လျန်နိုင်ငံသို့ နတ်ဆိုးစွမ်းအားကျရောက်ခြင်း၊ ကျောက်စိမ်းရေဓားစင်မြင့်၏ ကပ်ဆိုက်သောကာလ
Vol. 22 Ch. 421
ခနကြာပြီးနောက်..
သွေးအရှင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
“ကျင်း၊ ရှု၊ ယွင်၊ ယန်နဲ့ လျန်နိုင်ငံတွေလား? မဆိုးပါဘူး အရမ်းကြီးမဆိုးလှပါဘူး။ ဒီလိုမျိုးအခြေတည်ဝိညာဉ်အင်အားစုတစ်ခုတောင်မရှိတဲ့ နိုင်ငံတွေက ငါ့အတွက် အစကနေစတင်ဖို့ အသင့်တော်ဆုံးပဲ။ ကျင်းနဲ့ရှုက ဒီနေရာနဲ့အနီးဆုံးဆိုတော့ သူတို့ကနေ အရင်စလိုက်ရအောင်”
သို့နှင့် သွေးအရှင်သည် စတင်ခြေဆန့်ခဲ့သည်။
ကြယ်ခုနစ်စင်းက ၎င်းကိုမြင်သောအခါ သူနှင့် ရှီဖေးယန်တို့သည် ချက်ချင်း နောက်မှလိုက်ခဲ့သည်။
ရက်ပိုင်းအတွင်းပင် ကျင်းနိုင်ငံရှိ သေမျိုးမြို့တော်ခုနစ်ခုသည် သင်္ချိုင်းဂူတစ်ခုသို့ ပြောင်းလဲသွားကာ အဆင့်နိမ့်ကျင့်ကြံသူများသည် သွေးအရှင်၏ အစာဖြစ်လာခဲ့သည်။
ဤအရာသည် လျန်၊ ယွင်နှင့် ယန်နိုင်ငံများတွင်သာဖြစ်ပွားပါက ရွှေအမြုတေအဆင့် ဂိုဏ်းတစ်ခု သို့မဟုတ် မျိုးနွယ်စုတစ်ခုခုသို့ အစီအရင်ခံပြီးဖြစ်ရာ သေချာပေါက် လုံလောက်သောအာရုံစိုက်မှုတစ်ခုကို ဆွဲဆောင်နိုင်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည် ကျင်းနှင့် ရှူတွင်တော့ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။
ကျင်းနှင့် ရှုနိုင်ငံရှိ ကျင့်ကြံသူများ၏စ်ိတ်ထဲတွင် သေမျိုးများသည် အသေးအမွှားပုရွက်စိတ်များ သဖွယ်ပင်ဖြစ်သည်။
သူတို့သည် သေမျိုးများကို သူတို့လက်အောက်တွင်ဟု တန်ဖိုးဖြတ်ထားသော်လည်း ၎င်းတို့သည် လျန်၊ ယွင်၊ ယန်နိုင်ငံတို့နှင့် နှိုင်းယှဉ်နိုင်သည့် ပမာဏတစ်ခုတော့မဟုတ်ပေ။
သူတို့ဂရုစိုက်သည်မှာ ဤသေမျိုးများကြားတွင် ဝိညာဉ်အမြစ်နှင့် တစ်စုံတစ်ယောက် မွေးဖွားလာခြင်း မလာခြင်းသာဖြစ်သည်။
ထိုသေမျိုးများ၏အသက်အတွက်မူ သူတို့မှာ အလွန်စိတ်ထဲမထားကြလှပေ။
ထို့ကြောင့် ကျင်းနှင့်ရှုနိုင်ငံထဲရှိ သေမျိုးမြို့တော်တော်တော်များများ မြေပြင်တွင်ပြားဝပ်ပျက်စီးသွားသောအခါ မည်သည့်ရွှေအမြုတေဂိုဏ်း သို့မဟုတ် မျိုးနွယ်စုတစ်ခုမှ လာရောက်ပြီး အခြေအနေကိုစစ်ဆေးရန် အရေးတယူမလုပ်ကြခြင်းဖြစ်သည်။
၎င်းသည် သူတို့၏နယ်မြေတွင် ကျီဖုအဆင့်ဂိုဏ်းများနှင့် မျိုးနွယ်စုအချို့ ဖျက်စီးခံလိုက်ရသည့်သတင်း ပျံ့နှံ့မသွားခင်အထိသာဖြစ်ပြီး ထိုမှသာ ရှန်းကွမ်းမျိုးနွယ်စုနှင့် ရှေးဦးယန်တောင်ကြားတို့က အရေးတယူရှိခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ အလွန်နောက်ကျသွားပြီဖြစ်သည်။
အကြောင်းမှာ သွေးအရှင်သည် ကြယ်ခုနစ်စင်း၊ ရှီဖေးယန်နှင့် သူတို့လက်အောက်ရှိနတ်ဆိုးကျင့်ကြံသူအချို့နှင့်အတူ ရှန်းကွမ်းမျိုးနွယ်စုရှေ့တွင် ရောက်ရှိနေပြီဖြစ်သောကြောင့် ဖြစ်သည်။
“ဟားဟား ဒါကကျင်းနိုင်ငံရဲ့ ရွှေအမြုတေအင်အားစုတစ်ခုထဲက ရှန်းကွမ်းမျိုးနွယ်စုဆိုတာလား?”
