လမ်းကျဉ်းထဲမှ ရန်သူများ၊ ရွှေအမြုတေအဆင့် ချောင်၊ လျူ၊ လု တို့အားသတ်ဖြတ်ခြင်း(၂)
Vol. 21 Ch. 414
ထိုစုံတွဲသည် ချက်ချင်း လှည့်ကြည့်လိုက်သည်။
သူတို့နှင့် မလှမ်းမကမ်းတွင် ချောင်၊ လျူ၊ လုမျိုးနွယ်စုတို့၏ အဝတ်အစားများဖြင့် ရွှေအမြုတေနောက်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်သည် သူတို့ကို သတ်ဖြတ်လိုသောရည်ရွယ်ချက်များဖြင့် ကြည့်နေကြသည်။
သူတို့ထဲမှတစ်ယောက်ကို လင်မယားနှစ်ယောက်မှာ သိပါသည်။
ထိုသူမှာ ထိုနေ့ကကျန်းမျိုးနွယ်စုသို့ လာရောက်သွားသည့် ချောင်ရွှမ်ယောင်ပင်ဖြစ်သည်။
ထိုအချိန်မှာပင် ချောင်ရွှမ်ယောင်သည် ဤစုံတွဲကို သတိပြုမိသွားသည်။
သူ၏မျက်နှာအမူအယာမှာ ချက်ချင်းအေးစက်သွားပြီး ဖုံးကွယ်မထားသော သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မှာ သူ၏မျက်လုံးထဲတွင် ပေါ်ပေါက်နေသည်။
“ဒါတကယ်ပဲမင်းကိုး! မင်းတို့က ရွှေမီးဖိုဂိုဏ်းထဲကို ငါတို့မတိုင်ခင်ဝင်သွားတဲ့သူတွေပဲဖြစ်ရမယ်။ မင်းတို့ကောင်းကောင်းဖုံးထားနိုင်ခဲ့တာပဲ။ ငါမမှားဘူးဆိုရင် ငါ့အစ်ကိုနဲ့ငါ ကျန်းမျိုးနွယ်စုကိုလာတုန်းက မင်းမှာငွေရောင်ကတ်ပြားအပြည့်အစုံရှိနေတယ်မဟုတ်လား? မင်းငါတို့ကို ဘယ်လိုတောင်အရူးလုပ်ရဲတာလဲ”
ချောင်ရွှမ်ယောင်သည် ထိုနေ့က ကျန်းချန်ရွှမ်ထံမှအလှည့်စားခံလိုက်ရမှုကို သဘောပေါက်သွားသောအခါ ဒေါသခြောင်းခြောင်းထွက်သွားသည်။
“အစ်ကို ရှောက်ယန်၊ အစ်ကိုယွမ်ချန်း အင်အားတွေစုပေါင်းပြီး သူတို့ကို အမြစ်ဖြတ်လိုက်ရအောင်”
ချောင်ရွှမ်ယောင်သည် လျူနှင့် လုမျိုးနွယ်စုများမှ ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ယောက်ထံလှည့်ကာ အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
“ကျွန်တော်မမှားဘူးဆိုရင် သူတို့ အပျက်အစီးနယ်မြေထဲကနေ ရတနာတော်တော်များများယူပြီးလောက်ပြီ သူတို့ကိုသတ်ပြီးသွားရင် ကျွန်တော်တို့ကြားထဲမှာ ရတနာတွေကို ညီညီမျှမျှ ခွဲယူလို့ရနိုင်တယ်။ အစ်ကိုတို့ဘယ်လိုထင်လဲ?”
