မျိုးနွယ်စုဆီသို့ပြန်သွားကာ ရွှေအမြုတေနောက်ဆုံးအဆင့်သို့ ကျော်ဖြတ်ဝင်ရောက်ခြင်း၊ ချောင်မျိုးနွယ်၏လာရောက်လည်ပတ်မှု(၂)
Vol. 21 Ch. 416
မည်သို့ပင်ဖြစ်စေ ထိုအချိန်၌ ကြီးမားသောဝိညာဉ်ဖိအားများထုတ်လွှတ်နေသည့် ပုံရိပ်သုံးခုသည် မှော်ဝင်တိုင်တောင်၏ အပြင်ဘက်သို့ ဆင်းသက်လာခဲ့သည်။
ရှေ့မှဦးဆောင်နေသည့် ဝိညာဉ်ဖိအားတစ်ခုသည် ရွှေအမြုတေအဆင့်သို့ကျော်လွန်ကာ ပဏာမအခြေတည်ဝိညာဉ်အဆင့်သို့ပင် ရောက်ရှိသွားပြီဖြစ်သည်။
ကျန်နှစ်ခုမှာလည်း ရွှေအမြုတေနယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူတို့သည် ယုနိုင်ငံရှိ ချောင်မျိုးနွယ်စုမှ အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
“ဒီတော့ ဒါကကျန်းမျိုးနွယ်စုလား? ဒါကဘာမှမဟုတ်တဲ့ မျိုးနွယ်စုငယ်လေးတစ်ခုပဲ။ ငါတို့ဘာလို့ ဒီနေရာကို ဒီလောက်အထိ လာဖို့လိုတာလဲဆိုတာ ငါနားမလည်နိုင်ဘူး”
အမျိုးသားကျင့်ကြံသူများထဲမှ ရွှေအမြုတေနဝမအဆင့်သို့ရောက်ရှိနေသည့် ရှည်လျားပြီးအကျည်းတန်သောမျက်နှာနှင့် အမျိုးသားသည် အထင်အမြင်သေးစွာ ပြောလိုက်သည်။
သူသည် ကျန်းမျိုးနွယ်စုကို ပုရွက်စိတ်အုံတစ်ခုသဖွယ် ကြည့်လိုက်သည်။
သူ၏ဘေးရှိ လူနှစ်ယောက်မှာ စကားမပြောကြပေ။
မည်သို့ပင်ဖြစ်စေ သူတို့၏မျက်နှာအမူအယာများမှတစ်ဆင့် သူတို့သည်လည်း ရုပ်ဆိုးဆိုးမျက်နှာနှင့်သူကဲ့သို့ပင် တူညီသောအတွေးရှိကြောင်း သိသာထင်ရှားနေပေသည်။
“ငါတို့တွေ အချိန်ထပ်ဖြုန်းဖို့မလိုတော့ဘူးလို့ထင်တယ်။ သူတို့နှစ်ယောက်ကို အင်အားသုံးပြီးပဲ ခေါ်လာခဲ့ရအောင်။”
ရုပ်ဆိုးဆိုးမျက်နှာနှင့်အမျိုးသားက ထပ်မံပြောကြားလိုက်သည်။
သူစကားပြောနေစဉ်တွင်ပင် တိုက်ခိုက်လိုက်သည်။
နဝမအဆင့်ရွှေအမြုတေကျင့်ကြံသူ၏အားကောင်းသော ဓမ္မစွမ်းအားသည် မှော်ဝင်တိုင်တောင်အပေါ်ရှိကောင်းကင်ကို ဖုံးအုပ်ထားသည့် ကြီးမားသောလက်တစ်ခုသဖွယ်ပြောင်းလဲသွားပြီး တောင်အကာအကွယ်အစီအရင်ကို ဖြတ်ရိုက်လိုက်သည်။
ဂျိမ်း-
အစီအရင်ပေါ်ရှိ အလင်းများသည် အရောင်လက်လာသည်။
ကောင်းကင်တွင် ဓမ္မစွမ်းအားလက်၏တိုက်ခိုက်မှုကို ခုခံရန် ကြယ်အစုတန်းများသည် အောက်သို့စီးဆင်းသွားပြီး အစီအရင်ဆီသို့ ပေါင်းစပ်သွားသည်။
မှော်ဝင်တိုင်တောင်တွင် ..
