← Chapters

ကြယ်ခုနစ်စင်းအားသတ်ဖြတ်ခြင်း၊ အခြေတည်ဝိညာဉ်နတ်ဆိုး၏ ဒေါသူပုန်ထခြင်း (၂)

Vol. 22 Ch. 426

ကြယ်ခုနစ်စင်းအားသတ်ဖြတ်ခြင်း၊ အခြေတည်ဝိညာဉ်နတ်ဆိုး၏ ဒေါသူပုန်ထခြင်း (၂)

Vol. 22 Ch. 426

ထို့နောက် ခနအကြာတွင် နတ်ဆိုးမီးတောက်များဖြင့် တောက်လောင်နေသည့် ဦးခေါင်းခွံများသည် ဦးတည်ချက်ကို ပြောင်းလိုက်ကာ လေထဲတွင်သတ်ဖြတ်လိုနေလျက် ရှန်းရူယန်ဆီသို့ အပြေးသွားခဲ့သည်။

သူသည် ကျန်းချန်ရွှမ်၏ တာအိုတွဲဖက်မှာလည်း ကျန်းချန်ရွှမ်ကဲ့သို့ သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည်ဟု မယုံပေ။

သူသည် အမှန်ပင် ရှန်းရူယန်ကို လျော့တွက်ခဲ့မှု အဖြစ်သို့ ပြောင်းလဲသွားသည်။

ရုတ်တရက် ရှန်းရူရုန်၏မျက်ခုံးများကြားတွင် လျှပ်စီးအမှတ်တစ်ခု ပေါ်ပေါက်လာသည်။

ထို့နောက် သူ၏အနားပတ်လည်ရှိ လျှပ်စီးဒြပ်စင်များသည် လိမ့်တက်လာခဲ့သည်။

မူလဓမ္မရတနာဖြစ်သော လျှပ်စီးဆင်းကောင်းကင်ဘုံတံဆိပ်တော်သည် လျှပ်စီးကြောင်းများအဖြစ်ပြောင်းလဲသွားကာ ဦးခေါင်းခွံများဆီသို့ ပစ်ချလိုက်သည်။

ဘွန်း! ဘွန်း! ဘွန်း!

လျှပ်စီးအမှတ်၏တိုးမြှင့်လာမှုဖြင့် လျှပ်စီးဆင်းကောင်းကင်ဘုံတံဆိပ်တော်မှထုတ်လွှတ်ထားသည့် စွမ်းအားသည် အမှန်တကယ်ပင် ‌ရတနာစင်စစ်တစ်ခု၏စွမ်းအားထက် မနိမ့်ကျနေပေ။

တိုက်မိမှုအောက်တွင် နှစ်ဖက်မှာ အမှန်တကယ်ပင် ညီညီညာညာ လိုက်ဖက်ညီသွားကြသည်။

ရှန်းရူယန်အနေဖြင့် သူမသည် သူမ၏ မူလဓမ္မရတနာ၊ လျှပ်စီးအမတသတ်ဖြတ်သူငါးခုကို တိုက်ခိုက်ရန် အသုံးပြုဖို့အတွက် ဤအခွင့်အရေးကို ယူလိုက်သည်။

ကြောက်မက်ဖွယ်လျှပ်စီးတစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားသည်။

ကြယ်ခုနစ်စင်းနှင့် ရှီဖေးယန်တို့သည် တုံ့ပြန်မမှုမပြုနိုင်သေးခင် ချက်ချင်းအသတ်ခံလိုက်ကြရသည်။

ဂျိုင်းခနဲမြည်သံနှစ်ခုဖြင့် သူတို့၏ မူလဓမ္မရတနာများသည် ရှန်းရူယန်၏ လျှပ်စီးအမတသတ်ဖြတ်သူငါးခု၏ ချေမွဖျက်စီးခြင်းကိုခံလိုက်ရသည်။

