← Chapters

အန္တိမရတနာ၊ အခြေတည်ဝိညာဉ်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း(၂)

Vol. 22 Ch. 424

အန္တိမရတနာ၊ အခြေတည်ဝိညာဉ်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း(၂)

Vol. 22 Ch. 424

ဘွန်း!

အဆုံးတွင် ကုယွဲ့ဖန်းခုတ်ပိုင်းလိုက်သည့် နဂါးပုံစံဓားချီအကုန်လုံးသည် ကြေမွကွဲထွက်သွားခဲ့သည်။

တစ်သောင်းဓားအစီအရင်ပေါ်တွင် ကျရောက်ကာ ကျန်ရှိနေသည့် ဦးခေါင်းခွံများသည် စတုတ္ထအဆင့် အဆင့်မြင့် တောင်အကာအကွယ်အစီအရင်ကို ထပ်မံမှေးမှိန်အောင် ပြုလုပ်နေသည်။

ထပ်ပေါင်းအနေဖြင့် ကြယ်ခုနစ်စင်းနှင့် အခြားရွှေအမြုတေကျင့်ကြံသူများသည် အစွန်းဘက်ခြမ်းမှ ထပ်မံတိုက်ခိုက်နေကြသည်။

ဤအစီအရင်သည် ကြေမွပျက်စီးရန် သိပ်မကြာလောက်တော့ပေ။

ထိုအချိန်တွင် သွေးအရှင်သည် ဤတိုက်ပွဲကို အချိန်ဆွဲနေရန် စိတ်ဝင်စားမှုများအားလုံး ပျောက်ဆုံးသွားသည်။

သူ၏မျက်လုံးများထဲတွင် သွေးနီရောင်များ တောက်လာခဲ့သည်။

အသံနိမ့်နိမ့်တစ်ခု ထွက်လာခဲ့သည်။

“မင်းတို့ကငါ့ကို အညံ့မခံချင်ကြမှတော့ ဒိီ‌နေ့ကောင်းကင်ရေဓားစင်မြင့်တစ်ခုလုံး တည်ရှိနေဖို့ ရပ်စဲသွားတော့မယ်”

၎င်းကို ပြောပြီးသောအခါ နတ်ဆိုးမီးတောက်များသည် ပို၍ပြင်းထန်လာသည်။

ထို့နောက်တွင် နဂိုထက် ဆယ်ဆပိုကြီးသော ဦ‌ခေါင်းခွံများသည် တစ်သောင်းဓားအစီအရင်ဆီသို့ ကျလာခဲ့သည်။

ကြောက်မက်ဖွယ်ခွန်အားတစ်ခုသည် အောက်ဘက်ရှိ မြေထုကို အက်ကွဲစေကာ လောင်ကျွမ်းစေခဲ့သည်။

တိုက်ခိုက်မှုများဖြင့် လွှမ်းမိုးခံထားရသော တစ်သောင်းဓားအစီအရင်မှ ဓားများ၏အဆက်မပြတ် အော်သံများ ထွက်ပေါ်လာခဲ့သည်။

တိုက်ခိုက်မှုရောက်ရှိမလာသေးခင်ပင် အစီအရင်သည် ပျက်စီးတော့မည့် လက္ခဏာများ ပြသလျက်ရှိသည်။

ကမ္ဘာ့သွေးကြောနှင့် ဝိညာဉ်ချီတို့၏ စီးဆင်းမှုသည် အလွန်အမင်း ပရမ်းပတာဖြစ်လာသည်။

ဒါက အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား?

အစီအရင်ထဲ၌ ….