အုတ်အော်သောင်းတင်းဖြစ်နေခြင်းကို အာရုံခံခြင်းအရ ကျန်းရန်ယီ၊ လျူလင်းလုံ၊ ကျန်းအန်းရန်၊ ကျန်းရန်ချွမ်း၊ ကျန်းယွင်ရုံနှင့် တခြားသူများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။
“မကောင်းတော့ဘူး။ ဒါနဝမအဆင့်ရွှေအမြုတေကျင့်ကြံသူပဲ”
သူတို့သည် နဝမအဆင့်ရွှေအမြုတေကျင့်ကြံသူတစ်ယောက်က သတိပေးခြင်းမရှိလဲ မည်သည့်အတွက်ကြောင့် ကျန်းမျိုးနွယ်စုကို တိုက်ခိုက်သည်ကို နားမလည်နိုင်ကြပေ။
ပို၍ဆိုးသည်မှာ သူတို့ကသုံးယောက်တောင်ဖြစ်နေသည်။
“နေဦး သူတို့ဝတ်ထားတဲ့အဝတ်အစားတွေကိုကြည့်ဦး”
ရုတ်တရက်ပင် ကျန်းယွင်ရုံသည် အစီအရင်အပြင်ဘက်ရှိ လူသုံးယောက်ဝတ်ဆင်ထားသော အဝတ်အစားများကို လက်ညှိုးထိုးပြလိုက်ပြီး အံ့အားသင့်စွာပြောလိုက်သည်။
“သူတို့က ယုနိုင်ငံမှာရှိတဲ့ အခြေတည်ဝိညာဉ်မျိုးနွယ်စုဖြစ်တဲ့ ချောင်မျိုးနွယ်စုကပဲ”
လူတိုင်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားကြသည်။
ဘာတွေဖြစ်ပျက်နေတာလဲ?
ချောင်မျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေက ဘာလို့ဒီနေရာကို ကျန်းမျိုးနွယ်စုတွေကို တိုက်ခိုက်ဖို့အတွက် လာခဲ့ကြတာလဲ?
ကျန်းရန်ယီနှင့် အခြားသူများ ပဟေဠိဖြစ်ကာ ဤအရာကို အမျက်ထွက်နေကြစဉ် အစီအရင်အပြင်ဘက်ရှိ ရုပ်ဆိုးဆိုးမျက်နှာနှင့်လူသည် မျက်မှောင်ကြုံ့လိုက်သည်။
သူသည် တောင်အကာအကွယ်အစီအရင်ကို တစ်ချက်တည်းနှင့် မဖျက်စီးနိုင်သည့်အတွက် အနည်းငယ်ရှက်ရွံ့နေသည်။
ထေ့ငေါ့သံတစ်ခုဖြင့် သူသည်သူ၏လက်ကို နောက်တစ်ကြိမ်ထပ်မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။
ငွေရောင်တံဉ်ပုံစံ ဓမ္မရတနာသည် ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ရောက်ရှိလာခဲ့သည်။
၎င်းရောက်ရှိလာသည်နှင့် အဆင့်မြင့်စတုတ္ထအဆင့်ဓမ္မရတနာ၏ စွမ်းအားသည် ချက်ချင်းလှစ်ဟလာသည်။
“သွားတော့”
ရုပ်ဆိုးဆိုးမျက်နှာနှင့် လူသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ငွေရောင်တံစဉ်သည် အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏ချွန်မြမှုသည် အရာအားလုံးကို ပိုင်းဖြတ်ပစ်နိုင်မည့်ဟန်ရှိသည်။
၎င်းသည် ကြယ်ချိန်းကြိုးအစီအရင်ဖြင့် ပြုလုပ်ထားသည့် အဟန့်အတားကို ပြင်းပြင်းထန်ထန်ခုတ်ပိုင်းပစ်လိုက်သည်။
ချမ်း--
ထိုအချိန်တွင် မှော်ဝင်တိုင်တောင်တစ်ခုလုံးလှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွားသည်။
အစီအရင်ထဲရှိ ကျန်းရန်ယီနှင့် အခြားသူများသည် သွေးများယုတ်လျော့ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
အကြောင်းမှာ သူတို့သည် ငွေတံစဉ်က အဟန့်အတားကို ခုတ်ပိုင်းလိုက်သည့်အခါ အဟန့်အတားသည် ခဏမျှမှေးမိန်သွားသည်ကို အသေအချာ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ဤကဲ့သို့ တိုက်ခိုက်မှုများ အနည်းငယ်ထပ်လာလိုက်ပါက အစီအရင်သည် ၎င်းကို ဆန့်ကျင်နိုင်လိမ့်မည်မဟုတ်ပေ။
လူတိုင်းသည် စိုးရိမ်ပူပန်နေကြပြီး ဒုတိယတိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားသင့်မသင့်ကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား သတင်းပို့ရန် စဉ်းစားနေကြစဉ် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရုတ်တရက် သူတို့၏ရှေ့သို့ ရောက်ရှိလာကြသည်။
“ဘိုးဘေး အဘွားလေး”
ကျန်းရန်ယီနှင့် အခြားသူများသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မြင်လိုက်ရသည့်အတွက် ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။
သိုသော်လည်း မကြာမီပင် သူတို့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများသည် စိုးရိမ်ကြောင့်ကြမှုများဖြင့် အစားထိုးခံလိုက်ရသည်။
ထိုအချိန်တွင် ရုပ်ဆိုးဆိုးမျက်နှာနှင့်လူနှင့် ကျန်နှစ်ယောက်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်လိုက်သည်။
“မင်းတို့က ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်လား?”
