← Chapters

နှစ်ထောင်ပေါင်းများစွာမှ မဟာနတ်ဆိုး၊ အရိုးဖြူအရှင်

Vol. 21 Ch. 419

နှစ်ထောင်ပေါင်းများစွာမှ မဟာနတ်ဆိုး၊ အရိုးဖြူအရှင်

Vol. 21 Ch. 419

ကြယ်ခုနစ်စင်း စကားပြောပြီးသောအခါ လူအုပ်စုသည် ရှေ့သို့ဆက်သွားလိုက်ကြသည်။

နာရီအနည်းငယ်လမ်းလျှောက်ပြီးသောအခါ..

သူတို့သည် တောက်ပနေသောအနီရောင်ကျောက်နံရံတစ်ခုရှေ့သို့ ရောက်ရှိသွားသည်။

ကျောက်နံရံကိုကြည့်နေရင်း နီရဲသောအလင်းတစ်ခုသည် ကြယ်ခုနင်းစင်း၏ အစိမ်းရောင်မျက်လုံးထဲသို့ ရောက်ရှိလာသည်။

သူ၏ ပိန်ချည့်ချည့်လက်များဖြင့် ကျောက်နံရံကို ထုလိုက်သည်။

သူသည် ခပ်အက်အက် အသံနိမ့်တစ်ခုဖြင့် ပြောလိုက်သည်။

“ဒီနေရာပဲ။ ဆယ်စုနှစ်များစွာတုန်းက နတ်ဆိုးသားရဲတွေလွတ်ထွက်သွားတဲ့အချိန်မှာ ငါဒီနေရာကိုလာခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ဒီနေရာကချိပ်က အားကောင်းနေတုန်းပဲ။ အဲ့ဒီအချိန်တုန်းက ငါ့ရဲ့သန်မာမှုနဲ့တောင်မှ ဒါကို ဖျက်စီးလို့မရခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ ငါတို့နေရာများစွာက စွန့်လွှတ်မှုတွေကို စုပေါင်းလိုက်ရင် ဒီချိပ်ကို ဖျက်စီးဖို့ မခက်ခဲလောက်တော့ဘူး”

သူစကားပြောနေစဉ်တွင်ပင် ကြယ်ခုနစ်စင်းသည် သူ၏လက်ထဲရှိ အရိုးဖြူချပ်ပြားဝိုင်းကို တောက်ပနေသောအနီရောင်ကျောက်နံရံ၏ရှေ့တွင် နေရာချပြီးဖြစ်သည်။

၎င်းကိုမြင်ကာ အခြားသူများသည်လည်း သူတို့လက်ထဲရှိ အရိုးဖြူချပ်ပြားဝိုင်းများကို တောက်ပနေသောအနီရောင်ကျောက်နံရံ၏တစ်ဖက်တစ်ချက်စီတွင် ချထားလိုက်ကြသည်။

ထို့နောက် ကြယ်ခုနစ်စင်းသည် သူ၏ခန္ဓာကိုယ်မှ အရိုးဖြူများဖြင့် ပြုလုပ်ထားသည့် အနီရောင်အလံတော်တော်များများကို ထုတ်ယူလိုက်ပြီး အသေးစိတ်တိကျသောပွိုင့်များတွင် ထည့်သွင်းလိုက်သည်။

၎င်းတို့ကိုပြုလုပ်ပြီးနောက် ကြယ်ခုနစ်စင်းသည် လူတိုင်းကိုကြည့်ကာ အသံခပ်ဩဩဖြင့် ပြောလိုက်သည်။

“လူတိုင်းပဲ အခုကစပြီးတော့ မင်းတို့ငါတို့တွေရဲ့ ဓမ္မစွမ်းအားတွေကို ယဇ်ပူဇော်မယ့်အလံတွေကို ဖြည့်ဆည်းပေးဖို့လိုတယ်။ မှတ်ထားပါ တစ်ဝက်တစ်ပျက်နဲ့ မရပ်လိုက်ကြနဲ့။ မဟုတ်ရင် ငါတို့ကျရှုံးသွားနိုင်တယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့ငါတို့ အချိန်အကြာကြီး စိုက်ထုတ်ထားတဲ့ လုံ့လဝီရီယတွေက အလဟဿဖြစ်သွားလိမ့်မယ်။

ငါတို့ချပ်ပြားကို ဖျက်စီးပြီးတော့ ရှေးဟောင်းနတ်ဆိုးကျင့်ကြံသူရဲ့ အမွေအနှစ်တွေကို မရနိုင်ရုံတင်မကသေးဘဲ ငါတို့ ကျင်းနဲ့ရှူနိုင်ငံက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေကိုပါ အာရုံစိုက်မိစေလိမ့်မယ်။

သူတို့က ဒီလိုရှေးဟောင်းနတ်ဆိုးဂူအိမ်မျိုး တည်ရှိမှုကို သေချာပေါက် ခွင့်ပြုမှာမဟုတ်ဘူး။ သူတို့ဒါကိုဖျက်စီးလိုက်မယ်ဆိုရင် ငါတို့နောက်ထပ်တစ်ခုကို ထပ်ရှာမတွေ့ခင်ထိ ဘယ်လောက်ကြာမလဲဆိုတာမသိနိုင်ဘူး။ ဒါကြောင့် နောက်ပိုင်းမှာ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ဓမ္မစွမ်းအားထုတ်လုပ်မှုတွေ ရပ်တန့်မသွားဖို့ ငါမျှော်လင့်တယ်။

နားလည်ကြလား?”

