လျန်နိုင်ငံသို့ နတ်ဆိုးစွမ်းအားကျရောက်ခြင်း၊ ကျောက်စိမ်းရေဓားစင်မြင့်၏ ကပ်ဆိုက်သောကာလ(၂)
Vol. 22 Ch. 422
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ဟောင်တုန်းပိုင်နှင့် ဝမ်ရှုကျွန်းတို့ကို ကြည့်ကာမေးလိုက်သည်။
သူ၏စကားများကိုကြားသောအခါ ဟောင်တုန်းပိုင်က ချက်ချင်းပြန်ဖြေလိုက်သည်။
“ဒါကနတ်ဆိုးရွှေအမြုတေအဆင့် ကျင်ကြံသူတစ်ယောက်ဆိုရင် ငါတို့တုံ့ဆိုင်းမနေဘဲ ကျင်းနဲ့ရှူနိုင်ငံတွေကို အကူအညီပေးဖို့သေချာပေါက်သွားရမယ်သူတို့နဲ့ငါတို့ကြားမှာ စစ်ဖြစ်နေမယ်ဆိုရင်တောင်မှ နတ်ဆိုးကျင့်ကြံသူတွေကိုရင်ဆိုင်တဲ့အခါမှာတော့ အတူတူရပ်တည်ရမယ်။
ကံမကောင်းစွာပဲ ငါတို့ရင်ဆိုင်နေရတဲ့လူက ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်နေတာပဲ။
ပြီးတော့ ငါကြားထားတာတော့ အဲ့ဒီကောင်က သွေးအရှင်လို့ခေါ်တဲ့ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက မဟာနတ်ဆိုးတစ်ကောင်တဲ့။ သူကသူ့ရဲ့ အကောင်းဆုံးအခြေအနေကိုရောက်မနေတာတောင်မှ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူကတော့ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူပဲ။
ဒါကငါတို့ သာမန်ကာလျှံ့ကာ ခုခံလို့ရတဲ့ပုဂ္ဂိုလ်မဟုတ်ဘူး။ ငါတို့မဆင်မခြင်လုပ်မယ်ဆိုရင် သေဖို့ကလွဲပြီး တခြားရလဒ်မရှိဘူး။ ဒီကိစ္စက ငါတို့ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာထက်ကို ပိုလွန်နေပြီ။ ဒါကြောင့် ကျောက်စိမ်းရေဓားစင်မြင့်နဲ့ ကောင်းကင်ယွဲ့ဂိုဏ်းက လျန်နိုင်ငံကိုခုခံဖို့ အင်အားတွေစုပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။
ငါတို့ ယုနိုင်ငံက အခြေတည်ဝိညာဉ်စံသခင်တွေ အကူအညီပေးဖို့လာတဲ့အခါမှာ အဖြေရှာကြမယ်”
“အဲ့ဒီလိုလား?”
ကျန်းချန်ရွှမ်က ဝမ်ရှုကျွင်းဆီ လှည့်လိုက်သည်။
ကောင်းကင်ယွဲ့ဂိုဏ်းမှ ရေခဲနတ်သမီးက ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ ဒီကိစ္စတကယ့်ကိုပဲ ကျွန်မတို့တတ်နိုင်စွမ်းထက် ကျော်လွန်သွားပြီ။ ကျွန်တို့ မကူညီချင်တာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့မှာကူညီဖို့ စွမ်းအားလုံလုံလောက်လောက်မရှိဘူး။
အခုအနေနဲ့ ကျွန်မတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကျွန်မတို့ကိုယ်ပိုင်နယ်မြေတွေကို ကာကွယ်ဖို့ပဲ”
ကျန်းချန်ရွှမ်က သဘောတူလိုက်သည်။
မည်သို့ပင်ဖြစ်စေ ပြဿနာမှာ သွေးအရှင်သည် လျန်နိုင်ငံသို့ ယုနိုင်ငံမှ အခြေတည်ဝိညာဉ်စံသခင်များ အရင်ရောက်လာလျှင် ဆိုသည့်ကိစ္စဖြစ်သည်။
ထိုအချိန်ရောက်ရင် သူတို့ဘယ်လိုလုပ်ကြမလဲ?
အရေးအကြီးဆုံးမှာ သွေးအရှင်သည် သူ၏စွမ်းအားအမြင့်ဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလျှင်ဘယ်လိုလုပ်မလဲ?