ထို့ပြင် လျှပ်စီးသတ်ဖြတ်သူငါးခု၏ ဓားအလင်းရောင်၏ ခွန်အားမှာလည်း ကျဆင်းမသွားခဲ့ပေ။

ဆုတ်ဖြဲခံရသော အသံနှစ်ခု ထွက်ပေါ်ခဲ့သည်။

ဓား၏အလင်းရောင်သည် သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်းခုတ်ပိုင်းလိုက်ကာ သူတို့၏ ရွှေအမြုတေများကိုလည်း နှစ်ပိုင်းဖြစ်အောင် ဖြတ်တောက်လိုက်သည်။

ထိုအချိန်မှစ၍ ကျန်းချန်ရွမ်နှင့် ရှန်းရူယန်တို့ကို ဆန့်ကျင်ရန် လျှို့ဝှက်ကြံစည်နေသည့် ကြယ်ခုနစ်စင်းနှင့် ပုံရိပ်ယောင်မိစ္တာအဖြစ်သိကြသည့် ရှီဖေးယန်တို့သည် အဖမ်းဆီးခံရခြင်းမပြုတော့ဘဲ တစ်ခါတည်း သေဆုံးသွားကြသည်။

၎င်းအချိန်မှစတင်ကာ သွေးအရှင်ကို ခစားသည့် နတ်ဆိုးကျင့်ကြံသူများအားလုံး ဖယ်ရှားရှင်းလင်းခံလိုက်ရသည်။

၎င်းသည် သွေးအရှင်ကို ဒေါသခြောင်းခြောင်း ထွက်စေခဲ့သည်။

သူသည် ဤကဲ့သို့ အရှက်တကွဲဖြစ်ရခြင်းကို သည်းခံနေပါက နတ်ဆိုးကျင့်ကြံသူများအပေါ်တွင် အရှက်ရ‌စေလိမ့်မည်။

“မင်းတို့အကုန်သေဖို့ထိုက်တန်တယ်”

သွေးအရှင်သည် ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်မနေတော့ပေ။

အခြေတည်ဝိညာဉ်နတ်ဆိုးတစ်ယောက်၏ စွမ်းအားသည် ပြီးပြည့်စုံစွာ ပေါက်ကွဲသွားသည်။

ကြီးမားသောဦးခေါင်းခွံသည် အရာအားလုံးကိုလောင်ကျွမ်းပစ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားတစ်ခုဖြင့် အလင်းတန်းတစ်ခုသို့ ပြောင်းလဲသွားသည်။

၎င်းသည် လေထဲတွင် ကြီးမားမြည်ဟည်းသော တရစပ်‌ပေါက်ကွဲသံများကို ဖန်တီးပြီးသည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဆီသို့ အလွန်လျင်မြန်သည့် အသံတစ်ခုဖြင့် ဒုန်းဆိုင်းသွားနေသည်။

“ဝေါင်း!”

ကြီးမားသောဦးခေါင်းခွံသည် သူ၏ပါးစပ်ကိုဖွင့်လိုက်ကာ ကြိမ်နှုန်းမြင့်ဟိန်းသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

လေထဲတွင် သိသာမြင်သာသည့် အသံလှိုင်းများသည် လင်မယားနှစ်ယောက်ဆီသို့ လိမ့်တက်လာသည်။

ဝှစ်--

ကျန်းချန်ရွှမ်၏ အနက်ရောင်ဝိညာဉ်ဒိုင်းသည် သူနှင့်ရှန်းရူယန်တို့ကို ကာကွယ်ပေးလျက် ပေရာပေါင်းများစွာ အရွယ်အစားသို့ ကြီးမားကျယ်ပြန့်လာသည်။