ကြယ်ခုနစ်စင်း၏ စကားများကိုကြားပြီးနောက် များသောအားဖြင့် ပုန်ကန်ဆူညံတတ်သည့် နတ်ဆိုးရွှေအမြုတေကျင့်ကြသူများသည် ခေါင်းညိတ်လိုက်ကြသည်။

နတ်ဆိုးကျင့်ကြံသူများသည် ပြောရခက်ခဲပြီး အလွန်ရက်စက်သည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော်လည်း ၎င်းသည် သူတို့အား အသိဉာဏ်မကင်းမဲ့စေပေ။

လူတိုင်း၏အကျိုးဖြင့် သက်ဆိုင်နေသည့် ဤကဲ့သို့ကိစ္စမျိုးတွင် မည်သူမှ ရှုပ်ရှုပ်ရှက်ရှက် မလုပ်ရဲကြပေ။

ထို့နောက် ကြယ်ခုနစ်စင်းသည် စတင်၍လက်အမူအယာများ ပြုလုပ်လိုက်သည်။

ထူးဆန်းသည့်လှိုင်းများနှင့် နတ်ဆိုးနတ်ဆိုးအော်ရာသည် သူ၏ခန္ဓာကိုယ်မှ ပျံ့လွင့်လာခဲ့ပြီး အရိုးဖြူချပ်ပြားဝိုင်းများဆီသို့ ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။

ဝှစ်! ဝှစ်! ဝှစ်!

ချက်ချင်းပင် ဆူနာမီကဲ့သို့ လှိုင်နေသော ချီသွေးများသည် အရိုးဖြူချပ်ပြာဝိုင်းများဆီမှ လွတ်ထွက်လာခဲ့သည်။

ကြယ်ခုနစ်စင်း၏ညွှန်ကြားမှုအောက်တွင်

ချီသွေးများသည် တောက်ပသောအနီရောင်ကျောက်နံရံဆီသို့ အတောမသတ်နိုင်အောင် လျှောဆင်းမသွားခင် အနီရောင်အလံများနှင့် ချိတ်ဆက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။

“လူတိုင်းပဲ အခုအချိန်ကျပြီ။ သူကသူ့ရဲ့ ဓမ္မစွမ်းအားတွေကို အစီအရင်အလံတွေဆီ ဖြည့်သွင်းလိုက်ပြီ။ ချိပ်မပျက်စီးခင်ထိ မရပ်တန့်လိုက်ကြနဲ့”

သူ၏စကားများကိုကြားပြီးနောက် ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူများသည် ချက်ချင်း သူတို့ကိုပြောထားသည့်အတိုင်း ပြုလုပ်လိုက်ကြပြီး ဓမ္မစွမ်းအားများကို အလံများဆီသို့ ဖြည့်သွင်းလိုက်ကြသည်။

ဖြည်းဖြည်းချင်းပင် အနီရောင်ကျောက်တံခါးသည် စတင်၍ပိုမိုတောက်ပလင်းလက်လာခဲ့သည်။

ဤသို့နှင့် ရက်အနည်းငယ်ကြာမြင့်ခဲ့သည်။

ထိုအချိန်တွင် အနီရောင်ကျောက်နံရံအပေါ်၌ လှိုင်းတွန့်ခြင်းများကို မြင်နေရပြီဖြစ်သည်။

လှိုင်းအတွန့်များသည် အတွင်းနှင့်အပြင်ဘက်ရှိ နေရာလွတ်များ အချင်းချင်းရင်ဆိုင်တိုက်မိသည့်အခါ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုအရာကိုမြင်ကာ လူတိုင်း၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်သွားကြသည်။

သိသိသာသာပင် သူတို့သည် တံခါးနောက်ရှိ ရှေးဟောင်းဂူအိမ်ထဲသို့ စူးစမ်းလေ့လာရန် မစောင့်နိုင်ကြတော့ပေ။

ဘန်း! ဘန်း! ဘန်း!

ခနမျှကြာပြီးနောက်…

သူတို့သည် တောက်ပနေသောအနီရောင်ကျောက်နံရံ၏ နောက်မှလာသည့် မကြည်လင်သောအသံများကို တရစပ်စတင်ကြားလိုက်ရသည်။

၎င်းနှင့် အတူလိုက်ပါလာသည်မှာ ဖျစ်ညှစ်ကာ အဖိခံထားရသော တစ်စုံတစ်ခု၏ အသံဖြစ်သည်။

လူတိုင်း၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အလိုလို ပေါ်ပေါက်လာသည်။

နောက်ဆုံးတွင်..

နောက်ထပ်နေ့တစ်ဝက် ကုန်လွန်သွားပြန်သည်။

ဝိညာဉ်ချီ လိမ့်တက်လာသည်နှင့် သွေးအရောင်ဝဲသဏ္ဍာန် တံခါးတစ်ခုသည် လူတိုင်း၏ရှေ့တွင် ရောက်ရှိလာသည်။

“အလုပ်ဖြစ်သွားပြီ”

လူတိုင်း စိတ်လှုပ်ရှားသွားခဲ့သည်။

ဘယ်လိုပဲဖြစ်‌ဖြစ် မည်သူမှ အရင်ဆုံး မလှုပ်ရှားရဲကြပေ။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အဆုံးတွင် သူတို့၏အကြည့်များသည် ကြယ်ခုနစ်စင်းပေါ်သို့ ကျရောက်သွားသည်။

သူသည် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချက်ချင်း သွေးရောင်နှင့်တံခါးဆီသို့ တစ်ဟုန်ထိုးသွားလိုက်သည်။

အခြားသူများ ကြက်သေသေသွားခဲ့တော့သည်။

***

All Chapters