← Chapters

မျိုးနွယ်စုဆီသို့ပြန်သွားကာ ရွှေအမြုတေနောက်ဆုံးအဆင့်သို့ ကျော်ဖြတ်ဝင်ရောက်ခြင်း၊ ချောင်မျိုးနွယ်၏လာရောက်လည်ပတ်မှု

Vol. 21 Ch. 415

မျိုးနွယ်စုဆီသို့ပြန်သွားကာ ရွှေအမြုတေနောက်ဆုံးအဆင့်သို့ ကျော်ဖြတ်ဝင်ရောက်ခြင်း၊ ချောင်မျိုးနွယ်၏လာရောက်လည်ပတ်မှု

Vol. 21 Ch. 415

“ဒါကို ငါတို့မတိုင်ခင် အပျက်အစီးနယ်မြေထဲကိုဝင်သွားတဲ့သူတွေလုပ်သွားတာ မဖြစ်နိုင်ဘူးလား?”

ထိုအချိန်တွင် လုရှင်းယွင်သည် ရုတ်တရက်ပြောလိုက်သည်။

ဤစကားများကိုကြားပြီးနောက် ချောင်ရွှမ်ကွမ်းနှင့် လျူဝမ်လိတို့၏ မျက်လုံးများကျဉ်းသွားသည်။

“သူတို့က ငါတို့အရင်အပျက်အစီးနယ်မြေထဲက ထွက်လာတာဆိုရင်တော့ အဲ့ဒါသူတို့ပဲဖြစ်ရမယ်”

“ဖြစ်ရမှာမဟုတ်ဘူး အဲ့လိုပဲဖြစ်မှာ”

ချောင်ရွှမ်ကွမ်းသည် သေချာရေရာစွာဖြင့် ရုတ်တရက် ပြောလိုက်သည်။

“ငါသူတို့ကလွဲပြီး ဘယ်သူမှ ရွှမ်ယောင်နဲ့ တခြားသူတွေကို သတ်နိုင်လိမ့်မယ်လို့မထင်ဘူး။ သတင်းတစ်ခုခုရှိရင်လည်း ငါတို့အချင်းချင်း ဖုံးကွယ်မထားကြဖို့ မျှော်လင့်ပါတယ်”

လုရှင်းယွင်နှင့် လျူဝမ်လိတို့သည် တစ်ယောက်ကို‌တစ်ယောက်ကြည့်လိုက်ကြပြီး ချောင်ရွှမ်ကွမ်းကို ခေါင်းညိတ်ပြလိုက်ကြသည်။

“ပြဿနာမရှိပါဘူး”

သူတို့ဆီ မျိုးနွယ်စု အသီးသီးသို့ ပြန်မသွားခင် မည်သို့ဆက်လုပ်ရမည်ကို ဆွေးနွေးနေခဲ့ကြသည်။

နှစ်နှစ်ကြာပြီးနောက်….

ရုတ်တရက် ချောင်၊ လျူနှင့် လုမျိုးနွယ်စုမှ ကျင့်ကြံသူများသည် တစ်စုံတစ်ခုကို စတင်ရှာဖွေခဲ့ကြသည်။

ဤလှုပ်ရှားမှုသည် များစွာသော ဂိုဏ်းများနှင့်မျိုးနွယ်စုများကို ပူပန်ကြောင့်ကြစေခဲ့သည်။

သူတို့သည် အခြေတည်ဝိညာဉ်မျိုးနွယ်စုသုံးခု ဘယ်ထိဆက်သွားမည်ကို မသိရှိခဲ့ကြပေ။

၎င်းသည် ချောင်ရွှမ်ယောင်နှင့် အခြားသူများ သတ်ခံလိုက်ရသည့်သတင်းပျံ့နှံ့သွားပြီး သူတို့သဘောမပေါက်သွားကြမီအချိန်ထိသာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူတို့အံ့အားသင့်သွားခဲ့ကြသည်။

အခြေတည်ဝိညာဉ်မျိုးနွယ်စုသုံးခုကို တစ်ချိန်တည်းမှာပဲ ခုခံဖို့ ဘယ်သူကသတ္တိရှိမှာလဲ?