ရုပ်ဆိုးဆိုးမျက်နှာနှင့် လူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရောက်ရှိလာခဲ့သည်။
“ငါကမင်းတို့ ဆက်ပုန်းနေမယ်ထင်တာ။ ကောင်းပြီလေ မင်းတို့ကထွက်လာတော့လည်း ငါတို့ဆီလာခဲ့”
ရုပ်ဆိုးဆိုးမျက်နှာနှင့်လူ၏စကားများကိုကြားပြီးနောက် ကျန်းရန်ယီနှင့် အခြားသူများ၏ မျက်နှာအမူအယာများ ပြောင်းလဲသွားခဲ့သည်။
သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုကြည့်လိုက်ပြီး မကောင်းသည့်တစ်စုံတစ်ခုဖြစ်တော့မည့်အလား စိတ်မအေးစွာခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ လင်မယားနှစ်ယောက်၏မျက်နှာတွင် ထူးထူးခြားခြားမည်သို့မှဖြစ်မနေပေ။
သူတို့သည် ရုပ်ဆိုးဆိုးမျက်နှာနှင့်လူနှင့် အခြားနှစ်ယောက်ကိုသာ ကြည့်လိုက်သည်။
ရုပ်ဆိုးဆိုးမျက်နှာပါ အမျိုးသားကျင့်ကြံသူနှင့် အခြားနှစ်ယောက်သည် မျက်မှောင်ကြုံ့လိုက်ကြသည်။
ရုတ်တရက် ကျန်းချန်ရွှမ်က စကားပြောလိုက်သည်။
“ချောင်မျိုးနွယ်စုရဲ့ တာအိုရောင်းရင်းများ။ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ တောင်အကာအကွယ်အစီအရင်ကို ဘာလို့အရင်စတိုက်ခိုက်တာလဲဆိုတာ ရှင်းပြပေးနိုင်မလား? တစ်စုံတစ်ယောက်ရဲ့ တောင်အကာအကွယ်အစီအရင်ကိုတိုက်ခိုက်တာက ဘာကိုဆိုလိုတာလဲဆိုတာ ခင်ဗျားတို့မသိဘူးလို့တော့ ကျွန်တော့်ကို မပြောလိုက်ပါနဲ့”
ကျန်းချန်ရွှမ်၏စကားလုံးများသည် ရုပ်ဆိုးဆိုးမျက်နှာနှင့်လူနှင့် အခြားနှစ်ယောက်ကို အံ့ဩသွားစေခဲ့သည်။
အသေအချာပင် သူတို့သည် ကျန်းချန်ရွှမ်က သူတို့ကိုရင်ဆိုင်သည့်အခါ အလွန်အေးဆေးပြီး စိတ်တည်ငြိမ်နေနိုင်ပေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
တင်းမာသောအမူအယာတစ်ခု ရုပ်ဆိုးဆိုးမျက်နှာနှင့် လူ၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။
သူသည် ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။
“အဲ့ဒီတော့ မင်းတို့တောင်အကာအကွယ်အစီအရင်ကို ငါတို့တိုက်ခိုက်ရင်ကော ဘာဖြစ်မှာလဲ? မင်းမှာ ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား?”
သူစကားပြောလို့ပြီးသွားသည်နှင့် သူ၏မျက်နှာမှာ မှောင်မိုက်သွားခဲ့သည်။
သူသည် ကြယ်ချိန်းကြိုးအဟန့်အတားကို နှစ်ချက်တည်းဖြင့် မဖျက်ဆီးနိုင်သည်မှာပင် ရှက်စရာကောင်းနေပြီဖြစ်သည်။
ယခုမူ သူသည် ကျန်းချန်ရွှမ်ဆီမှ မေးခွန်းထုတ်ခံလိုက်ရသောကြောင့် ရုပ်ဆိုးဆိုးမျက်နှာနှင့်လူ ချောင်ချန်းလီသည် ဒေါသခြောင်းခြောင်း ထွက်သွားခဲ့သည်။
ချောင်ချန်းလီ၏ စိတ်ဆွပေးနေသော စကားများကိုကြားသော်လည်းး ကျန်းချန်ရွှမ်၏ အမူအယာမှာ မပြောင်းလဲပဲရှိနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူနောက်ထပ် ပြောလိုက်သည့်အရာသည် ချောင်ချန်းလီနှင့် အခြားနှစ်ယောက်ကို အံ့အားသင့်စေခဲ့သည်။
“တစ်စုံတစ်ယောက်ရဲ့ တောင်အကာအကွယ်အစီအရင်ကို တိုက်ခိုက်တာက စစ်ကြေညာတာနဲ့ တူညီတယ်။ မင်းကချောင်မျိုးနွယ်စုကဆိုတော့ ငါမင်းကိုဆန့်ကျင်ပြီး မထိန်းထားတော့ဘူး။ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကိုအပြစ်ပေးတဲ့အနေနဲ့ မင်းရဲ့လက်တစ်ဖက်ကိုတော့ ဖြတ်ပစ်ရလိမ့်မယ်”
သူစကားပြောပြီးသွားသည်နှင့် ကျန်းချန်ရွှမ်သည် ရုတ်တရက် အစီအရင်မှ ကွယ်ပျောက်သွားခဲ့သည်။
သူထပ်မံပေါ်လာသည့်အခါတွင် သူသည် ချောင်ချန်ဟဲ၏ အရှေ့တွင် ရှိနေပြီဖြစ်သည်။
ချောင်ချန်းလီသည် ဒေါသခြောင်းခြောင်းထွက်သွားခဲ့သည်။
“မင်းလုပ်ရဲလား!”