ဟောင်တုန်းပိုင်နှင့် ကျောက်စိမ်းရေဓားစင်မြင့်မှ အခြားကျင့်ကြံသူများသည် လေးပင်သော စိတ်ပျက်မှုတစ်ခုကို ခံစားလိုက်ရသည်။

နတ်ဆိုးမီးတောက်များဖြင့် တောက်လောင်နေသည့် ဦးခေါင်းခွံများ တစ်သောင်းဓားစင်မြင့်ဆီသို့ ကျရောက်တော့မည့်ဆဲဆဲပင် မိုးချုန်းသံများဖြင့် ရွှေဓားချီနှင့် ငါးရောင်စုံဓားချီတို့သည် ဦးခေါင်းခွံများဆီသို့ ဝင်တိုက်လိုက်ကြသည်။

ကျယ်လောင်သော ဒိုင်းခနဲ တိုက်မိသံတစ်ခု ထွက်ပေါ်ခဲ့သည်။

မိုးခြိမ်းသံတို့ဖြင့် ရွှေဓားချီ၊ ငါးရောင်စုံဓားချီနှင့် နတ်ဆိုးမီးတောက်များဖြင့် တောက်လောင်နေသည့် ဦးခေါင်းခွံများသည် အတူတူ ပျက်စီးသွားကြသည်။

“ဟမ်?”

ဤမြင်ကွင်းသည် သွေးအရှင်ကို မျက်လုံးကျဉ်းသွားစေခဲ့သည်။

ကြယ်ခုနစ်စင်း၊ ရှီဖေးယန်၊ ဟောင်တုန်းပိုင်နှင့် အခြားသူများသည်လည်း အံ့အားသင့်သွားခဲ့ကြသည်။

ထိုသူများမည်သူဆိုသည်ကို သူတို့မြင်လိုက်ရသည့်အချိန်တွင် သူတို့စိတ်ထဲရှိ အံ့အားသင့်မှုများ တိုးပွားလာခဲ့သည်။

“ကြည့်ရတာ ငါတို့အရမ်းနောက်မကျသေးဘူးနဲ့တူတယ်”

သူတို့ကိုယ်သူတို့ ရုပ်လုံးပြပြီးသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟောင်တုန်းပိုင်နှင့် ဝမ်ရှူကျွင်းကို ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောက် လင်မယားနှစ်ယောက်သည် သွေးအရှင်နှင့် ကြယ်ခုနစ်စင်းကို ကြည့်လိုက်သည်။

“ရူယန် ကိုယ်ကြယ်ခုနစ်စင်းနဲ့ တခြားဆန်ကုန်မြေလေးတွေကို မင်းဆီလွှဲထားခဲ့မယ်”

ကျန်းချန်ရွှမ်က ဖြည်းညင်းစွာပြောလိုက်သည်။

“နှစ်ထောင်ပေါင်းများစွာက အခြေတည်ဝိညာဉ်နတ်ဆိုးအတွက်တော့ သူဘာလုပ်နိုင်လဲဆိုတာ ကိုယ်ကြည့်ဦးမယ်”

ကျန်းချန်ရွှမ်၏ စကားများကိုကြားသောအခါ ရှန်းရူယန်သည် ခေါင်းမညိတ်မီ အနည်းငယ် တုံ့ဆိုင်းနေသေးသည်။

သူမယောက်ျား၏ သန်မာမှုကို သူမထက် ဘယ်သူမှပိုမသိပေ။

သူ့အတွက် ဤအခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူကို တစ်ယောက်တည်းအနိုင်ယူရန် အလားလာအရှိနိုင်ပေ။

မည်သို့ပင်ဖြစ်စေ သူ့ကို အချိန်တစ်ခုထိဟန့်တားရန်တော့ ပြဿနာကြီးကြီးမားမားမရှိလောက်ပေ။

ရှန်းရူယန်သည် ကြယ်ခုနစ်စင်းနှင့် အခြားရွှေအမြုတေနတ်ဆိုးကျင့်ကြံသူများဆီသို့ အပြေးအလွှားသွားခဲ့သည်။

ကျန်းချန်ရွှမ်ကမူ သွေးအရှင်ဆီသို့ တစ်ဟုန်ထိုးပြေးသွားခဲ့သည်။

“စိတ်ဝင်စားစရာပဲ”

နတ်ဆိုးမီးတောက်များဖြင့် တောက်လောင်နေသည့် ကြီးမားသောဦးခေါင်းခွံထဲရှိ သွေးအရှင်သည် ကျန်းချန်ရွှမ်ကို ကြည့်ကာ နားလည်ရခက်စွာပြုံးလိုက်သည်။

ထို့နောက်တွင် နတ်ဆိုးမီးတောက်များဖြင့် တောက်လောင်နေသည့် ဦးခေါင်းခွံများ ပျံထွက်လာကာ ကျန်းချန်ရွှမ်ကို တိုက်ခိုက်ခဲ့သည်။

“သွားတော့!”

