မဟာနတ်ဆိုး၏ကျဆုံးခြင်း၊ ရွှမ်းယန်၏ ရတနာများအပ်နှင်းခြင်း
Vol. 22 Ch. 427
ချွမ်--
အလင်းရောင်တစ်ခုနှင့် ကြွပ်ရွသောအသံတစ်ခု လေထဲမှပေါ်လာခဲ့သည်။
သွေးအရှင်၏ ထူးခြားသော အရိုးဖြူဓားသည် ရုတ်တရက် အလယ်မှ နှစ်ပိုင်း ကွဲထွက်သွားသည်။
ထို့နောက် ဓားအလင်း၏ ချွန်မြထ်ထက်မြက်မှုမှာ လျော့ကျမသွားခဲ့ပေ။
တရွှမ်းရွှမ်းမြည်သံတစ်ခု ထွက်လာခဲ့သည်။
သွေးအရှင်၏ ပတ်လည်ရှိ ကာကွယ်ရေးအလွှာများသည် အပိုင်းပိုင်း ပေါက်ပြထွက်သွားသည်။
သူသည် ၎င်းကို နှစ်ခြမ်းခွဲလိုက်တော့မည်အပြုတွင် သွေးအရှင်သည် လျင်မြန်စွာပင် သွေးမျှင်တန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ နောက်ဆုတ်ထွက်ပြေးသွားခဲ့သည်။
အဆုံးတွင် ဓားအလင်းသည် သွေးမျှင်တန်း၏ ကြီးမားသောအပိုင်းတစ်ခုကို ဖျက်စီးပစ်လိုက်သည်။
သွေးအမျှင်တန်း၏ သေးငယ်သော အပိုင်းလေးတစ်ခုသာ ကျန်ခဲ့သည်။
၎င်းလုံခြုံသွားသောအခါ သွေးအမျှင်တန်းသည် သွေးအရှင်၏ ပုံစံသို့ ပြန်ပြောင်းသွားသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် သူ၏အော်ရာသည် ယခင်ကကဲ့သို့ ရှိမနေတော့ပေ။
သူသည် စိတ်ဓာတ်ကျနေသည့်ပုံစံဖြစ်နေရုံသာမက သူ၏မျက်နှာမှာလည်း စာရွက်တစ်ခုကဲ့သို့ ဖြူဆုတ်နေသည်။
သူသည် သူ၏မျက်လုံးထဲရှိ ကြောက်ရွံ့မှုများဖြင့် ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။
ထိုနေရာတွင် ပိတ်ချောဝတ်ရုံဖြင့် ဖိနပ်မပါဘဲ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်လောက်ရှိမည်နှင့်တူသည့် ကလေးတစ်ယောက်သည် တစ်လှမ်းချင်းလျှောက်လာသည်။
ဒီလူက ဓားဖုံးနန်းတော်ရဲ့ စံသခင်ရွှမ်းယန်များလား?
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဘာမှမပြောတော့ဘဲ ရှေ့သို့ လှမ်းသွားကာ စံသခင်ရွှမ်းယန်ကို တလေးတစား ဦးညွှတ်လိုက်ကြသည်။
“စီနီယာရွှမ်းယန်ကို နှုတ်ခွန်းဆက်ပါတယ်”
စံသခင်ရွှမ်းယန်၏ မျက်နှာပေါ်တွင် ထူးခြားသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
သူသည် ကျန်းချန်ရွှမ်ကို ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့အရမ်းယဉ်ကျေးနေစရာမလိုပါဘူး။ အရင်တည်းက ငါမင်းတို့တစ်ခုခုဖြစ်တော့မယ်ဆိုတာသိတယ်။
ကြည့်ရတာ မင်းတို့ငါ့ကို စိတ်မပျက်စေဘူးပဲ”
သူစကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကို ဆေးပြားနှစ်ပြားထုတ်ပေးလိုက်သည်။
“ဒီကုသရေးဆေးပြားနှစ်လုံးကိုယူလိုက်။ ကျန်တာငါ့ကိုလွှဲထားလိုက်တော့”
သူစကားပြောနေစဉ်တွင်ပင် သူ၏အကြည့်သည် သွေးအရှင်ဆီသို့ရောက်သွားကာ သူ၏အမူအယာမှာ ချက်ချင်း မတူကွဲပြားစွာ ပြောင်းလဲသွားခဲ့သည်။
သူသည် အေးအေးဆေးဆေး ပြောလိုက်သည်။
“သွေးအရှင် ဟုတ်စ? ငါမင်းရဲ့နာမည်ကိုကြားဖူးတယ်။ မင်းဘာလို့တစ်သက်လုံးအိပ်မနေတာလဲ။
ခုမင်းရဲ့ခေတ်မဟုတ်တော့ဘူး။ ဒီလိုဆိုရင် မင်းကိုသတ်ဖို့ ငါ့ရဲ့အချိန်နဲ့စွမ်းအားတွေကို ချွေတာပေးနိုင်တယ်။ ဒါငါတို့နှစ်ယောက်လုံးအတွက် မကောင်းဘူလား?”
