ တစ်ယောက်ယောက်ကြားရင်ဖြင့် သူတို့သည် ရှန်းရူယန်ကို အဓိပ္ပာယ်မရှိတာတွေ စကားကြောရှည်နေတယ်ဆိုပြီး အပြစ်တင်ကြမည်ပင်ဖြစ်သည်။
ဒဏ္ဍာရီလာဝိညာဉ်ဖွဲ့စည်းခြင်းအာကာသအရှင်တွေကို နှိုင်းယှဉ်နေရအောင် ကျန်းချန်ရွှမ်က ဘာမိုလို့လဲ?
“ရူယန် မင်းပြောလိုက်တာက စံသခင်တွေနဲ့ အာကာသအရှင်တွေက ဒီချီဆွတ်ခူးခြင်းနည်းပညာကို အတိတ်တုန်းက ကျင့်ကြံခဲ့တယ် ဆိုတာလား?”
ကျန်းချန်ရွှမ်သည် ရှန်းရူယန်စကားလုံးများ၏ အဓိကအချက်ကို ဖမ်းမိလိုက်သည်။
ရှန်းရူယန်သည် ခေါင်းညိတ်ကာပြောလိုက်သည်။
“ဟုတ်တယ် ဒီနည်းပညာကို လူတွေအများကြီးက အတိတ်မှာ တကယ်ပဲ ကျင့်ကြံခဲ့ကြတယ်။ ဒါက သူ့ရဲ့မူလအစက အထက်ကမ္ဘာနဲ့ ချိတ်ဆက်နေတယ်လို့ ပြောလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာကချိတ်ဆက်မှုလဲဆိုတာတော့ ဘယ်သူမှမပြောနိုင်ဘူး။ ဒါကဘာလို့လဲဆိုတော့ ဒီအချိန်အထိဘယ်သူကမှ ဒီနည်းပညာကို လေးလေးနက်နက်အဆင့်တစ်ခုအထိ မကျင့်ကြံဖူးသေးလို့ပဲ။ လူအနည်းစုက ဒီဝင်ခွင့်အဆင့်ကို ကျင့်ကြံနိုင်ရင်တောင်မှ သူတို့ဒီထက်ပိုမြင့်တဲ့ တိုးတက်မှုတစ်ခုကို မလုပ်နိုင်ဘူး”
“ကိုယ်သိပြီ”
ရှန်းရူယန်၏စကားများကိုကြားပြီးနောက် ကျန်းချန်ရွှမ်မှာ အမှန်ပင် အံ့အားသင့်သွားခဲ့သည်။
သူသည် ဤကောင်းကင်ချီဆွတ်ခူးခြင်းနည်းပညာဟုခေါ်သည့် အရာသည် ဤကဲ့သို့အလွန်ထူးခြားသည့် နောက်ခံတစ်ခုရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
၎င်းသည် အမှန်တကယ်ပင် အထက်ကမ္ဘာနှင့် ချိတ်ဆက်နေသည်။
လူတိုင်းသိကြသည့်အတိုင်းပင် အထက်ကမ္ဘာနှင့် ချိတ်ဆက်နေသည့် မည်သူမဆို သို့မဟုတ် မည်သည့်အရာမဆို မရိုးရှင်းကြပေ။
ကြည့်ရသလောက် သူတတ်နိုင်ရင် သူသည် ဤချီဆွတ်ခူးခြင်းနည်းပညာပေါ်တွင် ပိုမိုအချိန်ပေးရမည် ဖြစ်သည်။
ထို့နောက် လင်မယားနှစ်ယောက်သည် ကြာကြာဆက်၍မနေကြတော့ပေ။
ယခုမူ သူတို့သည် အပျက်အစီးနယ်မြေမှ ရတနာအလျှံအပယ်ဖြင့် ထွက်လာပြီဖြစ်သည်။
ပြန်သွားရန်လည်း အချိန်ကျပြီ။
မည်သို့ပင်ဖြစ်စေ လင်မယားနှစ်ယောက်သည် ထူထပ်သောမြူများဖြင့် ဖုံးအုပ်နေသည့် ဧရိယာမှထွက်ကာ အပြင်ဘက်ကမ္ဘာသို့ ထွက်ခွာလာပြီးနောက် မလိုမုန်းထားသောအကြည့်သုံးခုသည် သူတို့အား ပိတ်ဆို့လိုက်ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများ သတိကြီးစွာ ကျဉ်းမြောင်းသွားကြသည်။
***