ကန်နိုင်ငံရှိ ထျန်းယွဲ့မြို့တွင်…

ထိုမြို့သည် ယုနိုင်ငံနှင့် အနီးဆုံးမြို့ဖြစ်သည်။

တစ်ချိန်တည်းတွင် အမတစားသောက်ဆိုင်တစ်ခု၌…

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့ဘေးနားရှိ လူများဆီမှ ချောင်၊ လျူနှင့် လုမျိုးနွယ်တို့၏ လတ်တလောလှုပ်ရှားမှုများကို နားစွင့်နေကြသည်။

သူတို့သည် မည်သို့မျှမတတ်နိုင်သော်လည်း အနည်းငယ် တည်ငြိမ်လေးနက်သွားကြသည်။

သူတို့သည် စားသောက်ဆိုင်မှထွက်လာခဲ့ပြီး ဤနေရာတွင် သူတို့ငှားရမ်းထားသည့် ယာယီဂူအိမ်တစ်ခုသို့ ပြန်လာခဲ့သည်။

ကျန်းချန်ရွှမ်သည် ရုန်းရူယန်ကို ချက်ချင်းပြောလိုက်သည်။

“ရူယန် တော်တော်လည်းကြာလှနေပြီ။ မျိုးနွယ်စုသုံးခုက ငါတို့ကိုရှာထွေမှုကို ရပ်တန့်မယ့် အရိပ်အယောင်မပြသေးဘူး။ ကြည့်ရတာ သူတို့က ငါတို့ရွှေမီးဖိုဂိုဏ်းရဲ့ အပျက်အစီးနယ်မြေက ယူခဲ့တဲ့ ပစ္စည်းတွေကို အတော်စိတ်ဝင်စားနေပုံရတယ်”

ချောင်၊ လျူနှင့် လုမျိုးနွယ်စုတို့သည် သူတို့အားရရှာဖွေရန် လုံးဝအားမလျှော့ဘဲ ကြိုးစားနေခြင်းမှာ သူတို့၏မျိုးနွယ်ဝင်များအတွက်သာမကဘဲ ရတနာများအတွက်လည်းဖြစ်သည်။

ကျန်းချန်ရွှမ်၏စကားများကို ရှန်းရူယန်ကြားပြီးသောအခါ ပြန်လည်မဖြေကြားမီ ခေတ္တစဉ်းစားလိုက်သည်။

“မှန်တယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်မတို့ သွားတဲ့လမ်းတစ်လျှောက်မှာ ယုနိုင်ငံကနေရာကူးပြောင်းခြင်းအစီအရင် တစ်ခုမှမယူခဲ့ဘူး။ ဒါက မျိုးနွယ်စုသုံးခု ကျွန်မတို့ကို စတင်သံသယမရှိခင်ထိ တော်တော်ကြာလိမ့်ဦးမယ်”

အစကတည်းက

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တချို့အခြေအနေများအတွက် မျိုးနွယ်စုသုံးခုကိုရင်ဆိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။

ထို့နောက် သူတို့သည် လမ်းတစ်လျှောက်တွင် သဲလွန်စတွေအများကြီးချန်ထားခဲ့ကြသည်။

မျိုးနွယ်စုသုံးခုသည် အမှန်တကယ် စုံစမ်းစစ်ဆေးရန်ဆုံးဖြတ်ထားပါက သူတို့သည် ပိုများသော သို့မဟုတ် နည်းသောခြေရာများကို တွေ့နိုင်လိမ့်မည်။

