ကြယ်ခုနစ်စင်းအားသတ်ဖြတ်ခြင်း၊ အခြေတည်ဝိညာဉ်နတ်ဆိုး၏ ဒေါသူပုန်ထခြင်း
Vol. 22 Ch. 425
အကြောင်းပြချက်မရှိဘဲ ကျန်းချန်ရွှမ်၏ နှလုံးသားထဲရှိ တိုက်ခိုက်ခြင်းဝိညာဉ်မှာ နိုးကြားလာသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများသည် အလွန်အမင်း လိမ့်တက်လာဟန်တူသည်။
သူ၏ ရွှေအမြုတေအတိဒုက္ခမှစတင်၍ သူသည် လွတ်လမ်းမရှိသည့် သေခြင်းတရား၏အစွန်းတွင်ရှိနေသည့် ခံစားချက်ကိုမခံစားခဲ့ရတော့သည်မှာ အလွန်ကြာချေပြီ။
ဤအချိန်တွင် ကျန်းချန်ရွှမ် ထပ်မံမကိုင်တွယ်နိုင်တော့ပေ။
သူ၏အနောက်တွင် အစိမ်း၊ အနီ၊ အဝါ၊ အဖြူနှင့်အပြာအလင်းတန်များသည် ကောင်းကင်ဆီသို့ ပျံဝဲတက်သွားသည်။
ပွတ်တိုက်မိသံတစ်ခုဖြင့် အလင်းသည် အရိုးဖြူဓားက်ို ချက်ချင်းတိုက်ချလိုက်ကာ နောက်ဆုံးတွင် သွေးအရှင်ပေါ်သို့ ကျဆင်းလာသည်။
ချက်ချင်းပင် အရိုးဖြူဓား၏စွမ်းအားမှာ ၃၀% ကျဆင်းသွားသည်။
ကြီးမားသောဦးခေါင်းခွံထဲတွင် ပုန်းအောင်းနေသည့် သွေးအရှင်၏ပတ်လည်ရှိ အော်ရာများပင်လျှင် ၃၀% ကျဆင်းသွားသည်။
၎င်းသည် သူ့ကို စကားမပြောနိုင်တော့အောင်ပင် အံ့အားသင့်စေခဲ့သည်။
သူ့တွင် နှစ်ထောင်ပေါင်းများစွာအတွေ့အကြုံရှိသော်လည်း ဤတစ်ခါကဲ့သို့ တစ်စုံတစ်ယောက်၏ စွမ်းအားကို ၃၀%ကဲ့သို့ လျှော့ချနိုင်သည့်နည်းလမ်းမျိုးကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။
ပို၍အရေးကြီးသည်မှာ ၎င်းသည် ကျင့်ကြံသူတစ်ယောက်၏ ခုခံခြင်းများအားလုံးကိုပင် ရှောင်ကွေ့သွားနိုင်ဟန်တူသည်။
ဒါကဘယ်လို နတ်စွမ်းအားမျိုးလဲ?
သူသည် မယုံကြည်နိုင်မှုနှင့် ပဟေဠိဖြစ်နေစဉ်တွင်ပင် ကျန်းချန်ရွှမ်၏လက်များသည် လျင်မြန်စွာ တံဆိပ်များပြုလုပ်ပြီးဖြစ်သည်။
ချွမ်-- ချွမ်--
ချက်ချင်းပင် အစိမ်းရောင်အဖျားမော့ဓားရှည် ရောင်ခြည်တန်းများ လေထဲတွင် ပေါ်ပေါက်လာသည်။
ထို့နောက် သူတို့သည် အရိုးဖြူဓားကို ခုတ်ပိုင်းလိုက်ကြသည်။
၎င်းသည် ကျန်းချန်ရွှမ်၏ နောက်ထပ် နတ်စွမ်းအားတစ်ခုဖြစ်သည့် မိုးပြာဧကရာဇ်၏ ကောင်းကင်သတ်ဖြတ်ခြင်းဓားရှည် ဖြစ်သည်။
ထို့နောက် သူသည် လက်အနေအထားကို ပြောင်းလိုက်သည်။
အရိုးဖြူဓားဆီသို့ ပျံသန်းလာနေသော ပတ္တမြားမီးတောက်သည် လေထဲတွင် တူးခြစ်ရာတစ်ခုသာ ကျန်နေစေခဲ့သည်။
သွေးများလိမ့်တက်လာသည်နှင့် လူတစ်ယောက်ကဲ့သို့အရပ်ရှိသော သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းပင် ၎င်းသည် မီတာတစ်ရာသို့ ရှည်ထွက်သွားသည်။
သူ၏နောက်တွင် နဂါးပုံရိပ် သို့မဟုတ် ဆင်ပုံရိပ် တစ်ခုခု ဖြတ်သန်းသွားနေသည်။
မူလဓမ္မရတနာ၊ နက်ရှိုင်းမြေဓာတ်ပုဆိန်လှံသည် သူ၏လက်ထဲတွင် ရှိနေသည်။
သူသည် သူ၏ခွန်အားအားလုံးနှင့် ၎င်းကိုမြှောက်ကာ ခုတ်ပိုင်းလိုက်သည်။
