မဟာနတ်ဆိုး၏ကျဆုံးခြင်း၊ ရွှမ်းယန်၏ ရတနာများအပ်နှင်းခြင်း(၂)
Vol. 22 Ch. 428
‘ဘယ်လိုလုပ်ပြီးတော့လဲ?’
ထိုအတွေးသည် သွေးအရှင်၏စိတ်ထဲသို့ ဖြတ်သန်းသွားစဉ် သူပြောင်းလဲထားသည့် သွေးမျှင်တန်းများသည် ကွဲထွက်သွားသည့် ချီဓားများ၏ တစ်ခုပြီးတစ်ခု ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။
ဘွန်း!
ဝိညာဉ်ချီစီးကြောင်းများသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။
ခနအကြာတွင်ပင် ဝိညာဉ်မိုးများ ရွာသွန်းလာသည်။
မြေသေပေါ်သို့ မိုးများကျဆင်းလာသောအခါ ၎င်းသည် ချက်ချင်းပင် ၎င်း၏ရှင်သန်လှုပ်ရှားမှုများကို ပြန်လည်ရရှိသွားခဲ့သည်။
၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ဟောင်တုန်းပိုင်တို့သည် အခြေတည်ဝိညာဉ်နတ်ဆိုးသေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ အခြေတည်ဝိညာဉ်သေဆုံးသွားချိန်နှင့် သူ၏ချီဝိညာဉ်တို့ကမ္ဘာမြေသို့ ပြန်သွားသည့်အခါတွင်သာဖြစ်ပေါ်သော ဖြစ်စဉ်တစ်ခုဖြစ်သောကြောင့်ဖြစ်သည်။
ဖြောင့်မှန်သော သို့မဟုတ် ဆိုးသွမ်းသော မည်သည့်ကျင့်ကြံသူပင်ဖြစ်စေ သူတို့ အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရှိသွားသည်နှင့် သူတို့သည် များပြားသောဝိညာဉ်ချီပမာဏတစ်ခုကို စုပ်ယူကြသည်။
ထို့ကြောင့်
ထိုအချိန်တွင် စံသခင်ရွှမ်းယန်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှေ့သို့ ရောက်ရှိလာသည်။
သူသည် ထိုနှစ်ယောက်ကိုကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။
“မင်းတို့တွေဒီတစ်ခေါက် ကြီးမားတဲ့ အထောက်အကူတစ်ခုကို လုပ်လိုက်ကြတာပဲ။ မင်းတို့ ထူးထူးခြားခြားလိုချင်တာရှိရင် ငါ့ကိုပြောကြည့်”
စံသခင်ရွှမ်းယန်၏ စကားများကိုကြားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အလွန်အကျူးပနံသင့်ပေးနေရန် မလိုကြောင်း သိရှိလိုက်ကြသည်။
ကျန်းချန်ရွှမ်က ပြောလိုက်သည်။
“စီနီယာရွှမ်းယန်၊ အရှင့်မှာ အထက်ဆင့်ခန္ဓာကိုယ်အပူချိန်ထိန်းဝိညာဉ်ပစ္စည်းနှင့် အထက်ဆင့် လျှပ်စီးအမျိုးအစားဝိညာဉ်ပစ္စည်းရှိလား?”
“ကောင်းပြီလေ... အထက်ဆင့်ခန္ဓာကိုယ်အပူချိန်ထိန်းဝိညာဉ်ပစ္စည်းလား?”