ချောင်ရွှမ်ယောင်၏စကားများကိုကြားပြီးနောက် လျူရှောက်ယန်နှင့် လုယွမ်ချန်းတို့၏မျက်လုံးများ ဝင်းလက်လာကြသည်။
“ညီအစ်ကို ရွှမ်ယောင်မှန်တယ်”
လျူရှောက်ယန်သည် ပြုံးလျက် ပြောလိုက်သည်။
“ညီအစ်ကို ရွှမ်ယောင်ပြောသလိုပဲ လုပ်ရအောင်”
လုယွမ်ချန်းသည်လည်း သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့သုံးယောက်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ သေခြင်းတရားကို ပြစ်ဒဏ်ချမှတ်ပြီးပုံရသည်။
ဤအရာသည် လင်မယားနှစ်ယောက်အား ဆွံ့အသွားစေခဲ့သည်။
လင်မယားနှစ်ယောက်က သူတို့သည် ထိုသူတို့အား အမှန်တကယ် ခုခံနိုင်လိမ့်မည်ဟု ထင်နေတာလား?
ထိုအချိန်တွင် လင်မယားနှစ်ယောက်သည် အသက်ရှုသံတစ်ချင်မျှပင် မဖြုန်းတီးပစ်နိုင်ပေ။
သူတို့သည် တိုက်ခိုက်ရန် ပဏာမခြေလှမ်းများယူလိုက်သည်။
ရှန်းရူယန်သည် လျူရှောက်ယန်နှင့် လုယွမ်ချန်းတို့ကို ရင်ဆိုင်နေစဉ် ကျန်းချန်ရွှမ်က ချောင်ရွှမ်ယောင်ကို ရင်ဆိုင်သည်။
“မင်းလုပ်ရဲလား!”
ချောင်ရွှမ်ယောင်နှင့် တခြားနှစ်ယောက်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူကန်တို့ကို တိုက်ခိုက်ရန် လက်ဦးမှုရယူလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
၎င်းကိုမြင်ပြီး သူတို့ကြက်သေသေသွားကာ နောက်တွင် ဒေါသခြောင်းခြောင်း ထွက်လာခဲ့သည်။
များမကြာမှီပင် သူတို့၏ဒေါသများသည် အံ့အားသင့်မှုသို့ ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် ဤလင်မယားနှစ်ယောက်၏သန်မာမှုမှာ သူတို့မျှော်မှန်းထားသည်ထက် များစွာ ပိုလွန်နေသောကြောင့်ဖြစ်သည်။
ချောင်ရွှမ်ယောင်နှင့် တခြားနှစ်ယောက်သည် မကြာမီပင် အခွင့်မသာဘဲဖြစ်သွားပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားကြသည်။
ထိုအချိန်တွင် ကျယ်လောင်သော ဒိုင်းခနဲမြည်သံတစ်ခု ကြားလိုက်ရသည်။
ချောင်ရွှမ်ယောင်၊ လျူရှောက်ယန်၊ လုယွမ်ချန်းတို့၏ ဓမ္မစွမ်းအားများသည် ပျံသန်းရင်းပို့လွှတ်ခံလိုက်ရသည်။
အလင်းတစ်ခု ဖြတ်သန်းသွားသည်။
ချောင်ရွှမ်ယောင်၏ဦးခေါင်းသည် ကျန်းချန်ရွှမ်၏ဗလာနယ်ဓားနှင့် ပထမဆုံးဖြတ်သည့်အရာဖြစ်သည်။