စံသခင်ရွှမ်းယန် ကိုယ်တိုင်မလာရောက်သေးသရွေ့တော့ ယုနိုင်ငံမှ အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်လာရောက်ပါကလည်း သူသည် သွေးအရှင်နှင့် ရင်မဆိုင်နိုင်လောက်ပေ။
အခြေတည်ဝိညာဉ်စံသခင်တောင်ပင် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။
အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်ဆုံးရှုံးမှုသည် လူသားမျိုးနွယ်စု၏ စွမ်းအားအလုံးစုံပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုတစ်ခု ရှိပေလိမ့်မည်။
ထို့ပြင် ယခုသူတို့၏ လက်ရှိရန်သူမှာ နတ်ဆိုးကျင့်ကြံသူများသာမက နတ်ဆိုးစက်သားရဲများလည်း ပါသည်။
ကျန်းချန်ရွှမ်ပြောဆိုလိုက်သည့် ဖြစ်နိုင်ချေနှင့် စပ်လျဉ်း၍ ဟောင်တုန်းပိုင်နှင့် ဝမ်ရှူကျွင်းတို့တွင် ဖြေရှင်းချက်မရှိကြပေ။
သူတို့လည်းအရင်က ယခုကဲ့သို့ ဖြစ်နိုင်ချေမျိုးကို မတွေးဖူးခြင်းမဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူတို့ပြုလုပ်နိုင်သည်မှာ အနည်းကျဉ်းသာရှိသည်။
“နေဦး!”
ရုတ်တရက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လျန်နိုင်ငံ၏ အရှေ့တောင်အရပ်ဆီသို့ ကြည့်လိုက်သည်။
သူတို့၏မျက်နှာပေါ်တွင် ချက်ချင်း တည်ကြည်လေးနက်သော အမူအယာတစ်ခု ပေါ်ပေါက်လာပေသည်။
ဟောင်တုန်းပိုင်နှင့် ဝမ်ရှုကျွင်းတို့သည် အနည်းငယ်ရှုပ်ထွေးသွားသော်လည်း သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
ဟောင်တုန်းပိုင်က ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်း။ တစ်ခုခုဖြစ်လို့လား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏အကြည့်များကို ရုပ်သိမ်းကာ လေးနက်စွာပြောလိုက်သည်။
“မြန်မြန် ငါတို့ရဲ့စွမ်းအားတွေကို သွေးအရှင်ကို ခုခံဖို့ အကုန်စုလိုက်ကြ”
“ဘာရယ်”
ဟောင်တုန်းပိုင်နှင့် ဝမ်ရှုကျွင်းတို့ အံ့အားသင့်သွားခဲ့သည်။
“သူကငါတို့ တွက်ထားတာထက် အရင်ရောက်လာပြီ”
ကျန်းချန်ရွှမ်သည် သူတို့မေးချင်နေသည့် မေးခွန်းကို ဖြေလိုက်သည်။
၎င်းသည် ဟောင်တုန်းပိုင်နှင့် ဝမ်ရှူကျွင်းတို့၏ အမူအယာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
“တာအိုရောင်းရင်းကျန်း၊ ခင်ဗျားအတည်ပြောနေတာလား?”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့၊ သွားပြီးတော့ ငါတို့ရဲ့လူတွေကို စုရုံးကြ။ အချိန်မဆွဲကြနဲ့တော့။”
၎င်းကိုကြားကာ ဟောင်တုန်းပိုင်နှင့် ဝမ်ရှူကျွင်းတို့သည် ဤကိစ္စ၏အရေးကြီးမှုကို ချက်ချင်းသဘောပေါက်လိုက်ကြသည်။
သူတို့ ဆက်ထိုင်နေ၍မဖြစ်တော့ပေ။
သူတို့သည် ကျန်းချန်ရွှမ်နှင့် သူ၏မိန်းမကို နှုတ်ဆက်စကားဆိုလိုက်ကာ မှော်ဝင်တိုင်တောင်မှ လျင်မြန်စွာ ထွက်သွားကြသည်။
သူတို့၏ ပျောက်ကွယ်သွားသော ပုံရိပ်များကိုကြည့်ရင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ကျန်းချန်ရွှမ်ကပြောလိုက်သည်။
“ငါတို့ရဲ့ ကိုယ်ပိုင်ခွန်အားတွေအပေါ်မှာပဲ မှီခိုနေလို့ရှိရင် ငါတို့သွေးအရှင်နဲ့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ကံကောင်းစွာပဲ ငါအဲ့ဒီနေ့ စံသခင်ရွှမ်းယန်နဲ့ လမ်းခွဲခဲ့တဲ့အချိန်က သူကငါ့ကို ထူးခြားတဲ့ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်တစ်ခုပေးလိုက်တယ်။ ဒီအဆောင်ကနေပြီးတော့ ငါတို့ဒီမှာဖြစ်ပျက်နေတာတွေကို သူ့ဆီကို ပြောပြလို့ရတယ်။ ငါသူရဲ့အမြန်နှုန်းနဲ့သာဆိုရင် ဒီကိုရောက်ဖို့မကြာလောက်ဘူးလို့ထင်တယ်။ ငါတို့အခုလုပ်ဖို့လိုအပ်နေတာက စံသခင်ရွှမ်းယန်ရောက်မလာခင်အထိ သွေးအရှင်ကိုအချိန်ဆွဲနိုင်အောင် အကောင်းဆုံးကြိုးစားဖို့ပဲ”
သူစကားပြောနေစဉ်တွင်ပင် ကျန်းချန်ရွှမ်သည် အထူးကျောက်စိမ်းအဆောင်ကိ ထုတ်လိုက်ကာ သူတို့ရင်ဆိုင်နေရသည့်အခြေအနေကို စံသခင်ရွှမ်းယန်အားပြောလိုက်သည်။
….