သွေးအရှင်သည် ရှန်းကွမ်းမျိုးနွယ်စုကို ကြည့်လိုက်ကာ အေးစက်စွာပြုံးလိုက်သည်။
ထိုအချိန်တွင် သူ၏အခြေအနေမှာ ယခင်ဂူအိမ်ထဲရှိ အခြေအနေထက် များစွာ ကောင်းမွန်နေပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ကြောက်မက်ဖွယ် ဝိညာဉ်ဖိအားတစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။
သူသည် သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ခပ်အုပ်အုပ်အသံတစ်ခု မြည်ဟည်းသွားသည်။
အရိုးများဖြင့်ပြုလုပ်ထားသည့် သွေးနီရောင်လက်သည်းတစ်ခုသည် ရှန်းကွမ်းမျိုးနွယ်စု၏ တောင်အကာအကွယ်အစီအရင်ပေါ်သို့ လေးလံစွာကျရောက်လာသည်။
၎င်းသည် တောင်အကာအကွယ်အစီအရင်၏အလင်းကို တဖျပ်ဖျပ်တောက်လာစေခဲ့သည်။
ရှန်းကွမ်းမျိုးနွယ်စု၏ လက်ရှိခေါင်းဆောင်၊ ရှန်းကွမ်းယုံဟောင်၏ မျက်နှာအမူအယာမှာ ချက်ချင်းပင် သိသိသာသာပြောင်းလဲသွားခဲ့သည်။
“မကောင်းတော့ဘူး။ ဒီဝိညာဉ်ဖိအားက...
ဒါကအခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဆီကပဲ!”
ဝှစ်--
သူ၏မျက်နှာမှာ ချက်ချင်း သွေးရောင်များ ဖျော့တော့သွားခဲ့သည်။
သူသည် ကျင်းနိုင်ငံရှိ များပြားလှသောသေမျိုးများ၏ သေဆုံးခြင်းကို ဖြစ်ပွားစေကာ များစွာသော ကျီဖုအဆင့် ဂိုဏ်းများနှင့် မျိုးနွယ်စုများကို ဖျက်စီးခဲ့သော တရားခံမှာ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“ငါတို့တော့အဆုံးသတ်ပြီ! ငါဒီလိုမျိုးဖြစ်လာမယ်ဆိုတာသာသိခဲ့ရင် အခြားအင်အားကြီးမျိုးနွယ်စုတွေကိုသတင်းပေးပြီး ယုနိုင်ငံက အခြေတည်ဝိညာဥ်မျိုးနွယ်စုတွေဆီအစီရင်ခံခဲ့ပါတယ်။ နောက်ကျသွားပြီ။
အခုအရမ်းနောက်ကျသွားပြီ”
၎င်းသည် အရေးပေါ်ကိစ္စပင်ဖြစ်သည်။
သွေးအရှင်၏ တိုက်ခိုက်မှုအောက်တွင် တောင်အကာအကွယ်အစီအရင်မှာ လျင်မြန်စွာပင် ကျိုးပျက်သွားသည်။
ရှန်းကွမ်းယုံဟောင် မည်မျှပင် ရုန်းကန်လှုပ်ရှားနေပစေ ၎င်းမှာ အသုံးမဝင်တော့ပေ။
ရှန်းကွမ်းမျိုးနွယ်စုတစ်ခုလုံးသည် မကြာမီပင် သွေးအရှင်၏ ဖျက်စီးခြင်းကို ခံရပေတော့မည်။
ရှန်းကွမ်းယုံဟောင်အပါအဝင် လူတိုင်းသည် သွေးအရှင်၏ အစားအစာပင်ဖြစ်သည်။
၎င်းသတင်းသည် ကျင်းနိုင်ငံထဲရှိ အခြားဂိုဏ်းများကို သတိနိုးကြားစေခဲ့သည်။
ကွမ်းလင်ဂိုဏ်း၊ ရှေးဦးယန်တောင်ကြားနှင့် ချင်းယို့ဂိုဏ်းတို့ အပါအဝင်ပင်ဖြစ်သည်။
မျိုးနွယ်စုသုံးခုသည် ချက်ချင်းပင် သူတို့၏ ရွှေအမြုတေအဆင့်များကို စုံစမ်းစစ်ဆေးရန်လွှတ်လိုက်ကြသည်။