သူ၏ခေါင်းလိမ့်ကျလာသည်နှင့် သူ၏မျက်နှာပေါ်တွင် အံ့အားသင့်ကာ မယုံကြည်မှုများ ဖြစ်နေခဲ့သည်။
မျက်စိကျိန်းစေသည့် အလင်းရောင်တစ်ခု လိုက်ပါလာခဲ့သည်။
ခေါင်းမရှိတော့သည့်အလောင်းမှ ပျံထွက်လာသည့် ချောင်ရွှမ်ယောင်၏ရွှေအမြုတေသည် ကျန်းချန်ရွှမ်ဓားအလင်း၏ နတ္ထိဆီသို့ ပွတ်တိုက်ဖျက်စီးခံလိုက်ရသည်။
သူချက်ချင်း သေဆုံးသွားခဲ့သည်။
ဘယ်ဘက်တွင်ကျန်နေသည့် လုယွမ်ချန်သည် သူ၏အလျင်ဉာဏ်များပေါ်တွင် ကြောက်ရွံ့သွားပေသည်။
အချိန်ဖြုန်းရန် အချိန်ရှိမနေပေ။
လုယွမ်ချန်း၏ ခန္ဓာကိုယ်မှ ချက်ချင်း ထူထပ်သောသွေးမြူခိုးတစ်ခု ထွက်ရှိလာပြီး သူသည် သူ၏သွေးအဆီအနှစ်များကို ထွက်ပြေးလွတ်မြောက်ရန် လောင်ကျွမ်းပစ်လိုက်သည်။
ချက်ချင်းပင် သူ၏အရှိန်မှာ ၃၀% မြင့်တက်သွားသည်။
ထိုသို့ဆိုရင်တောင် သူ့အတွက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ လွတ်မြောက်ရန်မဖြစ်နိုင်ပေ။
ခနကြာပြီးနောက်တွင်ပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူ့အားဖမ်းမိသွားသည်။
ရွှေဗလာနယ်ဓားနှင့် လျှပ်စီးအမတသတ်ဖြတ်သူငါးခုတို့သည် အလွန်ကြောက်မက်ဖွယ်ချီဓားနှင့်အတူ ပေါက်ကွဲသွားပြီး လုယွမ်ချန်းကို ခုတ်ပိုင်းလိုက်သည်။
လုယွမ်ချန်းသည် ကြောက်လန့်မှုများဖြင့် အော်ပြောလိုက်သည်။
“မရဘူး မင်းတို့ငါ့ကိုသတ်လို့မရဘူး!
အဲ့ဒီလိုဆိုရင် လုမျိုးနွယ်က မင်းတို့ကိုလွှတ်ပေးမှာမဟုတ်ဘူး!”
ခရက်--
သူ့ကိုအဖြေပေးလိုက်သညမ်မှာ ကြောက်မက်ဖွယ် ချီဓားနှစ်ခုပင်ဖြစ်သည်။
စူးစူးဝါးဝါးအော်ဟစ်သံတစ်ခုလိုက်ပါလျက် လုယွမ်ချန်း၏ ခန္ဓာကိုယ်မှာ ဘာမှမဟုတ်သလို နုပ်နုပ်စဉ်းခံလိုက်ရသည်။
ထိုအချိန်မှစ၍ အပျကအစီးနယ်မြေအပြင်ဘက်တွင် စောင့်ကြပ်ရန်တာဝန်ခံထားသည့် ရွှေအမြုတေအဆင့်သုံးယောက်လုံး သေဆုံးသွားကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ သိမ်းဆည်းခြင်း လက်စွပ်များကို ထုတ်ယူလိုက်သည်။
အသုံးမဝင်သော ပစ္စည်းများကိုဖယ်ရှားပြီးနောက် လင်မယားနှစ်ယောက်သည် တိုက်ပွဲနေရာရှိ သူတို့၏ တစ်စွန်းတစ်စကျန်ရှိသောလက္ခဏာများကို ဖယ်ရှားပစ်ခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်…
