← Chapters

ပေါင်းစည်းခြင်း၊ ကန်းနန်မဟာမိတ်ပြုခြင်း၊ ပထမဆုံးပူးပေါင်းခြင်းခေါင်းဆောင်

Vol. 22 Ch. 429

ပေါင်းစည်းခြင်း၊ ကန်းနန်မဟာမိတ်ပြုခြင်း၊ ပထမဆုံးပူးပေါင်းခြင်းခေါင်းဆောင်

Vol. 22 Ch. 429

ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ဟောင်တုန်းပိုင်နှင့် ကုယွဲ့ဖန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။

နောက်ဆုံးတွင် ဟောင်တုန်းပိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အမှန်ပဲ အခြေတည်ဝိညာဉ်အဆင့်တိုက်ပွဲတစ်ခု ဒီမှာဖြစ်သွားခဲ့တယ်”

ထို့နောက် ဟောင်တုန်းပိုင်သည် အခြားသူများအား ဖြစ်ပျက်ခဲ့သည်တို့ကို အကြမ်းဖျင်းပြောပြလိုက်သည်။

၎င်းကိုကြားကာ သူတို့သည် ပင့်သက်ရှိုက်လိုက်ကြသည်။

ယခုလေးတင်ပင် သူတို့သည် ကျောက်စိမ်းရေဓားစင်မြင့်မှ မတည်မငြိမ်ဖြစ်ခြင်း၏ အလွန်အားကောင်းသော ပေါက်ကွဲမှုတစ်ခုကို ခံစားလိုက်ရသည်။

ထို့ပြင် သူတို့သည် ၎င်းမှာ အခြေတည်ဝိညာဉ်နှစ်ယောက်ကြောင့်ဖြစ်သည်ဟု မမျှော်လင့်ခဲ့ကြပေ။

ထိုထက်ပိုသည်မှာ သူထို့ထဲမှ တစ်ယောက်သည် ဓားဖုံးနန်းတော်မှ စံသခင်ရွှမ်းယန်ဖြစ်သည်။

အမှန်ပင်…

မယုံကြည်နိုင်ဆုံးနှင့် အံ့အားသင့်ဖွယ်အကောင်းဆုံးမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ခွန်အားများဖြစ်သည်။

သူတို့သည် အတူတူပူးပေါင်းကာ အခြေတည်ဝိညာဉ်ကို ထိန်းထားရန် ယာယီစီစဉ်ခဲ့ကြသည်။

ဒါကဘာကိုဆိုလိုတာလဲ?

ဒါကအခုဒီစုံတွဲရဲ့သန်မာမှုက စံသခင်တစ်ယောက်နဲ့တောင် ယှဉ်လို့ရတယ်လို့ ဆိုလိုတာလား?

တစ်ခနမျှ လူတိုင်း၏အကြည့်များသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပေါ်ကျရောက်သွားသည်။

၎င်းသည် သူတို့နှစ်ယောက်လုံး အဝေးရှိကောင်းကင်သို့ ကြည့်လိုက်ချိန်တွင်ဖြစ်သည်။

ထိုနေရာတွင်..

ရင်းနှီးနေ‌သည့် အလင်းရောင်နှစ်ခု အရှိန်တင်လာနေသည်။

လူတိုင်းလည်း သူတို့ကြည့်သည့်အတိုင်းလိုက်ကြည့်လိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် သူတို့၏နတ်အာရုံနှင့် မခံစားမိသကဲ့သို့ မည်သည်ကိုမှလည်းမတွေ့ပေ။

ထိုအလင်းတန်းများ ကီလိုမီတာရာချီအဝေးသို့ရောက်လာမှ သူတို့ထဲမှအချို့ကို အာရုံခံမိကြသည်။

၎င်းသည် လူတိုင်းကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။

သူတို့တွေနဲ့ ထိုစုံတွဲရဲ့ကြားက ကွာဟချက်က ဒီလောက်ကြီးမားနေပြီလား?