ဒိုင်းခနဲမြည်သံများ တရစပ် ထွက်ပေါ်နေခဲ့သည်။

အနက်ရောင်ဝိညာဉ်ဒိုင်းပေါ်ရှိ ဝိညာဉ်အလင်းသည် လျင်မြန်စွာပင် မှေးမှိန်သွားသည်။

အဆုံးတွင် နောက်ဆုံးအသံတစ်ခုမြည်ပြီးသည်နှင့် သူနှင့်အချိန်အတော်ကြာ အတူရှိ‌နေခဲ့သည့် ဤစတုတ္ထအဆင့်ကာကွယ်ရေးဓမ္မရတနာသည် ကြေမွပျက်စီးသွားကာ ကောင်းကင်တွင်ပြည့်နှက်နေသည့် အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအားလုံးသို့ ကြေမွလွင့်ထွက်သွားခဲ့သည်။

ကံကောင်းစွာပင် အကာအကွယ်ဒိုင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အချိန်များစွာယူဆောင်လာပေးခဲ့သည်။

လင်မယားနှစ်ယောက်ကလည်း တုံ့ဆိုင်းနေခြင်း သို့မဟုတ် နောက်ဆုတ်လိုက်ခြင်းများ မပြုလုပ်ခဲ့ပေ။

သူတို့သည် ချက်ချင်းပင် သူတို့တွင်ရှိသည့် အားအကောင်းဆုံးဝှက်ဖဲကို အသုံးပြုလိုက်ကြသည်။

ဖျောက်--

ရှန်းရူယန်၏ ခန္ဓာကိုယ်မှ ရုတ်တရက် လျှပ်စီးတစ်ခုပေါ်ထွက်လာရာ မကြာမီပင် သူမ၏ တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းပင် သူမသည် မိုးကြိုးဝိညာဉ်ခန္ဓာကိုယ် အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။

ထို့နောက်တွင် သူမ၏လက်ထဲမှ ကြီးမားသော လျှပ်စီးကြောင်းများသည် သေနတ်တစ်ခုကဲ့သို့ ပစ်ထွက်လာသည်။

ကြောက်မက်ဖွယ်ခွန်အားသည် ကောင်းကင်၏ ၅၀ကီလိုမီတာအဝန်းအတွင်း လင်းလက်သွားခဲ့သည်။

အထူးသဖြင့် ငါးရောင်စုံလျှပ်စီးကြောင်းများသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။

၎င်းသည် အဆုံးမဲ့ဖျက်စီးနိုင်ပြီး မရပ်မနားတိုက်ဖျက်နိုင်စွမ်းရှိသည်ဟု ထင်ရသည်။

၎င်းသည် ရှန်းရူယန်၏ နောက်ထပ် မူလဓမ္မရတနာဖြစ်သည်။

ဒြင်စင်ငါးမျိုးနတ်လျှပ်စီး....

တစ်ချိန်တည်း၌ပင် ကျန်းချန်ရွှမ်သည်လည်း အချည်းနီးဖြစ်မနေစေခဲ့ပေ။

သူ၏ခန္ဓာကိုယ်တွင် ကုန်ခမ်းတော့မည့် နတ်စွမ်းအားသည် ချက်ချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဝှစ်ခနဲ အသံတစ်ခု ထွက်လာခဲ့သည်။

သူသည် ငါးရောင်စုံနတ်အလင်းကို ထပ်မံအသုံးပြုလိုက်သည်။

ချက်ချင်းပင် သွေးအရှင်၏တိုက်ခိုက်မှုဖြစ်သော သူ၏ အော်ရာ သို့မဟုတ် စွမ်းအားသည် နောက်ထပ်၃၀%ထပ်မံကျဆင်းသွားခဲ့သည်။

ဝှစ်! ဝှစ်! ဝှစ်!