ချောင်ရွှမ်ကွမ်း၊ လျူဝမ်လိနှင့် လုရှင်းယွင်တို့သည် ရွှေမီးဖိုဂိုဏ်း၏အပြင်ဘက်သို့ ခိုင်မာမြဲမြံစွာ ရွှေ့ပြောင်းခံလိုက်ရပြီး သူတို့၏မျက်မှာများမှာ မှောင်မိုက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အပျက်အစီးနယ်မြေထဲမှ သူတို့၏ရရှိမှုများမှာ မပြောပလောက်သောကြောင့် ဖြစ်သည်။
သူတို့သည် ကြီးမားသောတန်ဖိုးများပေးဆပ်ခဲ့ရသည်။
အချိန်တွေအများကြီးကုန်ခဲ့သည်။
လူအင်အားများစွာနှင့် အရင်းအနှီးများစွာကို အသုံးပြုခဲ့သော်လည်း ၎င်းမှာရလဒ်ပင်ဖြစ်သည်။
ထိုအရာမှာ အမှန်တကယ် လက်မခံနိုင်စရာပင် ဖြစ်သည်။
သူတို့သည် သူတို့မတိုင်မီ တစ်စုံတစ်ယောက်က ရတနာတွေအကုန်လုံးကိုယူဆောင်သွားသည့်အကြောင်းကိုတွေးတိုင်း ပို၍ပင် ဒေါသထွက်ကာ မခံမရပ်နိုင် ဖြစ်ကြရသည်။
“ငါ့ကို မင်းဘယ်သူလဲဆိုတာမသိစေနဲ့။ မဟုတ်ရင်တော့ မင်း မင်းသေဖို့ပဲဆုတောင်းနေရအောင် ငါလုပ်ပေးမယ်”
ချောင်ရွှမ်ကွမ်းသည် စိတ်ပျက်စွာ ပြောလိုက်သည်။
အခြားသူများမှာ မည်သို့မျှမပြောသောလည်း သူတို့၏မျက်နှာအမူအယာများမှတစ်ဆင့် သူတို့သည်လည်း ချောင်ရွှမ်ကွမ်းနှင့်အတွေးအတူတူပင်မှာ သိသာသည်။
“ဒါနဲ့ ရှောက်ယန်နဲ့တခြားသူတွေကော? ငါသူတို့ကိုဘာလို့မတွေ့တာလဲ?”
နောက်ဆုံးတွင် လျူဝမ်လိသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း အာရုံခံမိသွားသည်။
သူသည် ချက်ချင်း သူ၏ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကိုထုတ်ယူကာ လျူရှောက်ယန်အား ဆက်သွယ်ရန်ကြိုးစားခဲ့သည်။
အမှန်ပင် မည်သည့်ရလဒ်မှမရှိပေ။
သူပို့လိုက်သည့် အကြောင်းကြားစာမှာ ပင်လယ်ထဲသို့ ကျောက်တုံးတစ်တုံးမြုပ်သွားသည့်အတိုင်းပင်ဖြစ်သည်။
မည်သို့မျှ လှိုင်းပြန်မထပေ။
ချောင်ရွှမ်ကွမ်းနှင့် လုရှင်းယွင်တို့သည်လည်း သူတို့၏ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်များကို ထုတ်ယူပြီး ချောင်ရွှမ်ယောင်နှင့် လုယွမ်ချန်းတို့ကို ဆက်သွယ်ရန်ကြိုးစားခဲ့သည်။
အဆုံးတွင် လျုဝမ်လိကဲ့သို့ပင် မည်သည့်တုံ့ပြန်ချက်မှမရှိပေ။
ဘယ်လိုဖြစ်သွားတာလဲ?