သူတို့ဝန်မခံချင်ရင်တောင်ဝန်ခံရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အမှန်တရားမှာ သူတို့၏ရှေ့တွင် ရောက်ရှိနေသောကြောင့်ဖြစ်သည်။

မကြာမီပင် အလင်းတန်းများနီးကပ်လာကာ မြေပြင်ပေါ်သို့ ဆင်းသက်သွားကြသည်။

သူတို့သည် ယန် နှင့် ယွင်နိုင်ငံတို့မှ အပြေးအလွှားရောက်လာခဲ့ကြသည့် ကျင့်ကြံသူများဖြစ်သည်။

သူတို့ထဲတွင် ထိုလင်မယားနှစ်ယောက်နှင့် မိတ်ဆွေများဖြစ်ကြသည့် ကျန်းပိုင်လုံ၊ မန်လန်ကျူနှင့် သွမ်ယိတောင်တို့လည်း ပါဝင်သည်။

လီမင်ခွန်းနှင့် အခြားရောက်ရှိပြီးနှင့်သည့် သူများကဲ့သို့ပင် ကျန်းပိုင်လုံနှင့် အခြားသူများသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကိုသိသောအခါ အလွန်အမင်း အံ့ဩသွားကြသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ကျန်းပိုင်လုံသည် ကျန်းချန်ရွှမ်နှင့် သူ့အမျိုးသမီး၏ သန်မာမှုများကို မနာလိုခြင်းမရှိခြင်းပင်ဖြစ်သည်။

ထိုအစား သူ၏ နှလုံးသားအနက်ရှိုင်းဆုံးမှ နှစ်ထောင်းအားရခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ဖော်ပြခဲ့သည်။

အံ့အားသင့်မှုများ တည်ငြိမ်သွားသောအခါ ယန်နိုင်ငံမှ သွမ်ယိတောင်က မေးလိုက်သည်။

“လူတိုင်းပဲ အခု ကျင်းနဲ့ ရှူနိုင်ငံတွေမှာ ဘာတွေဖြစ်နေလဲသိကြလား?”

မည်သူမှ သေချာမသိကြပေ။

ကျောက်စိမ်းရေဓားစင်မြင့်၏ အကြီးအကဲစီးဆင်းမီးလျှံက ပြောလိုက်သည်။

“ညီအစ်ကိုသွမ် ခင်ဗျားရဲ့ရန်နိုင်ငံကဒီနှစ်နိုင်ငံနဲ့ အနီးဆုံးပဲ။ ခင်ဗျားတစ်ခုခု ရှာတွေ့လို့လား?”

ပုံမှန်အားဖြင့် သူသည် အဖြေတစ်ခုကိုတော့ မျှော်လင့်မထားမိပေ။

မည်သို့ပင်ဖြစ်စေ သွမ်ယိတောင်က ခေါင်းညိတ်ကာပြောလိုက်သည်။

“ငါဒီကိုမလာခင် တစ်ခုကြားခဲ့တယ်။ အဲ့ဒါကတော့ ကျင်းနဲရှူနိုင်ငံမှာရှိတဲ့ ရွှေအမြုတေဂိုဏ်းတွေနဲ့ မျိုးနွယ်စုတေအများစုက ဖျက်ဆီးခံလိုက်ရပြီတဲ့”

“ဘာရယ်?”

၎င်းကိုကြားပြီးသောအခါ လူတိုင်း အံ့အားသင့်သွားသည့် အမူအယာများ ဖြစ်သွားခဲ့သည်။

သူတို့သည် ကျင်းနှင့် ရှူနိုင်ငံရှ်ိ ရွှေအမြုတေဂိုဏ်းများနှင့် မျိုးနွယ်စု အများစုအလွယ်တကူပင် ဖျက်စီးခံလိုက်ရသည်ကို မယုံကြည်နိုင်ဘဲဖြစ်နေကြသည်။