စံသခင်ရွှမ်းယန်သည် သူတို့နှစ်ယောက်ကို ထပ်မံကြည့်လိုက်ကာ ခနမျှ စဉ်းစားပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်မှ ပစ္စည်းနှစ်ခု ထုတ်ယူလိုက်သည်။
ခရမ်းရောင်သွေးအလင်းရည်ပုလင်းနှင့် အထဲတွင်လျှပ်စီးဖြင့်လင်းလက်တောက်ပနေသော အမြုတေတစ်ခု။
“ဒီသွေးအရည်ပုလင်းက ပဉ္စမအဆင့်ခရမ်းရောင်ရေစပါးအုံးရဲ့ သွေးအရည်ဖြစ်တယ်။ ဒါကမင်းရဲ့ ခန္ဓာကိုယ်အပူချိန်ထိန်းနည်းစနစ်အတွက် များစွာအထောက်အကူဖြစ်လိမ့်မယ်။ လျှပ်စီးအမျိုးအစားဝိညာဉ်ပစ္စည်းအတွက်ကျတော့ ဒါပဉ္စမအဆင့် လျှပ်စီးကြံ့ရိုင်းရဲ့ အတွင်းအမြုတေဖြစ်တယ်။ မင်းဒါကို မင်းရဲ့နည်းစနစ်ကို ကျင့်ကြံဖို့ မဟုတ်ရင်လည်း မင်းရဲ့ဓမ္မရတနာထဲကို ဖြည့်သွင်းဖို့ ဖြည့်စွက်ပစ္စည်းအနေနဲ့သုံးနိုင်တယ်”
စံသခင်ရွှမ်းယန်ထုတ်ယူလိုက်သည်ကို မြင်သောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့သည်။
အမှန်အတိုင်းဆိုလျှင် ကျန်းချန်ရွှမ်သည် အထက်ဆင့်စတုတ္ထအဆင့်ဝိညာဉ်ပစ္စည်းကိုသာ တောင်းဆိုခြင်းဖြစ်သည်။
မမျှော်လင့်ဘဲနှင့် စံသခင်ရွှမ်းယန်သည် ပဉ္စမအဆင့်ဝိညာဉ်ပစ္စည်းများကို ထုတ်ယူလိုက်သည်။
ထို့ပြင် ၎င်းတို့အကုန်လုံးမှာ အတော်အသင့်တန်ဖိုးကြီးလှသော ပဉ္စမအဆင့်ဝိညာဉ်ပစ္စည်းများ ဖြစ်ကြသည်။
၎င်းသည် အမှန်တကယ်ပင်...
လင်မယားနှစ်ယောက်သည် စံသခင်ရွှမ်းယန်သို့ ဦးမညွှတ်မီ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ သူ့ကို ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
“ရတနာတွေအတွက် ကျေးဇူးတင်ပါတယ်။ စီနီယာရွှမ်းယန်”
စံသခင်ရွှမ်းယန်က ခေါင်းညိတ်လိုက်သည်။
“မင်းတို့အရမ်းရိုသေပြစရာမလိုပါဘူး။ ဒီလိုပြောစတမ်းဆိုရင် ငါကသာမင်းတို့ကို ကျေးဇူးတင်ရမှာပါ။မင်းတို့ သွေးအရှင်ကို အချိန်မဆွဲဘဲ ငါ့ဆီကို လည်းသတင်းမပို့ခဲ့ဘူးဆိုရင် ငါလည်း ဒီလိုမျိုးမလုပ်နိုင်လောက်ဘူး။ အဲ့ဒီအချိန်ကြရင် သူကသူ့ရဲ့အထွတ်ထိပ်ကိုရောက်သွားတာနဲ့ သူ့ကိုသတ်ဖို့မလွယ်တော့ဘူး”
ထိုအချိန်တွင် စံသခင်ရွှမ်းယန်သည် တစ်စုံတစ်ခုကို တွေးမည်ပြုကာ သူတို့ကို ဆက်၍ပြောလိုက်သည်။
“စကားမစပ်၊ ငါမင်းတို့နဲ့ ချောင်မျိုးနွယ်စုကြားမှာ သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ကြားနေရတယ်၊ ဟုတ်ရဲ့လား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အံ့အားသင့်သွားခဲ့ကြသည်။
သူတို့သည် ဤကိစ္စမှာ စံသခင်ရွှမ်းယန်အထိပါ ရောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
သူတို့သည် မည်သည်ကိုမှ ဖုံးကွယ်မထားဘဲ ချက်ချင်းပင် စံသခင်ရွှမ်းယန်အား ချောင်ရှူယန်နှင့် တခြားသူများ ထိုနေ့က လာသွားသည့်အကြောင်းကို ပြောပြလိုက်သည်။
စံသခင်ရွှမ်းယန်က ခေါင်းညိတ်လိုက်သည်။
“ငါမင်းတို့ကို အသေးစိတ်တော့ဆက်မမေးတော့ပါဘူး။ အတိုပြောရရင်တော့ မင်းတို့သတိထားသင့်တယ်။ အထူးသဖြင့် မင်းတို့ မင်းတို့ရဲ့နယ်မြေကနေထွက်ခွာချင်တယ်ဆိုရင် ဟိုင်နိုင်ငံက လျူမျိုးနွယ်နဲ့ လုနိုင်ငံက လုမျိုးနွယ်တို့ကို မင်းတို့သတိထားရလိမ့်မယ်။ ငါသိသလောက်ပြောရရင် သူတို့ကမင်းတို့ကို သေစေချင်နေတာ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့နယ်မြေထဲကနေထွက်ခွာဖို့လုပ်လိုက်တာနဲ့ သူတို့ကလည်း လှုပ်ရှားဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး။ မင်းတို့တော်တော်သတိထားရမယ်”
ထိုပြောကြားချက်အရ စံသခင်ရွှမ်းယန်သည် ဟိုင်နိုင်ငံမှ လျူမျိုးနွယ်စုနှင့် လုနိုင်ငံမှ လုမျိုးနွယ်စုတို့ကိုလည်း သတိပေးပြီးပြီဖြစ်သည်။
ထိုနေ့က ကျန်းမျိုးနွယ်စုသို့လာသည့် တစ်ခုတည်းသော မျိုးနွယ်စုမှာ ချောင်မျိုးနွယ်စုဖြစ်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။
ထို့ပြင် ရောက်ရှိလာသည့် လူများမှာ ရွှေအမြုတေအဆင့်များနှင့် အခြေတည်ဝိညာဉ်အဆင့်တို့ဖြစ်သည်။
သူတို့၏ဘိုးဘေးကျင့်ကြံသူက ပေါ်မလာခဲ့ပေ။
၎င်းသည်လည်း စံသခင်ရွှမ်းယန်ကြောင့်ပဲလား?