တစ်ချိန်တည်း၌ပင်
လျန်နိုင်ငံနှင့် ကီလိုမီတာရာချီအဝေး၌..
နတ်ဆိုးအလံ၏နောက်တွင် ကြယ်ခုနစ်စင်း၊ ရှီဖေးယန်၊ အဝါရောင်ကြာအရှင်၊ အစိမ်းရောင်ကြာအရှင်၊ ဝမ်ထျန်းရှန်နှင့် အခြားရွှေအမြုတေကျင့်ကြံသူများရှိနေသည်။
ထိုလူအကုန်လုံးသည် လွန်ခဲ့သောနှစ်ရာပေါင်းများစွာက လျန်၊ ယွင်၊ ယန်နိုင်ငံများနှင့် စစ်မက်ဖြစ်ပွားခဲ့သည့် နတ်ဆိုးကျင့်ကြံသူများ၏ အကြွင်းအကျန်များဖြစ်သည်။
မမျှော်လင့်စွာပင် သူတို့အကုန်လုံးမှာ သွေးအရှင်ကြောင့်ပြန်လည်ပေါင်းစည်းသွားခဲ့သည်။
ဤအတိုင်းဆိုပါက သွေးအရှင်နှင့်ရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲမှုသည် ခနအတွင်းပင် မြင့်တက်သွားမည်ဖြစ်သည်။
ဘွန်း! ဘွန်း! ဘွန်း!
သွေးအရှင်နှင့် အခြားသူများသည် ပုန်းခိုနေရန် နည်းနည်းမှ ရည်ရွယ်ချက်မရှိပေ။
သူတို့ပျံသန်းလာသည်နှင့် ကြောက်မက်ဖွယ်ဝိညာဉ်ဖိအားများသည် အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားကာ လမ်းတစ်လျှောက်ရှိ တောင်များနှင့် တောအုပ်များကို အစိတ်စိတ်အမြွှာမြွှာကွဲထွက်စေခဲ့သည်။
မိုင်ထောင်ပေါင်းများစွာအဝေးကပင်လျှင် လူတို့သည် ကြောက်မက်ဖွယ်ခွန်အားတစ်ခုကို ခံစားမိနိုင်ပေသည်။
၎င်းသည် လျန်နိုင်ငံရှိ ရွှေအမြုတေကျင့်ကြံသူများကို အဖိနှိပ်ခံအာရုံတစ်ခုကိုဖြစ်ပေါ်စေခဲ့ကာ စိတ်ပျက်ခြင်းလည်း ဖြစ်စေခဲ့သည်။
ဤကဲ့သို့ စွမ်းအားကြီးမားလှသည့် ရန်သူမှာ သူတို့ အမှန်တကယ်ရင်ဆိုင်နိုင်မည့် တစ်စုံတစ်ယောက် ဟုတ်ပါ့မလား?
ဘွန်း!