ဒီတစ်ကြိမ်တွင် ကျန်းချန်ရွှမ်သည် တစ်ခါတည်းနှင့် ယင်နှင့်ယန်နတ်မီးတောက်သုံးခုကို ပစ်လွှတ်လိုက်သည်။

ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသည့် ဓမ္မစွမ်းအားအကုန်လုံးကို ရွှေဗလာနယ်ဓားထဲသို့ ဖြည့်သွင်းလိုက်သည်။

ချက်--

ရွှေဗလာနယ်ဓားသည် တောက်ပစွာ လင်းလက်လာကာ ကောင်းကင်သို့ ထိုးဖောက်နိုင်ဟန်နှင့် ချွန်မြထက်မြတ်လာသည်။

ဓားတစ်ခုလုံးသည် နေမင်းနှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည့် စွမ်းအားတစ်ခုကို သယ်ဆောင်လျက် ရုတ်တရက်ပင် ပေထောင်ချီရှည်လျားသည့် ရွှေအလင်းရောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အဆုံးတွင် တိုက်ခိုက်မှုပေါင်းများစွာဖြင့် တိုက်မိခဲ့သည်။

ကောင်းကင်တစ်ခုလုံးသည် အနီရောင်နှင့် အဖြူရောင်တို့ဖြင့် ချက်ချင်း ဆေးခြယ်ခံလိုက်ရသည်။

အနားပတ်လည်မှာ အသံများ လုံးဝကင်းမဲ့သွားသည်။

အလုံးစုံ တိတ်ဆိတ်သွားလေသည်။

ခနကြာပြီးနောက်...

ဖြစ်ပေါ်လာသည်မှာ ကြောက်မက်ဖွယ်ပေါက်ကွဲမှုတစ်ခုသာ ပေါက်ကွဲထွက်လာကာ ပျံ့လွင့်သွားခဲ့သည်။

တခနအတွင်းပင် မရေမတွက်နိုင်သည့် တောင်များနှင့် သစ်တောများသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲလျှော့ချခံလိုက်ရသည်။

မျက်စိဖြင့်မြင်နိုင်သလောက်နေရာများတွင် မည်သည့်အရာမှ အကောင်းအတိုင်းရှိမနေတော့ပေ။

တစ်သောင်းဓားအစီအရင်အတွင်းထဲတွင်...

ဟောင်တုန်းပိုင်နှင့် အခြားသူများအားလုံးသည် အံ့အားသင့်သွားကာ ပင့်သက်ရှိုက်သွားကြသည်။

ကြောက်စရာပင်!

၎င်းသည် အလွန်အမင်း ကြောက်မက်ဖွယ်အတိပင်ဖြစ်သည်။

ဤခွန်အားနှင့် ဖျက်စီးနိုင်သည့်စွမ်းအားသည် သူတို့၏စိတ်ကူးနိုင်စွမ်းထက် များစွာကျော်လွန်သွားပြီဟု ပြောနိုင်ပေသည်။

သူတို့သည် တောင်အကာအကွယ်အစီအရင်နှင့် ထိုရတနာဖြင့် ယခုသွေးအရှင်ကို ခုခံကြချင်ကြောင်း တွေးမိကြရင်း သူတို့ကိုယ်သူတို့ အလွန်ရိုးစင်းနုံအသည်ဟု ခံစားမိသွားကြသည်။

ဘွန်း!

ထိုအချိန်တွင် ပုံရိပ်သုံးခု ပြန်လည်ပေါ်ပေါက်လာသည်။

မည်သို့ပင်ဖြစ်စေ ဤအချန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် နှစ်ယောက်လုံးသည် အားအင်ချည့်နဲ့‌သော အခြေအနေသို့ ရောက်ရှိနေကြသည်။

သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာကြီးကြီး၊ သေးသေး အကုန်ရှိနေသည်။

အထူးသဖြင့် သူတို့၏ အော်ရာများဖြစ်သည်။

၎င်းတို့သည် သိသာထင်ရှားစွာကျဆင်းနေသည်မှု မြင်သာနေပေသည်။

သွေးအရှင်ကိုကြည့်လိုက်သောအခါ သူ၏ဝတ်ရုံမှာ အနည်းငယ်ပျက်စီးထားသော်လည်း သူ၏အော်ရာမှာ များစွာအားမနည်းနေသေးပေ။