ဘွန်း!

ထို့နောက် ရွှေ‌ဗလာနယ်ဓားသည် ပေတစ်ထောင်အရွယ်အစား ပို၍ကြီးမားလာသည်။

ဓားသည် အပေါ်မှ တည့်တည့်မတ်မတ်ပြုတ်ကျလာသည်။

ကြောက်မက်ဖွယ်ဓားချီသည် ဆူနာမီကဲ့သို့ ကျယ်ပြန့်နေသည်။

ဒုန်းခနဲ၊ ဒိုင်းခနဲမြည်သံများ တရစပ် ထွက်ပေါ်ခဲ့သည်။

သူ့ဆီသို့ ပျံသန်းလာနေသည့် ဦးခေါင်းခွံအားလုံးသည် ကြေမွပျက်စီးသွားခဲ့သည်။

မြေပြင်မှ ကြည့်လိုက်လျှင် ၎င်းသည် သွေးရောင် မီးရှူးမီးပန်းများ အစုအဝေးနှင့်ပင် တူသေးသည်။

ဟောင်တုန်းပိုင်နှင့် ကျောက်စိမ်းရေဓားစင်မြင့်မှ ကျင့်ကြံသူများအားလုံးသည် အံ့အားသင့်သွားခဲ့ကြသည်။

“တာအိုရောင်းရင်းကျန်းရဲ့ခွန်အားက...”

ဝှစ်-

တစ်ချိန်တည်း၌ပင် အစိမ်းရောင်နှင့် အဖြူရောင်မီးတောက်နှစ်ခုသည် ရုတ်တရက် စတင်ဖျစ်ညှစ်ပေါင်းစပ်ကာ ကျန်းချန်ရွှမ်၏ လက်ထဲတွင် ပေါက်ကွဲသွားသည်။

အဆုံးတွင် မီးဘောလုံးနှစ်လုံးသည် ကြောက်မက်ဖွယ်မတည်မငြိမ်ဖြစ်ခြင်းတစ်ခုကို သယ်ဆောင်လာနေသည့် အရာများဖြစ်နေကြသည်။

ကျန်းချန်ရွှမ်သည် ၎င်းကို ဖြည်းညင်းစွာလွှဲလိုက်ကာ ၎င်းသည် ကြီမားသောဦးခေါင်းခွံဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားသည်။

လမ်းတစ်လျှောက်တွင် ရှည်လျားပြီး တူးခြစ်နေသော အမှတ်များသာ လေထဲတွင် ‌ကျန်ရစ်ခဲ့သည်။

ယင်းတို့သည် ကျန်းချန်ရွှမ်၏ နတ်စွမ်းအားများ ဖြစ်ကြသည့် ယင်နှင့်ယန်နတ်မီးတောက်များဖြစ်ကြသည်။

“ဘာရယ်”

ကြီးမားသော ဦးခေါင်းခွံထဲရှိ သွေးအရှင်သည် ယင်နှင့်ယန်မီးတောက်များမှ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်မတည်မငြိမ်ဖြစ်ခြင်းတစ်ခုကို ခံစားလိုက်ရသောအခါ သူ၏အမူအယာသည် နောက်ဆုံးတွင် ပထမဆုံးအနေဖြင့် ပြောင်းလဲသွားသည်။

“ရွှေအမြုတေအဆင့်တစ်ယောက်က ဒီလိုအားကောင်းတဲ့နတ်စွမ်းအားမျိုး ထုတ်လွှတ်နိုင်တယ်လား...”