သူတို့၏ စိတ်ကိုဖတ်ကြည့်လိုက်ပြီးနောက် စံသခင်ရွှမ်းယန်က ပြုံးရုံသာ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့။ ချောင်မျိုးနွယ်စုရဲ့ ဘိုးဘေးက အခုလောလောဆယ် တံခါးပိတ်ကျင့်ကြံနေတယ်။ ချောင်မျိုးနွယ်စုရဲ့ သေရေးရှင်ရေး ကိစ္စမဟုတ်သရွေ့ သူထွက်လာမှာမဟုတ်ဘူး”
“ကျွန်တော်တို့သိပါပြီ”
ကျနချန်ရွှမ်နှင့် ရှန်းရူယန်တို့ ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် ထပ်မံ၍ စံသခင်ရွှမ်းယန်ကို ကျေးဇူးတင်လိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ ဤပုဂ္ဂိုလ်ကြောင့်သာမဟုတ်လျှင် လျူ နှင့် လုမျိုးနွယ်စုတို့သည် ကျန်းမျိူးနွယ်စုသို့လာကာ တံခါးခေါက် ပြီးနေလောက်ပြီဖြစ်သည်။
ထို့ပြင် သူတို့က ရွှေအမြုတေအဆင့်နှင့် အခြေတည်ဝိညာဉ်အဆင့်လောက်ကိုသာ မပို့ဘူးဆိုသည်ကို ယုံကြည်ရန်လည်း အကြောင်းရင်းများစွာရှိသည်။
ထို့ပြင် စံသခင်ရွှမ်းယန်က လင်မယားနှစ်ယောက်ကို တစ်စုံတစ်ခု ပြောလိုက်သည်။
၎င်းသည် ဟောင်တုန်းပိုင်၊ ကုယွဲ့ဖန်း၊ ဟွားမန်ရုံနှင့် ကျောက်စိမ်းရေဓားစင်မြင့်မှတခြားသူများ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဆီသို့လာကာ ကျေးဇူးတင်စကားပြောနေချိန်တွင်ဖြစ်သည်။
“ငါတို့ကို ကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်။ တာအိုရောင်းရင်းကျန်းနဲ့ တာအိုရောင်းရင်းရှန်း”
အသေအချာပင်..