ပုံမှန်အခြေအနေဆိုလျှင် ထူးထူးခြားခြားအကြောင်းမရှိပါက အပြင်ဘက်တွင်စောင့်ကြပ်ရန် အမိန့်ပေးခံထားရသည့်သုံးယောက်သည် ထွက်ခွာသွားမည်မဟုတ်ပေ။
သို့သော်လည်း ယခုမူ သူတို့အကုန် ကွယ်ပျောက်နေကြသည်။
“ငါဘာဖြစ်သွားလဲဆိုတာကို သိရဖို့ သွေးခြေရာခံခြင်းနည်းပညာကို အသုံးပြုလိုက်မယ်”
ချောင်ရွှမ်ကွမ်းသည် သူ၏လက်ကောက်ဝတ်ကို လှီးလိုက်ပြီး သွေးတစ်စက် ကျစေခဲ့သည်။
ထို့နောက် သူသည် လျင်မြန်စွာ လက်တံဆိပ်များ ပုံဖော်လိုက်သည်။
ဖြည်းဖြည်းချင်းပင် အနီရောင်သွေးချည်မျှင်တစ်ခု လေထွတွင် ရောက်ရှိလာသည်။
၎င်းသည် ချက်ချင်းပင် ဆွဲဆန့်ကာ ရှည်လာပြီး တိကျသည့်ဦးတည်ချက်တစ်ခုဆီသို့ ညွှန်ပြနေဟန်ရှိသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်မှာပင် သွေးချည်မျှင်သည် ချက်ချင်းလွင့်စင်ပပျောက်သွားသည်။
မည်သည့်ခြေရာမှကျန်မနေခဲ့ပေ။
ဤရုတ်တရက်ပြောင်းလဲမှုသည် ချောင်ရွှမ်ကွမ်း၊ လျူဝမ်လိနှင့် လုရှင်းယွင်တို့၏ မျက်နှာအမူအယာများကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။
သွေးခြေရာခံခြင်းနည်းပညာသည် ပိုင်းခြားသိမြင်နိုင်သော အကွာအဝေးပြင်ပတွင်ဆိုလျှင် သွေးချည်မျှင်သည် သူ၏အာရုံခံရာ ဦးတည်ချက်ကို ဆုံးရှုံးလေ့ရှိသည်။
ဤကဲ့သို့ ပျောက်ကွယ်သွားရမှာမဟုတ်ပေ။
ဒီလိုအခြေအနေမျိုးတွင် ဖြစ်နိုင်ချေတစ်ခုသာရှိပြီး ၎င်းမှာ ဤပစ်မှတ်နှင့် ဆက်သွယ်ချက်မှာ ဖြတ်ချခံလိုက်ရခြင်းဖြစ်သည်။
ချောင်ရွှမ်ယောင်ကို သူ၏ညီအစ်ကိုများနှင့် ဆက်သွယ်မှုကို ဖြတ်ချရန် ဘယ်အရာကဖြစ်စေခဲ့တာလဲ?
သူသေဆုံးသွားသည်ဟူသည့်အချက်မှလွဲ၍ အခြားဖြစ်နိုင်ချေမရှိပေ။
“ဘယ်သူလဲ? ဘယ်သူလုပ်တာလဲ?”
ထိုအချိန်တွင် ချောင်ရွှမ်ကွမ်းသည် ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ထုတ်လွှတ်လိုက်သည်။
လျူဝမ်လိနှင့် လုရှင်းယွင်တို့၏ မျက်နှာအမူအယာများမှာလည်း လွန်စွာခက်ထန်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခုလေးတင်ပင် သူတို့လည်း သွေးခြေရာခံခြင်းနည်းပညာကို အသုံးပြုပြီး၍ ဖြစ်သည်။
အဆုံးတွင်လည်း မျှော်လင့်ထားသည့်အတိုင်းပင် ဆန့်ထွက်လာလာသည့် ချည်မျှင်များသည် လေထဲတွင် အကုန်ကွယ်ပျောက်သွားကြသည်။
ဤနေရာကိုစောင့်ကြပ်ရန် တာဝန်ပေးခံထားရသည့် သုံးယောက်သည် ကံဆိုးမိုးမှောင်ကျမှုတစ်ခုနှင့် ဆုံတွေ့ခဲ့သည်မှာ မေးခွန်းထုတ်စရာမရှိတော့ပေ။
သူတို့သည် တစ်ချိန်တည်းမှာပင် အခြေတည်ဝိညာဉ်မျိုးနွယ်သုံးခု၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူများကို သတ်ပစ်ရန်အထိ မည်သူကသတ္တိရှိသည်ကို မသိခဲ့ကြပေ။
***