ထိုအချိန်တွင် သွေးရောင်နတ်ဆိုးမီးတောက်များသည် ကောင်းကင်မှဆင်းသက်လာသည်။

နတ်ဆိုးမီးတောက်တစ်ခုစီ၏စွမ်းအားသည် ရွှေအမြုတေအဆင့်ထက် သာလွန်နေသည်။

၎င်းတို့သည် ကျန်းချန်ရွှမ်၏ ယင်နှင့်ယန်နတ်မီးတောက်များနှင့် တိုက်မိသွားသည်နှင့် ကောင်းကင်သည် အလွန်မျက်စီစူးဖွယ် အလင်းရောင်တစ်ခုဖြင့် လင်းလက်သွားသည်။

မိုင်တစ်ရာအဝန်းထဲရှိ အရာအားလုံးသည် ရပ်တန့်သည့်ခလုတ်တစ်ခုထံမှ ဖိနှိပ်ခံလိုက်ရသကဲ့သို့ အသံအားလုံးပျောက်သွားသည်။

၎င်းသည် ၅၀ကီလိုမီတာအဝန်းသို့ရောက်ရှိလျက် မြေပြင် ပျက်စီးအက်ကွဲနေသည့် ပေါက်ကွဲမှုများ တရစပ် ထွက်ပေါ်မလာခင် အချိန်အထိသာဖြစ်သည်။

ဂျိန်း--

ကောင်းကင်တစ်ခုလုံးတွင် နျူကလိယပေါက်ကွဲမှုနှင့်တူသည့် ကြီးမားသာ မှိုတိမ်တိုက်များ ဆက်၍မြင့်တက်နေသည်။

ကြောက်မက်ဖွယ်ပေါက်ကွဲမှုတစ်ခုသည် ကီလိုမီတာများစွာအဝန်းထဲရှိ အသက်များအားလုံးကို ဖျက်စီးလိုက်သည်။

မြေပြင်ပေါ်တွင် အစိမ်းနှင့် သွေးရောင်မီးတောက် အတန်းများသည် ဆက်၍ လောင်ကျွမ်းနေသည်။

အချိန်တစ်ခုကြာသွားသော်လည်း ၎င်းသည် မီးငြိမ်းသတ်မည့် လက္ခဏာ မပြသေးပေ။

၎င်းသည် ရွှေအမြုတေနယ်ပယ်ထက်ပိုလွန်သော ဖျက်စီးတတ်သည့် စွမ်းအားတစ်ခု ဖြစ်သည်။

ဤအဆင့်တိုက်မိခြင်းများသည် ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်ကို ဖွတ်ဖွတ်ညက်ကြေစေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဤအချိန်တွင် လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ ကျန်းချန်ရွှမ်၏ သန်မာမှုပင် ဖြစ်သည်။

သူသည် နှစ်ထောင်ပေါင်းများစွာမှ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သွေးအရှင်၏ တိုက်ရိုက်တိုက်ခိုက်မှုကို ဆန့်ကျင်နေသည်။

တစ်ခုသိရမည်မှာ ဤနတ်ဆိုးသည် သာမန်အခြေတည်ဝိညာဉ်ကျင့်ကြံသူများတောင် ခေါင်းချင်းဆိုင်မတိုက်ခိုက်ရဲသည့် ကြောက်မက်ဖွယ်မျိုးဖြစ်သည်။

ယခုမူ ကျန်းချန်ရွှမ်သည် ၎င်းကို ပြုလုပ်လိုက်ရုံသာမက သူက အသက်ရှင်တောင်ကျန်ရစ်နေသေးသည်။

သွေးအရှင်သည် သူ၏အထွတ်အထိပ်သို့ ရောက်မနေသော်လည်း အထွတ်အထိပ်၏ သုံးပုံတစ်ပုံ တော့ရှိ‌သည်။

ထိုသို့ဆိုရင်တောင် သူသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် သို့မဟုတ် ပဏာမအခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် တန်းတူရည်တူ ဖက်ပြိုင်နိုင်မည့် ပုဂွိုလ်တစ်ယောက်မဟုတ်ပေ။

“မယုံနိုင်စရာပဲ အလွယ်တကူမယုံနိုင်စရာပဲ”