ဟောင်တုန်းပိုင်နှင့် တခြားသူများ စိုးရိမ်တကြီးဖြစ်နေကြသည်။

မည်သို့ပင်ဖြစ်စေ သွေးအရှင်ကိုရင်ဆိုင်နေကြသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏မျက်နှာအမူအယာများကို မပြောင်းလဲလိုက်ပေ။

အခြားတစ်ဖက်တွင်လည်း သွေးအရှင်သည် မှုန်မှိုင်းသောမျက်နှာထားမျိုး ဖြစ်ပေါ်နေပေသည်။

သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုကြည့်လိုက်ကာ ရုတ်တရက် အန္တရာယ်ပြုမည့် လက္ခဏာဖြင့် ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်က ငါ့ရဲ့တိုက်ခိုက်မှုတွေအားလုံးကို တားဆီးနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ဒါပေမယ့် မင်းတို့တွေငါ့ရဲ့ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ မဟုတ်ရင် စတုတ္ထအကြိမ် မဟုတ်ရင်လည်း တတိယအကြိမ်တွေမှာပါ ဆန့်ကျင်နိုင်ဦးမလားဆိုတာ ကြည့်ချင်သေးတယ်”

ဝှီ--

သူစကားပြော၍ပြီးသွားသည်နှင့် အရိုးဖြူဓားသည် ကြောက်မက်ဖွယ်မတည်မငြိမ်ဖြစ်ခြင်းတစ်ခုနှင့် ထပ်မံပေါက်ကွဲသွားသည်။

အနားပတ်လည်ရှိ အလင်းရောင်များအားလုံး ပုံပျက်သွားစေကာ ဖျက်စီးဝါးမျိုခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းပင် အရိုးဖြူဓားသည် အရာအားလုံးကို ဝါးမြိုနိုင်သည့် ကြီးမားသော အပေါက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ခုန်အုပ်တိုက်ခိုက်ရန် ချောင်းမြောင်းနေသည်။

“အိုး မကောင်းတော့ဘူး!”

အဝေးရှိ ဟောင်တုန်းပိုင်နှင့် အခြားသူများ၏ အမူအယာသည် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားခဲ့သည်။

သိသိသာသာပင် ...

လက်ရှိအခြေအနေအရ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သွေးအရှင်၏ ဒုတိယတိုက်ခိုက်မှုကို တားဆီးရန် အလွန်ခက်ခဲကြောင်း သူတို့ကောင်းကောင်းသိကြသည်။

မည်သို့ပင်ဖြစ်စေ ဤအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အံ့ဩဖွယ်ပင် အေးဆေးတည်ငြိမ်နေကြသည်။

သူတို့သည် သွေးအရှင်ကို သနားသည့်အရိပ်အယောင်တစ်ခုနှင့်တောင် ကြည့်လိုက်ကြသေးသည်။

၎င်းသည် သွေးအရှင်ကို နှလုံးခုန်ရပ်လုမတတ်ဖြစ်စေခဲ့သည်။

သူသည် အလိုလိုပင် ကြီးမားသော အန္တရာယ်တစ်ခုကို အာရုံခံမိလိုက်သည်။

သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဆက်လက်ဂရုစိုက်မနေတော့ပေ။

သူ၏ ကျယ်ပြန့်လှသော နတ်အာရုံသည် ပတ်ဝန်းကျင်ကို စတင်ရှာဖွေလိုက်သည်။

ဝှစ်--

ထိုအချိန်တွင် သွေးအရှင်၏နတ်အာရုံရှေ့၌ အလွန်ထူးခြားပြောင်မြောက်သော ဓားအလင်းတစ်ခု ထပ်မံရောက်ရှိလာသည်။

၎င်းသည် သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

စဉ်းစားနေရန်အချိန်မရှိတော့ပေ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ချိန်ရွယ်နေသည့် အရိုးဖြူဓားသည် ချက်ချင်း ဦးတည်ချက်ပြောင်းလဲသွားကာ ထူးခြားပြောင်မြောက်သည့် ဓားအလင်းဆီသို့ မျက်နှာမူလိုက်သည်။

***

All Chapters