ထို့နောက်တွင် သူတို့အား စောင့်ကြိုနေသည်မှာလည်း ရှန်းကွမ်းမျိုးနွယ်စုနှင့် တူညီသည့် အဆုံးသတ်တစ်ခုသာဖြစ်သည်။
သို့သော်လည်း ရှန်းကွမ်းမျိုးနွယ်စုကို ဖျက်စီးလိုက်သည့်လူမှာ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။
ထို့ပြင် ဤအခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူသည် သာမန်လူမဟုတ်သေးဘဲ နှစ်ထောင်ပေါင်းများစွာမှ မဟာနတ်ဆိုးတစ်ကောင်ဖြစ်သည်။
အခြေတည်ဝိညာဉ်နယ်ပယ်နှင့် ရွှေအမြုတေနယ်ပယ်တို့ကြားရှိကွာခြားချက်သည် ကျော်လွှား၍မရနိုင်ဆဲဖြစ်သည်။
ကံကောင်းထောက်မစွာပင် ရှူနိုင်ငံသည် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
ချက်ချင်းဆိုသလိုပင် ၎င်းနယ်မြေအတွင်းရှိ ရွှေအမြုတေအဆင့်ကျင့်ကြံသူများအားလုံးသည် အင်အားစုပေါင်းလိုက်ကြသည်။
တချိန်တည်း၌ပင် သူတို့သည် သူတို့၏ကျင့်ကြံသူများကို လျန်၊ ယွင်၊ ယန်နိုင်ငံနှင့် ယုနိုင်ငံများသို့ စစ်ကူးများတောင်းဆိုရန် အဆိုပြုသည့်အနေဖြင့် စေလွှတ်လိုက်ကြသည်။
…..
လျန်နိုင်ငံ..
ကျန်းမျိုးနွယ်စု..
မှော်ဝင်တိုင်တောင်၏ လက်ခံတွေ့ဆုံရာအထွတ်ထိပ်တွင်..
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟောင်တုန်းပိုင်နှင့် ဝမ်ရှုကျွန်းတို့ပြောသည်ကို တည်ကြည်လေးနက်သော အမူအယာများဖြင့် နားထောင်ခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် ဟောင်တုန်းပိုင်နှင့် ဝမ်ရှုကျွန်းတို့သည် သူတို့နှစ်ယောက်ကို ကျင်းနိုင်ငံနှင့် ရှူနိုင်ငံတို့သည် လောလောဆယ်တွင် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူ၏တိုက်ခိုက်မှုအောက်သို့ ရောက်ရှိနေကြောင်း ပြောပြခဲ့သည်။
၎င်းသည် ချက်ချင်းပင် လင်မယားနှစ်ယောက်ကို ဤကိစ္စ၏ပြင်းထန်မှုကို သဘောပေါက်စေခဲ့သည်။
အမှန်တကယ်ပင် သူတို့သည် ကန်းနန်တိုက်၏နယ်မြေသို့ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူစ်ယောက်ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ဒီပုဂ္ဂိုလ်က ဘယ်ကရောက်လာတာလဲ?
ဘယ်လိုပဲဖြစ်ဖြစ် သူမည်သည့်နေရာပင်ရောက်လာသည်ဖြစ်စေ သူသည်ရောက်ရှိလာပြီး ရက်စက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ပြီးဖြစ်သည့်အတွက် သူတို့အမှုမဲ့အမှတ်မဲ့ မနေနိုင်ကြတော့ပေ။
“ငါမင်းတို့ ဒီကိစ္စအတွက် ဘယ်လိုလုပ်ဖို့စီစဉ်ကြမလဲဆိုတာ သိချင်မိတယ်”
***