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကြောင့်သာမဟုတ်ခဲ့ပါက ယနေ့တွင် ကျောက်စိမ်းရေဓားစင်မြင့်၏တည်ရှိမှုသည် ရပ်စဲသွားနိုင်ကြောင်း သူတို့ကောင်းကောင်းသိကြသည်။
စင်မြင့်ခေါင်းဆောင်ဟောင်က ပြောလိုက်သည်။
“အနာဂတ်မှာ တာအိုရောင်းရင်းကျန်းနဲ့ တာအိုအထဲဖွဲ့ဝင်ရှန်းတို့က ငါတို့အကူအညီကိုလိုလို့ရှိရင် ကျောက်စိမ်းရေဓားစင်မြင့်တစ်ခုလုံး အကောင်းဆုံးကူညီပါ့မယ်”
၎င်းကိုကြားသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပြုံးလိုက်ကြသည်။
ကျန်းချန်ရွှမ်သည် သူ၏ခေါင်းကိုခါကာ ပြောလိုက်သည်။
“စင်မြင့်ခေါင်းဆောင်ဟွား ခင်ဗျားကအရမ်းအတည်ကြီးလုပ်နေတာပဲ။ ခင်ဗျားတို့ တစ်ယောက်ယောက်ကိုကျေးဇူးတင်ချင်တယ်ဆိုရင် စံသခင်ရွှမ်းယန်ကို ကျေးဇူးတင်သင့်တာ။ သူ့ကြောင့်သာမဟုတ်ရင် ငါတို့လည်း စံသခင်ရွှမ်းယန်ရဲ့ ပြိုင်ဘက်တွေဖြစ်နိုင်မှာမဟုတ်ဘူး”
မည်သို့ပင်ဖြစ်စေ ဟောင်တုန်းပိုင်က ဆက်လက်ငြင်းဆိုလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ခင်ဗျားရဲ့ ကျောက်းစိမ်းရေဓားစင်မြင့် အပေါ်ကြင်နာမှုက ငြင်းနိုင်စရာမရှိအောင်ပါပဲ။ ကျောက်စိမ်းရေဓားစင်မြင့်ကလူတိုင်း ဒါကိုအမှတ်ရနေပါ့မယ်။
ထပ်ပြီးတော့
အနာဂတ်မှာ မင်းတို့နှစ်ယောက်တစ်ခုခုလိုအပ်တယ်ဆိုရင် ငါတို့ကို လွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်။ ငါတို့မင်းတို့ကူညီမယ်ဆိုတာကို ပြန်ရုပ်သိမ်းမှာမဟုတ်ဘူး”
သူတို့ ဆန္ဒပြင်းပြနေသည်ကို မြင်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဆက်လက်ငြင်းဆိုမနေတော့ပေ။
ထိုအစားသူတို့သည် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်ကြသည်။
တစ်ချိန်တည်း၌ပင် အဝေးကောင်းကင်မှ များစွာသောအလင်းတန်းများသည် သူတို့ဆီသို့ တည့်တည့်ပျံသန်းလာနေသည်။
၎င်းမှာ အဓိပ္ပာယ်ရှိပေသည်။
ဒီလိုကမ္ဘာမြေကြီးကို တုန်ခါသွားစေတဲ့တိုက်ပွဲမျိုးက ကန်းနန်တိုက်အတွင်းမှာရှိတဲ့ တခြားကျင့်ကြံသူတွေကို ဘယ်လိုလုပ်သတိမထားမိစေဘဲ နေပါ့မလဲ?
အထူးသဖြင့် လျန်နိုင်ငံရှိ ကောင်းကင်ယွဲ့ဂိုဏ်းနှင့် လေလွင့်ကျင့်ကြံသူများဖြစ်သည့် ခွန်ရှူနှင့် ဟိုင်ကျန့်တို့ အပါအဝင်ဖြစ်သည်။
သူတို့သည် ပို၍ သိသာရှင်းလင်းစွာ ခံစားမိကြသည်။
ထိုအချိန်တွင် သူတို့သည် ပထမဆုံးရောက်ရှိလာသူများဖြစ်သည်။
အနည်းငယ်ကြာသည်နှင့် ယန်နှင့်ယွင်တို့မှ ရွှေအမြုတေကျင့်ကြံသူများလည်း ရောက်ရှိလာခဲ့သည်။
အလင်းတန်းများနီးကပ်လာသောအခါ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ဟောင်တုန်းပိုင်နှင့် ကုယွဲ့ဖန်းတို့သည် သူတို့ဆီသို့ သွားလိုက်ကြသည်။
ခန့်မှန်းထားသည့်အတိုင်းပင် လျှောက်လာနေကြသည့်လူများမှာ ကောင်းကင်ယွဲ့ဂိုဏ်းမှ ရွှေအမြုတေကျင့်ကြံသူများနှင့် ခွန်ရှူနှင့် ဟိုင်ကျန့် တို့ဖြစ်ကြသည်။
“တာအိုရောင်းရင်းကျန်း တာအိုရောင်းရင်းရှန်း၊ စင်မြင့်ခေါင်းဆောင်ဟောင် တာအိုရောင်းရင်းကု...”
ချက်ချင်းပင် သူတို့သည် ကျန်းချန်ရွှမ်နှင့် အခြားသူများကို လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။
အဆုံးတွင် ကောင်းကင်ယွဲ့ဂိုဏ်းမှ လီမင်ခွန်းသည် အဓိကကိစ္စသို့ သွားလိုက်သည်။
သူသည် တိုက်ပွဲခြေရာလက်ရာများဖြင့် ပြည့်နှက်နေသည့် အလွန်သိပ်မဝေးသည့် နေရာမှာ မြေကိုကြည့်ကာ တည်ငြိမ်လေးနက်သည့်အမူအယာဖြင့် ပြောလိုက်သည်။
“တာအိုရောင်းရင်းတို့ အခုဒီနေရာမှာ အထက်ဆင့်တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တာလား..?”
***