သူတို့သည် ချောင်ရွှမ်ယောင်နှင့် အခြားနှစ်ယောက်၏သေဆုံးမှုသည် ထိုစုံတွဲနှင့် သက်ဆိုင်သည်ဟု သက်သေပြနိုင်မည့် အထောက်အထားကို မရှာနိုင်သော်လည်း ကျင့်ကြံရေးလောကတွင် သက်သေအထောက်အထားဟူသည် ဘယ်သောအခါမှ အရေးမကြီးခဲ့ပေ။

မသင်္ကာမှုတစ်ခုတည်းကသာလျှင် ဤစုံတွဲကိုသတ်ဖြတ်ရန် လုံလောက်သော သက်သေဖြစ်သည်။

သို့ဖြစ်၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် အခုပြုလုပ်ရမည့်အရာမှာ သူတို့၏မျိုးနွယ်စုဆီသို့ပြန်သွားပြီး သူတို့အပျက်အစီးနယ်မြေမှစုဆောင်းရရှိလာသည်များကို အင်အားကြီးမားစေရန်အသုံးပြုခြင်းဖြစ်သည်။

သူတို့၏အင်အားများသည် အခြားမျိုးမွယ်စုများနှင့် သာတူညီမျှ ဖြစ်သွားပါက မည်သည့်အချိန်မဆိုအသတ်ခံရန် စောင့်ဆိုင်းနေရသည့် စဉ့််နီတုံးပေါ်ရှိ ငါးများဖြစ်နေမည် မဟုတ်တော့ပေ။

ထို့နောက် လင်မယားနှစ်ယောက်သည် ထျန်းယွဲ့မြို့တွင် ဆက်လက်မနေတော့ပေ။

ထို့နောက် သူတို့သည် မည်သူ့အာရုံစိုက်မှုမှမခံရစေဘဲ ကန်နိုင်ငံကို တိတ်တဆိတ်ထွက်ခွာခဲ့ကြသည်။

တစ်နှစ်ကျော်ကျော်ကြာပြီးနောက်…

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နောက်ဆုံးတွင် ကျန်းမျိုးနွယ်စုဆီ ပြန်လာခဲ့ကြသည်။

သူတို့ပြန်ရောက်လာသည်နှင့် လင်မယားနှစ်ယောက်သည် သူတို့၏ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။

သူတို့သည် အပျက်အစီးနယ်မြေမှရရှိလာသော ဝိညာဉ်သန့်စင်ကြာပန်းနှင့် ပွင့်ဖပ်ကိုးချပ်ကောင်းကင်ကြာပန်းတို့ဖြင့် ကြာကိုးပွင့် ချီသန့်စင်ဆေးလုံးကို စတင်သန့်စင်လိုက်ကြသည်။

သူတို့နှစ်ယောက်သည် ကြာကိုးပွင့်ချီသန့်စင်ဆေးလုံးသုံးခုကို အောင်မြင်စွာမသန့်စင်နိုင်ခင်တစ်နှစ်ထိ အတူတူအလုပ်လုပ်ခဲ့ကြသည်။

ထို့နောက် သူတို့သည် ကြာကိုးပွင့်ချီသန့်စင်ဆေးလုံးတစ်ခုကို ယူလိုက်ပြီး ထိုးဖောက်ကျော်ဖြတ်ရန် စတင်ကြိုးပမ်းအားထုတ်လိုက်ကြသည်။

ဤထိုးဖောက်ကျော်ဖြတ်မှူသည် နှစ်နှစ်ကျော်ကျော်ကြာမြင့်ခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရွှေအမြုတေသတ္တမအဆင့်သို့ရောက်ရှိသွားသည်နှင့် သူတို့၏ဓမ္မစွမ်းအားများသည် ၅၀%ကျော်ကျော် မြင့်တက်လာခဲ့သည်။

၎င်းသည် လင်မယားနှစ်ယောက်၏ အာရုံကြောများပြေလျော့စေသည်မှာ ဤအချိန်တွင်သာဖြစ်သည်။

***

All Chapters