တစ်ခုသိရမည်မှာ နှစ်နိုင်ငံတွင် ရွှေအမြုတေအင်အားစု ရှစ်ခုထက်ပို၍ ရှိပေသည်။

သို့သော်လည်း မကြာမီပင် သူတို့ခုနလေးတင်မှ ခံစားခဲ့ရသည့် ကြောက်မက်ဖွယ်မတည်မငြိမ်ဖြစ်ခြင်းကို ပြန်လည်အမှတ်ရမိသွားကြသည်။

အထူးသဖြင့် ကျောက်စိမ်းရေဓားစင်မြင့်မှ ကျင့်ကြံသူများပင် ဖြစ်သည်။

သူတို့သည် အခြေတည်ဝိညာဉ်နတ်ဆိုး၏ ခွန်အားကို အခြားသူများထက် ပိုမိုသိပေသည်။

သူ၏ နည်းပရိယာယ်များနှင့် သန်မာမှုများဖြင့် ရာနှင့်ချီသော ရွှေအမြုတေအင်အားစုများကို ဖျက်စီးရန်မှာ သူ့အတွက် အလွန်ခက်ခဲသည် မဟုတ်လှပေ။

သူတို့သည် ကျန်းချန်ရွှမ်၊ သူ့အမျိုးသမီးနှင့် စံသခင်ရွှမ်းယန်ကြောင့်သာမဟုတ်ပါက ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့တောင် ကြာကြာခံလိမ့်မည်မဟုတ်ကြောင်း သိရှိကြသည်။

၎င်းကိုတွေးတောမိကာ လူတိုင်း၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအယာများ ရှိနေခဲ့သည်။

ထိုအချိန်တွင် ကျန်းပိုင်လုံက ပြောလိုက်သည်။

“အားလုံးပဲ ဒီကိစ္စကအရမ်းအရေးကြီးတယ်။ စိတ်ချလုံခြုံရအောင် ငါတော့ ငါတို့တွေကျင်းနဲ့ရှူနိုင်ငံကို သွားပြီး အခြေအနေကို ကိုယ်တိုင်အတည်ပြုကြဖို့ အကြံပေးချင်တယ်”

ကျန်းပိုင်လုံ၏တင်ပြချက်ကို မည်သူမှ မကန့်ကွက်ကြပေ။

ထိုအချိန်တွင် သူတို့သည် ကျင်းနှင့်ရှူနိုင်ငံဆီသို့မဦးတည်မီ သူတို့စုံစမ်းစစ်ဆေးရန် တာဝန်ကျသည့် နယ်မြေများအကြောင်း ဆွေးနွေးခဲ့ကြသည်။

….

ရက်အနည်းငယ်ကြာပြီးနောက်…

လူတိုင်း ပြန်လည်စုရုံးခဲ့ကြသည်။

ထို့အပြင် ဤအချိန်တွင်ရှိသော လူအရေအတွက်သည် ယခင်နေ့ကထက် ပိုလာသည်။

လူတိုင်းတွင် အတော်အတန်လေးနက်သည့် အမူအယာများ ဖြစ်ပေါ်နေကြသည်။

သွမ်ယိတောင် မှန်ပေသည်။

ရက်အနည်းငယ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် သူတို့သည် ကျင်းနှင့်ရှူ နယ်မြေအတွင်းတွင် ရွှေအမြုတေကျင့်ကြံသူတစ်ယောက်မှ မတွေ့ခဲ့ပေ။

ကံကောင်းသည့်အသက်ရှင်ကျန်သူအချို့ရှိပါကလည်း သူတို့မှာ ယခုအချိန်လောက်ဆို အဝေးသို့ ပျံသန်းသွားကြလောက်ပြီဖြစ်သည်။

အချိန်အတော်ကြာသည်အထိ သူတို့ပြန်လာကြမှာမဟုတ်ပေ။

ယခုတွင် သူတို့၌ ကြီးမားသည့်ပြဿနာတစ်ခုရှိနေပေပြီ။

ဒီလိုကြီးမားတဲ့နယ်မြေတစ်ခုကို သူတို့ဘယ်လို ကိုင်တွယ်ဖြေရှင်းမှာလဲ?

***

All Chapters