သို့နှင့် ငွေရောင်တံစဉ်သည် အနားပတ်ဝန်းကျင်ရှိ ကျောက်ဆောင်များကို ပေါက်ကွဲစေသည့် နားကွဲစေနိုက်လောက်မည့် ဝီစီသံများကို ထုတ်လွှတ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်မှာ ဂရုမစိုက်ပေ။
မည်သို့ပင်ဖြစ်စေ ရွှေဗလာနယ်ဓားသည် မျက်စီကျိန်းစေသည့်ရွှေရောင်အလင်းတစ်ခုဖြင့် ပေါက်ကွဲသွားသည်။
အခြားတစ်ဖက်တွင်လည်း ပဏာမအခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ၏ မျက်နှာအမူအယာသည် ရုတ်တရက်ပြောင်းလဲသွားပြီး သူသည် မျက်နှာထားတင်းတင်းဖြင့် အော်လိုက်သည်။
“ခွေး** မင်းလုပ်ရဲလား”
ချန်! ချန်! ချန်! ချန်!
ချက်ချင်းပင် စတုတ္ထအဆင့် ဓမ္မရတနာနှစ်ခု လေထဲတွင် တိုက်မိသွားသည်။
သတ္ထုများပွတ်တိုက်ကာ ကြေမွကွဲထွက်သွားသည့် ရှင်းလင်းသော အသံတစ်ခုသည် လူတိုင်း၏နားထဲသို့ ဝင်ရောက်သွားခဲ့သည်။
ချောင်ချန်းလီ၏ အဆင့်မြင့်စတုတ္ထအဆင့်ငွေရောင်တံစဉ်သည် ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားနှင့် တိုက်မိမှုတွင် အမှန်တကယ်ပင် ဖြည်းဖြည်းချင်းပျက်စီးကွဲထွက်သွားသည်။
ချောင်ချန်းလီမတုံ့ပြန်နိုင်သေးခင်မှာပင် ရွှေဗလာနယ်ဓားသည် ထပ်မံဖျက်ခနဲဖြတ်သွားခဲ့သည်။
ဝှစ်ခနဲမြည်ကာ ဖြတ်သွားခဲ့သည်။
ချောင်ချန်းလီ၏ခန္ဓာကိုယ်မှ ကြီးမားသောလက်တစ်ခု ပိုင်းဖြတ်ခံလိုက်ရသည်။
“မင်းကသမင်းကို ဖိတ်ခေါ်နေတာပဲ”
တစ်ချိန်တည်း၌ပင် ပဏာမအခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူသည် သူ၏ပါးစပ်ကိုဖွင့်လိုက်ကာ ထွေးထုတ်လိုက်သည်။
အနီရောင်ဓားတိုတစ်ခု ပျံထွက်လာပြီး ကျန်းချန်ရွှမ်ဆီသို့ အရှိန်ဖြင့်ပစ်လွှတ်လိုက်သည်။
သူသည် သူ၏မျိုးနွယ်စုဝင်တစ်ယောက်၏လက်ကိုဖြတ်လိုက်သည့်အတွက် သူ၏စိတ်ထဲတွင် ကျန်းချန်ရွှမ်ကိုသေဆုံးစေရန် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်သည်။
ထိုအချိန်တွင် သူသည် ဤနေရာ၌ ဘာကြောင့်ရောက်ရှိနေရသည်ကို မေ့လျော့သွားသည်။
သူလုပ်ချင်သည့်အရာမှာ ကျန်းချန်ရွှမ်ကို သတ်ပစ်ရန်သာဖြစ်သည်။
***