စံသခင်ရွှမ်းယန်သည် ၎င်းကို အမှန်တကယ်ကိစ္စတစ်ခုအနေဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
သွေးအရှင်၏ မျက်ခုံးများ တရွရွဖြစ်သွားခဲ့သည်။
သူသည် သူ၏ရှေ့ရှိ အခြေတည်ဝိညာဉ်တစ်ယောက်၏ ပြိုင်ဘက်မဟုတ်မှန်းသိသော်လည်း ဒေါသများဖြင့် ပြည့်နှက်နေဆဲပင်ဖြစ်သည်။
“ဘာလို့လဲ။ ငါပြောတာမှားသွားလို့လား?”
စံသခင်ရွှမ်းယန်သည် သွေးအရှင် မည်သို့ခံစားရမည်ကို ဂရုစိုက်မနေပေ။
သူသည် ရှေ့သို့တစ်လှမ်းတိုးသွားလိုက်ကာ သူ၏ပုံမှန်အားဖြင့် အေးဆေးသောအကြည့်သည် ချွန်ထက်ထိုးဖောက်တော့မည့် အကြည့်တစ်ခုသဖွယ် ရုတ်တရက်ပြောင်းလဲသွားသည်။
“ဘယ်လိုပဲဖြစ်ဖြစ်လေ၊ မင်းကထွက်လာခဲ့ပြီးမှတော့ ငါမင်းကိုပြန်သွားဖို့ပြောလည်း သွားတော့မှာမဟုတ်ဘူး။ ဒီလိုဆိုရင်တော့ ငါမင်းကိုစေတနာနဲ့ ပြန်ပို့ပေးမယ်”
သို့နှင့် စံသခင်ရွှမ်းယန်သည် သူ၏လက်ကိုမြှောက်လိုက်သည်။
ဝီခနဲ အသံတစ်ခု ထွက်လာခဲ့သည်။
မျက်စိကွယ်စေလောက်သည့် အဖြူရောင်အလင်းတစ်ခု ရုတ်တစ်ရက် ပေါ်ပေါက်လာသည်။
သွေးအရှင်၏ သူငယ်အိမ်များ ဖျစ်ညှစ်ခံလိုက်ရသည်။
သူ၏ခေါင်းထဲတွင် အချက်ပေးသံများ ပေါ်ထွက်နေပေပြီ။
စဉ်းစားရန် အချိန်မရှိတော့ပေ။
၎င်း၏မျက်နှာပေါ်ပြင်တွင် သွေးပုံစံများစွာနှင့် မရေမတွက်နိုင်သော လူ့အရိုးများဖြင့် ပြုလုပ်ထားသည့် အလံတစ်ခုသည် သူ၏လက်ထဲတွင် ရုတ်တရက် ရောက်ရှိလာသည်။
သူသည် အရိုးစုများစွာကို ဖော်ထုတ်ပြသလျက် ၎င်းကို ဝှေ့ယမ်းလိုက်သည်။
အကြမ်းဖျင်းခန့်မှန်းခြေအားဖြင့် ဤကဲ့သို့အရိုးစုများ ရာချီ ထောင်ချီပြီး ထွက်လာသည်။
ထို့ပြင် ၎င်းတို့တစ်ခုစီ၏ သန်မာမှုသည် ရွှေအမြုတေနယ်ပယ်သို့ ရောက်ရှိနေပြီးဖြစ်သည်။
အထူးသဖြင့် ရှေ့ဆုံးအရိုးစုသုံးခုမှ ထုတ်လွှတ်ထားသော အော်ရာသည် အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
“ဟား!”