ထိုအချိန်တွင် နတ်ဆိုးမီးတောက်များဖြင့် တောက်လောင်နေသည့် ကြီးမားသောဦးခေါင်းခွံတစ်ခုသည် လမ်းခုလတ်တွင် ရုတ်တရက် ဦးတည်ချက်ပြောင်းလိုက်သည်။
၎င်းသည် သူ့အားကြည့်နေသည့် ကျောက်စိမ်းရေဓားစင်မြင့်မှ ကျင့်ကြံသူများ၏ အမူအယာကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။
“မကောင်းတော့ဘူး! ဒီမိစ္ဆာက ငါတို့ကျောက်စိမ်းရေဓားစင်မြင့်ဆီကိုတည့်တည့်လာနေတာပဲ”
“မြန်မြန် တောင်အကာအကွယ်အစီအရင်ကို အမြင့်ဆုံးစွမ်းအားရောက်အောင် အသက်သွင်းကြ”
သူ၏ဂိုဏ်းသို့ပြန်လည်ရောက်ရှိနေပြီးဖြစ်သော ဟောင်တုန်းပိုင်သည် ချက်ချင်း အမိန့်ပေးလိုက်သည်။
ဝှီ--
ချက်ချင်းပင် ကျောက်စိမ်းရေဓားစင်မြင့်တစ်ခုလုံး၏ ကောင်းကင်အထက်တွင် ကြီးမားသောအလင်းရောင်မျက်နှာပြင်တစ်ခု ပေါ်ထွက်လာသည်။
အလင်းမျက်နှာပြင်ပေါ်တွင် ဓားချီတစ်ခု လိမ့်တက်လာသည်။
ဤအစီအရင်သည် ကျောက်စိမ်းရေတစ်သောင်းဓားအစီအရင်ဟု ခေါ်သည့် တောင်အကာအကွယ် အစီအရင် တစ်ခုဖြစ်သည်။
အစီအရငသည် အပြည့်အဝအသက်သွင်းပြီးသည့်တိုင် ကျောက်စိမ်းရေဓားစင်မြင့်၏ကျင့်ကြံသူများသည် လုံခြုံသည်ဟု မခံစားရသေးပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ယခုတစ်ကြိမ် ကြုံတွေ့နေရသည်မှာ သူတို့ရင်ဆိုင်နိုင်သည်ထက် များစွာပိုလွန်နေသောကြောင့်ဖြစ်သည်။
ကျောက်စိမ်းရေတစ်သောင်းဓားအစီအရင်တစ်ခုတည်းဖြင့် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို ခုခံရန်မှာ အသေအချာပင်မည်သို့မှ မဖြစ်နိုင်ပေ။
ကျောက်စိမ်းရေဓားစင်မြင့်၏ အန္တိမရတနာကို ထုတ်ယူရန် အချိန်ကျလာပြီနှင့်တူသည်။
အကြီးအကဲချုပ် ကုယွဲ့ဖန်းသည် ဘိုးဘေးပိုင်ခန်းမထဲသို့ စကားပြောဆိုရန် လှည့်သွားခဲ့သည်။
ဘွန်း!
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် တောင်အကာအကွယ်အစီအရင်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားခဲ့သည်။
မူလကမျက်စိကျိန်းလောက်အောင်ဝင်းလက်နေသည့် အလင်းမျက်နှာပြင်သည် အမှန်တကယ်ပင် အနည်းငယ် မှေးမှိန်သွားခဲ့သည်။
အစီအရင်၏အပြင်ဘက်၌ ကြီးမားသောဦးခေါင်းခွံနှင့် နတ်ဆိုးမီးတောက်များ ပုံစံနှင့် သွေးအရှင်သည် ကြယ်ခုနစ်စင်း၊ ရှီဖေးယန်နှင့် ရွှေအမြုတေနတ်ဆိုးကျင့်ကြံသူအုပ်စုနှင့်အတူ ဆင်းသက်လာပြီးဖြစ်သည်။
၎င်းကိုမြင်ကာ ကျောက်းစိမ်းရေဓားစင်မြင့်ရှိ ကျင့်ကြံသူများအားလုံးသည် ထိတ်ထိတ်ပျာပျာ အမူအယာများ ဖြစ်ပေါ်ခဲ့ကြသည်။
ထိုအချိန်တွင် ကြယ်ခုနစ်စင်းက ပြုံးလျက်ပြောလိုက်သည်။
“ကျောက်စိမ်းရေဓားစင်မြင့်၊ ငါ ငါတို့မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ မိတ်ဆက်ပေးဖို့မလိုတော့ဘူးလို့ထင်တယ်။ တောင်အကာအကွယ်အစီအရင်ကို ဖျက်သိမ်းပြီး သွေးအရှင်ဆီမှာ အညံ့ခံလိုက်။ သူ့ကိုဘယ်တော့မှ သစ္စာမဖောက်ပါဘူးလို့ ကျိန်ဆိုလိုက်။
ဒီလိုဆိုရင် မင်းနဲ့ငါနဲ့ မိတ်ဆွေတွေဖြစ်နိုင်တယ်။
မဟုတ်ရင်တော့ ငါ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ပြောဖို့မလိုတော့ဘူးထင်တယ်။
အခွင့်အရေးတစ်ခုပဲရှိတယ်။
မင်းရွေးချယ်မှုမမှားဖို့တော့ ငါမျှော်လင့်ပါတယ်”
***