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်ခဲ့သည်။
တစ်ခုပြီးတစ်ခုမြင့်တက်လောနေသော ဝင်းလက်တောက်ပသည့် မီးဘောလုံးများသည် အနီရောင်နှင့် အဖြူရောင် အလင်းကွင်းများကို ထုတ်လွှတ်လျက်ရှိသည်။
ပေါက်ကွဲသံများကို တရစပ် ကြားနေနိုင်ပေသည်။
ကြောက်မက်ဖွယ်လှုပ်ခတ်မှုများသည် ဤနိုင်ငံကို ငရဲသဖွယ် ထပ်မံပြောင်းလဲလျက်ရှိသည်။
မရေမတွက်နိုင်သော လိမ့်တက်ကာပုံပျက်ပန်းပျက်ဖြစ်နေသည့် စွမ်းအားများသည် အကြီးအကျယ်ဖရိုဖရဲပျက်စီးမှုကို ဖြစ်စေကာ တိုက်မိသွားကြသည်။
အဆုံးတွင် ၎င်းသည် ကောင်းကင်၏ပိုမြင့်သောနေရာသို့ ထိုးတက်သွားပြီး နျူကလီးယား ဗုံးတစ်ခုကဲ့သို့ပင် မြေပြင်ပေါ်သို့ ပြန်ကျလာသည်။
.....
တစ်သောင်းဓားအစီအရင်ထဲတွင်...
အဆင့်မြင့်စတုတ္ထအဆင့်အစီအရင်၏ ကာကွယ်မှုနှင့်ဆိုရင်တောင် ဟောင်တုန်းပိုင်နှင့် အခြားကျင့်ကြံသူများသည် သူတို့ခြေထောက်အောက်ရှိ မြေပြင်မှာ ဖြည်းဖြည်းချင်းလှုပ်ခါသွားသည်ကို ခံစားလိုက်ရသည်။
တစ်သောင်းဓားအစီအရင်ပင်လျှင် မရပ်မနားဘဲ မီးရောင်လက်နေခဲ့သည်။
ကံကောင်းစွာပင် ပေါက်ကွဲမှု၏ ဗဟိုမှာ သူတို့နှင့်ဝေးသည်။
ထို့ပြင် ကျောက်းစိမ်းရေဓားစင်မြင့်တွင် မည်သို့ဆက်ဖြစ်မည်ကိုလည်း ပြောရန်ခက်ခဲသည်။
ဘန်း! ဘန်း! ဘန်း!
ရုတ်တရက် မြင့်မားပြီး ကြီးထွားသန်မာသော ပုံရိပ်တစ်ခု လေထဲတွင် ဆုတ်ခွာသွားသည်။
သူလှမ်းလိုက်သော ခြေလှမ်းတိုင်းသည် လေထဲတွင် ချီပေါက်ကွဲမှုကို ဖြစ်စေသည်။
အောက်ဘက်အနီးနားရှိ အချို့တောင်များ ပေါက်ကွဲကုန်ကြသည်။
ကောင်းကင်တွင်အပြည့်ဖြစ်နေသည့် အကျိုးအပဲ့များနှင့် ဖုန်မှုန့်များမှာ ဆက်လက်မြင့်တက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းပင် ဧရိယာမိုင်ပေါင်းများစွာသည် မီးခိုးများဖြင့် ဖုံးလွှမ်းသွားသည်။
ကံကောင်ထောက်မစွာပင် တရစပ်တိုက်ခိုက်မှုများပြီးသည့်နောက် ကျန်းချန်ရွှမ်သည် သွေးအရှင် ဆင့်ခေါ်ထားသည့် ရတနာစင်စစ်အဆင့် အရိုးဖြူဓားကို တားဆီးနိုင်ခဲ့သည်။
၎င်းသည် ကြီးမားသော ဦးခေါင်းခွံထဲရှိ သွေးအရှင်အား ပထမဆုံးအနေနှင့် မကောင်းသည့် ခံစားချက်တစ်ခုကို ခံစားမိစေခဲ့သည်။
သူသည် ရွှေအမြုတေနယ်ပယ်တွင်သာရှိသည့်ကျန်းချန်ရွှမ်မှာ သူ၏သေစေနိုင်သည့်တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
တစ်ခုသိထားရမည်မှာ ပုံမှန်အစောပိုင်းအဆင့်အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်ဆိုပေလျှင် ဤတိုက်ခိုက်မှုအောက်တွင် သေဆုံးသွားနိုင်ပေသည်။
ဒါက ကျန်းချန်ရွှမ်ရဲ့ အမှန်တကယ်တိုက်ပွဲသန်မာမှုက သာမန်အစောပိုင်းအဆင့် အဝါရောင်အခြေတည်ဝိညာဉ်ကျင့်ကြံသူတွေထက် မနိမ့်ကျဘူးလို့ ဆိုလိုချင်တာလား?