ကျန်းချန်ရွှမ်သည် ၎င်းကိုမြင်သောအခါ ပင့်သက်တစ်ခု ရှိုက်လိုက်သည်။
သူသည် သွေးအရှင်တွင် ဤကဲ့သို့ ဝှက်ဖဲတစ်ခုရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ကံကောင်းစွာပင် သူသည် ဤအကြောင်းကို စံသခင်ရွှမ်းယန်သို အစောကတည်းကပင် အမြော်အမြင်ဖြင့် သတိပေးပြီးဖြစ်သည်။
ထို့ပြင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သွေးအရှင်၏ လက်အောက်မှ လွတ်မြောက်နိုင်ခဲ့ရင်တောင် ကန်းနန်၏ ငါးနိုင်ငံသည် သူ့ကြောင့် ပြားပြားဝပ်ပျက်စီးသွားမည်ဖြစ်သည်။
ချီ! ချီ! ချီ!
မည်သို့ပင်ဖြစ်စေ စံသခင်ရွှမ်းယန်၏မျက်နှာသည် များစွာသောအရိုးစုများကို ရင်ဆိုင်ရချိန်တွင်လည်း မပြောင်းလဲပဲရှိနေသေးသည်။
ဝင်းလက်တောက်ပနေသည့် အဖြူရောင်အလင်း၏ သက်ရောက်မှုအောက်တွင် အရိုးစုများသည် အက်ကြောင်းကွဲသွားကာ စာရွက်တစ်ခုကဲ့သို့ ကြေမွကွဲထွက်သွားခဲ့သည်။
တခနအတွင်းပင် အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေသည့် အရိုးစုသုံးခုသာ ကျန်ရစ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူတို့လည်း ကြာကြာမခံနိုင်ဘဲ ဘာမျှမရှိခြင်းသို့ ကွယ်ပျောက်သွားကြသည်။
၎င်းကိုမြင်ကာ သွေးအရှင်၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
တစ်ခုသိရမည်မှာ ဤအရိုးစုများသည် သူမရေမတွက်နိုင်သည့်နှစ်ပေါင်းများစွာစုဆောင်းလာခဲ့ရသည့် တည်ဆောက်မှုတစ်ခုဖြစ်သည်။
သို့သော်လည်း အဆုံးတွင်
သွေးအရှင်သည် ထိုအကြောင်းဆက်၍ စဉ်းစားမနေတော့ပေ။
တုံ့ဆိုင်းခြင်းမရှိဘဲ သူသည် သွေးအလင်းတစ်ခုအဖြစ်ပြောင်းကာ အဝေးသို့ ထွက်ပြေးသွားသည်။
စံသခင်ရွှမ်းယန်က ကနှာမှုတ်လိုက်သည်။
သူသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ ညင်သာစွာ ခုတ်ထွင်းလိုက်သည်။
တရွှမ်းရွှမ်းအသံတစ်ခု ထွက်ပေါ်ခဲ့သည်။
အဖြူရောင်ချီဓားတစ်လက် သူ၏လက်ထဲမှ ပစ်လွှတ်သွားသည်။
အဝေးသို့ထွက်ပြေးသွားနေသည့် သွေးအရှင်သည် ရုတ်တရက် သေခြင်းတရား၏အရိပ် နီးကပ်လာမှုကို ခံစားလိုက်ရသည်။
၎င်းသည် သူ၏မျက်လုံးများကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
ဒီမကောင်းဆိုးဝါးက ဘယ်ကပေါ်လာတာလဲ?
ဘာလို့ သူ့မှာ ဒီလို ကြောက်မက်ဖွယ်စွမ်းအားတွေရှိနေရတာလဲ?
ဝှစ်--
ရုတ်ရက် သူ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော သွေးအမျှင်တန်းများအဖြစ် ပြောင်းလဲသွားကာ လွတ်မြောက်ရန်မျှော်လင့်ချက်ဖြင့် အရပ်မျက်နှာအားလုံးဆီသို့ လွင့်ထွက်သွားသည်။
မည်သို့ပင်ဖြစ်စေ သူ၏နောက်ကိုလိုက်နေသော အဖြူရောင်ချီဓားမှာလည်း မရေမတွက်နိုင်သော ချီဓားများအဖြစ် ခွဲထွက်သွားသည်...
***