ထိုအချိန်တွင် ဟောင်တုန်းပိုင်နှင့် တစ်သောင်းဓားအစီအရင် အထဲမှ အခြားသူများသည် သက်ပြင်းချလိုက်ကြသည်။

တစ်ခြားတစ်ဖက်တွင်လည်း ကြယ်ခုနစ်စင်းနှင့် တခြားသူများသည် ပို၍ မယုံနိုင်ဖွယ်ဖြစ်နေသည်။

သွေးအရှင်အတွက်မူ သူ၏မျက်နှာပေါ်တွင် မည်သည့် အမူအယာမှ မရှိတော့ပေ။

ယခုတိုက်ခိုက်ခြင်းသည် သူ့အား ရန်စခံရပြီး ခြိမ်းခြောက်နေသကဲ့သို့ ခံစားရစေသည်။

၎င်းသည် ပုရွက်ဆိတ်မှ နဂါးတစ်ကောင်ကို စိတ်ဆိုးအမျက်ထွက်အောင် လှုံ့ဆော်နေသကဲ့သို့ ဖြစ်နေသည်။

တစ်ချိန်တည်း၌ပင် သူအနည်းငယ် ကြောက်ရွံ့သွားသည်။

ယခုမူ ကျန်းချန်ရွှမ်သည် အခြေတည်ဝိညာဉ် နယ်ပယ်ကို ချိုးဖြတ်ရတော့မည်ဖြစ်သည်။

သို့သော်လည်း သူ့တွင် ကြောက်မက်ဖွယ်ခွန်အားတစ်ခု ရှိနေပြီးသားဖြစ်သည်။

သူသည် အခြေတည်ဝိညာဉ်နယ်ပယ်ကို အမှန်တကယ် ကျော်ဖြတ်နိုင်သွားပါက မည်ကဲ့သို့တည်ရှိမှုမျိုးဖြစ်လာမည်နည်း။

ထိုသို့ဆိုလျှင်

သူ့အား အသက်ရှင်သန်ခွင့်မပြုနိုင်တော့ပေ။

ဘွန်း!

ထိုအချိန်တွင် ကြီးမားသော ဦးခေါင်းခွံမှာ ရုတ်တရက် ကျယ်ပြန့်လာသည်။

ကြောက်မက်ဖွယ်ဖိအားတစ်ခုသည် ကျန်းချန်ရွှမ်ဆီသို့ ဖိနှိပ်လျက်ရှိသည်။

တစ်ချိန်တည်း၌ပင်…

လေထဲတွင် သွေးရောင်ဓားပျံသည် ကျန်းချန်ရွှမ်ဆီတွင် အရိုးများပျက်စီးသွားအောင် ပြုလုပ်လျက်ရှိသည်။

၎င်းမှထုတ်လွှတ်နေသော ခွန်အားသည် အမှန်တကယ်ပင် ပတ်ဝန်းကျင်ရှိ အလင်းရောင်များကို စတင်ပျက်စီး ရှုံ့တွစေကာ ပျက်စီးခြင်းကိုပင် ဖြစ်ပေါ်စေခဲ့သည်။

၎င်းဖြတ်သန်းသွားသည့်အချိန်တိုင်း အလင်းမှာ မှောင်မိုက်သွားခဲ့သည်။

“ဒါလား? နတ်ဆိုးရတနာစစ်စစ်အဆင့်ဓားဆိုတာ?”

အဝေးရှိ ဟောင်တုန်းပိုင်နှင့် အခြားသူများ၏ အမူအယာများမှာ ပြောင်းလဲသွားခဲ့သည်။

ပထမဆုံးမအနေဖြင့် တည်ကြည်လေးနက်မှုရှိခြင်းအကြည့်တစ်ခု ကျန်းချန်ရွှမ်၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်တွင် သူ၏နတ်အာရုံသည် သူ့အား အပြင်းအထန် သတိပေးနေပြီဖြစ်သည်။

၎င်းမှာ သူ့အား သူသည် ဤအခြေအနေတွင် ဤတိုက်ခိုက်မှုကို ပိတ်ဆို့ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မပြုလုပ်နိုင်ကြောင်း သတိပေးနေခြင်းဖြစ်သည်။

***

All Chapters