သူသည် ဤနယ်ပယ်တွင်တောင် ဤတိုက်ပွဲသန်မာမှူမျိုး ဖြစ်ပေါ်နေလျှင် သူအမှန်တကယ် အခြေတည်ဝိညာဉ်အဆင့်ကိုကျွမ်းကျင်သွားပါက မည်ကဲ့သို့ဖြစ်လာမည်နည်း?
ချက်ချင်းဆိုသလိုပင် သွေးအရှင်၏နှလုံးသားထဲတွင် အလွန်သတ်ဖြတ်ရန်ပြင်းပြသောရည်ရွယ်ချက်တစ်ခုဖြင့် ပြည့်နှက်သွားသည်။
သူ၏အနားပတ်လည်ရှိ အော်ရာမှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
သူ့အော်ရာ၏ လွှမ်းခြုံမှုအောက်တွင် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
သွေးရောင်လျှပ်စီးကြောင်းများ ကောင်းကင်မှ အမှန်တကယ် ပစ်ချလိုက်သည်။
ဤမြင်ကွင်းသည် ချက်ချင်းပင် အဝေးမှ ကောင်းကင်ရေဓားစင်မြင့်၏ကျင့်ကြံသူများကို တုန်လှုပ်စေခဲ့သည်။
“အား!”
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ကောင်းကင်၏အခြားတစ်ဖက်မှ များစွာသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
သူတို့သည် ကျန်းချန်ရွှမ်နှင့် အတူပါလာသည့် မိစ္တာရွှေအမြုတေကျင့်ကြံသူတော်တော်များများကို သတ်ဖြတ်ပြီးနေပြီဖြစ်သည့် ရှန်းရူယန်ကို ရှာရန်လှည့်ကြည့်လိုက်ကြသည်။
သူတို့ထဲတွင် ဝမ်ထျန်းရှန်၊ အဝါရောင်ကြာအရှင်နှင့် အခြားသူများပါဝင်သည်။
ကြယ်ခုနစ်စင်းနှင့် ရှီဖေးယန်တို့သည် ဆက်လက်ထိန်းထားရန် ရုနကန်လှုပ်ရှားနေရသော်လည်း သူတို့အချိန်ကြာကြာဆက်မထိန်းထားနိုင်တော့မှာ သေချာနေပြီ။
သူသည် သူ့နောက်လိုက်များ၏ အသက်နှင့် သေဆုံးခြင်းကို ဂရုစိုက်နေသည်မဟုတ်သော်လည်း ဤဖြစ်ရပ်ပြောင်းလဲမှုသည် သွေးအရှင်၏ မျက်နှာကို ထပ်မံမှောင်မိုက်စေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်သည် သူထပ်မံပေါ်ထွက်ရတော့မည့် အချိန်ဖြစ်သည်။
ရွှေအမြုတေအဆင့်နောက်လိုက်ကျေးကျွန်များရရှိရန် အလွန်လိုအပ်နေသည်။
ထို့ပြင် လင်မယားနှစ်ယောက်ပြုလုပ်လိုက်သည်မှာ သူ့ကို လူတကာရှေ့တွင် ပါးရိုက်လိုက်သည်နှင့် သိပ်ကွာခြားမှုမရှ်ိလှပေ။
၎င်းသည် သူ့ကို လဲကျစေနိုင်လောက်သည့် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းတစ်ခုဖြစ်သည်။
***